ကိုရီးယား သရုပ်ဆောင် ဆောင်အီလ်ဂွတ် နှင့် လီဟာနာ ရန်ကုန် မြို့ သို့ ရောက်ရှိ (သတင်း ဓာတ်ပုံ)

ဂီတဖျော်ဖြေပွဲ ၊ရုပ်ရှင် နှင့် နာမည်ကျော် များ

ဒါရိုက်တာ မောင်မျိုးမင်း စီစဉ် ရိုက်ကူးပြီး မင်းသမီး မိုးယုစံ ၊ဖူးစုံ၊ မေကဗျာ၊ မင်သမီး အဖြစ် သရုပ်ဆောင်ကာ
နေတိုး၊ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ရဲလေး၊မိုးမိုး တို့ ၏ ပရိသတ် အားပေးမှု ရှိသည့် နှစ်သစ် နှင်းဆီ အငြိမ့်
ဗီဒီယို အား ပရိသတ် များ အစအဆုံး ကြည့်ရှု နိုင်ရန် ရွှေအိုး ဗီဒီယို မှ တင်ဆက်ပေးထားပါသည်။ Continue reading “လူကြိုက်များ တဲ့ နှစ်သစ်နှင်းဆီ အငြိမ့် (ဗီဒီယို စဆုံး)”

၁၉၉၅ ခုနှစ် က ကိုယ့်ကြောင့် (အချစ်ရေ ကိုယ့် ကြောင့် ) ဆိုတဲ့ သီချင်းနဲ့  ပရိသတ် အားပေးမှု ရရှိခဲ့
တဲ့ အဆိုတော် စည် သူလွင် က သူ့ ရဲ့ လက်ထပ်မင်္ဂလာ အခမ်းအနား ကို ဒီဇင်ဘာလ ထဲမှာ ကျင်းပမှာ
ဖြစ်တယ်လို့  ပရိသတ် ကို အသိပေး လိုက်ပါတယ်။ Continue reading “ချစ်သက်တမ်း ခုနှစ် ကျော် ရွှေလက်တွဲ မြဲခဲ့သည့် စည်သူလွင် နှင့် နွယ်မာကျော် လက်ထပ်ကြတော့မည်”


Continue reading “ကြက်ပျံ မကျ စည်ကားတဲ့ တောင်ကြီး တန်ဆောင်တိုင်”
နိုဝင်ဘာလ ၇ ရက်နေ့ ကကျင်းပတဲ့ ရွေးကောက် ပွဲ မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ က ၁၉၉၀ ပြည့်
နှစ်က ဗိုလ်ချုပ်ကြီး စောမောင်မဲပေး ခဲ့သလိုမျိုး အရပ်ဝတ် နဲ့ မဟုတ် ပဲ စစ်ဝတ်စုံ နဲ့ မဲပေး ခဲ့တာ
ကြောင့် စစ်တပ်အုပ်ချုပ် ရေး ဟာ ဆက်ရှိနေမယ် လို့ နိမိတ်ပုံ တွေ ၊သင်္ကေတ တွေ နဲ့ တင်စားတာ
လား လို့ မေးစရာ ရှိလာ ပါတယ်။ ဟောလိဝုဒ် ရုပ်ရှင် ကားတွေ ကတော့ နိမိတ်ပုံတွေ ၊သင်္ကေတ
တွေ နဲ့ တင်စား ပြီး ဇာတ်ကား ရဲ့ ဆိုလိုရင်း၊ဇာတ် ကွက် ရဲ့ ဆိုလိုရင်း ကိုဖော်ညွှန်း တတ်ပါတယ်။ Continue reading “သင်္ကေတများ ၊နိမိတ်ပုံ များ ဖြင့် မဲပေးခြင်း”
ကိုရီးယားလူငယ် အဆိုတော် အဖွဲ့  Big Bang နဲ့ အမေရိကန် ရက်(ပ) ဆရာကြီး Nelly တို့ ဆိုထားတဲ့
Just A Dream သီချင်း ကလည်း အမေရိကန် ရေဒီယို နဲ့ ညကလပ် တွေ မှာ Hit ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ပါ။

Continue reading “အခုတလော လူပြောများနေ တဲ့ ဖျော်ဖြေရေး နယ်မှ ငွေကြယ်ပွင့်များ”
သီရိထက် ၊ ၊Foreign Policy မဂ္ဂဇင်း ကနေ ထုတ်နှုတ် တင်ပြထားတဲ့ ညိုမှောင်မှောင်၊စိမ်းဖန့် ဖန့် ဝတ်ထားတဲ့ မိစ္ဆာ (The Devil Wears Taupe: Dictator Fashion ) ဆိုတဲ့ ကဏ္ဍဖြစ်ပါတယ်။(Updated)


Female Director Rules Top Box Office

တက္ကသိုလ် ဘုန်းနိုင်၏ ထင်ရှားသည့် ၀တ္ထုတစ်ပုဒ်ဖြစ်သည့် ‘မိုးညအိပ်မက်မြူ’ အား ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးထားသည့် ‘မိုးညအိပ်မက်မြူ’ ရုပ်ရှင်ဇာတ်ကာအား အောက်တိုဘာ ၈ ရက်နေ့ (သောကြာနေ့ မှ စပြီး) သမ္မတ၊သွင် ၊မင်္ဂလာ နှင့် မော်တင် ရုပ်ရုံတို့ တွင် စတင်ပြသမည်ဖြစ်ရာ စတင်ပြသမည့် ပွဲစဉ် များ အတွက် ကြိုတင်လက်မှတ် များ မှာ ထိုရုပ်ရှင်ရုံများတွင် မပြသမှီ တစ်ရက် အလို တွင် ရောင်းကုန် သွားပြီ ဟု သိရသည်။
ထိုဇာတ်ကားတွင် သရုပ်ဆောင်နေတိုး ၊ရဲအောင်၊အောင်ရဲလင်း၊ မိုးဟေကို ၊သင်ဇာဝင့်ကျော် နှင့်
ခင်သီတာထွန်း တို့ လည်း ပါဝင်သရုပ်ဆောင် ထားသည် ဟု သိရသည်။ Continue reading “ကြည်ဖြူသျှင် ၏ မိုးညအိပ်မက်မြူ ကြိုတင် လက်မှတ် ရောင်းမလောင်းဖြစ်နေ”
ရီတာအောင် (အောက်တိုဘာလ ထုတ် ရွှေအမြုတေမဂ္ဂဇင်းမှ)
မြန်မာပြည်မှ နာမည်ကျော် အဆိုတော် များကို တစ်နှစ်တစ်ခါ အမေရိကန် ပြည်ထောင်စုမှ ဂီတ ၀ါသနာရှင်များက ဖိတ်ကြား ခေါ်ယူကြပါတယ်။
သူတို့ ကျေးဇူးကြောင့်လည်း စာရေးသူတို့ ပြည်ပရောက် မြန်မာတွေ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း ခွဲနေကြရပေမယ့် အဆက်မပြတ် ကြည့်ရှု အားပေးခွင့် ရနေကြတာပါ။ အမေရိကန် ပြည်ထောင်စုမှာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေက နွေရာသီ စစ်စစ် အခါသမယတွေ ဖြစ်ပါတယ်။ Continue reading “၂၀၁၀ အမေရိကန် ပြည်ထောင်စုမှာ နယ်လှည့် ဖျော်ဖြေပွဲ”
ဝါရှင်တန်တွင်ကျင်းပသည့် ဖော်ကျွန်း မဂ္ဂဇင်း ၏ စွမ်းရည်မြင့်မား အမျိုးသမီး များ ညီလာခံ၏
ဂုဏ်ပြုအစီအစဉ်တွင် သမ္မတ အိုဘားမားမိန့် ခွန်း ပြောကြားရာ သူ ၏ စကားပြောစင်ရှေ့ မှ သမ္မတ
တံဆိပ် ပြုတ်ကျရာ သူက အရွှန်းဖောက်သည့် ဗီဒီယို မှာ လူကြိုက်များနေသည်။
ထိုဗီဒီယို မှာ တစ်ရက်အတွင်း ကြည့်ရှုသူ တစ်သိန်းကျော်သွားပြီဖြစ်သည်။FNG မှ စတင်ဖော်ပြ
စဉ်က ကြည့်ရှုသူ ၂၄၆ ဦးသာ ရှိသေးသည်။အိုဘားမား ၏ အဆိုပါဗီဒီယိုသည် လူကြိုက်များလှ
သည့် Charlie ညီအကို နှစ်ယောက် ၏ ယုတု ဗီဒီယို ကို ကျော်သွား နိုင်သည် ဟု ခန့် မှန်းကြသည်။

ပြင်သစ် နိုင်ငံ အရှေ့ ပိုင်း ဘာဂန်ဒီ နယ်သည် ကမ္ဘာ ကျော် ၀ိုင် အရက် အကောင်းစားများ ထုတ်လုပ်ရာ နယ်ဖြစ်သည် ။ ဘာဂန် ဒီ ၀ိုင် အရက် အကောင်းစား တစ်ပုလင်း မှာ အမေရိကန် ဒေါ်လာ ၃၀၀ အထိ ဈေးရှိသည်။ သက်တမ်း ကို လိုက်၍ လည်း တစ်ပုလင်းကို ၂၀၀၀ မှ ၆၀၀၀ ထိဈေးရှိသည်။ချမ်ပိန် (ရှန်ပိန်)ဒေသ မှ ထွက် သော အရက် ကို ချမ်ပိန် အရက် ဟု အမည် သညာ ပြုပြီး ခေါ်ကြသကဲ့ သို ဘာဂန်ဒီ ဒေသမှထုတ်သည့် ၀ိုင် ကို ဘာဂန်ဒီ ၀ိုင် ဟု ခေါ်ခြင်း ဖြစ်သည်။ Continue reading “ဘာဂန်ဒီ ၀ိုင် နှင့် ၀ိုင်လေလံ ဆွဲခြင်း”

အီတလီ နိုင်ငံ ဗင်းနစ် မြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်သည့် ဗင်းနစ် ရွှေခြင်္သေ့ ရုပ်ရှင် ပွဲတော် တွင်
အမေရိကန် အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာ တစ်ဦး ဖြစ်သည့် ဆိုဖီယာ ကော်ပိုလာ က သူမ၏
Some Where ရုပ်ရှင် ဇာတ်ကား ဖြင့် ရွှေခြင်္သေ့ (Golden Lion) ဆုကို ဆွတ် ခူးရရှိခဲ့သည်။
၆၇ ကြိမ်မြောက် ကျင်းပသည့် ဗင်းနစ် ရုပ်ရှင် ပွဲတော်တွင် ယမန်နှစ်က Inglorious Basterds
ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ကားဆု ၊ ဒါရိုက်တာ ဆုချီးမြင့် ရန် လျှာထား ခံရသည့် ဌာနေ
အမေရိကန် လူမျိုး(Native American) တစ်ဦး ဖြစ်သူ ဒါရိုက်တာ ကွာတင်တာရန် တီနို က
ပွဲတော်၏ ဂျူရီ လူကြီး အဖြစ်ဆောင်ရွက် သည်။ Continue reading “ဟောလိဝုဒ် ၏ ပကတိ သရုပ်မှန် ကို ဖွင့်ချ ရိုက်ကူးထား သည့် ဇာတ်ကား ဗင်းနစ် ရုပ်ရှင် ပွဲတော်ဆုရ”