ကန်း(စ်)ရုပ်ရှင်ပွဲတော်မှပုံရိပ်များ
၁၇ မေ ပြင်သစ်၊ ၊လာမွန်(ဒ) Continue reading ကန်း(စ်)ရုပ်ရှင်ပွဲတော်မှပုံရိပ်များ
ဂီတဖျော်ဖြေပွဲ ၊ရုပ်ရှင် နှင့် နာမည်ကျော် များ
၁၇ မေ ပြင်သစ်၊ ၊လာမွန်(ဒ) Continue reading ကန်း(စ်)ရုပ်ရှင်ပွဲတော်မှပုံရိပ်များ
၉ မေ ရန်ကုန်၊ ၊Freedom News Group
Myanmar Life Model ‘s Studios Job

ကိုယ်ဟန်ပြခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် မြန်မာမော်ဒယ် တို့ အတွက် ဖက်ရှင် ဒီဇိုင်းများဝတ်ဆင် ၍ catwalk လျှောက်ခြင်း ဘီဘုဒ် တီဗွီ စသည့် ကြော်ငြာများအတွက်သရုပ်ပြပေးရရုံသာမက အခြားသော ၀င်ငွေ ရရန် လမ်းကြောင်းမှာလည်း ၂၀၀၇ ခုနှစ်နောက်ပိုင်းမှစ၍ ပို၍ များလာသည် ဟု သိရသည်။
မော်ဒယ် တို့ အတွက် အများပြည်သူသိ ကြော်ငြာ မဟုတ်ဘဲ ၀င်ငွေရရှိ နိုင်သည့် လမ်းကြောင်းများဉ်အဓိက နှစ်ခုမှာ ပန်းချီဆရာ၊ဓာတ်ပုံဆရာ၊ပန်းပုဆရာ (ပြည်တွင်း၊ပြည်ပ) တို့ အတွက် ကိုယ်ဟန်ပြသပေးရခြင်း နှင့် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ ၏ နိုင်ငံခြားကုမ္ပဏီများအတွက် တည့်ခင်းသော ဧည့်ခံပွဲများတွင် စားပွဲဝိုင်း ဉ် အတူထိုင်ပေးရခြင်းတို့ ဖြစ်ကြောင်း မော်ဒယ်ဧဂျင်စီတစ်ခု မှ မန်နေဂျာတစ်ဦးက Freedom News Group သို့ ပြောသည်။
Continue reading “မော်ဒယ်၊စုတ်ချက်၊ကင်းဗတ် စ နဲ့ အလင်းအမှောင်ပုံရိပ်များ”
၈ မေ ရန်ကုန်၊ ၊ယူကွန် Interview with Yan Yan Chen နှစ်ဆန်းပိုင်းလောက်ကမှ အင်းစိန်အကျဉ်းထောင်ကနေပြန်လွတ်လာတဲ့ ရန်ရန်ချမ်း ရဲ့ယနေ့ ဟစ်ဟောပ် ဂီတပေါ်အမြင်၊သူ့ ဘ၀ အတွေ့အကြုံ နဲ့ ရှေ့ဆက်မယ့် အနာဂတ်ခရီးလမ်း အတွက်ဘယ်လိုပြင်ဆင်ထားလဲဆိုတာ ဒီနေရာတွင်ဖတ်ရှုနိုင်သည် Continue reading အင်အားသစ်တွေချပြမယ့် ရန်ရန်ချမ်းရဲ့ ဂီတ
၂၆ ဧပြီ ပါရီ၊ ၊French Press

အော်စကာ ဆုကဲ့ သို့ ပင် ရုပ်ရှင် ၀ါသနာအိုးများ
စိတ်ဝင်စားကြသည့် ကန်း(စ)ရုပ်ရှင်ပွဲတော် ကို
မေလ ၁၃ ရက် နေ့ မှ ၂၄ ရက်နေ့ ထိ ပြင်သစ်နိုင်ငံ
တောင်ပိုင်း မြို့ တစ်ခုဖြစ် သော ကန်း(စ)မြို့ တွင်
ကျင်းပတော့ မည်ဖြစ်သည်။ ယခုနှစ် ကန်း(စ)ရုပ်ရှင်
ပွဲတော်မှာ၆၂ ကြိမ်မြောက်ဖြစ်သည်။
၆၂ ကြိမ်မြောက်ကန်း(စ) ရုပ်ရှင်ပွဲတော် ၏ ပြိုင်ပွဲဝင်
မည့် ဇာတ်ကားများတွင် နာမည်ကျော် ဒါရိုက်တာများ လက်စွမ်းပြထားသည့် ဇာတ်ကားများပါ ၀င်နေခြင်း
ကြောင့် ပရိသတ် စိတ်ဝင်စားမှုမြင့် တက်နေ သည်ဟု ပြင်သစ် သတင်းစာ Le Monde တွင် ဖေါ်ပြထားသည်။
Continue reading “၆၂ ကြိမ်မြောက် ကန်း(စ) ရုပ်ရှင်ပွဲတော် ဇာတ်ကားများ”

၁၉၃၀ အမေရိကန် စီးပွားရေးပျက် ကပ် ကာလအတွင်းမှာ ထင်ရှားခဲ့တဲ့ နာမည်ကျော် ဘဏ်ဓါး
ပြအဖွဲ့ ခေါင်းဆောင် ဂျွန်ဒလင်ဂါ နဲ့ သူ့ ရဲ့ အပေါင်းအဖေါ် တွေအကြောင်းကိုရိုက် ကူးပြထားတဲ့
ဇာတ်ကားဖြစ်ပါတယ်။
FBI စုံထောက် အဖွဲ့ ခေါင်းဆောင် အက်ဂါး ဟူးဗား က သူ့ ရဲ့ အတော်ဆုံးစုံထောက်တွေ နဲ့ နှိမ်
နှင်း ခဲ့ရတဲ့ ဂျွန်ဒလင်ဂါ ဟာ ဘဏ်ဓါးပြ မှု၊စီးနင်းတိုက် ခိုက်မှု၊ထောင်ဖေါက်မှု၊ပြန်ပေးဆွဲ မှု စတဲ့
အမှု ပေါင်းဆုံနဲ့ အလိုရှိ နေသူ တစ်ဦးဖြစ်ပါတယ်။ သူ့ ကိုနှိမ် နှင်းဖို့ အတွက် အမေရိကန် ရဲ စုံထောက် ဌာန က FBI အဆင့်ထိ တိုးမြှင့်ဖွဲ့ စည်းခဲ့ရတယ် လို့ ဆိုပါတယ်။
Continue reading “ဂျွန်နီ ဒပ် နဲ့ ခရစ်တီးယန်း ဘေး တို့ရဲ့ဇာတ်ကားသစ် Public Enemies”
၁၄ ဧပြီ ရန်ကုန်၊ ၊ဒါရိုက်တာ စနေ ငချွတ် ၂၀၀၉ အတာသင်္ကြန် အကျနေကမ္ဘာအေးဘုရားလမ်း ဆီဒိုးနား ဟိုတယ် အနီးရှိ T.Home မဏ္ဍပ် တွင်ပြည့်ဖူးခိုင် သီဆိုဖျော်ဖြေနေ စဉ် Continue reading ရန်ကုန် သင်္ကြန် အကျနေ့ (ဗီဒီယို)
အင်းလျှားလမ်းတွင် မဏ္ဍပ်များအစီအရီ ဆောက်လုပ်ထားသည် ကိုဧပြီ လ ၁၁ ရက်နေ့ ကတွေ့ ရစဉ် Continue reading အင်းလျှားလမ်း မဏ္ဍပ်များ(ဗီဒီယို)
၁၀ ဧပြီ ရန်ကုန်၊ ၊ညွန့် သက်ထားဦး
စစ်တပ်မှ လွှင့်ထုတ်သော မြ၀တီ ရုပ်သံလွှင့်ထုတ်မှုတွင် ပါရန် အတွက် သင်္ကြန်ယိမ်းအဖွဲ့ များမှာ
လာဘ်ထိုးမှ ထုတ်လွှင့်ပေးသည် ဟုသိရသည်။ထိုသို့ လာဘ်ပေးမှ လွှင့်ထုတ်မှုတွင် တစ်ဦးချင်းနှင့်ပုဂ္ဂလိက၊ကုမ္ပဏီ အဖွဲ့ အစည်းများသာမက ၀န်ကြီးဌာန များက ပါလာဘ်ပေးရသည် ဟုသိရသည်။ Continue reading “မြ၀တီ ရုပ်သံတွင် ပါရန် အတွက် သင်္ကြန် ယိမ်းအဖွဲ့ များလာဘ်ထိုးရ”
ယခုတစ် ပတ် box office တွင်ထိပ်ဆုံးရောက်နေ သည့်ဇတ်ကားမှာမြန်မာပရိသတ်တို့ နှစ်ခြိုက်သည့် Fast and Forious ဆိုသည့်မော်တော်ကားမောင်း
နှင်နိုင် မှုစွမ်းရည် ကိုအသုံးချပြီး ဂိုဏ်းဂဏဖွဲ့ ရာဇ၀တ်မှု ကျူးလွန်သည့် ဇာတ်ကားဖြစ်သည်။ကတုံးမင်းသား ဗင်ဒီဇယ်၊မီရှယ်ရောဒီကွေဇ် နှင့်ပေါ်လ်ဝေါ်လ်ကာတို့ သရုပ်ဆောင်ထားပြီး ဒါရိုက်တာဂျပ်စတင်လင်းဖြစ်သည်။The fast and The furious :Tokyo
Drift ဇာတ်ကားကို လည်း ဒါရိုက်တာ ဂျပ်စတင်လင်းပင်ရိုက်ကူးထား ခြင်းဖြစ်သည်။ Continue reading “လူကြိုက် များနေတဲ့ Fast and Furious ရုပ်ရှင်ကားသစ်”
စနေငချွတ်

သင်္ကြန်ရောက်တော့မည်ဆိုတိုင်း ကျွန်တော် ရင်ခုန်လာစမြဲဖြစ်သည်..။ ရန်ကုန်သား သိပ်စစ်သွားလို့လားမသိ ရန်ကုန်သင်္ကြန်မှာပဲပျော်သည်..
မန္တလေးသင်္ကြန် ဘယ်လိုစည်တယ် ပြောပြော.. စိတ်ကိုမ၀င်စား ကလေးဘ၀က ကားနှင့်အမြဲလည်ခဲ့သည်..။ နည်းနည်းလေး မြီးကောင်ပေါက်ချင် လာတော့ မဏ္ဍပ်ပေါ်တက်ကဲသည်..။ သင်္ကြန်ပါးဝလာတော့ မဏ္ဍပ်တွေဘာတွေမှာ Organizer ၀င်လုပ်သည်။ အဆင်ပြေ သလို နည်းအမျိုးမျိုးနဲ့ ကဲဖြစ်ခဲ့သည်။
Continue reading “တူးပို့ တူးပို့…..နဲ့ ပျော်မည် (သင်္ကြန် ဆောင်းပါး)”


အင်္ဂလန် နိုင်ငံက ITV 2 ရုပ်သံအစီအစဉ်မှာ ဇန်န၀ါရီလ ၉ ရက်နေ့ ကတည်းက စပြီး တင်ဆက်ပြသနေ ရာမှာ လူကြိုက်များတဲ့ “Paris Hiltons British Best Friend” အစီအစဉ်မှာ
နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် ပါရီဟီလ် တန် နဲ့ အတူ ပါဝင်သရုပ်ဆောင်နေ သူတစ်ယောက် ဖြစ်ပါတယ်။
သူနာမည် ကတော့ ခရစ်ဆီ ၀ဏ္ဏ ဖြစ်ပါတယ်။ နာမည်ရင်းက တော့ ဟေမာခရစ် စတီးနား ၀ဏ္ဏပါ။မိဘ နှစ်ပါးလုံးက မြန်မာလူ မျိုးတွေ ဖြစ်ပြီး ဖခင်ဖြစ်သူ ကတော့ အခုထိ အနုပညာလုပ် ငန်းတွေတစိုက် မတ်မတ် လုပ်နေ တဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်ပြီး ဆရာဝန် တစ်ယောက်လည်းဖြစ်ပါတယ်။ခရစ်ဆီ ရဲ့ ဦးလေးဖြစ်သူ ကတော့ မြန်မာ ပြည်ရဲ့ နာမည်ကျော်တေးရေး ဆရာမောင်သစ်မင်းဖြစ်ပြီး သူ့ ဖခင် ဦးဝဏ္ဏ ရဲ့  ညီအရင်းဖြစ်ပါတယ်။( ရွှေဘို မင်းသားကြီးရဲ့  အဆက်အနွယ် တွေလဲ ဖြစ်ပါတယ်)
Continue reading “အင်္ဂလန် မှာ အောင်မြင်နေပြီးဟောလိဝုဒ်ဇာတ်ကားတွေမှာ သရုပ်ဆောင်တော့မယ့် မြန်မာမလေး ခရစ်ဆီဝဏ္ဏ”


ကမ္ဘာကျော် အီတလီ အ၀တ်အထည် အမှတ်တံဆိပ်တစ်ခု ဖြစ်သော ဗယ်လင်တီနို ကို ဖန် တီး ခဲ့ သည့် ဒီဇိုင်းပညာရှင် ဗယ်လင်တီနို ဂရာဗာနီ ၏ ဘ၀ ဇာတ်ကြောင်းကို မှတ်တမ်းရုပ်
ရှင် (Documentary)အနေဖြင့် ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။
Valentino အမှတ်တံဆိပ်ကို မသိသူမရှိရလေအောင် စွမ်းဆောင်ခဲ့သော သူ့ဘ၀ဇာတ်ကြောင်းအပြင် နှစ်ပေါင်း ၅၀ တွဲလက်မဖြုတ်ခဲ့သည့် ချစ်သူလည်းဖြစ် မိတ်ဆွေလည်းဖြစ် စီးပွားဖက်လည်းဖြစ်သူငယ်ချင်းကောင်းလည်းဖြစ် သည့် ဂီယန်ကာလို ဂီယန်မက်တီ တို့၏ နှလုံးသားရေး ကိုလည်းတင်ဆက်ပြထားသည်။
Continue reading “Valentino:The Last Emperor(Movie Guide)”



ဒါရိုက်တာ ကင်ဆွန်းဟွန်း ရိုက်ကူးသော ဇာတ်ကားဖြစ်ပြီး ယခုလ ၁၉ ရက်နေ့ တွင်ကိုးရီးယား
တစ်နိုင်ငံလုံးတွင်ပြသမည်ဖြစ်သည်။မြန်မာ ပရိသတ်နှင့်ရင်းနှီးပြီးသောနာမည်ကျော်ကိုရီးယား
သရုပ်ဆောင်များဖြစ်သည့် မင်းသမီး ချိုဂျေဟူး၊ဂျုဆီဟောင်းနှင့် မင်းသား အိုဆန်ဆွန်းနှင့် မွန်
ဆွန်းဂူတို့ ပါဝင်သည်။ Continue reading “ကိုရီးယားရုပ်ရှင်ကား Missing (Movie Guide)”

အော်စကာဆုရ“မွမ်ဘိုင်းကအုတ်ကြားမြက် သန်းကြွယ်သူဌေး”
မောင်ရစ်
ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉
လွန်ခဲ့တဲ့ တနင်္ဂနွေက အော်စကာမှာ သူချည်းပဲ ဆုရသွားတယ်။ ဗိုလိုကတော့ “ဆလန်းဒေါ့မီလျံနာ” ပေါ့ဗျာ။ အင်္ဂလန်က ဒါရိုက်တာ၊ ပရိုဂျုဇာနဲ့ ရုပ်ရှင်အဖွဲ့က ဘုံဘေက ကျူးကျော်ရပ်ကွက်ကို အခြေပြုလို့ ဇာတ်ကွက်ကို ရိုက်တာမှာ အဲဒီ ဆင်းရဲသားတွေကို ခေါ်သုံးခဲ့တယ်၊ ပိုက်ဆံ မရှိလို့။ ကလေး ၃ ယောက်က အဲဒီက နင်းပြားကလေး ၃ ဦး။ ကျန်တဲ့ သရုပ်ဆောင်တွေထဲမှာ အားလုံးက နာမည်ကြီး မပါဘူး။ မြန်မာတွေသိတဲ့ “ရာဂ်ျကပူး” ပဲပါမယ်။ သူက ဉာဏ်စမ်းတင်ဆက်သူ အခမ်းအနားမှူးအဖြစ် သရုပ်ဆောင်တယ်။ Continue reading ““မွမ်ဘိုင်းကအုတ်ကြားမြက် သန်းကြွယ်သူဌေး””