(သူရိန် ဘာသာပြန်ဆိုသည်) ရာဇဝတ်ဂိုဏ်းများသည် မြန်မာ့ပြည်တွင်းစစ်ဖြစ်ပွားနေခြင်းကိုအကျိုးစီးပွားရှိသည့် အခွင့်အရေးတစ်ခုအဖြစ် မြင်နေကြပြီး မှောင်ခိုလုပ်ငန်းများလည်း ပို၍ကျယ်ပြန့်လာနေကြသည်” ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (U.N.O.D.C) ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ကိုယ်စားလှယ် Masood Karimipour က ပြောကြားခဲ့သည်။
ပြည်တွင်းစစ်၏ အချိန် ကြာလာသည်နှင့်အမျှ ထိုမှောင်ခိုဂိုဏ်းများနှင့်ပူးပေါင်းနေသောလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှု သို့မဟုတ် ဩဇာလွှမ်းမိုးမှုအောက်သို့ ကျရောက်သော နယ်မြေများ ပိုမိုများပြားလာပါတယ်။”
“ထိုအမြတ်အစွန်းပိုက်ဆံများသည် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများစွာတွင် လူ့ဘဝများကို ဖျက်ဆီးနေသည့် လုံးဝထိတ်လန့်ဖွယ်ကောင်းသော အရာများမှ လာပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ တရားမဝင်စီးပွားရေးလုပ်ငန်းများကို အကြီးမားဆုံး အားပေးလုပ်ကိုင်နေသူများမှာ မြန်မာစစ်တပ်နှင့်အတူ ၎င်းနှင့်ပူးပေါင်းထားသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများပင် ဖြစ်ပါသည်။ အာဏာသိမ်းပြီးနောက် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများသည် စစ်အစိုးရ၏ ဝင်ငွေများကို ထိခိုက်စေခဲ့ပါသည်။ သို့သော် ဒီမိုကရေစီနှင့် ဒေသဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသူများကလည်း ၎င်းတို့၏ စစ်စွမ်းအားကို တိုးမြှင့်ရန် တရားမဝင်နည်းလမ်းများသည် အလွယ်ကူဆုံး ငွေဝင်နိုင်သည့် နည်းလမ်းဖြစ်ကြောင်း သိရှိထားကြပါသည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၌ စစ်ပွဲများ ပြင်းထန်လာချိန်တွင် New York Times ၏ သတင်းထောက်လှမ်းမှုများက မြန်မာနိုင်ငံ၏ ပျက်စီးယိုယွင်းလာသော ပြည်တွင်းစစ်ပဋိပက္ခကို မီးထိုးပေးနေပြီး ဒုက္ခရောက်သူများ၊ စစ်ဘေးရှောင်အရေအတွက်တိုးပွားလာမှုနှင့် ခြစားမှုများကို နိုင်ငံအနှံ့ ပျံ့နှံ့စေနေပုံကို မြင်သာစေခဲ့ပါသည်။
မြန်မာနိုင်ငံ၏တိုးပွားနေသော အကြီးမားဆုံးရာဇ၀တ်မှုများမှာ – Opium in the open ( ပွင့်လင်းမြင်သာလာသောဘိန်းစိုက်ပျိူးမှု )
ရှမ်းပြည်နယ်တွင်ဘိန်းပန်းကို “ငြိမ်းချမ်းရေးပန်း” ဟုခေါ်ကြသည်။
ဤအမည်သည် သံသယဖြစ်ဖွယ်ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ဆယ်စုနှစ်များစွာ စစ်မှန်သောငြိမ်းချမ်းရေးမရှိခဲ့ပါ။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း တစ်ဒါဇင်ကျော်သည် နယ်မြေတိုးချဲ့ရန်နှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုကိုလွှမ်းမိုးရန် မြန်မာစစ်တပ်နှင့်တိုက်ခိုက်ခဲ့ကြသည်။
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ရှိ ဘိန်းစိုက်ပျိုးမှုဟာ စိုးရိမ်စရာအခြေအနေတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ လယ်သမားတွေသည် တောင်များ၊ ချိုင့်ဝှမ်းများတွင်ဘိန်းပန်းများကို စိုက်ပျိုးကြတယ်။ ဤသည် စစ်တပ်များ၏ဝေးရာမှာ စိုက်ပျိုးခြင်းဖြစ်တယ်။ စစ် ကောင်စီတပ်သားများသည် တစ်ခါတစ်ရံ သေနတ်နှင့် ခြိမ်းခြောက်ဆတ်ကြေးတောင်းခြင်း၊ စိုက်ခင်း၏တစ်စိတ်တစ်ပိုင်းကို တောင်းခြင်း နှင့်
တခါတရံ လယ်ကွင်းများကို ဖျက်ဆီးခြင်းများ လုပ်လေ့ရှိပါတယ်။
ယနေ့ခေတ်တွင် လယ်သမားတွေသည် ဘိန်းပင်များကို ရွာထဲမှာ ပွင့်ပွင့်လင်းလင်း စိုက်ပျိုးနေကြပါသည်။ ရှုပ်ထွေးတဲ့ ရေသွင်းစနစ်တွေနဲ့ စိုက်ပျိုးထားသော ဘိန်းခင်းများကို ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ရဲစခန်းနှင့် မြို့တော်ခန်းမတို့၏ ကပ်လျက်တွင် စိုက်ပျိုးကြသည်။ လယ်သမားတွေသည် ဘိန်းစေးကို ဖမ်းဆီးခံရမှာကို မကြောက်ရွံ့ဘဲ ရိတ်သိမ်းနေကြပါတယ်။
“အခုဆိုရင် အစိုးရမရှိ၊ စစ်တပ်မရှိတော့ ကျွန်မတို့ ပုန်းနေစရာမလိုတော့ဘူး” ဟု ဒေါ်လှဝင်းက သူမရဲ့အိမ်ရှေ့မှာရှိတဲ့ ဘိန်းခင်းကို သွားပြုစုပြီးပြန်လာရင်း ပြောပါသည်။ “ဒါဟာ ဘိန်းအတွက် အခုအချိန်ထိ အကောင်းဆုံးအချိန်ပါပဲ။” ဟုလည်းပြောခဲ့သည်။ အာဏာသိမ်းမှုမတိုင်ခင်က ရွေးကောက်ခံအမတ်များနှင့် နိုင်ငံခြားအရာရှိများသည် ရှမ်းပြည်နယ်ရှိ ဘိန်းစ်ိုက်ပျိုးသောလယ်သမားများကို ထောပတ်သီး၊ ကော်ဖီနဲ့ ပြောင်းလို အစားထိုးသီးနှံတွေ စိုက်ပျိုးဖို့ စည်းရုံးခဲ့ကြပါသည်။ သို့သော် ဆင်းရဲနွမ်းပါးသောလယ်သမားများသည် ဒီလိုသီးနှံတွေအတွက် စျေးနည်းနေသည်” ဟု ဆိုကြသည်။
ယနေ့ခေတ်တွင် ဆေးဘက်၀င်သော ဘိန်းပင်စိုက်ပျိုးခြင်းသည် တောင်သူများအတွက် အမြတ်အစွန်းပိုကောင်းသည်။ ဒီနှစ်ဘိန်းပန်းရာသီ (နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ) မှာတော့ ဘိန်းစေး (Opium Resin) တစ်ပေါင်ဈေးက ပုံမှန်စျေးထက် သုံးဆ များလာပြီး $430 အထိတက်သွားခဲ့သည်။
“ဘဝတွေက မျှတမနေပါဘူး” လို့ ကိုထိန်လင်းက ပြောပါတယ်။ သူက သူ့စိုက်ခင်းမြေကို ဘိန်းပင်စိုက်ပျိုးထားပြီး “အခွင့်အရေး ရလာတဲ့အခါ မဖြစ်မနေငွေရှာဖို့လိုတာပဲ” လို့ ဆိုခဲ့ပါတယ်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့ (U.N.O.D.C.) ခန့်မှန်းခြင်းအရ ဒီနှစ်အတွင်း မြန်မာနိုင်ငံမှ အဓိကအားဖြင့် ရှမ်းပြည်နယ်တွင် ထွက်ရှိသော ဘိန်းမှ ထုတ်လုပ်ထားသည့် ဟီးရိုးအင် (Heroin) အတွက် $1.26 ဘီလီယံအထိ နိုင်ငံတကာသို့တင်ပို့ခဲ့ကြောင်း တွက်ဆခန့်မှန်းထားသည်။ ဖယ်ခုံ (Pekon) တွင် ဘိန်းစိုက်ထုတ်သူအများစုသည် တခြားလယ်ယာရှင်များထံမှ မြေငှားစိုက်ပျိုးရသည့် စိုက်ပျိုးသမားများဖြစ်ပြီးတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာသူများဖြစ်ကြသည်။ သူတို့၏ နေ့စဉ်ဝင်ငွေမှာ တစ်နေ့လျှင် $2 သာ ရရှိကြသည်။
“မဖြစ်မနေ အသက်ရှင်ရမယ်,” ဟု မိသားစုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်တိုင်ရွှေ့ပြောင်းခဲ့ရသော ကိုပလဲက ပြောသည်။


တစ်နှစ်ခန့်မတိုင်မီက တိုက်ပွဲတစ်ခုကြောင့် တော်လှန်ရေးတပ်ဖွဲ့များက မြို့အတော်များများရှိ စစ်ကောင်စီတပ်များကို တိုက်ထုတ်နိုင်ခဲ့ပြီး ဘိန်းစိုက်ခင်းများကို အစိုးရကို ဆန့်ကျင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ထိန်းချုပ်ထားသည်။
တစ်ဖက်မှာလည်း မြန်မာစစ်တပ်ဟာ လေကြောင်းဗုံးကြဲမှုများ၊ဒရုန်းတိုက်ခိုက်မှုများဖြင့် ပြည်သူလူထုကို နှိပ်စက်နေသော်လည်း ဒေသတွင်းတွင်ဘိန်းစိုက်ပျိုးမှုများမှာပိုမိုကြီးထွားလာခဲ့သည်။တော်လှန်ရေးတပ်ဖွဲ့များထဲမှ တချို့သည် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဆက်နွယ်နေကြသော်လည်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အများစုကတော့ မူးယစ်ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုခဲ့ပေ။
“သူတို့ဘယ်သူလဲ ဆိုတာ မမေးဘူး။ငွေပေးနိုင်သူတိုင်းကို ပစ္စည်းရောင်းတယ်” ဟု ဖယ်ခုံမှ နာကောစိုက်သမား ကိုမျိုးလေးက ပြောသည်။
တောအုပ်ထဲကမူးယစ်ဆေးဝါးစက်ရုံများ
( Jungle Drugs Labs )
မြန်မာနိုင်ငံတွင် ဘီယာတစ်ဗူး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ခန့်ရှိသည်။ သို့သော် ယာဘ ဟုခေါ်သည့် မက်သမ်ဖတမင်းနှင့် ကဖိန်း ပေါင်းစပ်ထားသော မူးယစ်ဆေးတစ်လုံးသည် ၂၅ ဆင့်အောက်သာ ကျသင့်သည်။
ရှမ်းပြည်နယ် သစ်တောထဲရှိဓာတ်ခွဲခန်းများမှ မူးယစ်ဆေးဝါးထုတ်လုပ်မှု မှာ တိုးပွားလာသောကြောင့် မနှစ်က အရှေ့တောင်နှင်အရှေ့အာရှနိုင်ငံများတွင် မူးယစ်ဆေး ၁၉၀ တန် ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်နှိမ်နင်းရေးအဖွဲ့ (UNODC) က ပြောသည်။
မြန်မာနိုင်ငံတွင် စုစုပေါင်း မူးယစ်ဆေးများ ထုတ်လုပ်မှု သည် စစ်အာဏာသိမ်းမှုနှင့် ပြည်တွင်းစစ် မဖြစ်မီကတည်းက ရှိခဲ့သည်။ ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအချို့ တွင် ခေါင်းဆောင် (Warlords)များ သည် ယာဘနှင့် မက်သမ်ဖတမင်းစီးပွားရေးကို ထိန်းချုပ် လာခဲ့သည်။ မြန်မာ့တပ်မတော်နှင့် ၎င်း၏ ထောက်ခံသူများက မူးယစ် ဆေးရောင်းဝယ်ခြင်းအမြတ်အစွန်းများမှ တစ်စိတ်တစ်ပိုင်းကို
ဆတ်ကြေးအနေဖြင့် ရယူခဲ့သည်။
တပ်မတော်လေတပ်၏ ရဟတ်ယာဉ်များ သည် ဆေးပြားအထုပ်များနှင့် မက်သာအမ်ဖတမင်း (Ice) များကို မြို့ကြီးများနှင့် ဆိပ်ကမ်းများသို့ သယ်ဆောင်ပို့ဆောင် လျှက်ရှိကြောင်း ယခင်လေယာဉ်မှူးများက ဖွင့်ဟဝန်ခံခဲ့ကြသည်။
တရုတ်နိုင်ငံတွင် မက်သမ်ဖတမင်း ထုတ်လုပ်မှုအား တင်းကြပ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်နောက်ပိုင်းမူးယစ်ဆေးထုတ်သူများသည်တရုတ်ပြည်မ မှ ထွက်ပြေးကာမြန်မာနိုင်ငံသို့အခြေချလာကြသည်။တရုတ်ဓာတုပညာရှင်များသည် မြန်မာလူမျိုးများအား တောထဲ၌ Ice ထုတ်လုပ်နည်း သင်ကြားပေးပြီးတရုတ်စီးပွားရေးခေါင်းဆောင်များသည် ယာဘထုတ်လုပ်ရာတွင် အသုံးပြုရသောဓါတုပစ္စည်းများကိုထောက်ပံ့ပေးကြသည်။တရုတ်နိုင်ငံတွင် တားမြစ်မှုများ တိုးလာသည်နှင့်အမျှ မြန်မာနိုင်ငံသည် မက်သမ်ဖတမင်းနှင့် ယာဘ ထုတ်လုပ်မှုအချက်အချာဖြစ်လာခဲ့သည်။
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်၊ Konemon ရွာ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုထိန်းချုပ်) တွင် The Times သတင်းဌာန သည် ယာဘားထုတ်လုပ်မှုသည် ဒေသခံ စီးပွားရေးကို မည်မျှထိန်းချုပ်ထားသည်ကို တွေ့ရှိခဲ့သည်။
အိမ် ခြေရာကျော်သောရွာတစ်ရွာတွင် မူးယစ်ဆေးထုတ်လုပ်မှုနှင့်မသက်ဆိုင်သော အိမ်မှာ အိမ်ခြေ၃အိမ်ခန့်သာပျမ်းမျှအားဖြင့်ရှိနေသည်ကိုတွေ့ရသည်။ညအခါတွင် မူးယစ် ဆေးထုတ်လုပ်သော မော်တာများနှင့် အင်ဂျင်သံများသည် တောတောင်ဒေသ၏ တိတ်ဆိတ်မှုကို ဖျက်ဆီးနေသကဲ့သို့ဆူညံနေသည်။မက်သမ်ဖတမင်း ထုတ်လုပ်ရာတွင် အသုံးပြုသည့် အက်ဆစ်ဓာတ်များ၏ ပြင်းထန်သောအနံ့များမှာလဲ တစ်တောလုံးပျံ့နှံ့လျက်ရှိနေသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တောထဲတွင် မက်သမ်ဖတမင်းနှင့် အခြားမူးယစ်ဆေးများ ထုတ်လုပ်သည့် အလုပ်ရုံများ ပိုမိုများပြားလာပြီး ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက “Happy Water” နှင့် “Lollipops” ဟုခေါ်သည့် အသစ်ထွက် မူးယစ်ဆေးများ ထုတ်လုပ်လာကြသည်။ ထိုမူးယစ်ဆေးများသည် Ketamine, MDMA (Ecstasy), Methamphetamine (Ice) စသည်ဖြင့် ပေါင်းစပ်ထားသော ဆေးများဖြစ်ပြီး လူကိုပြင်းထန် စွာထိခိုက်စေနိုင်သောဆေးဝါးများဖြစ်သည်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသည် မူးယစ်ဆေးစီးပွားရေး၏ နောက်ထပ်အဆင့်သို့ တိုးတက်လာပြီး ရေကူးသန့်စင်ခြင်း (Club Drugs) အမျိုးအစားအသစ်များ ထုတ်လုပ်လာသည်မှာတစ်နိုင်ငံလုံးအတိုင်းအတာဖြစ်သည်။
ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးထုတ်လုပ်မှုသည် လာအို နှင့် ထိုင်းနိုင်ငံများသို့ တိုးချဲ့လာပြီး အတိတ်ကာလတွင် နာမည်ကြီးခဲ့သည့် “ရွှေတြိဂံ” မူးယစ်ဆေးကူးသန်းမှု နယ်မြေ ပြန်လည်ပေါ်ထွက်လာသည်။
ထို့ပြင် မြန်မာနိုင်ငံ အရှေ့မြောက်နှင့် အနောက်မြောက်နယ်စပ်များမှတဆင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယသို့လည်း မူးယစ်ဆေးများကို မှောင်ခိုလမ်းကြောင်းများဖြင့် ပို့ဆောင်ကြသည်။
ထိုသို့ ဆေးဝါးကုန်သွယ်မှုတွင် တပ်မတော်နှင့် တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်နေပြီးတချို့သောအဖွဲ့များသည် စစ်ကောင်စီနှင့်လည်း အတူရောင်းဝယ်လုပ်ကိုင်နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော် မန္တလေးတွင် တပ်မတော်စစ်သား ၄၀ ခန့် သည်လူထုတပ်ဖွဲ့ အဖြစ် စစ်ကောင်စီအမိန့်ကို လိုက်နာနေကြသည်။
ကိုရဲ မှ ပြောကြားချက်အရ “ကျွန်ုပ်တို့သည် လူထုတပ်ဖွဲ့အဖြစ် အမည်တပ်ပြီး တပ်ဖွဲ့ကို ဖွဲ့စည်းထားသော်လည်း လက်တွေ့လုပ်ဆောင်ရသည်များမှာ မူးယစ်ဆေးကူးသန်းရောင်းဝယ်မှုများကိုအဓိကလုပ်နေခြင်းဖြစ်သည်” ဟုပြောကြားခဲ့သည်။
ကမ္ဘာ့အနှံ့ဖြန့်ကျက်ထားတဲ့ငွေလိမ်ဂိုဏ်းများ
( Scam Mills With Global Reach )
ထိုင်းနယ်စပ်အနီး ထူထပ်သောတောင်တန်းများကြားရှိ တိုက်ခန်းများတွင် ကိုကျော်ဌေးသည် ဖုန်းတစ်လုံးဖြင့် အလုပ်လုပ်ကိုင်ခဲ့ရသည်။ သူနှင့်အတူ အခြားအဖွဲ့ဝင် ၄၀သည် တစ်ရက်တွင် ၁၂ နာရီအလုပ်လုပ်ရပြီး ကမ္ဘာတဝှမ်းရှိလူများနှင့် အွန်လိုင်းတွင်စကားပြောဆိုရသည်။
ကိုကျော်ဌေး က ပြင်သစ်နိုင်ငံ တွင် နေထိုင်သူများ အတွက်
အဓိကဦးတည်လိမ်လည်ရပြီး Google Translate ဟု ခေါသည့် ဂူဂလ် ဘာသာပြန် ကို အသုံးပြု၍ အွန်လိုင်း အသုံးပြုသူများကို သူတို့ပို့စ်များ ပုံများတွင် “သင်က အလွန်လှပတယ်” ဟု မန့်ကာ heart react များပေးခဲ့သည်။ ထိုမှတဆင့် ခင်မင်မှုရယူကာ အွန်လိုင်းမှ ချစ်ရေးစကားများပြောကြသည်။အွန်လိုင်းချစ်ရေးများသည် မကြာမီ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးခြင်းများဖြစ်လာသည်။ မကြာသေးမီနှစ်တွင် ကိုကျော်ဌေး က ပြင်သစ်တောင်ပိုင်းမှ ငွေရှိသော မိန်းမတစ်ဦး ကို cryptocurrency-backed housing development တွင် ရင်းနှီးမြှုပ်နှံကြဖို့ အကြံပြုခဲ့ပြီး ထိုမိန်းကလေးကလည်း “ဟုတ်ကဲ့” ဟု ဖြေခဲ့သည်။
ကိုကျော်ဌေး က တစ်လ တွင် 80,000 ယူရို ကို ထိမိန်းကလေးဆီမှ ရရှိခဲ့သည်။ သူ၏ လစာမှာ $445 ခန့် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ယနေ့အထိ က လစာများသောပမာဏတစ်ခုဖြစ်သည်။ အဲဒီအခန်းတွင် သူနှင့်အတူ အင်္ဂလိပ်လူမျိုး ၄ဦး၊ ဟိန္ဒူ လူမျိုး (၇)ဦးနှင့် တရုတ်လူမျိုး (၅) တို့လည်း ရှိခဲ့သည်။
ကုလသမဂ္ဂက ပြီးခဲ့သောနှစ်တွင် အနည်းဆုံး နိုင်ငံခြားသား ၁၂၀,၀၀၀ ကျော် ကို မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများတွင် အဓမ္မအလုပ်လုပ်စေထားသည် ဟု ခန့်မှန်းထားသည်။ ထိုသူများထဲမှ အများစုသည် အရှေ့တောင်အာရှတွင် ရုံးဝန်ထမ်း၊ နည်းပညာပညာရှင် သို့မဟုတ် ဝန်ဆောင်မှု အလုပ်များ ရရှိမည်ဟု ကြော်ငြာများဖြင့် လိမ်လည်ခံခဲ့ကြသည်ဟုသိရသည်။
Interpol ၏ လုပ်ဆောင်ချက်တစ်ခုအတွင်း နိုင်ငံ ၂၂ ခုမှ လူများကို မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုစင်တာများတွင် အလုပ်လုပ်စေမှု ကို တွေ့ရှိခဲ့သည်။ တချို့ကို တရုတ်နိုင်ငံလမ်းမများတွင်ဖမ်းဆီး၍ လက်နက်ကိုင်စစ်သွေးကြွများနှင့် တရုတ်ရာဇဝတ်ဂိုဏ်းများအုပ်ချုပ်သည့် နယ်မြေများသို့ အဓမ္မ ခေါ်ဆောင်သွားကြောင်း အသက်ရှင်လွတ်မြောက်သူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ စစ်တပ်နှင့်ပူးပေါင်းသော တိုင်းရင်းသားလက်နက်ကိုင်အုပ်ချုပ်သူများ သည် အစိုးရအာဏာမရှိသော နယ်မြေများတွင် အကြမ်းဖက်မှုများ လုပ်ဆောင်လာခဲ့သည်။ သို့သော် စစ်အာဏာသိမ်းပြီးနောက် ထိုနယ်မြေများတွင် အထပ်မြင့်အဆောက်အဦများတည်ဆောက်လာပြီး အွန်လိုင်းလိမ်လည်မှုစင်တာများ တိုးပွားလာခဲ့သည်။
ထိုစက်မှုလုပ်ငန်းများတွင် အသုံးပြုသော ဘာသာစကားသည် မန်ဒရင်း (Mandarin) တရုတ်ဘာသာစကား ဖြစ်သည် ဟု ထိုလုပ်ငန်းများတွင် အလုပ်လုပ်ဖူးသူ ၁၂ ယောက်ကျော် က ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ်တွင် တရုတ်လူမျိုး ၄၀,၀၀၀ ကျော် ကို မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်သည့်အတွက် ဖမ်းဆီးကာ တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။ ထို့အပြင် တရုတ်လူကြီးတချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။
တရုတ်နှင့် မြန်မာအစိုးရ မီဒီယာများ၏ သတင်းများအရ မြန်မာနယ်စပ်တွင် လိမ်လည်မှုလုပ်ငန်းများအတွက် အသုံးပြုသော တိုက်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သော ဖမ်းဆီးရင်း ပြေးလွှားကြသည့် ရုတ်ရုတ်သဲသဲ ဖြစ်စဥ်တစ်ခုအတွင်း တရုတ်လူမျိုးအချို့ သေဆုံးခဲ့ကြသည်။
မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာများတွင် အလုပ်လုပ်ဖူးသော မြန်မာနိုင်ငံသားများ ပြောကြားမှုအရ တရုတ်အစိုးရက လှုပ်ရှားမှုများကို တင်းကြပ်စစ်ဆေးလာခြင်းကြောင့် လိမ်လည်မှုလုပ်ငန်းသည် တရုတ်နိုင်ငံသားများထက် အမေရိကန်နှင့် ဥရောပနိုင်ငံသားများကို ပစ်မှတ်ထားလာပြီ ဖြစ်သည်။
ထို့အပြင်, လိမ်လည်မှုဦးဆောင်သူများသည် “deepfake” ပုံများနှင့် ransomware (ထောက်ပံ့ငွေတောင်းခံရန် များသောအားဖြင့် သုံးသပ်မှုမရနိုင်သော မျက်မှောက်နည်းပညာများ) ကို အသုံးချလာကြသည် ဟု အလုပ်သမားများက ပြောကြားသည်။
“အွန်လိုင်းလိမ်လည်မှုမှာ များပြားစွာ တိုးတက်လာနေသည်” ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုရုံး (U.N.O.D.C.) မှ မစ္စတာ Karimipour ကလည်း ဆိုသည်။
ထိုင်းအစိုးရသည် မြန်မာ-ထိုင်းနယ်စပ်ရှိ လိမ်လည်မှုစင်တာများနှင့် အွန်လိုင်းလောင်းကစားရုံများကို လျှပ်စစ်နှင့် အင်တာနက်ဖြတ်တောက်လိုက်သည်။ သို့သော် တစ်နေရာမှာ ပျက်သွားလျှင် နောက်ထပ် တစ်နေရာက နေ လျှပ်စစ်ရယူပြီး
ပြန်လည်လည်ပါတ်ကြသည်ဖြစ်သည်။
ရှစ်လလောက်ကြာသည့်အခါတွင် ကိုကျော်ဌေးသည် ပြင်သစ် နိုင်ငံ မှ အသက်ကြီးသူများကို လိမ်လည်ခြင်းမဆောင်ရွက်လိုတော့ဘူးဖြစ်လာခဲ့သည်။ သူသည် Cryptocurrency-backed အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကို ရောင်းချခဲ့သည့် မမကြီး မှ သူ့ခင်ပွန်းကွယ်လွန်မှုကြောင့် စိတ်မကောင်းဖြစ်နေကြောင်း ရေးသားလာသည်။
ထိုမိန်းမကြီးသည် ကိုကျော်ဌေးနှင့် WhatsApp မှစတင်ပြီး မေတ္တာမျှ ခဲ့ကြပြီး ရင်းနှီးလာ သောအခါ သူ့စုဆောင်းငွေ ၁၅,၀၀၀ ယူရို (၁၆,၀၀၀ ဒေါ်လာခန့်) ကို ရင်းနှီးမြှုပ်နှံလိုက်သည်။ သို့သော်သူမသည် အားလုံးဆုံးရှုံးသွားပြီး အလိမ်ခံခဲ့ရသည်။
“သူမ၏ ယုံကြည်မှုနှင့် ဆက်ဆံခဲ့မှုတွေ၊ မျှော်လင့်ချက်တွေဟာ အခုတိုင် ကျွန်တော့်စိတ်ကို ခြောက်လှန့်နေဆဲ” ဟု ကိုကျော်ဌေးက ပြောသည်။
သူသည် အွန်လိုင်းလိမ်လည်မှုစင်တာမှ ထွက်ပြေးလာပြီးနောက် “ငါ့လုပ်ခဲ့သည့်အရာကို အရမ်းအနောင်တရနေသည်” ဟု The Times ကိုတွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
နယူယောက် တိုင်းမ် သတင်း စာ ပါ သတင်းထောက် Hannah Beech ရေးသားသည့် Drugs, Scams and Sin: Myanmar’s War Has Made It the Global Crime Capital ဆိုသည့် သတင်း ဆောင်းပါး ကို Myanmar Statesman ၏ ဘာသာပြန် သတင်း ရေးသားသူ သူရိန် မှ မြန်မာ ဘာသာသို့ ဆီလျော် အောင် ပြန်ဆို ရေးသားပါသည်။

