ကာနယ် စော က ဟောလိဝုဒ် နဲ့ အဆက်အသွယ် ရှိတယ်

မင်းသား ဝမ်ရှင်း နဲ့ တကွ မြဝတီ က ပြန်လွတ်လာ တဲ့ တရုတ် တွေ ရဲ့ ပြောချက် အရ BGF ခေါင်းဆောင် စောချစ်သူ ဟာ ကျားဖြန့် တွေ ဆီက ဆက်ကြေးယူ တဲ့ ပုံစံ မျိုးထက် ပိုပြီး၊ ဒီလုပ်ငန်းကြီး တစ်ခု လုံး နီးပါး ကို သူကိုယ်တိုင် ညွှန်ကြား၊

ရုံသာမကဘဲ  အကာအကွယ် လည်း ပေး၊ ရိက္ခာ၊ ဆက်သွယ်ရေး၊လျှပ်စစ်၊ နည်းပညာ၊ အဝတ်အထည်၊လုံခြံရေး၊ ဖျော်ဖြေရေး၊ သေနတ်ကိုင်ဆောင်ခွင့်၊ မြဝတီ-မဲဆောက် လမ်းကြောင်း၊ မြဝတီ- ကောင့်သောင်း-ရန်ကုန် အပန်း ဖြေလမ်းကြောင်း၊
ယမကာ၊ အပျော်မယ်၊ အဆင့် မြင့် ဇိမ်ခံကား၊ စတားလင့်၊ ခမ်းနား လှတဲ့ စားပွဲ၊ ထိုင်ခုံ စတဲ့ အိမ်အသုံး အဆောင် ပစ္စည်း၊ ဂြိုလ်တုဖုံး၊ ဧရာမ ရုပ်သံပြစက် တွေ၊ ရှမ်ပိန်၊ ဝိုင်၊ ဝီစကီ၊ အကောင်းစား အမျိုးသမီး လက်ကိုင်အိတ်၊ စတာ တွေ ကို သူက ပဲ အကုန် ဝယ်ခြမ်းပြီး လောက်ကိုင် မှာ ထက် ပိုပြီး ခမ်းခမ်းနားနား ဖြစ်အောင် ကို စီစဉ် ပေး ထား တာလို့ Freedom News Group က သိရပါတယ်။

ကာနယ် စောက ဟောလိဝုဒ် နဲ့ အဆက်အသွယ် ရှိတယ်၊ ရမ်ဘို ကား မြဝတီ မှာ ရိုက်မယ်၊ မင်းသား ဝမ်လာ ခဲ့ပါ စတားလုံး နဲ့ အတူ သရုပ်ဆောင်ရင်း ဟောလိဝုဒ် မင်းသား ဖြစ်မယ့် အခွင့် အရေးပါ လို့ လိမ်ညာလှည့် ဖျား ခေါ်ဆောင် ခဲ့ တာလို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ် က ရုံတင် တဲ့ Rambo ဇာတ်ကား မှာ တွေ့ရတဲ့ မြန်မာ သရုပ်ဆောင် ကိုမင်းလွင် နဲ့ ဆီလ်ဗက်စတာ စတားလုံး

တရုတ် မင်းသား ဝမ်ရှင်း ကို လိမ်လည် လှည့်ဖျား ခေါ်ယူ တဲ့ ဒေါင်းမေ ကျားဖြန့် က ဆိုရင် ဗီဒီယို ကောမှာ ရုပ်ရှင်စတူဒီယို ပုံစံ ပြင်ဆင် ထား ပြီး အကောင်းစား ကင်မရာတွေ တန်ဖိုးကြီး ရုပ်ရှင်လုပ်ငန်းသုံး Arri မီးမောင်း တွေ ကို ပြခဲ့ ပြီး Rambo ကားကို မြဝတီ မှာ လာရိုက် လိမ့်မယ် မင်းသား စတားလုံး လည်း လာလျမ့်မယ် ဒီ‌နယ်မြေ က ခေါင်းဆောင် ကာနယ် စော နဲ့ ဟောလိဝုဒ် ပရိုဂျူဆာ တွေ စကား ပြောပြီး ပြီ လို့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ နာမည် ကိုပါ အသုံးပြုကာ သူနဲ့ တွဲ ရိုက်ထား တဲ့ ဗီဒီယို တွေ၊ ဓာတ်ပုံ တွေ ပြပြီး လိမ်ညာခဲ့တာ လို့ http://www.myanmarstatesman.com က သိရပါတယ်။

ရမ်ဘို ကား မှာ သရုပ်ဆောင် ချင် တဲ့ တရုတ် မင်းသား ဝမ်ရှင်း

၂၀၀၈ ခုနှစ် က ရုံတင် တဲ့ Rambo ဇာတ်ကားကို ထိုင်း-မြန်မာ နယ်စပ် တစ်နေရာ မှာ ရိုက်ကူးထား ပြီး မြန်မာ သရုပ်ဆောင် တွေ လည်း ပါဝင်ထားပါတယ်။

ဒေါင်းမေ ကျားဖြန် တွေ ဟာ ဟောလိဝုဒ် က ဝမ်ရှင်း ကို မျက်စေ့ကျ နေတဲ့ ပုံစံ လိမ်ညာပြီး သူတို့ ကိုယ်တိုင် ဟောလိဝုဒ်  ထုတ်လုပ်သူ တွေရဲ့ဆက်ဆံ‌ ရေး ကိုယ်စားလှယ် တွေ အဖြစ် ၎င်း၊  ဗိုလ်မှူးကြီး စောချစ်သူ ရဲ့ တရုတ် မိတ် ဆွေ တွေ အဖြစ် လည်း ကောင်း မင်းသား ဝမ်ကို  မိတ်ဆက် ခဲ့ ပြီး နောက် ဆက်လက် လိမ်ညာ အရုံ သွင်း ကာ ရွှေက္ကိုလ် အထိ အရောက် ခေါ်ဆောင် နိုင် ခဲ့ တယ် လို့ သိရပါတယ်။