တရုတ် နိုင်ငံ ဘေကျင်း မြို့ ကို ရောက်ရှိ နေတဲ့ ထိုင်းဝန်ကြီးချုပ် ရှင်နာ ဝတ်ထရာ ဟာ ယနေ့ နံနက် အစောပိုင်း မှာ တရုတ် သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ ဆုံ ခဲ့ ပြီး လာအို နိုင်ငံ ကို ဖြတ်ကျော် ဖောက်လုပ်မယ့် ဘန်ကောက်-ကူမင်း ရထားလမ်း အပါအဝင် ထိုင်း မြန်မာ နယ်စပ်က အင်တာနက် လောင်းကစား လုပ်ငန်း တွေ ပါ အတူ တကွ နှိမ်နှင်း ဖို့ သဘောတူလိုက်ပါတယ်။

တရုတ်ပြည် မှာ ကျင်းပနေတဲ့ ဆောင်းရာသီ အာရှ အားကစား ပြိုင်ပွဲ ကို တက်ရောက်ဖို့ ရှိ တဲ့ ပေထုန်တန် ဟာ သမ္မတ ရှီ နဲ့ နားလည်မှု စာချွန်လွှာ ၁၄ ခု လက်မှတ် ထိုး နိုင် ခဲ့ရာမှာ မြန်မာ နိုင်ငံ ဘက်ခြမ်းက ကျားဖြန့် နှိမ်နှင်း ဖို့ လည်း ပါဝင်ပါတယ်။
မြန်မာ နိုင်ငံ ဘက်ခြမ်းက ကျားဖြန့် တွေ အခြေစိုက်တဲ့ မြို့ သုံးမြို့ ကို လျှပ်စစ်မီး ဖြတ်တောက်ဖို့ အတွက် ပေထုန်တန် က အမိန့် ပေး ပြီး နောက် တရုတ် ပြည်ကို ထွက်သွားတာ ဖြစ်ပါတယ်။
