သူရဲကောင်းဆိုတာ… အခန်း (၄) ၊ ဒုတိယပိုင်း

(၁၉၄၈) ခုနှစ် နွေရာသီကာလ၊ ဖရဲင့်ခ်ဖတ်မြို့မှာတော့ လွန်ခဲ့တဲ့သုံးနှစ်က ဗိုလ်ချုပ်ကြီးပက်တန်
(Gen. George Patton) ကွပ်ကဲတဲ့ အမေရိကန်အမှတ်(၃)တပ်တော် (U.S. Third Army)
ရဲ့အောင်ပွဲကိုပြသနေတဲ့ အနာရွတ်တွေရှိနေတုန်းပါပဲ။ မြို့ပြင်ဆင်ခြေဖုံးအရပ်တွေက အိမ်ယာမဲ့
စခန်း မှာလဲ ဆိုဗီယက်တပ်တွေလက်အောက်ရောက်နေတဲ့ အရှေ့ဂျာမနီ ကနေထွက်ပြေးလာခဲ့ကြ Continue reading “သူရဲကောင်းဆိုတာ… အခန်း (၄) ၊ ဒုတိယပိုင်း”

အချစ်များစွာ ဖြင့်……..

ငြိမ်းချမ်းငြိမ်း                                                                            (၁)
ဗာလင်တိုင်း ဟု ခေါ်ကြသည့် ချစ်သူများ နေ့ ကို  လည်း ကိုဘမောင် တစ်ယောက် မနှစ် က လို ပင် ပျင်း
ရိညည်းငွေ့ စွာ ကျော်ဖြတ် ရအုံး မည် ဖြစ်သည်။ ကမ္ဘာ ဦး လူသား တို့  မီး ကို ရှာ ဖွေ တွေ့  ရှိ Continue reading “အချစ်များစွာ ဖြင့်……..”

သူရဲကောင်းဆိုတာ.. (အခန်း ၂) ၏ ဒုတိယ ပိုင်း

Daniel Kane၊              ၊ကျနော်တို့ ပရင့်စ်တန်ကိုပြောင်းခဲ့တုန်းက အမေနဲ့ ကျနော်တို့ ကြည့်
လို့မရတဲ့ အမျိုးသမီးတယောက်နဲ့ ရင်းနှီးခဲ့ကြတယ်။ အဲဒီအမျိုးသမီးက ပိုက်ဆံချမ်းသာပြီး
လုပ်စရာသိပ်မရှိတဲ့၊အမေမဆက်ဆံချင်တဲ့ လူစားမျိုးပါပဲ။ Continue reading “သူရဲကောင်းဆိုတာ.. (အခန်း ၂) ၏ ဒုတိယ ပိုင်း”

ပြည်ပ ရောက် ကဗျာ ဆရာ အောင်ဝေး ၏ စာအုပ် ပြည်တွင်းမှာ ထွက်ရှိ

၂၀၀၇ ရွှေဝါရောင် တော်လှန် ရေး တွင် ဦးဆောင်ခဲ့ သူ တစ်ဦး ဖြစ်သည့် ပြည်ပရောက် ကဗျာ
ဆရာ အောင်ဝေး ၏ သြခက်စတြာ အမည် ရှိ  စာ ရသ ကဗျာ ခံစား မှု စာ အုပ် ကို မြန်မာ နိုင်ငံ
တွင်း ဉ် စာပေ စီစစ်ရေး ခွင့် ပြုချက် ဖြင့် ယခု သီတင်း ပတ် အတွင်း ထုတ် ဝေ ဖြန့် ချိ နိုင် သည်
ဟု FNG မှ သတင်း ရရှိ သည်။   Continue reading “ပြည်ပ ရောက် ကဗျာ ဆရာ အောင်ဝေး ၏ စာအုပ် ပြည်တွင်းမှာ ထွက်ရှိ”

သူရဲကောင်းဆိုတာ.. (အခန်း-၁)

ဘာသာပြန်သူ၏အမှာစကား

 “ ဒီမိုကရေစီဆိုသည်မှာ ပြည်သူများအတွက်၊ ပြည်သူများအထဲမှ၊
ပြည်သူ့အလိုဆန္ဒအတိုင်းရွေးကောက်တင်မြှောက်ထားသော အစိုး
ရတရပ်မှ နိုင်ငံအား စီမံခန့်ခွဲအုပ်ချုပ်ခြင်း
” ဟူ၍
ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ Continue reading “သူရဲကောင်းဆိုတာ.. (အခန်း-၁)”

Myanmar to Stop Construction of Controversial Dam

Myanmar’s president called Friday for a halt to construction of a controversial Chinese-backed hydroelectric dam in the country’s north, a move that had been called for by the country’s pro-democracy movement. Continue reading “Myanmar to Stop Construction of Controversial Dam”

မြစ်မင်းတွေကို ချစ်ခြင်းဖွဲ့လေသူ မှော်ဆရာ တစ်ယောက်ရဲ့ ရာဇ၀င်

 သိမ်းတင်သား …
ညသည် သန်းခေါင်ယံသို့ ဖြေးဆေးစွာ ချဉ်းကပ်နေ၏။

မြစ်တစ်စင်းသည်ကား သဘာဝတရား၏အလိုအတိုင်း တိုးတက်လာနေသည့် ဒီရေတို့ကို မငြင်းမဆန်
လက်ခံနေလေသည်။ မြစ်ရေတို့ တဖြည်းဖြည်းတက်လာလေပြီ။ “သံလွင်မြစ်” ကမ်းဘေးက သန်းခေါင်
ယံသို့ချဉ်းကပ်နေတဲ့ည။ Continue reading “မြစ်မင်းတွေကို ချစ်ခြင်းဖွဲ့လေသူ မှော်ဆရာ တစ်ယောက်ရဲ့ ရာဇ၀င်”

တူးပို့ တူးပို့…..နဲ့ ပျော်မည် (သင်္ကြန် ဆောင်းပါး)

စနေ ငချွတ်
သင်္ကြန်ရောက်တော့မည်ဆိုတိုင်း ကျွန်တော် ရင်ခုန်လာစမြဲဖြစ်သည်..။ ရန်ကုန်သား သိပ်စစ်သွားလို့လား
မသိ ရန်ကုန်သင်္ကြန်မှာပဲပျော်သည်.. မန္တလေးသင်္ကြန် ဘယ်လိုစည်တယ် ပြောပြော.. စိတ်ကိုမ၀င်စား
ကလေးဘ၀က ကားနှင့်အမြဲလည်ခဲ့သည်..။ နည်းနည်းလေး မြီးကောင်ပေါက်ချင် လာတော့
မဏ္ဍပ်ပေါ်တက်ကဲသည်..။ သင်္ကြန်ပါးဝလာတော့ မဏ္ဍပ်တွေဘာတွေမှာ Organizer ၀င်လုပ်သည်။
အဆင်ပြေ သလို နည်းအမျိုးမျိုးနဲ့ ကဲဖြစ်ခဲ့သည်။ Continue reading “တူးပို့ တူးပို့…..နဲ့ ပျော်မည် (သင်္ကြန် ဆောင်းပါး)”

ချစ်ခြင်းတရား တွေ က ပန်းတွေ လို ဖူးပွင့် နေတဲ့ နေ့ 

Nobody will ever win the Battle of the Sexes.  There’s just too much fraternizing with the enemy.  ~Henry Kissinger

I see my body as an instrument, rather than an ornament.  ~Alanis Morissette, quoted in Reader’s Digest, March 2000

လရိပ်ချယ်၊            ၊အသက် ၂၅ နှစ် အရွယ် ခန့် ရှိ မသီတာလွင် ၏ စိန့် ဗယ်လင် တိုင်း ခေါ်
ချစ်သူများ နေ့ 
အတွေ့ အကြုံ က တမူ ထူးခြားနေသည်။ မသီတာလွင် သည် ဆယ်တန်း
အောင်ပြီး ကတည်း က ရန်ကုန် မြို  ကမ္ဘာအေးဘုရား လမ်းပေါ်မှ ဟိုတယ် တစ်ခု တွင်
အလုပ်ဝင်ရောက် ခဲ့ပြီး သုံး နှစ် ခန့် အကြာတွင် ဧည့်ကြို
ရာထူး ကို ရရှိခဲ့သည်။ နှစ်စဉ်
နှစ်တိုင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင် ကျရောက် သည့် ချစ် သူများနေ
့ကို သူမ
တစ်ကြိမ်မျှ ခွင့် မယူဖြစ်ခဲ့….။ Continue reading “ချစ်ခြင်းတရား တွေ က ပန်းတွေ လို ဖူးပွင့် နေတဲ့ နေ့ ”

အမျိုးသားအောင်ပွဲ နေ့ နှင့် ကျွန်တော်

ဇော်ဂျီ

နွေဦးကျက်သရေ ………နှင့် ကျွန်တော် (ရသ စာတမ်းငယ်များ) စာအုပ်မှ

အမျိုးသားနေ့ သည် မောင်းကဲ့သို့ ဟည်း၍ စည်ကဲ့သို့ ဟိန်းခဲ့သည်။ တစ်နှစ်လျှင်ခြေတစ်
လှမ်း တစ်လှမ်းလှမ်း၍ နှစ်ဆယ့် ခုနှစ်လှမ်းဖြင့် လွတ်လပ်ရေးကို လက်ရသိမ်းပိုက်ခဲ့သည်။ Continue reading “အမျိုးသားအောင်ပွဲ နေ့ နှင့် ကျွန်တော်”

ဖေဖေနှင့် … ကျွန်မ မှတ်မိသမျှ ၁ မိုးတိမ်တို့ အလှမာယာ

ဒေါက်တာခင်လက်ျာ

ဒီနှစ်နွေကတော့ တော်တော်ပူတယ်လို့ ပြောရမှာပါပဲ။ နွေဆိုတော့ ပူမှာပါလို့ပြောစရာရှိပေမယ့် အခါ တိုင်းနှစ်တွေမှာ သင်္ကြန်မိုးတော့ ရွာစမြဲပါ။ ပူလောင်နေတဲ့ နွေမှာ ဒီလို သင်္ကြန်မိုးကလေး ရွာလိုက်တော့ အပူလျော့သွားပြီး နေရထိုင်ရတာ သက်သာပါတယ်။

ကျွန်မတို့ မြန်မာတွေ သင်္ကြန်မိုးကို ကြိုက်တာက အပူလဲ ပေါ့သွားတဲ့အပြင် ပိတောက်တွေ လှိုင်လှိုင်ပွင့်လို့ပါပဲ။ ကားလမ်းတစ်လျှောက် ခြံတွေထဲမှာ ပိတောက်တွေက မိုးရေလေး ထိလိုက်တာနဲ့ ထိန်နေအောင် ပင်လုံးကျွတ် ပွင့်တော့တာပါပဲလေ။ ဒီနှစ်ခြံထဲက ပိတောက်ပင်ကြီးလဲ တစ်ပင် လုံးဖူးပါသေးတယ်။ နောက်ဆုံးမိုး မရွာတာကြောင့် အဖူးတွေကြွေသွား ခဲ့ပါပြီ။ Continue reading “ဖေဖေနှင့် … ကျွန်မ မှတ်မိသမျှ ၁ မိုးတိမ်တို့ အလှမာယာ”

ပြီးခဲ့တဲ့ ဆယ်စုနှစ် ….( ကိုရွှေဘုန်းသို့ အမှတ်တရ )

ဝေမှူးသွင်

(၁)
လူတွေရဲ့ နှလုံးသားမှာ
ထင်ရှားခဲ့တဲ့ လက်ရေးအတ္ထုပ္ပတ္တိတစ်ခုဟာ
သုညလေးတစ်လုံးကိုဆုပ်ကိုင်လို့
နိဂုံးချုပ်ခဲ့ပါပြီ။

အဲဒီအတ္ထုပ္ပတ္တိကို
ပုံနှိပ်ထုတ်ဝေဖို့ဖြစ်လာတဲ့အခါ
ဘယ်လိုနာမည်ပေးရမလဲ။

ခင်ဗျားက
အောင်မြေနင်းနိုင်ခဲ့သော အနုပညာရှင်၊
လူငယ်တွေရဲ့ အမှတ်တံဆိပ်၊
လူကြီးတစ်ချို့ ရဲ့ မျှော်လင့်ချက်၊
ဒီတိုင်းပြည်အတွက်လည်း
အရေးကြီးတဲ့ လူတစ်ယောက်ပါ။ Continue reading “ပြီးခဲ့တဲ့ ဆယ်စုနှစ် ….( ကိုရွှေဘုန်းသို့ အမှတ်တရ )”

မုန်တိုင်းကျတဲ့ လမိုက်ရက်များစွာ

သက်ထက်နှင်းလှိုင် (မောက္ခ ပညာရေး အင်တာနက် စာမျက် နှာမှ ကူးယူ ဖော်ပြသည်)
သမီးတို့နေထိုင်ရာအရပ်က ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး တစ်နေရာမှာ ။ အဖေက အစိုးရ ၀န်ထမ်းကနေထွက်ပြီး ဆင်ခြေဖုံးရဲ့ ကျူရှင်ဆရာအဖြစ်နှင့် သမီးတို့မိသားစုကို စောင့်ရှောက်ခဲ့တာပါ ။ အမေက အစိုးရအလုပ်ကနေ ကျန်းမာရေးအရ ထွက်ခဲ့တဲ့ ဆေးပင်စင်စား တစ်ယောက်။

အဖေရဲ့ လုပ်ငန်းကတော့ တတ်နိုင်တဲ့သူတွေစီက သင့်တော်တဲ့ ကျူရှင်ခယူတယ်၊ မတတ်နိုင်သူတွေဆိုရင် လခမယူဘူး။ နှစ်ပေါက်တဲ့အထိ ဆယ်တန်းအောင်သွားတဲ့အထိ တာဝန်ယူပြီး သင်ပေးတယ် ၊ ဒီ့အပြင် တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် ရောက်သွားတဲ့ ကျောင်းသားတွေဆို မပြတ်သေးသော သံယောဇဉ်နဲ့ အခမဲ့ စာဆက်သင်ပေးနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မေတ္တာ စေတနာတွေ နဲ့ရောပြွမ်းနေတဲ့ အဖေရဲ့ ကျူရှင် ကျောင်းကလေးက အတော်လေးကို ၀န်းကျင်အတိုင်းအတာ တစ်ခုအရတော့ လူသိများ ထင်ရှားလာတယ်။ Continue reading “မုန်တိုင်းကျတဲ့ လမိုက်ရက်များစွာ”

ဦးဝင်းတင် ၏ စာအုပ်များ

ဦးဝင်းတင် ဘာသာပြန်သည့် “ကွိ ” နှင့် ယခုလ အတွင်း ထုတ်ဝေခဲ့သည့် ယခုလ အတွင်း ထုတ် ဝေခဲ့သည့် ” ဘာလဲဟဲ့ လူ့ ငရဲ ” စာအုပ် နှစ် အုပ်အား အောက်ပါနေ ရာများ တွင်း ကလစ်နှိပ်၍ ဖတ်ရှု နိုင်သည်။ ” ဘာလဲဟဲ့ လူ့ ငရဲ “စာမြည်အား ဤ နေရာ တွင် ဖတ်ရှု နိုင်သည်။ ဦးဝင်းတင် ဘာသာပြန်သည့် ” ကွိ “အား ဤ နေရာ တွင် ဖတ်ရှု နိုင်သည်။ွိ ဦးဝင်းတင် ရေးသားသည့် ” ဘာလဲ ဟဲ့ လူ့ ငရဲ “အား ဤ နေရာ တွင် ဖတ်ရှု နိုင်သည်။ဲ Continue reading ဦးဝင်းတင် ၏ စာအုပ်များ

Rate this: