ဒီတစ်ပတ် ကလေး များ အတွက် အစီအစဉ်

Freedom News Group သည် အပတ်စဉ် တနင်္ဂနွေ နေ့ တိုင်း ကလေးငယ်များ အတွက်
ပုံပြင် ၊ဗဟု သုတ တေးသီချင်း နှင့် သိမှတ် ဖွယ် ရာ များ ကို ထုတ်လွှင့် သွားမည် ဖြစ်ပြီး
ဒီတစ်ပတ် အတွက်မူ ကလေးငယ်များ အတွက် အင်္ဂလိပ်စာ အခြေခံ တိုးတက်ရေး လေ့
လာစရာ သီချင်းများ ဖြစ်သည့် Old McDonald Have A Fun E I E I O, Ba Ba Black
Sheep နှင့် Jingle Bells သီချင်းများ ကို ပွဲဦးထွက် တင်ဆက်လိုက်ပါသည်။ Continue reading “ဒီတစ်ပတ် ကလေး များ အတွက် အစီအစဉ်”

ကြိုတင်ဂိုး မရ ၍ မြန်မာ အသင်းရှုံးနိမ့် (ဗီဒီယို)

Freedom News Group သည် အပတ်စဉ် စနေနေ့ တိုင်း အင်တာနက်လူမှုကွန်ယက်တစ်ခုဖြစ်သည့်
Face Book တွင်မြန်မာ ပြည်သူများဝေဖန် ဆွေးနွေး ဖြစ်ခဲ့ကြသည့် အကြောင်းအရာများ ကို ဖော်ပြပေး
သွား မည် ဖြစ်ပါသည်။ဒီတစ်ပတ် တွင် တော့ ဆူဇူကီ ဖလား အဖွင့် ပွဲစဉ်တွင် မြန်မာ အသင်းက
ဗီယက်နမ် အသင်းကို ၇ ဂိုး ၁ ဂိုး ဖြင့် ရှုံး နိမ့်ရခြင်း အား ဖေ့ဘွတ် တွင် ဝေဖန် ဆွေးနွေး ထားခြင်းမှ မပြုံးဘဲ နှင့်
ဝါးလုံး ကွဲ ရယ်ချင် စရာ တစ်ခု ကို ဖော်ပြလိုက်ပါသည်။

“မြန်မာနိုင်ပြီ။ တို့မြန်မာနိုင်ပြီ။ ပြည်သူကပေး ပေးအပ်လိုက်တဲ့ တာဝန်များကို ကျေပွန်ပါသည်။ တကယ့်ကို ကျေပွန်သည်။ သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ ပြည်သူအများ ဂုဏ်ပြုထိုက်ပေသည်။”
(ပိတ်သတ်ကြီး ခင်မျာ။ မနေ့ညနေက ရှုံးသလိုလိုဖြစ်သွားပေမယ့် ညက ကြိုတင်ဂိုးတွေနဲ့ ပြန်ရေလိုက်တဲ့အခါ အပြတ်အသတ် ပြန်နိုင်သွားပါကြောင်း။ မယုံတဲ့ကောင် ဆွဲစိ….ကွာ……)

အထက်ပါ စာစု လေးမှာ Face Booker တစ်ဦး ဖြစ်သည့် ကိုစိုးမင်း (Soe Min) ၏ နံရံပေါ်မှ
စကားလုံးများ
ဖြစ်ပါသည်။

Continue reading “ကြိုတင်ဂိုး မရ ၍ မြန်မာ အသင်းရှုံးနိမ့် (ဗီဒီယို)”

ကိုရဲလွင် ပြောတဲ့ မျက်မှောက်ခေတ်၊ အနုပညာ၊လူငယ် နဲ့  နိုင်ငံရေး

မောက္ခပညာရေး အင်တာနက် စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။

လူမှုရေး ၊ နိုင်ငံရေး လုပ်ငန်း တွေ မှာ ကျရာတာဝန် ထမ်းနေတဲ့ ဂီတ သူရဲ ကောင်း ကိုရဲလွင်

အောင်မြင် ။    ။ကိုရဲလွင် ဖြတ်သန်းလာခဲ့ရတဲ့ ဂီတလောကမှာ ဘယ်လို ကြိုးစား ဖြတ်သန်းခဲ့ရတယ်ဆိုကို ယနေ့ခေတ်လူငယ်သိဖို့ ပြောပြပေးပါခင်ဗျာ…

ကိုရဲလွင် ။     ။ဂီတလောကမှာတော့ ၀ါသနာပေါ့…. စတာတော့ဝါသနာနဲ့စတာပါဘဲ ဟိုတုန်းကတော့ ကျောင်းတွေဘာတွေလည်းမရှိဘူး အသိုင်းအဝိုင်း၊ မိဘ၊မောင်နှမအသိုင်းအဝိုင်း မိသားစုအသိုင်းအဝိုင်းက ဒီလို ဂီတဝါသနာပါတဲ့ သူတွေရှိတော့ သီချင်းတွေ နောက်…အသိုင်းအဝိုင်းကခရစ်ယာန် အသိုင်းအဝိုင်း ကသီချင်းတွေဆိုကြတယ်လေ…အဲဒီလို တေးသီချင်းနဲ့ကတော့ ယဉ်ပါးလာခဲ့တာပေါ့ မွေးကတည်းက.. ဂီတာတီးတဲ့အခါကြ ဂီတာပေါ်စအချိန်မှာ ကို့ရှေ့မှပြတဲ့သူက တယောက် နှစ်ယောက်ဘဲရှိတာ အဲဒါ သူတို့ကိုအားကြပြီး ဂစ်တာအစုတ်လေးတလုံး အိမ်ကဝယ်ပေးတာနဲ့အဲဒါလေးတီး ပြီးတော့ အသံကလည်း မှန်တာလည်းရှိ၊မမှန်တာလည်းရှိတာပေါ့ ဆရာကလည်းမရှိတော့ အကိုက သီချင်းလေးတပုဒ်သင်ပေးတယ် အဘိုးကြီးအိုခါးကုန်းကုန်း ဒီလိုတီးရတယ်..ကြိုးကို အဲလိုကြိုးဒီလိုညှိရတယ်….. ကြိုးညှိတာနဲ့ အဲဒီတီးတာလေးနဲ့ဒီလိုခေါက်ပြီးတော့…အဖိုးကြီးအို  ခါးကုန်းကုန်း အော်ဆိုပေါ့ Continue reading “ကိုရဲလွင် ပြောတဲ့ မျက်မှောက်ခေတ်၊ အနုပညာ၊လူငယ် နဲ့  နိုင်ငံရေး”

ဗြိတိန်တွင် ကျောင်းသားများ ဆန္ဒပြမှု ပို့ ဆောင် ဆက်သွယ်ရေးများ ပြတ်တောက်

ကျောင်းလခများ တိုးမြှင့် ကောက်ခံ သဖြင့် ဗြိတိသျှ ကျောင်းသား များ နိုင်ငံတ၀ှမ်း ဆန္ဒပြကြရာ အစိုးရ ရုံး အချို့ နှင့် ကျောင်းများ ပိတ်ထားရပြီး ရဲများ မှ လည်း ရဲကား ကို ပစ်ပြီး ထွက်ပြေးနေရသည်၊၊ Photo: New York Times

Continue reading “ဗြိတိန်တွင် ကျောင်းသားများ ဆန္ဒပြမှု ပို့ ဆောင် ဆက်သွယ်ရေးများ ပြတ်တောက်”

လူကြိုက်များ တဲ့ နှစ်သစ်နှင်းဆီ အငြိမ့် (ဗီဒီယို စဆုံး)

ဒါရိုက်တာ မောင်မျိုးမင်း စီစဉ် ရိုက်ကူးပြီး မင်းသမီး မိုးယုစံ ၊ဖူးစုံ၊ မေကဗျာ၊ မင်သမီး အဖြစ် သရုပ်ဆောင်ကာ
နေတိုး၊ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ရဲလေး၊မိုးမိုး တို့ ၏ ပရိသတ် အားပေးမှု ရှိသည့် နှစ်သစ် နှင်းဆီ အငြိမ့်
ဗီဒီယို အား ပရိသတ် များ အစအဆုံး ကြည့်ရှု နိုင်ရန် ရွှေအိုး ဗီဒီယို မှ တင်ဆက်ပေးထားပါသည်။ Continue reading “လူကြိုက်များ တဲ့ နှစ်သစ်နှင်းဆီ အငြိမ့် (ဗီဒီယို စဆုံး)”

အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း

လူထု စိန်ဝင်း

နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နှစ်ပေါင်းငါးဆယ်နီးပါး နေထိုင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်တစ်လောက
အလည်ပြန်လာရင်နဲ့ အိမ်ကိုရောက်ချလာပါတယ်။ ခုနှစ်ဆယ်အရွယ် အဘိုးကြီးနှစ်ယောက်
မင်းတစ်လုံးငါတစ်လုံးနဲ့ စကားတွေအားရပါးရ အကြာကြီးပြောကြပါတယ်။

နန်းတော်တိုင် ဖက်မွေးသူ

သူက အများဆုံးပြောသူပါ။ ငယ်စရိုက်ကတော့ သေတဲ့အထိပျောက်မှာ မဟုတ်ပါဘူး။ ငယ်ငယ်တည်းကလည်း မောင်းကွဲသံကြီးနဲ့ စကားတဖောင်းဖောင်းပြောတတ်သူ ဖြစ်ပါတယ်။ “ဟေ့ကောင်ကြီး၊ ဗမာစကားပြောတတ်သေးရဲ့လား” လို့ ကျီစယ်တော့ “နန်းတော်တိုင်ဖက်မွေးတဲ့ မန္တလေးသားစစ်စစ်ပါကွ၊ ဘယ်ရောက်နေနေ ဗမာဟာ ဗမာပါပဲ” လို့ မောင်းကွဲသံကြီးနဲ့ ပြန်ဖြေတယ်။ နောက်တော့ ဗမာစကားတွေကို မြိန်ရေရှက်ရေနဲ့ မနားတမ်းပြောပါတော့တယ်။ သူအသက်လည်း ခုနစ်ဆယ်ရှိပါပြီ။ အလုပ်ဆက်လုပ်နေ သေးတယ်လို့ ပြောပြတယ်။ သူကစိတ်အထူးဆရာဝန်ကြီးပါ။ ဆေးရုံက အနားယူလိုက်ပြီ ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး ဆက်လုပ်နေတာဖြစ်တယ်။ Continue reading “အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း”

စလောင်းကြည့် မရ ၊ တော်လှန်ရေး စ ဟု မြောက်ဥက္ကလာ တွင် ကြွေးကျော်

ရန်ကုန် မြို့ မြောက်ဥက္ကလာ သုဓမ္မာ လမ်းမ
က လက်ဘက်ရည်ဆိုင် ပိုင်ရှင် ဖြစ်သူက ဆိုင်တွင်
DVB ရုပ်သံ အပါအ၀င် နိုင်ငံခြား ရုပ်သံလိုင်းများ
ပြသခွင့် မပြု တော့ ဘူး လို့ ပြောတာကြောင့်
လက်ဖက်ရည် သောက် သုံး သူတွေ ဟာ ဌ  ရပ်ကွက်
ရယက ဥက္ကဌ အိမ် ကို သွား ၀ိုင်းပြီး ခင်ဗျား
အမိန့် ထုတ်တာလား၊ သေသွားချင် တာလား ၊
လက်ဖက်ရည် ဆိုင်မှာ စလောင်း မပြရင် တော်
လှန် ရေး ခုချက်ခြင်း စမယ် လို့ ကြွှေးကျော်ကြတာ
ကြောင့် ရယက ဥက္ကဌ လည်း သူ  ရပ်ကွက်
တွင်း ကဆိုင် တွေ မှ လိုက် လျှော လိုက်ရတယ်
လို့ သိရပါတယ်။ Continue reading “စလောင်းကြည့် မရ ၊ တော်လှန်ရေး စ ဟု မြောက်ဥက္ကလာ တွင် ကြွေးကျော်”

ချစ်သက်တမ်း ခုနှစ် ကျော် ရွှေလက်တွဲ မြဲခဲ့သည့် စည်သူလွင် နှင့် နွယ်မာကျော် လက်ထပ်ကြတော့မည်

စင်္ကာပူ သင်္ကြန် ပွဲတော်တွင် တွေ့ ရသည့် စည်သူလွင်

၁၉၉၅ ခုနှစ် က ကိုယ့်ကြောင့် (အချစ်ရေ ကိုယ့် ကြောင့် ) ဆိုတဲ့ သီချင်းနဲ့  ပရိသတ် အားပေးမှု ရရှိခဲ့
တဲ့ အဆိုတော် စည် သူလွင် က သူ့ ရဲ့ လက်ထပ်မင်္ဂလာ အခမ်းအနား ကို ဒီဇင်ဘာလ ထဲမှာ ကျင်းပမှာ
ဖြစ်တယ်လို့  ပရိသတ် ကို အသိပေး လိုက်ပါတယ်။ Continue reading “ချစ်သက်တမ်း ခုနှစ် ကျော် ရွှေလက်တွဲ မြဲခဲ့သည့် စည်သူလွင် နှင့် နွယ်မာကျော် လက်ထပ်ကြတော့မည်”

ကြက်ပျံ မကျ စည်ကားတဲ့ တောင်ကြီး တန်ဆောင်တိုင်

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံ လွှတ်တင် ပွဲတော်မှ မီးပုံးပျံ တစ်ခု အား ကောင်းကင်ယံသို့  တလူလူ တက်သွားပုံ ကို တွေ့ မြင်ရစဉ်
တောင်ကြီးတန်ဆောင် တိုင် မီးပုံပျံ ပွဲတော် တွင် မီးပုံးများ လွှတ်တင်ကြရာတွင် ကောင်းကင်ယံသို့ မတက်ပဲ မြေသို့ ပြန်လည် ကျရောက်မှု များ လည်း နှစ်စဉ် ပေါ်ပေါက်လေ့ရှိသည်

Continue reading “ကြက်ပျံ မကျ စည်ကားတဲ့ တောင်ကြီး တန်ဆောင်တိုင်”

တစ်နှစ်တာ စိတ်ကြိုက် ရုပ်ရှင် ကား အဖြစ် An Education ကို FNG မှ ရွေးချယ်

၂၀၀၉ ခုနှစ် နှစ် ကုန် ပိုင်းတွင် ဒိန်းမတ် နိုင်ငံ ကိုပင်ဟေဂင် မြို့ ဖွား အမျိုး သမီး ဒါရိုက်တာ လုန်းရှာဖစ် ရိုက်ကူးခဲ့သည့်
ဗြိတိသျှ ရုပ်ရှင် ဇာတ်ကား An Education အား Freedom Motion Picture Expert Group မှ တစ်နှစ် တာစိတ်ကြိုက်
ဇာတ်ကား အဖြစ် ရွေးချယ် လိုက်သည်။ Continue reading “တစ်နှစ်တာ စိတ်ကြိုက် ရုပ်ရှင် ကား အဖြစ် An Education ကို FNG မှ ရွေးချယ်”

Face Book မှ အခမဲ့ အီးမေး ၀န်ဆောင်မှု ကို စတင်

အင်တာနက် လူမှု ကွန်ယက် တစ်ခု ဖြစ်သည့် Face Book account ရှိသူတိုင်း @facebook.com
ဆိသည့် အင်တာနက် အီးမေး တစ်ခု ဖွင့် နိုင်တော့ မည် ဟု Face Book ကုမ္ပဏီ မှ သတင်းထုတ်ပြန်
သည်။ Continue reading “Face Book မှ အခမဲ့ အီးမေး ၀န်ဆောင်မှု ကို စတင်”

လူမှုကွန်ယက်များ ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်

မြန်မာ လူငယ်တွေ အသုံးများ တဲ့ အင်တာနက်လူမှု ကွန်ယက် တွေ ဖြစ်တဲ့ Face Book,Twitter
နဲ့  Buzz စတဲ့ အွန်လိုင်း ကွန်မြုနတီ တွေ မှာ နေအိမ် အကျယ်ချုပ် ကလွတ်မြောက်လာတာ နှစ်ရက်
ပဲ ရှိသေး တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဓာတ်ပုံတွေ မိန့် ခွန်းတွေ ကို တင်ထားပြီး ဆွေးနွေး  ထောက်
ခံ မှု တွေ ကို လူငယ်တွေ က ဦးဆောင် ပြုလုပ်နေကြပါတယ်။

လူမှု ကွန်ယက် တွေ မှာ ပျံနေ တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ပြန်လည်လွတ်မြောက် မှု အမှတ်တရများ
ထဲမှ မြန်မာ့ အရေး ဖေ့ဘွတ် စာမျက်နှာ က  “အမေ့ ဟောပြောပွဲက ၀မ်းသာစရာ ဖြစ်ရပ်ကလေးပါ”
ဆို တဲ့ ယမန်နေ့ ဒေါ်စု မိန့် ခွန်းက ကောက်နှုတ်ချက် နဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ နာမည် မှာ ပါဝင်တဲ့
အက္ခရာ တွေ ကို ဂုဏ်ဖော်ထား တာကို ဖော်ပြလိုက်ပါတယ်။ Continue reading “လူမှုကွန်ယက်များ ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်”

မိန်းကလေးတွေ ဘာလို့ အလည် လွန်ကြရ တာလဲ

ဟိန်းခိုင်ထွန်း၊                  ၊ဆယ်စု နှစ် တစ်စု ကျော်တိုင်း မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လေ့ရှိသည့် ပြောင်းလဲမှု
လှိုင်းများ၏ ရိုက်ခတ်မှုဒဏ်ကို ယခု တစ်ခါတွင် အခံရဆုံး ဖြစ်သည် မှာ မြန်မာ အမျိုးသမီးငယ်များ ဖြစ်သည်
ဟု နိုင်ငံတကာ အိုင်ဒီယာများ ကို ဘာသာပြန်ဆို နေသည့် မြန်မာ စာရေးဆရာ လူငယ် တစ်ဦးက Freedom
News Groupသို့ ပြောသည်။ဆက်လက်ပြီး သူက “အိမ်က သမီးတွေ က လည်း အင်တာနက် ရှေ့ကနေ မခွာတော့ဘူး
ပိုပြီး တော့ ဗဟုသုတ တွေ ရှိလာတယ်၊ ဒါပေမယ့် သူတို့ တွေ က စိတ်ခံစားမှု နယ်ပယ် ကို ပိုပြီး ချဲ့ ခြင်လာ
ကြတယ် ထင်တယ် ဟု သုံးသပ် ပြောကြားသည်။ Continue reading “မိန်းကလေးတွေ ဘာလို့ အလည် လွန်ကြရ တာလဲ”

ဘယ်လို လဲ ကိုတရုတ်ကြီး နေလို့ မှ ကောင်း ရဲ့ လား ၊ အိပ်လို့ ပျော်ပါစေ

အောင်စေရာပြည့်၊                   ၊တရုတ် ကိုပြီးခဲ့တဲ့ တစ်လ ကျော်လောက်ကပဲ နိုင်ငံတကာစီးပွားရေးအင်
အားစု တွေ က ကမ္ဘာ့ ဒုတိယ အင်အား အကြီးဆုံး စီးပွားရေး နိုင်ငံကြီး အဖြစ် သတ်မှတ် ခဲ့ကြပါတယ်။
တရုတ် ကစီးပွား တက်လာပြီးထုတ်ကုန် တွေ ကို နိုင်ငံခြား တိုင်းပြည်တွေ ကို များများ ပို့ လာ နိုင်တယ်
ဆိုတဲ့ သဘောပေါ့။ ကမ္ဘာမှာနိုင်ငံရေး အရ လည်း ဗီတို အာဏာ ကိုင်ထားတဲ့ နိုင်ငံ စီးပွားရေး အရ လည်း
အင်အားကြီး ၊သူဌေးပေါက်စလေးလည်း ဖြစ်နေတော့ ကျုပ်တို့ ဆီက ဗိုလ်သန်းရွှေ အလည်လာတော့
အမ်ပေါင်းပေး တဲ့ အနေနဲ့ ဒေါ်လာ လေးဘီလျှံ ကျော်ကို တောင် မုန့် ဖိုးပေး လိုက်ပါသေးတယ်။ Continue reading “ဘယ်လို လဲ ကိုတရုတ်ကြီး နေလို့ မှ ကောင်း ရဲ့ လား ၊ အိပ်လို့ ပျော်ပါစေ”