Easy Rider ဇာတ်ကား၏ ဒါရိုက်တာ နှင့် မင်းသားဖြစ်သူ ဒင်းနစ်ဟော်ပါ ကွယ်လွန်
Actor Dennis Hopper Dead At 74
ကမ္ဘာ့  ယဉ်ကျေးမှု ကို တစ်ဆစ်ချိုးပြောင်းလဲ စေနိုင်ခဲ့မှု တွင် အဓိက ကျသော ဖြစ်ရပ်များ တွင်  တစ်
ခုအပါအ၀င် ဖြစ်သည့် Easy Rider ရုပ်ရှင် ဇာတ်ကားမှ မင်းသား ဒင်းနစ် ဟော်ပါ သည် ယနေ့ 
ကာလီဖိုးနီးယား ပြည်နယ် ဗင်းနစ် တွင် ကွယ်လွန် သွားသည် ဟု သတင်းရရှိသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ် ရှိပြီ ဖြစ်သည့် မင်းသား ဒင်းနစ် ဟော်ပါသည် ၁၉၆၉ ခုနှစ် က နိုင်ငံတကာ
တွင် ၀က်ဝက်ကွဲ အောင်မြင်ခဲ့သည့် Easy Rider ဇာတ်ကားတွင် ဆိုင်ကယ် သမား ဘီလီ အဖြစ် ဂျက်နီကိုလ်ဆင် ၊
ပီတာဖွန်ဒါ နှင့် တွဲ ဖက် သရုပ်ဆောင် ခဲ့သည်။ စုပတ်လမ်း၏ မောင်းနှင်ခံ (Assembly Line) အမေရိကန် နိုင်ငံသား တို့ 
၏ ထွက်ပေါက်မဲ့နေသော ဘ၀ ကို သရုပ်ဖော်နိုင်ခဲ့သည့် Easy Rider ဇာတ်ကားသည် ထိုခောတ်က အမေရိ
ကန် နှင့် ကမ္ဘာ တစ်ဝှမ်းရှိ လူငယ်များ အတွက် သမ္မာကျမ်း စာအုပ်ဖြစ်ခဲ့သည်။ Continue reading “Easy Rider ဇာတ်ကား၏ ဒါရိုက်တာ နှင့် မင်းသားဖြစ်သူ ဒင်းနစ်ဟော်ပါ ကွယ်လွန်”
Sex and the City 2 လူကြိုက်များ
HBO ရုပ်သံဇာတ်လမ်းတွဲ ရဲ့ တင်ဆက်မှု အဖြစ်  ၁၉၉၈ ခုနှစ် ဇွန်လ ကနေ ၂၀၀၄ ခုနှစ် ဖေဖ်ာဝါရီလ
အထိ ခြောက်နှစ်နီးပါးကြာ ပြသခဲ့သည့် တီဗီရုပ်သံဇာတ်လမ်းတွဲ Sex and the City ဟာ နာမည်ကျော် အမေရိကန်
ရုပ်သံဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပါတယ်။ Continue reading “Sex and the City 2 လူကြိုက်များ”
Protected: ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် ထက်ထက်မိုးဦး အား တရားရုံးမှ မှန်ကန်စွာ ဖြေရှင်းမှု မပြုလျှင် ဆန္ဒထုတ် ဖော်မည် ဟု စာနယ်ဇင်း သမား တို့ ပြော
This content is password-protected. To view it, please enter the password below.
ဒီတစ်ပတ် သီချင်းသစ်များ နှင့် ဖျော်ဖြေရေး
ရီဟားနား ရဲ့ Rock Star 101 Feat : Slash (ယခင် Guns ‘N’ Roses အဖွဲ့ မှ ဂီတာသမား)
ကက်ရှာ ရဲ့ သီချင်းသစ် Your Love is My Drug
၂၀၁၀ ကမ္ဘာ့ ဖလား အတွက် ရွေးချယ်ခြင်းခံရသည့် ဆိုမာလီ အဆိုတော် ကနန်း နှင့် စပန်းနစ်ရှ် ပေါပ်စတား ဒေးဗစ် ဘစ်ဘဲလ်  ရဲ့ Waving Flag (MTV karaoke Version)language Somalian ,English,Spanish (ထိုသီချင်းသည် ကမ္ဘာ့ ဖလားပွဲ ၏ အဖွင့် သီချင်းအဖြစ် သီဆိုမည် ဖြစ်သည်)
ဒေးဗစ် ဂတ်တာ ၊ဖာဂီ ၊ခရစ်ဝီလီ နှင့် LMFAO တို့ ရဲ့ Getting Over You
Electro -House  ,Electro – Hop , Dance
နာမည်ကျော် အမေရိကန် မျက်နှာဖုံးစွပ် အက အဖွဲ့  ဂျက်ဘာဝေါ ကိဇ် (Jabbawockeez)
Continue reading “ဒီတစ်ပတ် သီချင်းသစ်များ နှင့် ဖျော်ဖြေရေး”
ထက်ထက်မိုးဦးက သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်
Source : Weekly 11 Journal
ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက သတင်းထောက်တစ်ဦးအား အင်တာဗျူးမေးမြန်းမှုအပေါ် မကျေနပ်မှုနှင့်ပတ်သက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်သောကြောင့် နစ်နာသူက တရားရုံးသို့ ဦးတိုက်လျှောက် ထားမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
7 Days News ဂျာနယ်၏ သတင်းထောက် မအေးသူစံသည် Entertainment စာမျက်နှာ အင်တာဗျူးကဏ္ဍအတွက် သရုပ်ဆောင်ထက်ထက်မိုးဦးအား ချိန်းဆိုရာ ဆီဒိုးနားတွင် ပြုလုပ်မည့် အရောင်းမြှင့်တင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်၍ ထိုအခမ်းအနားသို့ လာရောက်နိုင်ကြောင်း ပြန်လည် ချိန်းဆိုမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းနောက်မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပစ္စည်းအရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Days News သတင်းဂျာနယ်မှ သတင်းထောက်မအေးသူစံအား ကိုယ်ထိလက်ရောက်မှု ပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ Continue reading “ထက်ထက်မိုးဦးက သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်”
ရှာကီးရား သီဆိုထားသည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ ဖလား သီချင်း ထွက်ပြီ
ဇွန်လ ၁၁ ရက်နေ့ မှ ဇူလိုင်လ ၁၁ ရက်နေ့ ထိ တောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ၂၀၁၀
ကမ္ဘာ့ ဖလားပွဲ အတွက်  သီချင်း တစ်ပုဒ် အား ကိုလံဘီယာ
အဆိုတော် ရှကီရား ရေးစပ်သီဆို ထားသည့်This Time for Africa သီချင်းအား ယနေ့ စတင်ဖြန့် ချိလိုက်ပြီ ဖြစ်သည်။
၂၀၀၆ ခုနှစ်က ဂျာမဏီ နိုင်ငံတွင် ကျင်းပခဲ့သည့်   ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ အတွက်
The Times of OurLives သီချင်းအား Il Divo နှင့် Toni Brxton တို့ မှ သီဆိုထားခြင်းဖြစ်သည်။၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကမ္ဘာ့
ဖလား ပွဲ ကျင်းပစဉ် က အဆိုတော် ရစ်ကီမာတင် သီဆိုထားသည့် The Cup of Life သီချင်းမှာ
ကမ္ဘာ့ ဖလားပြိုင်ပွဲတစ်လျှောက် လူကြိုက်အများ ဆုံးသီချင်း ဖြစ်သည်။
၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲ ၀င် အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး တောင် အာဖရိက မြို့ ကြီး
၁၁ မြို့ တွင် ကျင်းပမည် ဖြစ်သည်။This Time of Africa သီချင်း ကို ရှာကီရားက အာဖရိက ဘာသာ စကား ၊အင်္ဂလိပ်
ဘာသာ စကား တို့ ဖြင့်သီဆိုထားပြီး အာဖရိက ဗုံသံ ၊ လက်တင် ဆမ်ဘာ နှင့် ရောယှက် ကာ Break Beat စတိုင် ဖြင့်သီဆိုထားသည်။
အာဖရိက ဘာသာ စကားဖြင့် သီဆိုထားသည့် သီချင်း၏ မူရင်း အာဖရိက နိုင်ငံမှာ မှာ ကင်မရွန်း  နိုင်ငံမှ  နာမည်ကျော် သီချင်း
ဇန်ဂါလ၀ါ ဇာမီနာ (၀ါကာ ၀ါကာ) ဖြစ်သည်။(မူရင်းသီချင်းအောင် ကြည့် ရှု နိုင်အောင် စီစဉ်ထားသည်)
Continue reading “ရှာကီးရား သီဆိုထားသည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ ဖလား သီချင်း ထွက်ပြီ”
ခရစ္စတီနား အာဂွီလာရား ရဲ့ Not My Self Tonight တစ်ရက်တွင်း ကြည့်ရှု သူ သုံးသိန်း ကျော်
လိင်အသားပေး ရိုက်ကူးထားမှုများပါသည့်  ဂရမ်မီ ဆုရှင် ခရစ္စတီနား အာဂွီရာလား ၏ ဇွန်လတွင် ထုတ် ဝေမည့်
အယ်(လ)ဘမ် အသစ်  Bionic ထဲ မှ သီချင်း တစ်ပုဒ်ဖြစ်သည့် Not My Self Tonight ကို ဗီဒီယို ၀ဘ်ဆိုတ်
တစ်ခုဖြစ်သည့် ယူတု တွင်ဧပြီလ ၂၈ ရက်နေ့ က စတင် လွှင့်တင်ခဲ့ရာ တစ်ရက် အတွင်း ကြည့် ရှုသူ သုံးသိန်း
ကျော်ရှိခဲ့သည် ဟု ဘီဘုတ် အင်တာနက် စာမျက် နှာတွင် ဖော်ပြထားသည်။
ထိုတေးသရုပ် ဖော် ဗီဒီယိုမှ ခရစ် စတီနား အာဂွီရာလား ၏ မဖွယ်မရာ မြင်ကွင်း များကြောင့် ဝေဖန် ကန့် ကွက်မှု
များရှိသည်။ခရစ် စတီနား အာဂွီရာလား သည် ၁၉၉၉ ခုနှစ် က ပွဲဦးထွက် အယ်(လ)ဘမ် Christina Aguilera
ဖြင့် လူငယ် ပရိတ်သတ် များ ကြားရေပန်းစာ လာပြီး အဆိုတော် ဘရစ်တနီ စပီးယား နှင့် ခောတ်ပြိုင်ဖြစ်သည်။
ခရစ္စတီနား အာဂွီရာလားသည် မြန်မာ နိုင်ငံရှိ နာဂစ် လေမုန်း တိုင်းဒဏ် ခံရသူ များ အတွက် ကမ္ဘာ့ စားနပ်ရိက္ခာ
အစီအစဉ် မှ နေ၍ ဒေါ်လာ ငါးသောင်း ကျော် လှုဒါန်း ခဲ့သူ ဖြစ်သည်။
Continue reading “ခရစ္စတီနား အာဂွီလာရား ရဲ့ Not My Self Tonight တစ်ရက်တွင်း ကြည့်ရှု သူ သုံးသိန်း ကျော်”
ယူတု တွင် လူကြည့် အများဆုံး ဗီဒီယို အဖြစ် လေဒီဂါဂါ၏ Bad Romance နှင့် မီလေး ဆိုင်းရပ်(စ) Party in the USA တို့ ရွေးချယ်ခံရ
သီရိထက် ၃၀ ဧပြီ ၊                      ၊ဘော်စတွန်
Burmese Most Viewed Video on You Tube
ခောတ်လွန် စင်မြင့် ဆင်ယဉ်မှု နှင့် ဖက်ရှင်  ဒီဇိုင်းများ ဖြင့် သူမ ၏ သီဆိုပွဲ များ ကို ဖျော်ဖြေတတ်သည့်
အဆိုတော် လေဒီဂါဂါ ၏ 2009 ခုနှစ် ထုတ် The Fame Monster အယ်(လ)ဘမ်ထဲမှ
တေးသီချင်း တစ် ပုဒ်ဖြစ်သည့် Bad Romance ဂီတ ဗီဒီယို က ကြည့်ရှုသူပေါင်း ၁၉၃ သန်း
ကျော်ဖြင့် ပထမနေ ရာ ကို သိမ်းပိုက်နိုင်ခဲ့သည် ။(မြန်မာ နိုင်ငံမှ လူကြည့် အများ ဆုံး ဗီဒီယို လည်းပါဝင်သည်)
ဒုတိယနေရာ အား အသက် လေး နှစ်သား ချာလီ  လက်ညှိုးကို ထပ်ကိုက်ပြန်ပြီ ဆိုသည့်
ံHome Made ဗီဒီယို က ကြည့်ရှုသူ ၁၈၄ သန်းကျော်ဖြင့် လေဒီဂါဂါ ၏ နောက်မှ ထပ်ကြပ်မကွာ
လိုက်ပါသည်။ Continue reading “ယူတု တွင် လူကြည့် အများဆုံး ဗီဒီယို အဖြစ် လေဒီဂါဂါ၏ Bad Romance နှင့် မီလေး ဆိုင်းရပ်(စ) Party in the USA တို့ ရွေးချယ်ခံရ”
ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ
Yangon Street Racer Rival Clash
ကားအလှဆင်ပွဲတစ်ခုဉ်မော်တော်ကားတစ်စီးကိုစမ်းသပ်မောင်းနှင်နေသည့် နေရွှေသွေးအောင်
ဟိန်းခိုင်ထွန်း၊    ၊လွန်ခဲ့သည့် နှစ်နှစ်ခန့် မှ စ၍ ရန်ကုန်မြို့ တွင် ထင်ရှားလာသည့် ပြိုင်ကား အလှဆင် မောင်းသူများ ၏ အုပ်စု
လိုက် ဂိုဏ်းဖွဲ့ တိုက်ခိုက်မှု များ မှာ ရန်ကုန်မြို့ ၏ ညဘက်များတွင် ပိုမို များပြားလာသည် ဟု စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ တွင် ပြိုင်ကား နှင့် ကားအလှဆင် မောင်းသူများ မှာ ခြောက်ရာကျော်ခန့် ရှိပြီး ထင်ရှားသော ဂိုဏ်း
ရှစ်ဂိုဏ်း ခန့် ရှိသည် ဟု သိရသည်။ Continue reading “ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ”
ယူကရိန်း အမတ် များ လွှတ်တော်တွင်း လက်သီးစွမ်းပြ(ဗီဒီယို)
ပင်လယ်နက် အတွင်း ရှရှား ရေတပ် ဆက်လက်ထားရှိရေး ၊မထားရှိရေး နှင့် ပတ်သက်၍ ဧပြီလ ၂၇ ရက်နေ့ က မဲခွဲ ဆုံးဖြတ်ကြရာ မှ လွှတ်တော် အမတ် များ  ငြင်းခုံမှု ဖြစ်ပြီး အပြန် အလှန် ထိုးကြိတ်ကြပုံဖြစ်သည်။ ဓာတ်ပုံ-Huntington Post
ပင်လယ်နက် အတွင်း ရှရှား ရေတပ် ဆက်လက်ထားရှိရေး ၊မထားရှိရေး နှင့် ပတ်သက်၍ ဧပြီလ ၂၇ ရက်နေ့ က မဲခွဲ ဆုံးဖြတ်ကြရာ မှ လွှတ်တော် အမတ် များ ငြင်းခုံမှု ဖြစ်ပြီး အပြန် အလှန် ထိုးကြိတ်ကြပုံဖြစ်သည်။ ဓာတ်ပုံ-Huntington Post
Continue reading “ယူကရိန်း အမတ် များ လွှတ်တော်တွင်း လက်သီးစွမ်းပြ(ဗီဒီယို)”
အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)
ကလန်သံဗျင်
မီဒီယာ၊                   ၊ဒီနှစ် ကျမှ မဏ္ဍပ် တွေ ကို ထူးထူးခြားခြား အင်းလျှားလမ်းကနေ ဘာဖြစ်လို့ 
ကန်တော်ကြီးကိုပြောင်းလိုက်ရတာလဲ။
ဗိုလ်ချုပ်မှုးကြီး၊      ၊အော်ဒါ လား ။အဖြေက ရှင်းပါတယ် ၊ကျုပ်က စစ်သားဆိုတော့ အမြဲတမ်း စစ်ရေးအမြင်နဲ့ ပဲကြည့်တယ်လေ
ဗုံးခွဲမယ့် ကား ၀င်လို့ ထွက်လို့ လွယ်အောင်ပါ။
အဲ.. မဟုတ်ပါဘူး။ခင်ဗျားကလဲ ဘာတွေ လျှောက်မေးမှန်းမသိဘူး ။အင်းလျှားကန် ရေ
က PH7 ပဲရှိတယ် ။ကန်တော်ကြီးရေက PH 10 အနည်းဆုံးရှိတယ် ။ပြည်သူတွေ ကျန်းမာရေး နဲ့ ညီညွှတ်
အောင် လို့ လေ။နောက် ကျူပ်က လူငယ်တွေ ဆိုစေတနာထားတယ်။  ရေမပက်ချင်တဲ့ အတွဲ တွေ ဆို
မျှော်စင်ကျွန်း တို့  ၊ မြေပဒေသာ ထဲ တို့ သွား နှပ် လို့ ရတယ် ။အင်းလျှားမှာ ဆို လူငယ်တွေ ဒါမျိုးအခွင့်အရေး
ဘယ်ရပါ့ မလဲ ။မဏ္ဍပ် အောက် ၀င်တိုးရတာ …ဟိ ဟိ
မီဒီယာ၊                  ၊အမျှော်အမြင်ကြီးပါပေ့ ဗိုလ်ချုပ်မှုးကြီးရယ်။ဒါနဲ့ စကားမစပ် ။X2O မဏ္ဍပ် မှာမှ ရွေးပြီး
ဗိုလ်ချုပ်မှုးကြီး၊        ၊ခင်ဗျားကလဲ မီဒီယာ သမားလို့ မပြောရဘူး ကောလ ဟာလ တကယ်ယုံတာပဲ ။အမှန်က
နိုင်ငံရဲ့  စီးပွားရေး ကို ကျုပ်က ကယ်တင်လိုက်တာပါဗျာ။ဒေါက်တာဂျိုးဇက်စတိုင် ဂလု လာတုန်းက က သင်္ကြန် မဏ္ဍပ် တွေ က တိုင်းပြည်ရဲ့  GDP ကို နစ်နာတယ်လို့ အကြံပေးသွားလို့ ကျုပ် က နဲနဲ လှန့် လိုက်တာပါ။ နောက်နှစ် ဆိုလူငယ်တွေ မဏ္ဍပ်ထိုင်ရဲမှာ မဟုတ်တော့ဘူး ။ဟိုတယ်ပဲ သွားတော့မှာ ။ Continue reading “အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)”
နာမည်ကျော် တေးရေးဆရာ ကံကောင်း၍ မသေ
ယူကွန် ၊   ၊ သင်္ကြန်ကာလ အတွင်း ၎င်းရေးသားထားသည့် သီချင်းများအား အဆိုတော်များက ခွင့်မတောင်း
ပဲ သီဆိုခြင်း များရှိနေသည် ဟု သတင်းရသဖြင့် ကန်တော်ကြီးစောင်းတွင် ရုပ်ဖျက်၍ တီးဝိုင်းပါ
သော မဏ္ဍပ်များ အား လိုက်လံ ချောင်းမြောင်း သည့် နာမည်ကျော်တေးရေးဆရာ တစ်ဦးသည်
ဗုံးပေါက်ကွဲမှု မှ ကံအားလျှော်စွာ လွတ်မြောက်သွားသည် ဟု သတင်းရရှိသည်။
ဗုံးပေါက်ကွဲမှု မတိုင်ခင်က ထိုတေးရေးဆရာမှာ X2O မဏ္ဍပ် အရှေ့က ဖြတ်သွားပြီး
အထက်ပန်းဆိုးလမ်း ရှိ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင် သို့ အသွား ထိုမဏ္ဍပ် မှ နှစ်
ခုကျော်ရှိ Black Culture မဏ္ဍပ် အရောက်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်သည် ဟုသိရသည်။ Continue reading “နာမည်ကျော် တေးရေးဆရာ ကံကောင်း၍ မသေ”
ရန်ကုန် သင်္ကြန် အကြတ်နေ့ ကြက်ပျံမကျ စည်ကား (သင်္ကြန် ဓာတ်ပုံ)
မြန်မာရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် အကြတ်နေ့ ဖြစ်သည့် ကြသပတေးနေ့ တွင် ရန်ကုန် မြို့ ဉ် လည်ပတ်သူများ ပိုမို များပြားလာပြီး စတုဒီသာ လှုဒါန်း မှု များ နှင့် အတူ ရပ်ကွက်များဉ် အခမဲ့ ရေပက် မဏ္ဍပ် များ ဉ်လည်း လူငယ်များ လာရောက်ပျော်ရွှင်စွာ ဆော့ကစားကြသည်။
သင်္ကြန်အကြတ်နေ့ မနက်ပိုင်းတွင် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ် တစ်ခုမှ ပျော်ရွှင်စွာ ရေဆော့ကစားနေသည့် လူငယ်များ
ကမ္ဘာအေးဘုရားလမ်းရှိ ရေပက်မဏ္ဍပ် တစ်ခုတွင် ဖျော်ဖြေနေသည့် အဆိုတော် တစ်ဦး
Continue reading “ရန်ကုန် သင်္ကြန် အကြတ်နေ့ ကြက်ပျံမကျ စည်ကား (သင်္ကြန် ဓာတ်ပုံ)”
ရန်ကုန် သင်္ကြန် အကျနေ့  လည်ပတ်သူများ ဖြင့် တိုးမပေါက် အောင် စည်ကား (သင်္ကြန် ဓာတ်ပုံ)
မြန်မာ့ ယဉ်ကျေးမှု နှင့် မကိုက်ညီသော်လည်း မြန်မာ့ ရာသီဥတု နှင့် ကိုက်ညီသည့် ဖက်ရှင် ဖြင့် တွေ့ ရသည့် ရေကစားမဏ္ဍပ် ထိုင် အမျိုးသမီးငယ်များ
ကန်တော်ကြီး ကန်ပတ် လမ်းရှိ မဏ္ဍပ် တစ်ခု တွင် ရေပက်ခံထွက်သူများ ရေပက်သူများ ဖြင့် စည်ကားလျှက်ရှိသည် သင်္ကြန် အကျနေ့ က ဤသို့ တွေ့ ရသည်
ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေပက်ခံထွက် လည်ပတ်နေသူများ
အတာသင်္ကြန်အကျနေ့ ရေပက်ခံထွက်နေသူများ
ယနေ့ မဟာသင်္ကြန် အကျနေ့ တွင် ရန်ကုန် မြို့ လမ်းမတော်၊ရေကျော်၊ကန်တော်ကြီး နှင့် ပြည်လမ်း တစ်ဝိုက်မှာ ရေပက်ခံထွက်သူများ သင်္ကြန် မဏ္ဍပ် များ ဖြင့် စည်ကားလျှက် ရှိသည် ကို တွေ့ ရသည်။ဓာတ်ပုံ-အေပီ
Continue reading “ရန်ကုန် သင်္ကြန် အကျနေ့  လည်ပတ်သူများ ဖြင့် တိုးမပေါက် အောင် စည်ကား (သင်္ကြန် ဓာတ်ပုံ)”