မြန်မာတွေ ဆေးမင်ကြောင်ကို ဂုဏ်ယူစွာထိုးခဲ့ကြသည်(ပေါင်ဖြူရင် မယူချင်ဘူး)ဆောင်းပါး

၃ စက်တင်ဘာ ရန်ကုန် ၊                    ၊အိုးဘို (www.0bobeatz.wordpress.com)

Tattoo Culture Strikes Back in Burma

Body Art ခေါ် ခန္တာကိုယ်တွင် ဆေးမှင်ကြောင်ရုပ်များရေးဆွဲခြင်းမှာ စင်္ကာပူရှိ အမျိုးသမီးများ ကြားတွင်လည်းရေပန်းစားသည်
Body Art ခေါ် ခန္တာကိုယ်တွင် ဆေးမှင်ကြောင်ရုပ်များရေးဆွဲခြင်းမှာ စင်္ကာပူရှိ အမျိုးသမီးများ ကြားတွင်လည်းရေပန်းစားသည်

ဆေးမင်ကြောင် (Tattoo)ကို ယနေ့ခေတ် လူငယ်များ မိမိ ခန္ဓာကိုယ်ပေါ်တွင် နှစ်ခြိုက်စွာ ဆေးခြယ် လာကြသည်ကို တွေ့ရှိနေရသည်။ ယနေ့ခေတ် မြန်မာ သရုပ်ဆောင် လောကတွင် ၄င်းဆေးမင်ကြောင်များ ဂယက်သည် လူတိုင်းနီးပါး ကိုယ်ပေါ်၌ စွဲထင်လာ နေကြပေသည်ကို တွေ့ရှိနေရသည်။ အမျိုးသား၊ အမျိုးသမီးမှန်သမျှ အလှအပအဖြစ် ထိုးသွင်းနေကြသည်ကို တွေ့နေရသည်။ ၄င်း Tattoo ထိုးခြင်းသည် မြန်မာအနုပညာ လောကတွင် လွန်ခဲ့သော (၅၊၆)နှစ်မှစ၍ ခေတ်စား လာခဲ့သည်ကို တွေ့မြင်ပေရသည်။ ဆေးမင်ကြောင် ထိုးခြင်းနှင့် ပတ်သက်၍ ယနေ့ခေတ် လူငယ်များ သေသေချာချာ ဂဃနဏ သိသာစေရန် တင်ပြလိုက်ရပေသည်။ ဆေးမင်ကြောင် ဟူသည် လူ၏ကိုယ်ခန္ဓာ အရေပြားပေါ်တွင် စွဲမြဲစွာသေရာပါ ထင်နေစေရန် တုတ်၊ဆူးချွန် အစရှိသော အရာများဖြင့် ဆေးရောင်သွင်းကာ အရုပ်များ၊ အမှတ်အသားများ၊ စာများ၊ ပန်းကနုတ်များစသည်တို့ကို အလှအပအလို့ငှာ ထိုးခြင်းကို ခေါ်ဝေါ် ခြင်းဖြစ်သည်။ Continue reading “မြန်မာတွေ ဆေးမင်ကြောင်ကို ဂုဏ်ယူစွာထိုးခဲ့ကြသည်(ပေါင်ဖြူရင် မယူချင်ဘူး)ဆောင်းပါး”

ဘရက်ပစ် ရဲ့ Inglorius Basterds

၂၅ုသဂုတ် ဘန်ကောက် ၊                    ၊F N G (movie guide)

First look: ‘Basterds’ opens to a glorious $37.6 million

Actor Brad Pitt attends the German premiere of Inglourious Basterds.
Actor Brad Pitt attends the German premiere of Inglourious Basterds.

ဒါရိုက်တာ ကွာတင်တာရန်တီနို သရုပ်ဆောင်ထားသည့် Inglorious Basterds ဇာတ်ကားသည် ယခုတစ်ပတ် အမေရိကန် တွင် နံပါတစ် လူကြိုက် အများဆုံးဇာတ်ကား

ဖြစ်နေပြီး ပွဲဦးထွက် ပြသည့် အားလပ်ရက် နှစ်ရက် အတွင်း (weekend) မှာပင် ဒေါ်လာ သန်းလေးဆယ် နီးပါးဝင်ငွေ ရရှိခဲ့သည်။

ဂျာမန် နာဇီ ခေါင်းဆောင် များ အားသုတ်သင်ချေမှုန်း ရန် အတွက် တင်နက်ဆီ ပြည်နယ်မှအမေရိကန် စစ်ဗိုလ် အယ်ဒိုရိန်း ဦးဆောင်သည့် ဂျူး-အမေရိကန် ကပြား စစ်သားရှစ်ယောက် အဖွဲ့ မှ စစ်ရာဇ၀တ် ကောင် နာဇီ တို့ ကို သုတ်သင် ချေမှုန်း ပုံကို ရိုက်ကူး တင်ဆက်ပြထားခြင်း ဖြစ်သည်။ Continue reading “ဘရက်ပစ် ရဲ့ Inglorius Basterds”

ဆယ်စုနှစ်တစ်ခုကြာ သရဖူဆောင်းနိုင်ခဲ့သည့် သရုပ်ဆောင်များ ပရိသတ်စိတ်ဝင်စား မှုလျှော့နည်းလာ

၁၅ သြဂုတ် ရန်ကုန် ၊                   ၊ယူကွန်

New Comers Welcomes Myanmar Video Industry

နာမည်ရစပြုလာသည့် မြန်မာမော်ဒယ် ရှင်းသူသူမောင်
နာမည်ရစပြုလာသည့် မြန်မာမော်ဒယ် ရှင်းသူသူမောင်

လွန်ခဲ့သည့် ဆယ်နှစ်ခန့် က အနုပညာလောက တွင်စတင်နာ မည်ရခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာသရဖူဆောင်း နိုင်ခဲ့သည့် မြန်မာ သရုပ်ဆောင် အချို့ မှာ ပရိတ်သတ် စိတ်ဝင်စားမှု လျှော့
နည်းလာ၍ ထုတ်လုပ်သူများ ၊ဒါရိုက်တာများက နာမည်ရလာ သည့် သရုပ်ဆောင်သစ် ၊မော်ဒယ်သစ် များကို ဗီဒီယို ဇာတ်ကားများအတွက် ပိုမို ငှားရမ်းအသုံးပြုလာကြသည်။

ရန်ကုန်မြို့ ရှိ ၀မ်းဖိုးဖိုက် ဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက “စိုးမြတ်သူဇာတို့ မေသန်းနု တို့ ကတော့ အမေခန်းစနေပြီ ၊အိန္ဒြာကျော်ဇင် တို့ တန်းလောက် ဆိုရင် သူတစ်ယောက်ပဲ ပရိသတ်ရှိတော့ တယ် ကျန် တာတွေ ကတော့ အကုန်ပြုတ်ပဲ ”ဟု Freedom News Group
သို့ ပြောသည်။ Continue reading “ဆယ်စုနှစ်တစ်ခုကြာ သရဖူဆောင်းနိုင်ခဲ့သည့် သရုပ်ဆောင်များ ပရိသတ်စိတ်ဝင်စား မှုလျှော့နည်းလာ”

ဝတ်မှုန်ရွှေရည် ၂၁ နှစ်ပြည့်မွေးနေ့ ပွဲ ဖိုးလပြည့်ကမော်တော်ကားတစ်စီး လက်ဆောင်ပေး

၁၁ သြဂုတ် ရန်ကုန် ၊                     ၊စံပယ်ထွန်း

Grandson of Senior General Than Shwe attends Top Model B’Day

အခြားသောမော်ဒယ် သရုပ်ဆောင်များနှင့် အတူတွေ့ ရသည့် မော်ဒယ်ဝတ်မှုန်ရွှေရည် ၏မွေးနေ့ ပွဲ
အခြားသောမော်ဒယ် သရုပ်ဆောင်များနှင့် အတူတွေ့ ရသည့် မော်ဒယ်ဝတ်မှုန်ရွှေရည် ၏မွေးနေ့ ပွဲ

ဆီဒိုးနား ဟို တယ်တွင် သြဂုတ်လ ၁၀ရက်နေ့ ည ကကျင်းပခဲ့သည့် မော်ဒယ်ဝတ်မှုန်ရွှေရည် ၏ မွေးနေ့ ပွဲသို့ စိုင်းစိုင်းခမ်းလှိုင် နှင့် အတူဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၏ မြေးဖြစ်သူ နေရွှေသွေးအောင်လည်းတက်ရောက်ခဲ့သည်။ Continue reading “၀တ်မှုန်ရွှေရည် ၂၁ နှစ်ပြည့်မွေးနေ့ ပွဲ ဖိုးလပြည့်ကမော်တော်ကားတစ်စီး လက်ဆောင်ပေး”

The Street အမည်ရှိ မြန်မာ ဟစ်ဟောပ်မဂ္ဂဇင်း စတင်ထုတ်ဝေ

၁၀ သြဂုတ် ရန်ကုန် ၊                     ၊ယူကွန်

First Myanmar Hip Hop Magazine Launch

အသစ်ထွက်ရှိလာအုံးမည့် The Street အမည်ရှိ ဟစ်ဟောပ်မဂ္ဂဇင်း
အသစ်ထွက်ရှိလာအုံးမည့် The Street အမည်ရှိ ဟစ်ဟောပ်မဂ္ဂဇင်း

မြန်မာ နိုင်ငံ၏ ပထမဦးဆုံး ဟစ်ဟောပ်ဂီတ နှင့် ပတ်သက်၍ ဖေါ်ပြမည့် မဂ္ဂဇင်း တစ်စောင်ဖြစ်သည့်
The Street အမည်ရှိ မဂ္ဂဇင်း ကို သြဂုတ် လ ၂၁ ရက် နေ့ တွင် ဖြန့် ချီတော့မည် ဖြစ်ကြောင်းထို မဂ္ဂဇင်း ကိုစီစဉ် သည့် ရက်(ပ) အဆိုတော် အာဘွိုင်းက ဆီဒိုးနား ဟိုတယ် မင်းတုန်းခန်းမတွင်
ပြုလုပ် သည့် မဂ္ဂဇင်း မိတ်ဆက်ပွဲ အခမ်းအနားတွင်ပြောသည်။ Continue reading “The Street အမည်ရှိ မြန်မာ ဟစ်ဟောပ်မဂ္ဂဇင်း စတင်ထုတ်ဝေ”

ကျော်သူသရုပ်ဆောင်ထားသည့် ရုပ်ရှင်ကားလူကြိုက်များ

၅ သြဂုတ် ရန်ကုန် ၊                       ၊ယူကွန်

Moviegoers Watch Veteran Actor Kyaw Thu Plays Movie

2880916386_7555c03a29သမ္မတ ၊သွင် နှင့် မင်္ဂလာ ရပ်ရှင် ရုံများတွင် ရုံတင် ပြသနေသည့် သရုပ်ဆောင် ကျော်သူ ပါဝင်သရုပ်
ဆောင်ထားသော အချစ်ဟု အဓိပ္ပာယ် သက်ရောက်ခြင်းမရှိစေရ ဆိုသည့် ရုပ်ရှင် ကားမှ အထူးပင်လူကြိုက်များလှကြောင်း မင်္ဂလာ ရုပ်ရှင်ရုံ ၀န်ထမ်းတစ်ဦး က Freedom News Group သို့ ပြောသည်။ Continue reading “ကျော်သူသရုပ်ဆောင်ထားသည့် ရုပ်ရှင်ကားလူကြိုက်များ”

ဒီတစ်ပတ် သတင်းဓာတ်ပုံ

၁၄ ဇူလိုင် ဘန်ကောက်၊                        ၊Freedom News Group

Photo of the Week

လန်ဒန်တွင် ကျင်းပသည့် နာဂစ်ဒုက္ခသည်များ အတွက်ရံပုံငွေ သီဆိုဖျော်ဖြေပွဲတွင် တွေ့  ရသည့် ရေဗက္က၀င်း၊တင့်တင့်ထွန်း၊မိုးဟေကို ၊J.Me နှင့် စည်သူလွင်
လန်ဒန်တွင် ကျင်းပသည့် နာဂစ်ဒုက္ခသည်များ အတွက်ရံပုံငွေ သီဆိုဖျော်ဖြေပွဲတွင် တွေ့  ရသည့် ရေဗက္က၀င်း၊တင့်တင့်ထွန်း၊မိုးဟေကို ၊J.Me နှင့် စည်သူလွင်
နာဂစ် ဒုက္ခသည်များရံပုံငွေ လန်ဒန်ဖျော်ဖြေပွဲတွင် အဆိုတော် တင့်တင့်ထွန်း သီဆိုဖျော် ဖြေနေစဉ်
နာဂစ် ဒုက္ခသည်များရံပုံငွေ လန်ဒန်ဖျော်ဖြေပွဲတွင် အဆိုတော် တင့်တင့်ထွန်း သီဆိုဖျော် ဖြေနေစဉ်
နိုင်ငံတကာတွင် ရုံတင်ပြသနေရာလူကြိုက်များနေသည့် Transformers:Revenge of the fallen ဇာတ်ကားတွင် မိုက်ကယ်လား အဖြစ်သရုပ်ဆောင်သည့် မင်းသမီး မယ်ဂန် ဖောက်စ်
နိုင်ငံတကာတွင် ရုံတင်ပြသနေရာလူကြိုက်များနေသည့် Transformers:Revenge of the fallen ဇာတ်ကားတွင် မိုက်ကယ်လား အဖြစ်သရုပ်ဆောင်သည့် မင်းသမီး မယ်ဂန် ဖောက်စ်
ပရိတ်သတ် တို့၏ အချစ်တော်ဖြစ်လာခြင်းကြောင့် မကြာခင် စူပါတန်းဝင် တော့မည့် သရုပ်ဆောင် ရဲတိုက် (သူ့ ကိုနယ်ပရိသတ် တို့ က ကိုရီးယားသရုပ်ဆောင် နှင့် တူသည် ဆို၍ နှစ်ခြိုက်ကြသည်)
ပရိတ်သတ် တို့၏ အချစ်တော်ဖြစ်လာခြင်းကြောင့် မကြာခင် စူပါတန်းဝင် တော့မည့် သရုပ်ဆောင် ရဲတိုက် (သူ့ ကိုနယ်ပရိသတ် တို့ က ကိုရီးယားသရုပ်ဆောင် နှင့် တူသည် ဆို၍ နှစ်ခြိုက်ကြသည်)
၂၀၀၉ ခုနှစ်အတွင်း ၀တ်မှုန်ရွှေရည်၊ဖွေးဖွေး၊ဂျူးဂျူးကေ တို့ လိုပင်ပေါ်ပြုလာဖြစ်နေသည့် မော်ဒယ် မိုးယုစံ
၂၀၀၉ ခုနှစ်အတွင်း ၀တ်မှုန်ရွှေရည်၊ဖွေးဖွေး၊ဂျူးဂျူးကေ တို့ လိုပင်ပေါ်ပြုလာဖြစ်နေသည့် မော်ဒယ် မိုးယုစံ

more photo Continue reading “ဒီတစ်ပတ် သတင်းဓာတ်ပုံ”

လူကြိုက်များသော ရုပ်သံဇာတ်လမ်းတွဲ Prison Break အားမြန်မာမှုပြုခြင်း ခွင့်မပြု

၃ ဇူလိုင် ရန်ကုန်၊                 ၊ယူကွန်

Myanmar Delete Prison Break  Scene in Movie

လူကြိုက်များသောရုပ်သံဇာတ်လမ်းတွဲ Prison Break
လူကြိုက်များသောရုပ်သံဇာတ်လမ်းတွဲ Prison Break

Fox ရုပ်သံဌာန မှ ထုတ်လွှင့်နေသည့် လူကြိုက်များသော အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ တစ်ခု ဖြစ်သည့် အကျဉ်းထောင်ဖောက် စွန့် စားခန်း Prison Break ဇာတ်လမ်းတွဲ အား မြန်မာမှုပြု၍ ရိုက်ကူးမှု ကို မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ခွင့်မပြုဟု ရုပ်ရှင် ဒါရိုက်တာ တစ်ဦးက Freedom News Group သို့ ပြောသည်။

Prison Break ကိုမြန်မာ မှုပြုရန် ခွင့်ပြုခြင်းမခံရသည့် ထိုဒါရိုက် တာက သရုပ်ဆောင် လူမင်းနှင့် ရိုက် ကူးရန် စီစဉ်ထားရှိပြီး နောက် ဖလင် နှင့် ဌာနဆိုင်ရာ ကိစ္စများအတွက် ရုပ်ရှင် အစည်းအရုံးသို့ တင်ပြရာ အစိုးရ၏ မူဝါဒများ နှင့် ညိစွန်း နေသဖြင့် ရိုက်ကူးထုတ်လုပ် ဖြန် ချိပြသခွင့် မပြုဟု သိရသည်။ Continue reading “လူကြိုက်များသော ရုပ်သံဇာတ်လမ်းတွဲ Prison Break အားမြန်မာမှုပြုခြင်း ခွင့်မပြု”

မိုက်ကယ်ဂျက်ဆင် အမှတ်တရ သီချင်းများ

သွားလေသူ မိုက်ကယ်ဂျက်ဆင် ၏ ၁၉၉၁ ခုနှစ် က ထွက်ရှိခဲ့သည့် Dangerous အယ်(လ)ဘမ်ထဲမှ လူကြိုက်များသော သီချင်းတစ်ပုဒ်ဖြစ်သည်။ သူကိုယ်တိုင် ရေးသားသီဆို အသံသွင်း(တီးခတ်)ယူ မှုပြုခဲ့သည်။ ကြေကွဲဖွယ်ရာ ကောင်းသော အပြစ်မဲ့ သည့် အညတရ တို့ ၏ ဘ၀ကို  ခံစားသီဆိုထားခြင်းဖြစ်သည်။ Continue reading မိုက်ကယ်ဂျက်ဆင် အမှတ်တရ သီချင်းများ

Rate this:

မိုက်ကယ်ဂျက်ဆင် အသက် ၅၀ အရွယ်တွင်ကွယ်လွန်

၂၆ ဇွန် အယ်အေ၊                    ၊LA TIMES

King of Pop Passes Away

t1wide.michael.jackson.09ကမ္ဘာ့ ဂီတ လော ကတွင် ပေါပ် ဘုရင်ဟု တင်စားခေါ်ဝေါ်ကြသည့် မိုက်ကယ်ဂျက်ဆင်မှာ ဇွန်လ ၂၅ရက်နေ့ ကြာသပတေးနေ့ က ကယ်လီဖိုးနီးယား UCLA Medical Center တွင် ပုံမှန်မဟုတ်သောသွေးလည်ပတ်မှု ကြောင့် Continue reading “မိုက်ကယ်ဂျက်ဆင် အသက် ၅၀ အရွယ်တွင်ကွယ်လွန်”

ချာလိစ် အိန်ဂျယ် မင်းသမီး ဖာရာဖော့ဆက် အသက် ၆၂ နှစ်အရွယ်တွင် ကွယ်လွန်

၂၅ ဇွန် လောစ်ဇင်းဂျလိစ်၊                    ၊စီအန်အန်
Pop Culture Icon Farrah Fawcett Dies 62

၁၉၇၈ ခုနှစ် ဝေလမင်းသားနှင့် တွေ့ ဆုံစဉ်က
၁၉၇၈ ခုနှစ် ဝေလမင်းသားနှင့် တွေ့ ဆုံစဉ်က

ဆက်ဆီ (Sexy )ဖြစ်သည့် ၀တ်စားဆင်
ယဉ် မှု နှင့် အပြေအဆိုအနေအထိုင် တို့ ကို
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကတည်းက ကမ္ဘာသို့မိတ်ဆက်ပေးခဲ့သည့် ချာလိစ်
အိန်ဂျယ် ရုပ်သံဇာတ်လမ်း မှမင်းသ
မီး ဖာရာဖော့ဆက်မှာ  အသက် ၆၂ နှစ်
အရွယ်တွင် ဆန်တာ မော်နီကာ ဆေးရုံကြီး၌ ကင်ဆာရောဂါကွယ်လွန် သွားခဲ့သည်။

၁၉၇၆ ခုနှစ်မှ ၁၉၈၀ ခုနှစ် ထိပြသခဲ့သည့်
ချာလိစ် အိန်ဂျယ်ရုပ်သံ ဇာတ်လမ်းတွဲများ
တွင် အလွတ်စုံထောက် နှင့် ပြိုင်ကားမောင်း
သူ ဂျေးမွန် ရိုးအဖြစ် သရုပ်ဆောင်ခဲ့သည်။
ထိုရုပ်သံဇာတ် လမ်းတွင်သူမ၏ သရုပ်ဆောင် မှု အတွက် ရွှေကမ္ဘာလုံးဆု ရရှိခဲ့သည်။ Continue reading “ချာလိစ် အိန်ဂျယ် မင်းသမီး ဖာရာဖော့ဆက် အသက် ၆၂ နှစ်အရွယ်တွင် ကွယ်လွန်”

Kill Bill ဇာတ်ကားနှင့် Kung Fu ဇာတ်လမ်းတွဲများမှ သရုပ်ဆောင်ဒေးဗစ်ကာရာဒင်းအား ဘန်ကောက်တွင် ကြိုးဆွဲချ သေဆုံးလျှက်တွေ့ရှိ

၎ ဇွန်  ဘန်ကောက်၊                   ၊Freedom News Group

David Carradine found dead in Bangkok

47309695၁၉ရ၀ ပြည့်နှစ်များက နာမည်ကျော် လူကြိုက်များခဲ့သည့် ကွန်ဖူး အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲတွင်
သရုပ်ဆောင်ခဲ့သည့် အသက် ၇၂ နှစ်အရွယ်ရှိ မင်းသားကြီး ဒေးဗစ်ကာရာဒင်းမှာ ဘန်ကောက်မြို့ရှိဟိုတယ် တစ်ခုတွင်သေဆုံးလျှက်
တွေ့ ရသည် ဟု ဘန်ကောက် ရှိ အမေရိကန် သံရုံးက အေပီသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ဘန်ကောက် ၀ါယာလက် ရှိ ဖနီလ ဟိုတယ် အခန်းအမှတ် ၃၅၂ တွင် တည်းခိုနေစဉ် အတောအ
တွင်း ဟိုတယ်၏ ခန်းဆီးစတွင် အသုံးပြုသောနိုင်လွန်ကြိုး နှင့် သူ့ ကိုယ်သူ ဆွဲကြိုးချသတ်သေ ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ဘန်ကောက် ရဲ အဖွဲ့ က ဘီဘီစီ သတင်းဌာနသို့ ပြောသည်။ Continue reading “Kill Bill ဇာတ်ကားနှင့် Kung Fu ဇာတ်လမ်းတွဲများမှ သရုပ်ဆောင်ဒေးဗစ်ကာရာဒင်းအား ဘန်ကောက်တွင် ကြိုးဆွဲချ သေဆုံးလျှက်တွေ့ရှိ”

ကျန်းမာရေး မကောင်းစဉ် မတရားဖမ်းဆီးတရားစွဲဆို ခံထားရသည့် ဒေါ်စု လွတ်မြောက်ရေး အမေရိကန် ဟစ်ဟောပ် အဖွဲ့ လှုံဆော်မည်

၃၀ မေ  ချားလော့ မြောက်ကာရိုလိုင်းနား၊                      ၊FNG Black Eyed Peas Campaign for Burma Democracy Icon အင်းစိန်ထောင်တွင်းမတရားဖမ်းဆီးတရားစွဲ ဆိုခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက် ရေးအတွက် နိုင်ငံတကာရှိ အနုပညာရှင်များက လည်းသူမအားလွှတ်ပေးရန် တောင်းဆိုတိုက်တွန်း ခဲ့ကြသည်။အမေရိကန် Hip Hop အဖွဲ့ တစ်ခုဖြစ်သည့် Black Eyed Peas အဖွဲ့ ကမူ ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာတစ်ဝှမ်းရှိ သူတို့ ဖျော်ဖြေရေးပွဲ စဉ် များတွင် ဒေါ်စု လွတ်မြောက်ရေးအတွက် လှုံဆော်မှုများပြုသွားမည်ဖြစ်သည်။၂၀၀၆ ခုနှစ်က ဘန်ကောက်တွင် ဖျော်ဖြေခဲ့သည့် ပွဲစဉ် ၌ ဒေါ်စု လွတ်မြောက်ရေးအတွက် လှုံဆော်မှုများပြုခဲ့သည်။ Continue reading ကျန်းမာရေး မကောင်းစဉ် မတရားဖမ်းဆီးတရားစွဲဆို ခံထားရသည့် ဒေါ်စု လွတ်မြောက်ရေး အမေရိကန် ဟစ်ဟောပ် အဖွဲ့ လှုံဆော်မည်

Rate this:

အီရန်ထောင်မှလွတ်မြောက်လာသည့် ဂျာနယ်လစ် ကန်း(စ)ရုပ်ရှင်ပွဲတော်ဆုရ

၂၄ မေ ကန်း(စ)၊                   ၊လမွန့်

Iranian film co-written by journalist Saberi wins a Cannes festival prize

အန်ဂျလီနာဂျိုလီ၊ဘရက်ပစ်၊ဒါရိုက်တာပက်ဒရို အယ်မိုဒိုဘာ၊ပယ်နီလိုပီ ခရုဇ် တို့အား ကန်း(စ)ရုပ်ရှင်ပွဲတော်တွင်တွေ့ ရစဉ်
အန်ဂျလီနာဂျိုလီ၊ဘရက်ပစ်၊ဒါရိုက်တာပက်ဒရို အယ်မိုဒိုဘာ၊ပယ်နီလိုပီ ခရုဇ် တို့အား ကန်း(စ)ရုပ်ရှင်ပွဲတော်တွင်တွေ့ ရစဉ်

ပြင်သစ်နိုင်ငံတောင်ပိုင်းတွင်ကျင်းပနေသော ၆၂ ကြိမ်မြောက်ကန်း(စ)ရုပ်ရှင်ပွဲတော်တွင် အီရန်အကျဉ်းထောင်မှ မကြာသေးမှီက ပြန်လည်လွတ်မြောက်လာသည့် သတင်းထောက်
ရိုဆာနာဆာဘရီက သူမ၏ခင်ပွန်းလောင်းဖြစ်သူ အီရန် ဒါရိုက်တာ  ဘာမန်းဂိုဘာဒီ  ရိုက်ကူးသည့် “No one knows about Persian cats ”ဇာတ်ကားအတွက် ဇာတ်လမ်းပူးတွဲ ရေးသားမှု ထူးချွန်ဆုရရှိခဲ့သည်။ Continue reading “အီရန်ထောင်မှလွတ်မြောက်လာသည့် ဂျာနယ်လစ် ကန်း(စ)ရုပ်ရှင်ပွဲတော်ဆုရ”