“အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကားမှ အများဆုံး ဆွတ်ခူးရရှိ

Planet Academy Live Portal

၂၀၀၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ လဟာပြင်ကဇာတ်ရုံတွင် ကျင်းပပြုလုပ်ရာ ၂၀၀၈ခုနှစ်အတွင်းက ရုံတင်ပြခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၁၂ကားမှ ထူးချွန်ရုပ်ရှင် အနုပညာရှင်များကို ရွေးချယ်၍ အကယ်ဒမီဆုများ ချီးမြှင့်ခဲ့သည်။ ၂၀၀၈ခုနှစ်အတွက် အကယ်ဒမီဆုများကို “အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကားမှ အများဆုံး ဆွတ်ခူးရရှိ အောင်ပွဲခံသွားကြောင်း သိရသည်။

Myanmar Academy 2008

၂၀၀၈ခုနှစ် အကယ်ဒမီဆုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အကောင်းဆုံး ဇာတ်ကားဆုအများနှင့်မသက်ဆိုင်သောသူ (မျက်ခြယ် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေး)

အကောင်းဆုံး ဒါရိုက်တာဆု – ညီညီထွန်းလွင် (အများနှင့် မသက်ဆိုင်သောသူ) Continue reading ““အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကားမှ အများဆုံး ဆွတ်ခူးရရှိ”

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အကယ်ဒမီ ဆိုင်ရာ Web Portal စတင် လွှင့်တင်

Best Adapatation Script Award Winner Nyein Min with his Academy (Shwe Zin)Statue

မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲဆိုင်ရာများ သီးသန့် ကိုသာဖော်ပြမည့် http://www.academy.myanmarcgiaward.com ၀က်ဆိုက်ကို အကယ်ဒမီဆိုင်ရာ Web Portal တစ်ခုအဖြစ်စတင်လွှင့်တင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ၀က်ဆိုဒ်တွင် ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ တွင် ကျင်းပမည့် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲ စာရင်းဝင်ဇာတ်ကား ၁၀ ကား၏ ဗီဒီယို နမူနာများကို လွှင့်တင်ထားပြီး ဖြစ်ကြောင်းသိရှိရသည်။ လက်ရှိ လွှင့်တင်ထားသော အဆိုပါ ၀က်ဆိုဒ်တွင် ၂၀၀၈ ခုနှစ်အတွက် ဆန်ကာတင် စာရင်းဝင် ဇာတ်ကား ၁၀ကား အကြောင်းကို အသေးစိတ်ဖော်ပြ ထားသည့် Competion Award ကဏ္ဍ ၊ ဇာတ်ကား ၁၀ ကားမှ ဓာတ်ပုံများနှင့်

ဆုပေးပွဲ အခမ်းအနားမှ ပုံများကိုဖော်ပြမည့် Gallery ကဏ္ဍ ၊ ဆုပေးပွဲတွင် ဇာတ်ကား စာရင်းကို ဖော်ပြထားသည့် Background History ကဏ္ဍ ၊ ၀က်ဆိုဒ် တွင်ဖော်ပြထားသည့် အနုပညာရှင်များထံသို့ တိုက်ရိုက် e-mail ၊ ဓာတ်ပုံ ၊ e-card နှင့် ringtone စသည်တို့ ကို ပေးပို့နိုင်မည့်SubmissionFormကဏ္ဍများပါဝင်ကြောင်းသိရှိရသည်။ Continue reading “မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အကယ်ဒမီ ဆိုင်ရာ Web Portal စတင် လွှင့်တင်”

ဂျိမ်းကင်မရွန်နဲ့ ဇနီးဟောင်းဖြစ်သူ အော်စကာဆုအတွက်လျှာထားခံရ

ဆုလျှာထားခံရသည့် ပယ်နီလိုပီခရုဇ်၊ဆန်ဒရာဘူလောခ်၊မော်ဂန်ဖရီးမန်း

ဒါရိုက်တာ ဂျိမ်းကင်မရွန် ရိုက်ကူးသည့် Avatar ဇာတ်ကားသည် အကောင်းဆုံးဇာတ်ကား
ဆုအပါအ၀င် ဆု၉ဆုလျှာထားခံရသည်။ယနေ့  ဘီဗာလီဟီလ်းတွင် ကျင်းပသော အော်စကာ
ဆုအတွက် လျှာထားခံရသည့် ဇာတ်ကားများကို သတင်းထုတ်ပြန်ရာတွင် အမျိုးသမီး ဒါရိုက်
တာ ကတ်သရင်း ဘီဂယ်လို ရိုက်ကူးသည့် The Hurt Locker ဇာတ်ကားမှာလည်း အကောင်း
ဆုံးဇာတ်ကားဆု အကောင်းဆုံးဒါရိုက်တာဆုအပါအ၀င်ဆု ပေါင်းခုနှစ်ဆုလျှာထားခံရသည်။

The Hurt Locker ဇာတ်ကားကိုရိုက်ကူးခဲ့သည့် ဒါရိုက်တာ ကတ်သရင်း ဘီဂယ်လိုမှာ
ကမ္ဘာ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကား နှစ်ကား ဖြစ်သည့် Titanic နှင့် ယခု ရုံတင်ပြသနေ
ဆဲ ဇာတ်ကားဖြစ်သည့် Avatar ဇာတ်ကားများကို ဖန်တီးခဲ့သည့် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်
၏ ဇနီးဟောင်း ဖြစ်သည်။ Continue reading “ဂျိမ်းကင်မရွန်နဲ့ ဇနီးဟောင်းဖြစ်သူ အော်စကာဆုအတွက်လျှာထားခံရ”

၅၂ ကြိမ်မြောက်ဂရမ်မီဆုအမျိုးသမီးများက ဆုများစွာဆွတ်ခူး

Grammy Go To Women : Beyonce ,Lady Gaga , Swift All Win 

တစ်နှစ်တာ အကောင်းဆုံးတေးအယ်(လ)ဘမ်ကို ကန်းထရီးအဆိုတော်တေလာဆွဖ်ကရရှိပြီး တစ်နှစ်တာ အကောင်းဆုံးသီချင်းကိုဘီယွန်ဆေးနိုလ်ကရရှိသည်

  Continue reading “၅၂ ကြိမ်မြောက်ဂရမ်မီဆုအမျိုးသမီးများက ဆုများစွာဆွတ်ခူး”

၅၂ ကြိမ်မြောက်ဂရမ်မီဆုပေးပွဲ (Live!)

ဂရမ်မီဆုပေးပွဲ သတင်း၊ဓာတ်ပုံနှင့်ဗီဒီယိုထုတ်လွှင့်မှုများအားဤနေရာတွင်ကြည့်ရှုနိုင်သည်

တစ်နှစ်တာ အကောင်းဆုံးသီချင်းဆုရ Single Lady သီချင်းဖြစ် ဘီယွန်ဆေး သီဆိုဖျော်ဖြေစဉ်
အကောင်းဆုံပေါပ်အယ်(လ)ဘမ်နှင့် အကောင်းဆုံးအဖွဲ့ လိုက်သီဆိုဖျော်ဖြေမှုဆုရ The Black Eyed Peas အဖွဲ့ သီဆိုဖျော်ဖြေနေစဉ်
မီလေးဆိုင်းရပ်စ်
ဂရမ်မီဆုပေးပွဲသို့ ရီဟာနားရောက်ရှိလာစဉ် (AP Photo/Chris Pizzello)
white horse သီချင်းဖြစ်တစ်နှစ်တာ အကောင်းဆုံးကန်းထရီးတေးသံရှင်ဆုရရှိသွားသည့် တေလာဆွဖ်အားကြေညာပေးနေစဉ်

Continue reading “၅၂ ကြိမ်မြောက်ဂရမ်မီဆုပေးပွဲ (Live!)”

ကျော်ကြားသူ တို့ နှင့် မြွေ

Updates : Stars and Snake

ဘီယွန်ဆေးရဲ့ ဖက်ရှင်

နက်ဖြန် ဂရမ်မီဆုပေးပွဲဆိုတော့ ကမ္ဘာတစ်လွှား
က ဖက်ရှင်နယ်ပယ်မှာ ကျင်လည်နေသူတွေ
အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်
တစ်ခုလို့ ဆိုရမှာပါ။ရွှေကမ္ဘာလုံးဆု၊ဂရမ်မီဆု၊
အော်စကာဆု ပေးပွဲတွေမှာ ဆင်မြန်းလာတဲ့
ငွေကြယ်ပွင့်တွေ ရဲ့ ဖက်ရှင်ဟာ တစ်နှစ်တစ်ခါဆို
သလို နိုင်ငံတ၀ှမ်းက ဖက်ရှင်ရေစီးကြောင်းကို
ပြောင်းလဲနိုင်လို့ ပါပဲ။ Continue reading “ကျော်ကြားသူ တို့ နှင့် မြွေ”

တိုက်တန်းနစ်ရုပ်ရှင်ကား၏ ၀င်ငွေကိုအေဗာတာ က စံချိန်ချိုး

Sundance ရုပ်ရှင်ပွဲတော်မှ ဓာတ်ပုံများ
ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန် ရိုက်ကူးသည့် အေဗာတာ ရုပ်ရှင် ဇာတ်ကားကားက ကမ္ဘာတစ်လွှားပြ သရာမှရရှိသည့် ၀င်ငွေ ဒေါ်လာ သန်း တစ်ထောင့်ရှစ်ရာခြောက်ဆယ်ဖြင့် ၁၉၉၇ ခုနှစ်က ၀င်ငွေအကောင်းဆုံးဖြစ်ခဲ့ပြီး ၁၂ နှစ်တိုင် ၀င်ငွေ အကောင်းဆုံးရုပ်ရှင်ကား အဖြစ် စံချိန်တင်ထားသည့် တိုက်တန်းနစ် ဇာတ်ကား၏ စံချိန် ကို ချိုးလိုက်ပြီ ဖြစ်သည်။

အေဗာတာဇာတ်ကားကို ဒါရိုက်တာ ဂျိမ်း(စ)ကင်မရွန် က ရိုက်ကူးခဲ့ပြီး ၀င်ငွေ သန်း တစ်ထောင့်ရှစ်ရာ လေးဆယ့်သုံး ရရှိခဲ့သည့် တိုက်တန်းနစ်ဇာတ်ကား ကိုလည်း ဒါရိုက်တာ ဂျိမ်း(စ)ကင်မရွန်ကပင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

Continue reading “တိုက်တန်းနစ်ရုပ်ရှင်ကား၏ ၀င်ငွေကိုအေဗာတာ က စံချိန်ချိုး”

တယ်လီသွန် (Live On Youtube)

၂၃ ဇန်န၀ါရီ ကာလီဖိုးနီးယား ၊                         ၊Freedom Muzic Group

3 Videos

တယ်လီသွန် ရံပုံငွေ ပွဲစဉ်မှ ဘိုနို၊ဂျေဇီး နှင့် ရီဟာနားတို့ ၏ ဖျော်ဖြေမှု

Continue reading “တယ်လီသွန် (Live On Youtube)”

ဟေတီ ရံပုံငွေပွဲ တယ်လီသွန် တွင် ငွေကြယ်ပွင့် နှစ်ရာကျော်ပါဝင်ခဲ့

၂၃ ဇန်န၀ါရီ ကာလီဖိုးနီးယား ၊                      ၊Freedom Muzic Group

Donate To Hope For Haiti Now

ဇန်န၀ါရီလ ၁၂ ရက်နေ့ က ဟေတီ နိုင်ငံမှ လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြောင့် ဒုက္ခရောက်ခဲ့ကြ
တဲ့ ဟေတီ ပြည်သူတွေ အတွက် အနုပညာရှင်တွေက စုပေါင်းပြီး ကူညီ ရံပုံငွေ ရှာပေးတဲ့
တယ်လီသွန် (Telethon) ဆိုတဲ့ ပွဲစဉ်ကို နယူးယောက် ၊ကာလီဖိုးနီးယား နဲ့  လန်ဒန် တို့ မှာ သုံးနေ ရာခွဲပြီး ကျင်းပခဲ့ပါတယ်။

Hope for Haiti လို့ အမည်ပေးထားတဲ့ ဒီတယ်လီသွန် အစီအစဉ် မှာ အလှုငွေ ဒေါ်လာ
၅၈ သန်းကျော်ရရှိခဲ့ပါတယ်။အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် လည်းဒီပွဲကို
တက်ရောက်ခဲ့ပြီး မင်းသားလီယိုနာဒို ဒီကာပရီယိုကတော့ဒေါ်လာ တစ်သန်းထည့်ဝင်
လှုဒါန်းခဲ့ပါတယ်။
Continue reading “ဟေတီ ရံပုံငွေပွဲ တယ်လီသွန် တွင် ငွေကြယ်ပွင့် နှစ်ရာကျော်ပါဝင်ခဲ့”

အမျိုးသမီးဖက်ရှင် ဒီဇိုင်းသစ်များ

၂၂ ဇန်န၀ါရီ  အယ်အေ ၊                     ၊Freedom Fashion Trend

Designing Woman 2010

ELLE ,Marie Claire ,Maxim ,နှင့် နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာများ၏ လက်ရွေး
စင်ဖက် ဒီဇိုင်းဆန်းများ ၊ ဖက်ရှင် ရှိုးများမှ ဒီဇိုင်းလေးဆယ်ကျော်ကို ဖော်ပြထားပါသည်။

ဖေဖေါ်ဝါရီလထုတ် Marie Claire မဂ္ဂဇင်းမှ ဒီဇိုင်နာ အီရီနာ ရှာဗာရီဗာ နှင့် မော်ဒယ် တစ်ဦး ဓာတ်ပုံ - ပယ်ရီ ဟက်ဂိုပီရန်

Continue reading “အမျိုးသမီးဖက်ရှင် ဒီဇိုင်းသစ်များ”

မော်ဒယ်များ နှင့် တွဲဖက်သည့် ပြပွဲများ လူကြိုက်များလာ

၂၀ ဇန်န၀ါရီ ရန်ကုန် ၊                          ၊ယူကွန်

မန္တလေးဆိုင်ကယ်ပြပွဲတွင်တွေ့ ရသည့်မော်ဒယ်များ

ကိုယ်ဟန်ပြ မော်ဒယ်(လ)များ နှင့် ကျင်းပသည့် ကုန်ပစ္စည်းပြပွဲများအား လာရောက်
ကြည့်ရှုသူများက ပို၍ စိတ်ဝင်စားကြသည် ဟု မကြာခင်က  မန္တလေးမြို့ တွင် မော်
တော်ဆိုင်ကယ်ပြပွဲပြုလုပ်ခဲ့သူ တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “မော်ဒယ်များ နှင့် တွဲဖက်သည့် ပြပွဲများ လူကြိုက်များလာ”

ရွှေပြည်အေး နှင့် မြို့မငြိမ်း နှစ် တစ်ရာ ပြည့် ကို အမျိုးသားကဇာတ်ရုံတွင် ကျင်းပ

၁၇ ဇန်န၀ါရီ ရန်ကုန် ၊                     ၊ယူကွန်

မြို့ မငြိမ်းအမှတ်တရပွဲမှ ဂျင်းနီ

ဂန္တ၀င် ဂီတစာဆိုနှစ်ဦးဖြစ်သည့် အင်္လကာ ကျော်စွာ ရွှေပြည်အေး နှင့် မြို့ မငြိမ်း နှစ်
၁၀၀ ပြည့် အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန် မြို့ မြို့ မကျောင်းလမ်းရှိ
အမျိုးသား ဇာတ်ရုံ၌ ကျင်းပခဲ့သည် ။

ထိုအခမ်းအနားတွင် နိုင်ငံကျော် ၀ါရင့် အဆိုတော်များ နှင့် ယနေ့ ခောတ်ပေါ် အဆိုတော်
များဖြစ်သည့် ကျော်ကျော်ဗို နှင့် ဂျင်းနီ တို့ နှင့် အတူ လူမင်းနှင့် စိုးမြတ်သူဇာတို့ လည်းပါ Continue reading “ရွှေပြည်အေး နှင့် မြို့မငြိမ်း နှစ် တစ်ရာ ပြည့် ကို အမျိုးသားကဇာတ်ရုံတွင် ကျင်းပ”

နိုင်ငံတကာ ဖက်ရှင် ရေစီးကြောင်း

၆ ဇန်န၀ါရီ ဘော်စတွန် ၊                        ၊သီရီထက်

Int ‘ l Women Fashion Trend

သီရိရှင်းသန့် ရဲ့ ၂၀၁၀ ဖက်ရှင်

ဆယ်စု နှစ် တစ်ခု ပြောင်းတိုင်း နိုင်ငံတကာမှာ တော့ ဖက်ရှင် ရေစီကြောင်းဟာ ဂ ငယ်ကွေ့  ကွေ့ သလို ပြောင်းလဲတတ်သွားပါတယ်။ကမ္ဘာ့ ဖက်ရှင် ရေစီးကြောင်းကို
လွှမ်းမိုးထား နိုင်တဲ့ Paris Fashion Week , London Fashion Week , New York
Fashion Week တွေ ရဲ့  Fall နဲ့  Autumn ရှိုးတွေ မှာ နောက်နှစ် ခောတ်စားလာမယ့်
ဖက်ရှင် တွေ့ ကို တွေ့ နိုင်ပါတယ်။

ကမ္ဘာတစ်လွှားမှာ လူကြိုက်များတဲ့ FTV(Fashion TV) က တော့ ၂၀၁၀ မှာ အနီနဲ့  အနက် စပ်ထားတဲ့ ဖက်ရှင် နွေရာသီ မှာ ဆို အ၀ါ နဲ့ အနက်စပ်ထားတဲ့ ကာလာတွေ
လူကြိုက်များမယ်လို့ ဆိုပါတယ်။ In Style မဂ္ဂဇင်း ရဲ့ ဖက်ရှင် ဂုရုက တော့ အသားကပ်
ဘောင်းဘီ လို့ ခေါ်တဲ့ Tight Pant အရှည်၊အပေါ်က ကုတ်အရှည် နဲ့  လည်ရှည် သား
ရေဖိနပ် ဖက်ရှင် တွေ ခောတ်စား မယ့် နှစ် လို့ သုံးသပ်ထားပါတယ်။ Continue reading “နိုင်ငံတကာ ဖက်ရှင် ရေစီးကြောင်း”