နွေဦးကာလ မြူထသောအခါ

ဝန်ကြီး ပဒေသရာဇာ                                                                 

နွေဦးကာလ၊ မြူထသောအခါ
ရင်းထောင်းရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။

ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေယေ
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ်ထန်းဦးရေ
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ခြောက်သောအခါ
ပုတတ်ကယ် ယုန် ခါ၊ တောမှာရှိကြ
ငုံး ကြက်ကယ် ဖွတ် မြွေ ဝံပုလွေ
မနေထွက်လာသည်တည့်လေး။ Continue reading “နွေဦးကာလ မြူထသောအခါ”

ပေါ်နွေလလျှင် အစချီ ပိုဒ်စုံရတု

နတ်သျှင်နောင်

(၁) ပေါ်နွေလလျှင်၊ တောင်ကချိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ဖြူးချုပ်ဆိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပျပ်လျက်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေမွှန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်မွန်လတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွှတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလောင်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျင်၊ ဖူးရောက်ချင်သည်။ ။ ငှက်သွင်ပျံကြွ-မတတ်သောဝ်။

(၂) မြှော်ချေကလျှင်၊ ကာလအလျောက်၊ ပိတောက်လျှံကဲ၊ ရွှေရည်စွဲက၊ ပုလဲငုံသွယ်၊ အလှယ်လှယ်တည့်၊ စပယ်ဖြူမွှေး၊ စကားသေးကို၊ မြတ်လေးစုံမက်၊ ကျွန်ုပ်လက်နှင့်၊ ရွေးလျက်ရွရွ၊ မဆင်ရတည့်၊ ကာလသို့အောင်၊ ရည်ဆောင်ပန်းမာလ်၊ မမီလွန်ခဲ့၊ ချိန်တန်သို့သည်၊ ဖြန့်မည်လေသာ၊ မရောက်လှာဟု၊ ကြံကာခွေ၍၊ နေလိမ့်မည်ကို၊ ရှိသည်မှုရန်၊ မင်းရေးဝန်ကြောင့်၊ လျှောက်ပန်စေမျှ၊ မချေရသော်၊ ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်းလျှက်၊ ဝမ်းနည်းလျှက်ပင်၊ ရှိလိမ့်ထင်သည်။ ။ ညက်စင်စံမျာ့-အထွတ်သော်။ Continue reading “ပေါ်နွေလလျှင် အစချီ ပိုဒ်စုံရတု”

နာမည်ကျော် ကဗျာဆရာများက ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကဗျာလက်ရေးပြပွဲ စီစဉ်

ကဗျာပြပွဲစီစဉ်သူ ကဗျာဆရာ သစ္စာနီ ဓာတ်ပုံ-မိုးလှိုင်ည ဘလောက်

နာမည်ကျော် ကဗျာဆရာများဖြစ်သည့်  အောင်ဇင်မင်း၊သစ္စာနီ၊မောင်လင်းရိပ်၊မင်းထက်မောင်နှင့်
မင်းထင်ကိုကိုကြီး တို့ ဦးစီးပြီး မတ်လ ၂၁ ရက်နေ့  ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် အဖြစ်
ရန်ကုန် မြို့ တွင် ကဗျာလက်ရေးပြပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း Freedom News Groupမှ သတင်းရရှိ
သည်။ Continue reading “နာမည်ကျော် ကဗျာဆရာများက ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကဗျာလက်ရေးပြပွဲ စီစဉ်”

၂၀၀၉ ကို ဖိုင်အဟောင်းထဲမှာ တွဲထားလိုက်ပြီ…

၁ ဇန်န၀ါရီ ရန်ကုန် ၊                       ၊Freedom Literature

မိုးလှိုင်ည

၂၀၀၉
အခုတော့ ရက်ပိုင်းအတွင် မင်းဝေးလွင့်ရတော့မယ်
ဖိုင်တွဲအဟောင်းထဲမှာတွဲသိမ်းဖို့..
Continue reading “၂၀၀၉ ကို ဖိုင်အဟောင်းထဲမှာ တွဲထားလိုက်ပြီ…”

မောင်ကိုကို ကော်ဖီသောက်ခြင်း မောင်ကိုကို(အမရပူရ)

၁၂ ဒီဇင်ဘာ ရန်ကုန် ၊                            ၊Freedom Literature

မောင်ကိုကို ကော်ဖီသောက်ခြင်း

ဇော်ဂျီမှာကျွန်တော်ကော်ဖီသောက်နေသည်။ ဗိုလ်ချုပ်လမ်းမကြီးကိုစားနေ၏။ ကော်ဖီခါးခါးထဲမှာသကြားမထည့်ပဲငွေကရားအိုးလေးထဲမှနို့များများလောင်းထည့်၏။
ဇော်ဂျီထဲမှာပြင်သစ်ကရောက်လာသည့်ခွေးသေးသေးလေးကိုကျွန်တော်က ဘော်ဘီဟုအမည်ပေးလိုက်၏။
ခွေးသေးသေးလေးတစ်ကောင်
မျက်လုံးကြောင်တောင်တောင်
ဇော်ဂျီထဲမှာယောင်တောင်တောင်ပေါင်တောင်တောင်လုပ်ကာ
အမျိုးသမီးတစ်ယောက်၏ပေါင်ပေါ်မှာထိုင်နေ၏။ Continue reading “မောင်ကိုကို ကော်ဖီသောက်ခြင်း မောင်ကိုကို(အမရပူရ)”

ဇနီး မေးကြည့်မည် (မောင်စူးစမ်း)

၆ နိုဝင်ဘာ ဘန်ကောက်၊                          ၊Freedom Literature

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ထုတ် ပေဖူးလွှာ မဂ္ဂဇင်း မှ ဆောင်းပါး

Written by မောင်စူးစမ်း

နယ်နိမိတ်သစ် ပေါ်လျှင်

အင်တာနက် ၀က်(ဘ်)ဆိုက်သည် နယ်နိမိတ်တို့ကို အကုန်မြိုချ ပစ်သည်။ ဤသို့ မြိုချ ပစ်နိုင်ရသည်မှာလည်း အင်တာနက် ၀က်(ဘ်)ဆိုက်သည် ဒစ်ဂျစ်တယ်လ် ဖြစ် သောကြောင့် ဖြစ်သည်။ အလေးချိန် မရှိသောကြောင့် ဖြစ်သည်။ အကွာအဝေးကို ဖျောက် ပစ်သောကြောင့် ဖြစ်သည်။ ဤတွင် ပို့စ်မော်ဒန် ပညာရှင်တို့က အင်တာနက်သည် နယ်နိမိတ်တို့ကို ဖရိုဖရဲ လုပ်ပစ်သည်၊ နယ်နိ မိတ်အသစ်တို့ကို ဖန်တီးသည်ဟု ထောက်ပြ၍ နယ် နိမိတ်သစ်ပေါ်တိုင်း လူတွေ ချောက်ချားသည်ဟု ကောက်ချက်ဆွဲသည်။ Continue reading “ဇနီး မေးကြည့်မည် (မောင်စူးစမ်း)”

နိုင်ဇော်၊မမြင့်ခိုင် – စကျင်ကျောက်နံရံအိပ်မက်

၂၂ နိုဝင်ဘာ ရန်ကုန် ၊                     ၊Freedom Literature

စကျင်ကျောက်နံရံအိပ်မက် အမှာစာ (မြန်မာ အီးဘွတ်ခ်ဘလောက်မှ)

စကျင်ကျောက်နံရံအိပ်မက် သည် ဂျာမန်ဝတ္ထုတိုများ ဘာသာပြန် စုစည်းထားခြင်းဖြစ်သည်။ စုစုပေါင်း ဂျာမန်ဝတ္ထုတို ရှစ်ပုဒ် ပါဝင်သည်။

ဂျာမန်စာပေသည် မြန်မာစာဖတ်ပရိသတ်နှင့် အလှမ်းဝေးသည် မဟုတ်ချေ။ ဆရာဇော်ဂျီက သောမတ်မန်၊ဟာမန်ဟတ်စာ အစရှိသော ကမ္ဘာ့စာပေဆုရှင်တို့၏ ဝတ္ထုတိုများ ဘာသာပြန်ပေးခဲ့ဖူးသည်။ Continue reading “နိုင်ဇော်၊မမြင့်ခိုင် – စကျင်ကျောက်နံရံအိပ်မက်”

အမျိုးသားအောင်ပွဲ နေ့ နှင့် ကျွန်တော်(ဇော်ဂျီ)

၁၅ နိုဝင်ဘာ ရန်ကုန် ၊                        ၊Freedom News Group

နွေဦးကျက်သရေ ………နှင့် ကျွန်တော် (ရသ စာတမ်းငယ်များ) စာအုပ်မှ

အမျိုးသားနေ့ သည် မောင်းကဲ့သို့ ဟည်း၍ စည်ကဲ့သို့ ဟိန်းခဲ့သည်။ တစ်နှစ်လျှင်ခြေတစ်
လှမ်း တစ်လှမ်းလှမ်း၍ နှစ်ဆယ့် ခုနှစ်လှမ်းဖြင့် လွတ်လပ်ရေးကို လက်ရသိမ်းပိုက်ခဲ့သည်။

၁၉၂၁ ခုနှစ်တွင် ပထမ ခြေလှမ်းကို လှမ်း၍ ချီတက်ခဲ့သည်။ ၁၉၄၇ခုနှစ် တွင် နှစ်ဆယ့် ခုနှစ်ကြိမ်မြောက်ခြေလှမ်းဖြင့် လွတ်လပ်ရေးကို ခုန်ဖမ်းလိုက်သည်။လွတ်လပ်သော ၁၉၄၈
ခုနှစ်မှ နောက်သို့ ပြန်၍ ကြည့်သော် အမျိုးသားနေ့ သည် လွမ်းစရာ လည်းကောင်းသည်။
အံသြစရာ လည်းကောင်းသည်။ နောင်အခါတွင် အမျိုးသားနေ့ သည် မြန့် မာ့ယဉ်ကျေးမှုတစ်ခု အနေ ဖြင့် တည်တော့ မည် ဟု ထင်ဖွယ်ရာရှိလေသည်။ Continue reading “အမျိုးသားအောင်ပွဲ နေ့ နှင့် ကျွန်တော်(ဇော်ဂျီ)”

ဒေါ်အောင်ဆန်းစုကြည် အားမကြာခင်ပြန်လွှတ်ပေးတော့မည် ဟု စစ်အစိုးရ တာဝန်ရှိသူပြော

၁၀ နိုဝင်ဘာ ရန်ကုန် ၊                        ၊တင်ကျော်ကျော်စိုး

Burma claims it will release Aung San Suu Kyi

အမေရိကန် သမ္မတ အိုဘားမား က ဒေါ်အောင်ဆန်းစုကြည် အားပြန်လည်လွှတ်ပေးရန်သမ္မတ အနေဖြင့်မဟုတ်ပဲ ပုဂ္ဂိုလ်ရေးတောင်းဆိုမှု ပြု (Updated)

Aung San Suu Kyi and the US envoy Kurt Campbell after their meeting in Rangoonဒေါ်အောင်ဆန်းစုကြည်နှင့် ကတ်ကမ်းဘဲလ်တွေ့ ဆုံစဉ် Photograph: Hla Hla Htay/AFP/Getty Images

နေအိမ်အကျယ်ချုပ်ချထားခြင်းခံရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မကြာခင် ရက်ပိုင်း အတွင်းမှာ ပင် ပြန်လွှတ်ပေးတော့မည် ဖြစ်ကြောင်း စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန မှ တာဝန် ရှိသူ တစ်ဦးက ဖိလစ်ပိုင်တွင်
အေပီ သတင်းဌာန ကို ပြောကြားခဲ့ကြောင်း ဗြိတိန် ထုတ် ဂါးဒီးယန်း သတင်းစာ တွင်ဖေါ်ပြထားသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အားမကြာခင်ပြန်လွှတ်ပေးတော့မည် ဟု စစ်အစိုးရ တာဝန်ရှိသူပြော”

ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် (ဂျိုဇော်)

၆ နိုဝင်ဘာ အယ်(လ)အေ ၊                 ၊Freedom Literature

ချောင်းဟန့် သံ

Sound Of Clear Throat By Jo Zaw

လည်ချောင်းတစ်လျှောက် ကင်းခြေများတစ်ကောင် တက်လာသလိုမျိုး ရွစိ ရွစိ၊ ယားကျိ ယားကျိနှင့် အခံရခက်လှသည်။ တံတွေးတွေ ဂလု ဂလုနှင့် မျိုချနေရသော်လည်း ဝေဒနာသည် သက်သာမသွား။ ပျောက်မသွား။ တစ်ကိုယ်တည်း ကြားလောက်ရုံ တအင်းအင်းနှင့် ခံတွင်းရှင်းကြည့်တာလည်း မရ။ အားရပါးရ ချောင်းဟန့်လိုက်ရလျှင် လည်ချောင်းထဲ ယားယံ၊ ကပ်ငြိ၊ ပိတ်ဆို.နေတာတွေ ချက်ချင်း အနေချောင်သွားမည်ကို သိသော်လည်း လွတ်လွတ်လပ်လပ် မဟန်.နိုင်သေး။ ပတ်ဝန်းကျင်ကို ကြည့်ရသေးသည်။ အခြေအနေကောင်းပြီ ထင်မှ အားရပါးရ ချောင်းဟန်.ချလိုက်သည်။
` အဟမ်း…..အဟမ်း….အဟမ်း….´ Continue reading “ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် (ဂျိုဇော်)”

ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် (မောင်ချောနွယ်)

၃၁ အောက်တိုဘာ  အယ်(လ)အေ ၊                 ၊Freedom Literature

ကိုက်လမ်း

Marking Of The Tracing Route By Mg Chaw New

ငါဟာ

ကမ္ဘာ ကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ

နေ့စဉ် နေ့စဉ်

ငါ့ ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း

သစ်ပင် မြက်ပင်ငယ်ကလေးတွေကို ကိုက်ကိုက်ပြီး

ငါထွက်လာခဲ့မြဲ Continue reading “ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် (မောင်ချောနွယ်)”

ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် (နီကိုရဲ)

၂၅ အောက်တိုဘာ အယ်(လ)အေ ၊                       ၊Freedom Literature နှလုံးသားထဲ ကြွက်ဝင်နေသည် Mice In Da Heart By Ni Ko Ye နီကိုရဲ ၏ နှလုံးသားထဲကြွက်ဝင်နေသည် စာအုပ် အားဖတ်ရှုရန် ဤနေရာတွင် နှိပ်ပါ။ Continue reading ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် (နီကိုရဲ)

Rate this:

ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် (ကေဇော်)

၁၇ အောက်တိုဘာ အယ်အေ၊                    ၊Freedom Literatur

ဂျွန်ကပြောတယ် ……..အားလုံးမြစ်ဆီသို့ 

(John Said “Here We Go …River” by K. Zaw)

စိတ်ကလေး
မလွမ်းအောင်နေလို့မရဘူး
လွမ်းလွမ်းနေ .. သူ့ခမျာ
မပျော်အောင်လည်းနေလို့မရဘူး
ပျော်ပျော်နေ … ။ Continue reading “ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် (ကေဇော်)”