ငြိမ်းချမ်းငြိမ်း၊ ၊မျှော်လင့်မထားတာတွေ ဖြစ်တတ်တဲ့ အထဲမှာ (၈၁ ) ကြိမ်မြောက်
အော်စကာဆု ပေးပွဲ လည်းပါဝင်ခဲ့သည်။ အကောင်းဆုံး နိုင်ငံခြား ဘာသာစကားပြော ဇာတ်ကား
ဆု အတွက် နိုင်ငံအသီးသီးမှ ရုပ်ရှင်ကား ငါးကား ရွေးချယ်ခံရသည်။ ထိုအထဲတွင် သြစတြီးယား
မှ Revanche ၊ ပြင်သစ်မှ ကန်း(စ်)ရုပ်ရှင် ပွဲတော်ဆု ရ The Class နှင့် အစ္စရေး မှ Waltz with Bashir ဇာတ်ကားတို့ မှာ ကြိုတင် တစ်ပေးသည့် အထဲတွင် ပါလို့၊ ရေပန်းစားခဲ့ကြသည်။
ဆုကြေညာသည့် အခါတွင်တော့ ထိုဇာတ်ကားများ မဟုတ်တော့။ ဒါရိုက်တာ ယိုဂျီရို တာကီတာ ရိုက်ကူးသည့် ဂျပန် ဇာတ်ကား Departures က အကောင်းဆုံး နိုင်ငံခြား ဘာသာစကားပြော ဇာတ်ကားဆု ရရှိခဲ့သည်။ ဝါသနာ အရင်းခံ တည်ဆောက်ခဲ့ရသည့် ဂီတပညာရှင် ဘဝကို အခြေအနေ အရ စွန့်လွှတ် လိုက်ရပြီး သူ့ဘဝ ရပ်တည်ရေး အတွက် အများအထင် အမြင်သေးသည့် အလုပ်အကိုင် ဖြင့် ဖြေရှင်းရပုံကို ရိုက်ကူး တင်ဆက်ပြထားသည့် ဇာတ်ကားဖြစ်သည်။
ဒေဂိုကိုဘာယာရှီ ဆိုသည့် အိမ်ထောင်ရှိသော လူလတ်ပိုင်း အမျိုးသား တဦးမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ မှ ဆယ်လို တယော ပညာရှင် တဦးဖြစ်သည်။ တိုကျို အော်ပရာ ဇာတ်ရုံတွင် ဖျော်ဖြေသော အော်ခတ်စထရာ အဖွဲ့ တွင် ညစဉ်ညတိုင်း တီးခတ် ဖျော်ဖြေရသူတဦးဖြစ်ပြီး ဂီတလုပ်ငန်းဖြင့်ပင် အသက်မွေးဝမ်းကျောင်း တော့မည်ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။
ဒေဂို၏ ကံကြမ္မာမှာ ဆယ်လို တယောကြီးကို တီးခတ်ပြီး အော်ပရာဇာတ်ရုံ၏ မီးရောင်အောက်တွင် ဖျော်ဖြေဖို့ အခြေအနေ မပေးတော့သည် အထိ သူ့ကံကြမ္မာက အလှုပ်အခတ်များခဲ့သည်။ Continue reading “Departures (အော်စကာဆုရ ဂျပန်ဇာတ်ကား )”
0.000000
0.000000
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်