အမေရိကန် ကို အားကိုး နေရတဲ့ ကမ္ဘာ တစ်လွှား က အတိုက်အခံ တွေ နဲ့ ထရမ့် အပိုင်း ၁

အမေရိကန် ပြည်ထောင်စု ရဲ့ လုံခြုံရေး ကို ခြိမ်းခြောက် နိုင် တဲ့ နိုင်ငံ တွေ အဖြစ် ဆက်လက် သက်တမ်း တိုး ထား တဲ့ နိုင်ငံ တွေ ထဲ က နိုင်ငံ ဆယ်နိုင်ငံ ကို သမ္မတ ထရမ့် ရဲ့ အထူးသံ တွေ ရောက်ရှိပြီး အဲဒီ နိုင်ငံ က ခေါင်းဆောင် တွေ အကြီး အကဲ တွေ နဲ့ တွေ့ဆုံပြီး ဖြစ်ပါတယ်။

ဥပမာ – ရုရှား နဲ့ ဗင်နီဇွဲလား ဖြစ်ပါတယ်။

ရုရှား

သမ္မတ ထရမ့် ရဲ့ အထူးသံ ဖြစ်တဲ့ ဘီလျံနာ သူဌေးကြီး နဲ့ ရင်းနှီး မြုပ်နှံသူ စတိဗ် ဝတ်ကောဖ် က မော်စကို မှာ ရုရှား သမ္မတ ပူတင် နဲ့ တွေ့ဆုံ အပြီး မှာ နှစ် နိုင်ငံ ဆက်ဆံ ရေး နဲ့ ကုန်သွယ် ရေး ညှိုနိုင်း မှု တွေ အောင် မြင်တယ် လို့ သတင်း ထုတ်ပြန် ပါတယ်။

သမ္မတ ထရမ့် ရဲ့ အထူးသံ ဖြစ်တဲ့ ဘီလျံနာ သူဌေးကြီး နဲ့ ရင်းနှီး မြုပ်နှံသူ စတိဗ် ဝတ်ကောဖ် က မော်စကို မှာ ရုရှား သမ္မတ  ပူတင် နဲ့ တွေ့ဆုံ
သမ္မတ ထရမ့် ရဲ့ အထူးသံ ဖြစ်တဲ့ ဘီလျံနာ သူဌေးကြီး နဲ့ ရင်းနှီး မြုပ်နှံသူ စတိဗ် ဝတ်ကောဖ် က မော်စကို မှာ ရုရှား သမ္မတ ပူတင် နဲ့ တွေ့ဆုံ

ထရမ့် က ဂါဇာ နဲ့ ပါလက်စတိုင်း အတွက် ပါ အထူးသံ အဖြစ် ဆောင်ရွက် ပေး နေတဲ့ ဘီလျံ နာသူဌေးကြီး စတိဗ် ကို စွမ်းဆောင်ရည် ပြည့်တဲ့ သံတမန် ဆိုပြီး ချီးကျူး လိုက်ပါတယ်။

မစ္စတာ ဝစ်ကောဖ် ဟာ ထရမ့် နဲ့ အတူ ဂေါက် ရိုက် ကစား လေ့ ရှိပြီး မနှစ် က သေနတ် သမား တစ်ဦး က ထရမ့် ကို သူ့ ရဲ့ ဖလော်ရီဒါ ဂေါက်ကွင်း မှာ လုပ်ကြံဖို့ စီစဉ် နေချိန် မှာ အတူ ဂေါက်ရိုက် နေ သူ လည်း ဖြစ်ပါတယ်။

ဗင်နီဇွဲလား အစိုးရ ကို ဆိုးသွမ်း နိုင်ငံ စာရင်း ထဲ ထည့်ထား ပေမယ့် TPS နဲ့ နေ ထိုင် နေ တဲ့ ဗင်နီဇွဲလား အတိုက်အခံ တွေ ရဲ့အခွင့် အရေး ကို ပြန်ရပ်ဆိုင်း ခဲ့ ပါတယ်။

တစ်ခါ နောက်တစ်နေ့ မှာ ဗင်နီဇွဲလား ကို ပေး နေ တဲ့ USAID အကူအညီ ဖြစ် တဲ့ ဒေါ်လာ ၁၁၆ သန်း ကို ရပ်ဆိုင်း ခဲ့ ပြီး နောက် တစ်နေ့ မှာ ဗင်နီဇွဲလား ရဲ့ NUG ဖြစ်တဲ့ အတိုက်အခံ ခေါင်းဆောင် Juan Guaido ကို ငွေကြေး အလွဲ သုံးစား လုပ်မှု တွေ၊ တံစိုးလက်ဆောင် ယူမှု တွေ နဲ့ FBI က စတင် စစ်ဆေး နေပါတယ်။

ငွေ ကြေး အလွဲ သုံးစား လုပ် မှု တွေ နဲ့ စစ်ဆေး ခံတေရ တဲ့ ဗင်နီဇွဲလား ရဲ့ NUG
ဖြစ်တဲ့ အတိုက်အခံ ခေါင်းဆောင် Juan Guaido

လုံခြံရေး အတွက် အန္တရာယ် ရှိတဲ့ နိုင်ငံ သို့ မဟုတ် အဖွဲ့ အစည်း အဖြစ်သတ်မှတ် ခြင်း ဟာ သတ်မှတ် ခြင်း ပဲ ဖြစ်ပြီး အဲဒီလို သတ်မှတ်လိုက်လို့ (It doesn’t mean) မြန်မာ နိုင်ငံ ရဲ့ အတိုက်အခံ တွေအတွက် ပိုပြီး အခွင့် အရေး ရ သွား မယ် လို့ ဆိုလိုတာ မဟုတ်ပါ။

ပိုပြီး တော့ ထင်ရှား တဲ့ ဥပမာ ပြရရင် မဟာာအကြမ်းဖက် အဖွဲ့ ဖြစ် SDGTs သတ်မှတ် ခံထား
ရတဲ့ တဲ့ တာလီဘန် ကို ၂၀၁၈၊၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ် တွေ မှာ ကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွမ်ပေယို  ကိုယ်တိုင် တာလီဘန် ခေါင်း ဆောင် အဘ်ဒူလ် ဂါနီ ဘရာဒါ နဲ့ ကာတာ နိုင်ငံ ဒိုဟာ မှာ တွေ့ ဆုံ ပြီး ငြိမိးချမ်း ရေး အတွက် အကြိမ်ကြိမ် ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွမ်ပေယို နဲ့ တာလီဘန် ခေါင်းဆောင်

သမ္မတ ထရမ့် ရဲ့ အထူးသံ  Richard Grenell နဲ့ ဗင်နီဇွဲလား သမ္မတ နီကိုလပ် မာဒုရို နဲ့ တွေ့ ဆုံ အပြီး မှာ မာဒူရို က ဗင်နီဇွဲလား က ဖမ်းထား တဲ့ အမေရိကန် ခြောက်ဦး ကို ပြန်လွှတ်ပေး လိုက်ပါတယ်။