ကန်တော်ကြီး ဗုံး နှင့် ပတ်သက်၍ သံတမန်များ၊ပြည်သူများ၊ အတိုက်အခံ များ နှင့် အစိုးရ ၀န်ထမ်း တို့ ၏ အမြင်နှင့် သုံးသပ်ချက်များ
Bomb Bring Death To Burmese New Year Celebration (VIDEO)
(AP Photo)
ဟိန်းခိုင်ထွန်း၊        ၊သင်္ကြန် အတက်နေ့ က ဗုံးပေါက်ကွဲ ခဲ့မှု သည် မြန်မာ စစ်အစိုးရ ၏ လက်ချက် မဖြစ် နိုင်ကြောင်း
ရန်ကုန် အခြေစိုက် အနောက်တိုင်းသံတမန် တစ်ဦး နှင့် သင်္ကြန် အတက်နေ့  သံရုံးရေကစား မဏ္ဍပ်
တွင် တွေ့ ဆုံစဉ် Freedom News Group သို့ ပြောသည်။
ထိုသံတမန်က ကျွန်တော့် အမြင်အရ ပြောရရင် တော့ နိုင်ငံရေး လှည့်ကွက် တစ်ခုလို့ လဲ မထင်မိဘူး
ဘာဖြစ်လို့ လဲဆိုတော့ သူတို့ ကရွေးကောက်ပွဲ ကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်တယ်။သူတို့ ယုံ
ကြည်တဲ့ အယူအဆ အရ နှစ်သစ်မှာ ဘယ်လို မကောင်းတဲ့ အတိတ် နိမိတ် မျိုးတွေ ကို ဖြစ်လာမှာ ကို လိုချင်ပုံ ရှိမှာ မဟုတ်ဘူး။ Continue reading “ကန်တော်ကြီး ဗုံး နှင့် ပတ်သက်၍ သံတမန်များ၊ပြည်သူများ၊ အတိုက်အခံ များ နှင့် အစိုးရ ၀န်ထမ်း တို့ ၏ အမြင်နှင့် သုံးသပ်ချက်များ”
ပြည်ပ အဖွဲ့ အစည်း များ နှင့် ပြည်ပ နိုင်ငံများ ကို အားကိုးလျှင် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်နိုင်
တင်ကျော်ကျော်စိုး
Don’t Look Outside !
” ပြည်ပ အခြေစိုက်အဖွဲ့ တွေလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်လိုပဲ ဂုဏ်သိက္ခာရှိစွာနဲ့  ဒီမိုကရေစီ ရေးအောင်မြင်
မှု မရှိ ဘူးဆို တာ လူသိနတ်ကြား ထုတ်ဖော် ၀န်ချ တောင်းပန် သင့် တယ် ”
နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာခဲ့သည့် တိုင် ပြည်ပ နိုင်ငံများ နှင့် ပြည်ပ အခြေစိုက် မြန်မာနိုင်ငံရေးအဖွဲ့ 
အစည်းများကြောင့် မြန်မာ့ နိုင်ငံရေးသည် ဒီမိုကရေစီ ရေး ဘက်ကို တစ်လမ မျှ ရွှေ့ ခဲ့ခြင်း မရှိကြောင်း
ထင်ရှားသော မြန်မာနိုင်ငံရေးသမား နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ရွေးချယ်ခံကိုယ်စားလှယ်
တစ်ဦး ဖြစ်သူကယနေ့ Freedom News Group  သို့ ပြောသည်။
ပြည်ပ နိုင်ငံရေး အဖွဲ့ အစည်းများ နှင့် အနောက်နိုင်ငံများကြောင့် မြန်မာ့ နိုင်ငံရေးသည် ပိုးသာကုန်
မောင်ပုံ စောင် မတတ် ဖြစ်နေကြောင်း သူက ဆက်လက်ပြောသည်။
ထင်ရှားသော မြန်မာ သတင်းစာ ဆရာ တစ်ဦးက လည်း ကာဂျက်စတန် လူထုလှုပ်ရှားမှု ကို မြန်မာ
တက်ကြွလှုပ်ရှားသူတို့ အတုယူသင့် သင် ဟု ဆိုသည်။ယမန်နေ့ က အာရှာအလယ်ပိုင်း ကာဂျက်စ
တန် နိုင်ငံတွင် ၂၄ နာရီ ကြာ လူထုတော်လှန်ရေးကြောင့် သမ္မတ အားရာထူးမှ ဖယ်ရှား နိုင်ငံကာ အတိုက်
အခံ တို့ ကြားဖြတ် အစိုးရ ဖွဲ့ နိုင်ခဲ့သည်။ Continue reading “ပြည်ပ အဖွဲ့ အစည်း များ နှင့် ပြည်ပ နိုင်ငံများ ကို အားကိုးလျှင် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်နိုင်”
ဦးကျော်ဇံသာ အမေး နှင့် လူထုစိန်ဝင်း အဖြေ
မတ်လ ၂၄ ရက် ဗွီအိုအေ အသံလွှင့် အစီအစဉ်မှ ကောက်နှုတ်ချက်
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ခေါင်းဆောင် တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အရှိန်အ၀ါနဲ့ အဓိကရပ်တည်နေတယ်ဆိုရင် မှားမယ်မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ၀င်မယ်မ၀င်ဘူး ပြတ်ပြတ်သားသား ပြောကြားသင့်တယ်လို့ ဆရာ မထင်ဘူးလား။ အခု ဒေါ်အောင်ဆန်းစုကြည် က ပါတီရဲ့  ဆုံးဖြတ်ချက်ကို လိုက်နာမယ်ဆိုတာကို ဆရာဘယ်လိုပြောလိုပါသလဲ။
ဦးစိန်ဝင်း ။ ။ ကျနော်ကတော့ ဒီကိစ္စဟာ အင်မတန် သေရေးရှင်ရေး အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ပါတီရဲ့  ရပ်တည်ရေးအတွက် နောက်ဆုံးအဆင့်ဖြစ်တယ်။ အဲဒီတော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြည့်အ၀တာဝန်ရှိတယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဒီကိစ္စမှာ သူဆုံးဖြတ်မှ ဖြစ်မှာပါ။ သူ့ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ပါတီက ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်မယ်ဆိုရင် NLD အောက်ခြေထု လူထုက လက်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိ NLD ခေါင်းဆောင်မှုတွေကို ပြည်သူလူထုက လုံးဝအယုံအကြည် မရှိတော့ပါဘူး။ တော်တော်လေး စိတ်ကုန်နေကြပါပြီ။ Continue reading “ဦးကျော်ဇံသာ အမေး နှင့် လူထုစိန်ဝင်း အဖြေ”
ချူလာလောင်ကွန်း တက္ကသိုလ်က မြန်မာ့ အရေးဆွေနွေးပွဲ(ဗွီဒီယို)
ထိုင်း နိုင်ငံဘန်ကောက်မြှိုရှိ ချူလာလောင် ကွန်း တက္ကသိုလ် တွင်ကျင်းပခဲ့သည့် မြန်မာ့အရေး ဆွေးနွေးပွဲ (The Public Forum on Burma Domestics Development and International Responses )မှ တွေ့ ဆုံမေးမြန်းမှုများနှင့်ဆွေးနွေးမှုများ Continue reading ချူလာလောင်ကွန်း တက္ကသိုလ်က မြန်မာ့ အရေးဆွေနွေးပွဲ(ဗွီဒီယို)
Rate this:
NLD ၏ ဂငယ်ကွေ့ ကွေ့မည့် အရိပ်အယောင်အပေါ် ၉၈ မျိုးဆက် ကျောင်းသားဟောင်းများက ဝေဖန်
1998 Generation Students Criticize  On Main Opposition Party Pay Respect To Junta
တင်ကျော်ကျော်စိုး
၁၉၉၈ ခုနှစ်က NLD ပါတီ၏ ရက်ပေါင်း ၆၀ တွင်း လွှတ်တော်ခေါ်ယူရေး တောင်းဆိုချက်ကို ထောက်ခံ သော အားဖြင့် လှည်းတန်းလမ်းဆုံတွင် ကျောင်းသားဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သော ကျောင်းသား ဟောင်းများက ယခုလက်ရှိအခြေအနေတွင် NLD ပါတီမှ စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲတွင် ထပ်မံ ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်မည်ဆိုသော မှန်းဆချက်များအပေါ် ဝေဖန်လိုက်သည်။
၉၈ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် ကိုကျော်လင်းဦးက “ NLD က ၉၀ ရွေး ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တယ်။ ၉၈ မှာလည်း ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ပေးဖို့ အသေအချာ တောင်းဆိုခဲ့တယ်။ အဲဒီတုန်းက နအဖက ဒီလို တောင်းဆိုယုံနဲ့ လွှတ်တော်ခေါ်ပေးမှာမဟုတ် ဘူးလို့ ကျနော်တို့က တွက်တယ်။ ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုပေါ်ပေါက်အောင် လုပ်ပြီး နအဖ ကိုစိန် ခေါ်တဲ့၊ ဖိအားပေးတဲ့ လှုပ်ရှားမှုကို ကျနော်တို့ လုပ်ခဲ့တယ်။ ဒီလှုပ်ရှားမှုကြောင့် ကျောင်းသားပေါင်း ၁၀၀ ကျော် အဖမ်းခံခဲ့ရတယ်။ တချို့ဆို ခုထက်ထိ မလွတ်သေးပါဘူး။ ဒါပေမယ့် အဲဒီတုန်းက NLD ကအဖျားရှုး သွားပြီး နောက်ဆုံး CRPP လောက်နဲ့ပဲ တင်းတိမ်နေခဲ့တယ်။ အခုCRPP ရော၊ ရွှေဂုံတိုင် ကြေငြာချက်ကို ရော ဆုတ်ဖြဲပြီး ရွေးကောက်ပွဲ ပြန်ဝင်ဦးမယ်ဆိုယင်တော့  ကျနေုာ်တို့ ပေးဆပ်ရကျိုးမနပ်ဘူးလို့ပဲ ပြောချင် ပါတယ်။ အဲဒီတုန်းကတည်း ထောင်ကျနေတဲ့ ကျနော်တို့ သူငယ်ချင်းတွေ ခုထက်ထိ ထောင်ထဲမှာရှိနေပါ သေးတယ်။ သူတို့အတွက် ကျနော် စိတ်မကောင်းဘူးဗျာ။´´ ဟု ပြောဆိုခဲ့သည်။
မြန်မာပြည်တွင်းမှာ တရားဝင် ထုတ်ဝေသည့် The Voice ဂျာနယ်တွင် အပတ်စဉ် ဆောင်းပါများ ရေးသား ပြီး လက်ရှိရွေးကောက်ပွဲကို ထောက်ခံသည့် ၉၈ မျိုးဆက်ကျောင်းသားဟောင်း ကိုနေသန်မောင်ကလည်း “ Continue reading “NLD ၏ ဂငယ်ကွေ့ ကွေ့မည့် အရိပ်အယောင်အပေါ် ၉၈ မျိုးဆက် ကျောင်းသားဟောင်းများက ဝေဖန်”
လူထုစိန်ဝင်း၏ အမြင် – အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ
မိုးမခ   သတင်းဌာန ၏ အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြပါသည်
မတ် ၁၉၊ ၂၀၁၀
“ရွေးကောက်ပွဲဥပဒေ ကိုကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီမှတ်ပုံမတင်ပဲ ရွေးကောက်ပွဲလဲ မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေငြာ စာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့မေးခွန်းကို တယေက်ပြီး တယောက်မေးကြတယ်။ မေးကြတဲ့သူတိုင်း ကိုလည်း တစ်ခုတည်းသော အဖြေကိုပဲ ကျွန်တော်ပေးခဲ့တယ်။
အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ ရွေးကောက်ပွဲလဲ ၀င်မှာပဲဆိုတဲ့ အဖြေပဲ။ ဘာကြောင့်ဒီလို တပ်အပ်ဖြေလိုက်သလဲဆိုတော့ နှစ် ၂၀ ကာလအတွင်း အန်အယ်လ်ဒီ ဌါနချုပ် ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ရပ်တည်ချက်ကဘာလဲ ဆိုရင်အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် ၂၀လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ။
အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ … Continue reading “လူထုစိန်ဝင်း၏ အမြင် – အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ”
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အဖြစ်ပြန်လည်ထားရှိမှု ပြည်သူများကမကျေနပ်(ပြည်သူတို့ ၏ သဘောထားများ)
၁၃ သြဂုတ် မန္တလေး ၊                       ၊တင်ကျော်ကျော်စိုး နှင့် ညွှန့် သက်ထားဦး
outrage for extending democracy leader Aung San Suu Kyi’s house arrest
စစ်အုပ်စု ခေါင်းဆောင် နှင့် တွေ့ဆုံမည့် ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်ဝဘ်
စစ်အုပ်စု ခေါင်းဆောင် နှင့် တွေ့ဆုံမည့် ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်ဝဘ်
သြဂုတ် လ ၁၁ ရက်နေ့ က အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင်တရားရုံးမှ နေ၍ ဒေါ်အောင်ဆန်းစုကြည် ကို အမိန့် ချမှတ်ခဲ့ပြီး စစ်ခေါင်းဆောင်မှ သနားသက်ညှာသော အားဖြင့် နေအိမ်အကျယ်ချုပ် ဖြင့် တစ်နှစ်ခွဲသာနေစေ ရန် ဆုံးဖြတ်ချက် ကို ပြည်သူ များကမကျေနပ်ကျကြောင်းသိရသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အဖြစ်ပြန်လည်ထားရှိမှု ပြည်သူများကမကျေနပ်(ပြည်သူတို့ ၏ သဘောထားများ)”
ဗကသ အထွေထွေအတွင်းရေးမှုး ကိုထွန်းထွန်း နှင့် တွေ့ဆုံမေးမြန်းချက်
၈ ဇွန် ရန်ကုန်၊                ၊တင်ကျော်ကျော်စိုး
Interview With Leader of Student’s Union
Ba Ka Thaမြန်မာ နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာ ရှေ့တန်းကနေ အမြဲဦးဆောင် ပါဝင်ဆောင်ရွက်လေ့ရှိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ ချုပ်ကြီးကို ယခုလ ၅ ရက်နေ့ မှာ ရန်ကုန်မြို့ တစ်နေရာမှာ အောင်မြင်စွာ ပြန်လည် ဖွဲ့ စည်းနိုင်ခဲ့ပါတယ်။ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့ စည်းခြင်းဟာ နှစ်နှစ် အတွင်းဒုတိယ အကြိမ်မြောက်ပြန်လည် ဖွဲ့ စည်းခြင်းဖြစ်ပါတယ်။
၂၀၀ရ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအကြိုကာလမှာ တစ်ခါပြန်ဖွဲ့ စည်းခဲ့ပြီး စီးပွားရေးတက္ကသိုလ်က မဟာတန်းတက်ရောက်နေတဲ့ ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုကျော်ကိုကို ကို ဥက္ကဌ အဖြစ်ရွေးချယ် တင်မြှောက် ခဲ့ပါတယ်။ Continue reading “ဗကသ အထွေထွေအတွင်းရေးမှုး ကိုထွန်းထွန်း နှင့် တွေ့ဆုံမေးမြန်းချက်”
ရွှေဂုံတိုင်ကြေညာချက်နှင့် ပတ်သက်၍ ပြောကြသည်များ (အင်တာဗျူး)
၁ မေ ရန်ကုန်၊                   ၊Freedom News Group
အများစုက ၂၀၁၀ ရွေးကောက်ပွဲ အတွက် NLD ယတိပြတ်မဆုံး ဖြတ် နိုင်သေး ဟု ထင်စရာ ရှိသော် လည်း စစ်အစိုးရ မလိုက်လျှော နိုင်သော အချက် သုံး ချက်ကြောင့်
ရွေးကောက်ပွဲ ကိုအလိုမရှိ ကြောင်း သဘောထား ထုတ်ပြန်ခြင်း ပင် ဖြစ် ဟု Freedom News
Group ၏ တွေ့ ဆုံမေးမြန်းမှု အစီအစဉ် တွင် အများစု သုံးသပ်
Continue reading “ရွှေဂုံတိုင်ကြေညာချက်နှင့် ပတ်သက်၍ ပြောကြသည်များ (အင်တာဗျူး)”
့ နာမည်ကျော် အမေရိကန်ရက်(ပ်)အဆိုတော် Flo Rida နှင့်စကားစပ်မိသမျှ ဇေယျာသော်အကြောင်း
၈ ဧပြီ  တမ်ပါ ဖလော်ရီဒါ၊              ၊Freedom News Group
ဖလို ရိုက်ဒါ ၏ ဒုတိယ အယ်(လ)ဘမ်ကာဗာ
ဖလို ရိုက်ဒါ ၏ ဒုတိယ အယ်(လ)ဘမ်ကာဗာ
ယခင်နှစ်က ရန်ကုန်သင်္ကြန် တွင်သောသောညံ အောင် ဖွင့်ခဲ့ကျ၍ မြန်မာ ဟစ်ဟော(ပ်)ချစ်သူများ
တွင်သာမက အခြားဂီတ ပရိသတ်များလည်း ကြိုက်နှစ်သက်ခဲ့ သော လိုး(Low) သီချင်းကို သီဆိုခဲ့
သည့် အမေရိကန် ဖလော်ရီဒါ ပြည်နယ် သားရက်(ပ်)အဆိုတော် ဖလို ရိုက်ဒါ (Flo Rida)နှင့် Freedom News Group သုံးမိနစ်ကျော်ကြာဖုန်းဖြင့်စကားပြောခဲ့သည့် အထဲမှ မြန်မာ ဟစ်ဟော(ပ်)အဆိုတော် ဇေယျာသော် နှင့် ပတ်သက်ပြီးပြောခဲ့သမျှကို ပြန်လည်ဖေါ်ပြလိုက်
ပါသည်။
ဒုတိယ မြောက်အယ်(လ)ဘမ်  R.O.O.T.S ကို အတ္တလန်တစ် ဓာတ်ပြားတိုက်မှ ထွက်ရှိခြင်းအမှတ်
တရပရိသတ်၏ ဝေဖန်အကြံပြုချက် ကို နားထောင်ရန် အတွက် သူ၏ဖုန်းနံပါတ် ကို သူ၏၀ဘ်ဆိုက်ရှိ Fan မားကိုအသိပေးခဲ့ပြီး နောက် သူ၏ပရိသတ်များနှင့် တနေ့ တာလက်ခံစကားပြောခဲ့သည်။
Continue reading “့ နာမည်ကျော် အမေရိကန်ရက်(ပ်)အဆိုတော် Flo Rida နှင့်စကားစပ်မိသမျှ ဇေယျာသော်အကြောင်း”
ရဲဘက်စခန်းများ၏နောက်ဆုံးအခြေအနေ(အင်တာဗျူး)
ပြီးခဲ့တဲ့ အပတ်က မကြာသေးခင်က အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့နှစ်ကြီးအကျဉ်းသား ဦးဘအေးနဲ့ 
ဒီတစ်ပတ်မှာတော့အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၆ နှစ်ကျော်ကျခံရကာ အင်းစိန်ထောင် မြောင်းမြ ကစကဲ ရဲဘက် နှင့် ပုသိမ်ထောင်တို့ တွင်နေ ခဲ့ရသူတစ်ဦးဖြစ်သည့် ကိုဝင်းအောင်(နာမည်ရင်းမဟုတ်ပါ)နဲ့ တွေ့ ဆုံမေးမြန်းထားပါတယ်။
FNG။                            ။ကိုဝင်းအောင်အခု ဘယ်ထောင်ကလွတ်လာပါသလဲခင်ဗျ။
ကိုဝင်းအောင်။              ။ကျွန်တော်ပုသိမ်ထောင်ကလွတ်လာတာပါ။
FNG။                            ။ထောင်စကျတည်းကပုသိမ်ထောင်မှာပဲလား။
ကိုဝင်းအောင်။              ။စကျတော့ အင်းစိန် နောက် ပုသိမ် တစ်နှစ်ကျော်လောက်နေပြီး
တော့ မြောင်းမြ ထောင်မှာ တစ်လ နောက်
ကစကဲ ရဲဘက်ကိုပါသွားတယ်။ Continue reading “ရဲဘက်စခန်းများ၏နောက်ဆုံးအခြေအနေ(အင်တာဗျူး)”
မှောင်ခိုလက်မှတ်ဈေးကို မမှုပဲ ဆလမ်းဒေါ့ ကိုနေပြည်တော် ရုံတွင် ကြည့်ခဲ့သူများနှင့်အင်တာဗျူး
နေပြည်တော်ရုပ်ရှင်ရုံတွင်တင်ဆက်ပြသနေသည့် Slumdog Millionaire ဇာတ်ကား
နေပြည်တော်ရုပ်ရှင်ရုံတွင်တင်ဆက်ပြသနေသည့် Slumdog Millionaire ဇာတ်ကား
ယနေ့ မှစ၍နေပြည်တော်ရုပ်ရှင်ရုံတွင် ပြသနေသည့် အော်စကာဆုရ ဆလမ်းဒေါ့ မီလျှံနာဇာတ်ကားအားမှောင်ခိုလက်မှတ်ဈေးကို မမှု သွားရောက်ကြည့်ရှုသူများနှင့်
ရန်ကုန်မှ Freedom News Group အဖွဲ့ သားများက တွေ့ ဆုံမေးမြန်းထားသည်ကို
တင်ဆက်ပေးလိုက်ပါသည်။
FNG။               ။ရုံးကလာကြည့်ကျတာလား။
ပရိသတ်။         ။ဟုတ်တယ်သမီးတို့ ထရိတ်ဒါးဟိုတယ်က ညနေDuty
မ၀င်ခင်လာကြည့်ကျတာ
FNG။               ။ဘွတ်ကင်လား၊ရုံရောက်မှဝယ်တာလား။
ပရိသတ်။         ။၁နာရီရောက်တာကို ၂နာရီပွဲလက်မှတ်ကုန်သွားလို့ ၈၀၀ တန်း
ကိမှောင်ခိုတွေက ၃၀၀၀ ပြောတာ ၂၅၀၀ နဲ့ ရခဲ့တယ်ဒါတောင်တ
အင်းစိန်ထောင်တွင်းနောက်ဆုံးအခြေအနေ(အင်တာဗျူး)
အင်းစိန်ထောင်တွင်းမှ ယခု ဖေဖ်ါဝါရီလတွင်လွတ်မြောက်လာသူ နှစ်ဦးနှင့် FNG က
တစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၆ နှစ်ကျော်ကျခံရကာ အင်းစိန်ထောင် မြောင်းမြ ကစကဲ ရဲဘက် နှင့် ပုသိမ်ထောင်တို့ တွင်နေ ခဲ့ရသူတစ်ဦးဖြစ်သည်။
FNG။              ။ဦးဘအေးနေကောင်ရဲ့လား။
ဦးဘအေး။      ။နေတော့ကောင်းပါတယ်။ဒါပေမယ့် စိတ်တော့မကောင်းဘူးဗျာ။
ဘုန်းကြီးတွေထောင်ထဲမှအာရုံဆွမ်းတောင် စားခွင့်မပေးလို့ ။ Continue reading “အင်းစိန်ထောင်တွင်းနောက်ဆုံးအခြေအနေ(အင်တာဗျူး)”