ယနေ့ မနက် အစောပိုင်း က မှော်ဘီ ခလရ ၉၁ ကို ၀ိုင်းထား သည့် တပ်များ က တပ်တွင်း ၀င်းပေါက် ကင်းစခန်း ကိုလှမ်း ပစ်ရာ မှ ခြေလျှင် တပ်များ အခြေစိုက် သည့် မှော်ဘီ နှင့် ထောက်ကြံ့တွင် လုံခြုံရေးများ တိုးမြှင့် ထားသည်။
မင်းခန့်  ၊ ၊ ဒီသတင်းရုပ်ရှင်မှာပါတဲ့ အကြောင်းအရာတွေကို အတိတ်က ဖြစ်ရပ်တွေကို ပြန်ပြောင်း အောက်မေ့တယ်
လို့ သဘောမထားဘဲ လက်ရှိဖြစ်ပျက်နေတဲ့ ကိစ္စတွေလို့ သဘောထားပါ လို့ ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များ ကလပ်မှာ
Burma Soldier ရုပ်ရှင် ပြသအပြီး အမေးအဖြေ ကဏ္ဍမှာ မြန်မာ့အရေးလေ့လာသူ David Mathieson က ပြောပါတယ်။
Burma Soldier ဇာတ်ကားဟာ စစ်သားတစ်ဦး ဘ၀ကနေ ဒီမိုကရေစီအရေး လှုပ်ရှားသူအဖြစ် ပြောင်းလဲခဲ့ပြီး မိမိကိုယ်တိုင်လည်း
ပြည်တွင်းစစ်ရဲ့ နာကြည်းဖွယ် ဖြစ်ရပ်တွေကို တွေ့မြင်ခဲ့ရသလို ဒီမိုကရေစီအတွက် လှုပ်ရှားခဲ့စဉ်မှာလည်း စစ်အစိုးရရဲ့ ရက်စက်မှု
အပေါင်းကို ခါးစည်းခံစားခဲ့ရတဲ့ ဦးမျိုးမြင့်ရဲ့ ပြန်လည်ပြောပြချက်တွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဦးမျိုးမြင့် ပြန်လည်မျှဝေခဲ့တဲ့ သူ့ဘ၀ ဇာတ်ကြောင်းတွေဟာ တပ်မတော်အတွင်း အောက်ခြေအဆင့်မှာ မည်သူမဆို ကြုံတွေ့ခံစားဖူးတဲ့ အဖြစ်အပျက်တွေနဲ့ ဒီမိုကရေစီ အရေးမှာ ပါဝင်ခဲ့သူ တော်တော်များများ ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခတွေ ဖြစ်ပါတယ်။ Continue reading “တပ်တွင်း ပုန်ကန် မှု များ နှင့် Burma Soldier မှတ်တမ်း ရုပ်ရှင်”
0.000000
0.000000
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်