ဘရာဇီး ၀တ်လစ်စလစ် မော်ဒယ်များကို ဥရောပ ပန်းချီဆရာများအကြိုက်တွေ့

ရ မေ ပါရီ၊                    ၊Le Monde

Paris welcomed Brazilian nude models

ပန်းချီဆရာများအတွက် ကိုယ်ဟန်ပြပေးနေသူ ကိုယ်လုံးတီးမော်ဒယ်တစ်ဦး
ပန်းချီဆရာများအတွက် ကိုယ်ဟန်ပြပေးနေသူ ကိုယ်လုံးတီးမော်ဒယ်တစ်ဦး

ဝတ်လစ်စလစ် အမျိုးသမီးပုံများကို ရေးဆွဲထားသည့် Abstract ပန်းချီကားများကို ပန်းချီ ကုန်သည်များ နှင့် နိုင်ငံတကာ ဟိုတယ်ကြီးများက ဈေးကောင်းပေး၍ ၀ယ်ယူလာကြသည့် အတွက်

ဝတ်လစ်စလစ်ပန်းချီများရေးဆွဲသည့် ပန်းချီဆရာတစ်ဦးကို ကာတွန်းဆရာတစ်ဦးက ထေ့ငေါ့သရုပ်ဖေါ်ထားပုံ
ဝတ်လစ်စလစ်ပန်းချီများရေးဆွဲသည့် ပန်းချီဆရာတစ်ဦးကို ကာတွန်းဆရာတစ်ဦးက ထေ့ငေါ့သရုပ်ဖေါ်ထားပုံ

Nude ပန်းချီများ ရေးဆွဲသည့် ပန်းချီဆရာ အချို့ မှာ မော်ဒယ်သရုပ်ဆောင်ပေးမည့် အမျိုးသမီး မော်ဒယ်များကို ဈေးကြီးပေး၍ ငှားလာကြသည် ဟု ယနေ့ ထုတ်ပြင်သစ်သတင်းစာ လမွန်ဒီတွင်ရေးသားထားသည်။
Continue reading “ဘရာဇီး ၀တ်လစ်စလစ် မော်ဒယ်များကို ဥရောပ ပန်းချီဆရာများအကြိုက်တွေ့”

ထိုင်းတွင်မြန်မာ မုန်းတီးမှုများပြန်လည်ကြီးထွားနေ

၆ မေ ဘန်ကောက်၊                     ၊Freedom News Group

Thai xenophobia targeted on neighboring Burmese

မဲဆောက်ရှိမြန်မာများအားလိုက်လံဖမ်းနေသည့်ထိုင်းရဲကားတစ်စီး
မဲဆောက်ရှိမြန်မာများအားလိုက်လံဖမ်းနေသည့်ထိုင်း ရဲကားတစ်စီး

ဘန်ကောက်တွင် ဆွန်ခန်ပွဲတော် ကာလ သွေးစွန်းသော ဆန္ဒပြပွဲများပြီးနောက် ထိုင်းလူမျိုးတစ်ချိုကမြန်မာ လူမျိုးတို့ ကိုရန်ပြုတိုက်ခိုက်ခြင်းများ အကြောင်းမဲ့ရန်စခြင်းများ ဈေးဝယ်သူများအားသူခိုးဟု စွပ်စွဲပြီး ရဲလက်အပ်ကာ လျှော်ကြေးအဆမတန်တောင်းခြင်းများဖြစ်ပွားနေသည် ဟုသိရသည်။

မဲဆောက်တွင် ဆိုင်ဖွင့်ထားသည့် မြန်မာလူမျိုးတစ်ဦးက “ပြီးတဲ့တစ်ပတ်က ဘန်ဖဒီး မှာ မြန်မာစစ်တပ်ကပစ် လိုက်လို့ ထိုင်းစစ်သားနှစ်ယောက် ထိသွားကတည်းက ဒီကိစ္စစတာ ”ဟုFreedom News Group သို့ပြောသည်။ဘန်ကောက် ပသူနမ် ဘက်တွင်မူ ညအချိန်မြန်မာများ အပြင်ထွက်ပါက ဆိုင်ကယ်စီးလမ်းသရဲများက လိုက်လံနှောင့် ယှက်ကာ ကစ္စည်းယူ ထွက်ပြေးမှုများရှိသည် ။
Continue reading “ထိုင်းတွင်မြန်မာ မုန်းတီးမှုများပြန်လည်ကြီးထွားနေ”

အရောင်စုံသော ထိုင်းနိုင်ငံရေး ငြိမ်းချမ်းစွာနေ လိုသူများက အဖြူရောင်ဝတ်၍ဆန္ဒပြကြပြန်ပြီ

၎ မေ ဘန်ကောက်၊                 ၊Freedom News Group

တနင်္လာက တွေ့ရသည့်အဖြူဝတ်များ ဓာတ်ပုံ-ထန်နွန်း နေးရှင်း
တနင်္လာက တွေ့ရသည့်အဖြူဝတ်များ ဓာတ်ပုံ-ထန်နွန်း နေးရှင်း

ထိုင်းနိုင်ငံ အတွက် အန္တရာယ်ဖြစ်မှတွေရပ်၊ထိုင်းတွေကြား မှာ ပဋိပက္ခ ဖြစ်မှာ တွေရပ်ဟု အဓိပ္ပါယ်ရသည့် စာတန်းများ ကိုင်ဆောင် လာသည့် အဖြူရောင်များ ၀တ်ဆင်ထားသည့်
လူအုပ်ကြီးမှာ တနင်္လာနေ့ ညနေ ပိုင်းက ဘန်ကောက် လုမ္ဗနီ ပန်းခြံတွင် စုရုံးကြပြီး ထိုင်းနိုင်ငံ အလံများ ဝှေ့ယမ်းကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

အဖြူရောင် ၀တ်ဆန္ဒပြသူများ မှာငြိမ်းချမ်းရေးကို လိုလားကြပြီး လုမ္ဗနီ ပန်းခြံမှ တစ်ဆင့် ဆီလုံလမ်း
မအတိုင်း ချီတက် ဆန္ဒပြကာ ဘန်ကောက် ဘဏ် အရှေ့တွင် အဆုံးသတ်ခဲ့ကြသည်။ထိုအဖြူဝတ်
များတွင် ပညာရှင်များ၊နိုင်ငံရေးသမားများ၊စစ်သားဟောင်းများ၊စီပွားရေးသမားများ နှင့်မီဒီယာ နယ်မှ ပုဂ္ဂိုလ် တို့ ဖြင့်ပါဝင်ဖွဲ့ စည်းထားသည်။ Continue reading “အရောင်စုံသော ထိုင်းနိုင်ငံရေး ငြိမ်းချမ်းစွာနေ လိုသူများက အဖြူရောင်ဝတ်၍ဆန္ဒပြကြပြန်ပြီ”

သတင်းလွတ်လပ်ခွင့်မရသောမြန်မာနိုင်ငံနှင့် မေလသုံးရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့

၃ မေ ရန်ကုန်၊               ၊တင်ကျော်ကျော်စိုး

ကမ္ဘာ့လူဦးရေ၏ ၄၇ ရာခိုင်နှုန်းသည် သတင်းလွတ်လပ်ခွင့်မရှိသည့်နေရာတွင် နေရပုံကိုသရုပ်ဖေါ်ပြထားပုံ
ကမ္ဘာ့လူဦးရေ၏ ၄၇ ရာခိုင်နှုန်းသည် သတင်းလွတ်လပ်ခွင့်မရှိသည့်နေရာတွင် နေရပုံကိုသရုပ်ဖေါ်ပြထားပုံ

မေလ သုံးရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် နေ့ တွင် အမေရိကန် သမ္မတ အိုဘားမားက “မေလ သုံးရက် နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ သည် လွတ်လပ်မှု အတွက် အသက်တမျှ အရေးကြီးကြောင်း”ပြောကြားသွားသည်။လွတ်လပ်စွာ သတင်းရေးသားမှု အတွက် ၎င်းတို့ ၏မိခင် နိုင်ငံများမှာတွင် ပင် ထောင်သွင်းဖမ်းဆီးခြင်းအပစ်ပေးခံနေရသည့် သတင်းလွတ်လပ်ခွင့် အတွက် တိုက်ပွဲ ၀င်နေသူများအတွက်လည်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားသည်။

မေလ သုံးရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် နေ့အတွက် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် မူမည်သည့် အထိမ်းအမှတ် အခမ်းအနားမှ ကျင်းပခွင့်မရ ဟု သိရှိရသည်။ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ တွင် ပြည်တွင်း သတင်းဂျာနယ် တစ်ခုမှ အယ်ဒီတာ တစ်ဦးကမူ “သတင်းလွတ်လပ် ခွင့် ဆိုတာ မြန်မာ နိုင်ငံမှာ ရှိသင့်နေပြီ ”ဟု Freedom News Group သို့ ပြောသည်။
Continue reading “သတင်းလွတ်လပ်ခွင့်မရသောမြန်မာနိုင်ငံနှင့် မေလသုံးရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့”

မြန်မာ ပြည်အား ဒဏ်ခတ်အရေးယူ ပိတ်ဆို့ ထားမှုများကို အမေရိကန် ရုပ်သိမ်းပေးမည် မဟုတ်ဟု တရားဝင် သတင်းထုတ်ပြန်

၂၉ ဧပြီ ၀ါရှင်တန်၊              ၊အေအက်(ဖ)ပီ

သမ္မတ ဘရက် အိုဘားမား အစိုးရလက်ထက် တွင် မြန်မာ နိုင်ငံ နှင့် ပတ်သက်၍ ချမှတ်ထား သည့်
မူဝါဒများကို ပြန်လည် သုံးသပ်ရန် စီစဉ် ထားသော် လည်း
စစ်တပ် ကအာဏာ ရယူထားသည့် မြန်မာ နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ မှုများကို ရုပ်သိမ်းပေး မည် မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန မှ အင်္ဂါနေ့ က တရားဝင် သတင်းထုတ် ပြန်လိုက်သည် ။
Continue reading “မြန်မာ ပြည်အား ဒဏ်ခတ်အရေးယူ ပိတ်ဆို့ ထားမှုများကို အမေရိကန် ရုပ်သိမ်းပေးမည် မဟုတ်ဟု တရားဝင် သတင်းထုတ်ပြန်”

အရေးပေါ် အခြေအနေ ထုတ်ပြန်ထားမှုကို အဘိဆစ် ပြန်လည်ရုပ်သိမ်း ပီအေဒီ ခေါင်းဆောင် ဆွန်ထိ ကိုလုပ်ကြံရာတွင် သုံးသည့် ကျဉ်ဆံများသည် ထိုင်း စစ်ဒေသ တစ် မှ ကျဉ်များဖြစ်သောကြောင့် ထိုင်းနိုင်ငံရေး ပိုမို ရှုပ်ထွေးနေ

၂၃ ဧပြီ ဘန်ကောက်၊            ၊Freedom News Group

ဆေးရုံပေါ် မှ PAD ခေါင်းဆောင် ဆွန်ထိ လင်သောင်ကူး ဓာတ်ပုံ-နေးရှင်း
ဆေးရုံပေါ် မှ PAD ခေါင်းဆောင် ဆွန်ထိ လင်သောင်ကူး ဓာတ်ပုံ-နေးရှင်း

ပတ္တယား တွင် ကျင်းပသည့် အာဆီယံ စည်းဝေးပွဲ ပျက် ကတည်း ကထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေ ကို ထိုင်းဝန်ကြီးချုပ် အဘိဆစ် က ဧပြီလ ၂၄ ရက် သောကြာနေ့  နံနက် ၁ နာရီ တွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။ ထိုအမိန့် ကို ဧပြီ လ ၁၂ ရက် နေ့ ကတည်း က ဘန်ကောက် အပါအ၀င် ခရိုင် ငါးခု တွင် ထုတ်ပြန် ထားခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင် လိုလားသည့် အနီဝတ် များ ၏  ဆူပူ ဆန္ဒပြမှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ရခြင်းဖြစ်သည်။ထို ဆန္ဒပြ မှု များကို အဘီဆစ် က လုပ်ပိုင်ခွင့် အာဏာ အပြည့် အ၀ သုံးပြီး နှိမ်နှင်းခဲ့ရာ လူ  ၂ ဦး သေဆုံးပြီး ၁၂၃ ဦးဒဏ် ရာရရှိသည်။

သက်ဆင် အတွက် နီကာရာဂွာ နိုင်ငံက ထုတ်ပေးထားသည့် သံတမန် နိုင်ငံကူးလက်မှတ်
သက်ဆင် အတွက် နီကာရာဂွာ နိုင်ငံက ထုတ်ပေးထားသည့် သံတမန် နိုင်ငံကူးလက်မှတ်

အဘီ ဆစ်က ထိုသို့ အရေးပေါ် အခြေအနေ မရုသိမ်းခင် အချိန် အတွင်းမှာ ပင် အာရပ်
စော်ဘွားများပြည် ထောင်စု တွင် ခြေကုပ် ယူ၍ ထိုင်း နိုင်ငံ ရေး ကို လှုပ် နေသော သက်ဆင်မှာ အာဖရိက တိုက် လိုင်ဘေးရီး ယား နိုင်ငံ သို့ ထွက် ပြေးသွားပြီ ဖြစ်သည်။
Continue reading “အရေးပေါ် အခြေအနေ ထုတ်ပြန်ထားမှုကို အဘိဆစ် ပြန်လည်ရုပ်သိမ်း ပီအေဒီ ခေါင်းဆောင် ဆွန်ထိ ကိုလုပ်ကြံရာတွင် သုံးသည့် ကျဉ်ဆံများသည် ထိုင်း စစ်ဒေသ တစ် မှ ကျဉ်များဖြစ်သောကြောင့် ထိုင်းနိုင်ငံရေး ပိုမို ရှုပ်ထွေးနေ”

ငါးနှစ်ကြာ အချိန်ယူခဲ့ရသည့် အမ်မီနမ် ၏ ဆဌမ မြောက်အယ်(လ)ဘမ်သစ် Relapse

တားမြစ် မူးယစ်ဆေးဝါးများဖြင့် အယ်(လ)ဘမ် ကာဗာ Art work ဖန်တီးထားသော အမ်မီနမ် ၏ အယ်(လ)ဘမ်သစ် ဓာတ်ပုံ-Twitter
တားမြစ် မူးယစ်ဆေးဝါးများဖြင့် အယ်(လ)ဘမ် ကာဗာ Art work ဖန်တီးထားသော အမ်မီနမ် ၏ အယ်(လ)ဘမ်သစ် ဓာတ်ပုံ-Twitter

၂၀၀၄ ခုနှစ် က Encore အမည်ရှိ  အယ်(လ)ဘမ် ကို ထုတ်ဝေခဲ့ပြီး နောက် ရက်(ပ) အဆိုတော်
အမ်မီ နမ်သည် သူ၏ ဆဌမ မြောက် ဆင်ဂဲလ် အယ်(လ)ဘမ် ဖြစ်သော Relapse အမည်ရှိ အယ်(လ)ဘမ် ကို မေ လ ၁၅ ရက် နေ့ တွင် ထုတ်ဝေဖြန့် ချိမည် ဟု သတင်းထုတ်ပြန်သည်။

တားမြစ်မူးယစ်ဆေးဝါးများဖြင့် အနုပညာ ဒီဇိုင်းဖန် တီးထားသော Relapse အယ်(လ)ဘမ်ကာဗာကို ဧပြီလ ၂၁ ရက် နေ့ က လူသုံးများသော Twitter ၀ဘ်ဆိုတ် မှ တစ်ဆင့်ပရိသတ် သို့ အသိပေးခဲ့သည်။အမေရိကန် ဒီဇိုင်းနာ နှင့် အနူပညာရှင် Edgy ဆွဲပေးထားသော ထို ဒီဇိုင်းမှာ လူကြိုက် များမှုလည်းရှိ သကဲ့ သို့ အငြင်းပွားမှု လည်း ရှိနေသည်။
Continue reading “ငါးနှစ်ကြာ အချိန်ယူခဲ့ရသည့် အမ်မီနမ် ၏ ဆဌမ မြောက်အယ်(လ)ဘမ်သစ် Relapse”

အဘီဆစ် က ဇွန်လတွင် တို့လို့တန်းလန်း အာဆီယံ အစည်း အဝေးကို ပြန်လုပ်မည်ဟုပြော မြေအောက် ဆင်းသွားသည့် အနီဝတ် ခေါင်းဆောင် ဂျာကရာပေါဒ် က လက်စမသတ်ရသေးသော တော်လှန်ရေးကို ပြန်စမည် ဟုဆို

၂၁ ဧပြီ ဘန်ကောက်၊                ၊Freedom News Group

အာဆီယံ ဆွေးနွေးပွဲ ကို စီးနင်းရန် အမိန့် ပေးခဲ့သူUDD ခေါင်းဆောင် ဂျာကရာပေါဒ်  (AP Photo/Apichart Weerawong)
အာဆီယံ ဆွေးနွေးပွဲ ကို စီးနင်းရန် အမိန့် ပေးခဲ့သူUDD ခေါင်းဆောင် ဂျာကရာပေါဒ် (AP Photo/Apichart Weerawong)

အက်ဒမန်ပင် လယ်ပြင် ကြီးကိုမေးတင် လျှက်ရှိသော ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေအပန်းဖြေစခန်းမြို့ တွင် ဇွန်လဉ် ရွှေ့ဆိုင်းခဲ့သော အာဆီယံ အစည်းအဝေးကြီး ပြန်စမည် ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ် က ယနေ့ သတင်းထောက်များကို ပြောသည်။

ဧပြီလ ၁၁ ရက် နေ့ က အာဆီယံ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ ပတ္တယား တွင် ကျင်းပနေစဉ်UDD ဟုခေါ်သည့် အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦး နှင့် ထိပ်တိုက် တွေ့ ပြီး ဆွေးနွေးပွဲကို အရေးပေါ်ဖျက် သိမ်းခဲ့ရသည်။ Continue reading “အဘီဆစ် က ဇွန်လတွင် တို့လို့တန်းလန်း အာဆီယံ အစည်း အဝေးကို ပြန်လုပ်မည်ဟုပြော မြေအောက် ဆင်းသွားသည့် အနီဝတ် ခေါင်းဆောင် ဂျာကရာပေါဒ် က လက်စမသတ်ရသေးသော တော်လှန်ရေးကို ပြန်စမည် ဟုဆို”

တစ်ကမ္ဘာလုံးစိတ် ၀င်စားစေခဲ့သော ဗြိတိသျှ သတင်းစာ ၏ လုပ်ကြံသတင်းကြီးကို ဖွင့်ချလိုက်ပြီ

၂၁ ဧပြီ လန်ဒန်၊              ၊ဘီဘီစီ

မွမ်ဘိုင်းဟိုတယ် တွင် အာရပ်သူဌေးယောင်ဆောင် ထားသော သတင်းထောက် နှစ်ယောက်(မျက်နှာ ပိတ်ထားသူ)နှင့် အတူတွေ့ ရသော Slumdog ကလေးငယ် နှင့် အတူတွေ့ ရသော သူ့ ဖခင် နှင့်ဦးလေး
မွမ်ဘိုင်းဟိုတယ် တွင် အာရပ်သူဌေးယောင်ဆောင် ထားသော သတင်းထောက် နှစ်ယောက်(မျက်နှာ ပိတ်ထားသူ)နှင့် အတူတွေ့ ရသော Slumdog ကလေးငယ် နှင့် အတူတွေ့ ရသော သူ့ ဖခင် နှင့်ဦးလေး

ဗြိတိသျှ နာမည် ကျော် သတင်းစာ News of the World သတင်းစာမှ သတင်းထောက် တစ်ဦးက အာရပ် သူဌေးတစ်ဦးယောင် ဆောင်ပြီး အော်စကာဆုရ Slumdog Millionaire
ဇာတ်ကားမှ ကလေး အဖေ နှင့် တွေ့ ဆုံကာ ကလေးကို မွေးစားရန် ၀ယ်လိုကြောင်းဆွေးနွေး ပြီးနောက် ၎င်းတို့ ၏ သတင်းစာ တွင် ကလေးကိုရောင်းစားသော
အဖေ ဟု သတင်းလုပ် ဖေါ်ပြမှု ဖြစ်ပွားခဲ့သည်။
Continue reading “တစ်ကမ္ဘာလုံးစိတ် ၀င်စားစေခဲ့သော ဗြိတိသျှ သတင်းစာ ၏ လုပ်ကြံသတင်းကြီးကို ဖွင့်ချလိုက်ပြီ”

ထောင်ဒဏ်ချမှတ် ခံရသော သတင်းထောက် ပြန်လွှတ်ပေးရန် အီရန် ကို အမေရိကန် တောင်းဆို

၂၀  ဧပြီ တီဟီရန်၊               ၊အေပီ

File photo of US-Iranian journalist Roxana Saberi posing for a photograph in Bam, 1,250 km (776 miles) southeast of Tehran March 31, 2004. An Iranian court has sentenced Iranian-American freelance journalist Roxana Saberi to eight years in jail, her lawyer told Reuters April 18, 2009. Saberi was accused of spying for the United States.    REUTERS/Stringer/Files
အီရန်နိုင်ငံတွင်ထောင်ဒဏ်ချ မှတ်ခံရသောအမေရိကန်သ တင်းထောက် Roxana Saberi REUTERS/Stringer

အမေရိကန် အမျိုးသမီး သတင်းထောက် တစ်ဦးကို အီရန် နိုင်ငံ ကသူလျှိုလုပ်သည် ဟု စွပ်စွဲ
ချက်ဖြင့် အီရန် နိုင်ငံ က ဧပြီလ ၁၈ ရက် နေ့ ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခဲ့ရာ အိုဘားမား ကပြန်
လွှတ်ပေးဖို့ တောင်းဆိုသည်။

အသက် ၃၁ နှစ် အရွယ်ရှိ ရိုဆန်နာ ဆာဘာရီ မှာ National Public Radio နှင့် BBC သတင်း
ဌာန အတွက် အီရန် နိုင်ငံမှ သတင်းများကို ရေးသားပေးပို့ နေသူဖြစ်သည်။ သူမ၏ ဖခင်မှာ အီရန်
လူမျိုးတစ်ယောက် ဖြစ်ပြီး ဆာဘာရီမှာ အမေရိကန် နိုင်ငံ မြောက်ဒါကိုတာ တွင် မွေးဖွားကြီးပြင်း
ခဲ့သူဖြစ်သည်။
Continue reading “ထောင်ဒဏ်ချမှတ် ခံရသော သတင်းထောက် ပြန်လွှတ်ပေးရန် အီရန် ကို အမေရိကန် တောင်းဆို”

ပီအေဒီ ခေါင်းဆောင် ကို အနီဝတ်များက ချုံခို လုပ်ကြံ (သတင်းနှင့် ထိုင်းနိုင်ငံရေး သုံးသပ်ချက်)

၁၇ ဧပြီ ဘန်ကောက်၊              ၊Freedom News Group

သေနတ် ဒဏ်ရာများဖြင့်ဆွန်ထိ လင်သောင်ကူး ဓာတ်ပုံ-အေပီ
သေနတ် ဒဏ်ရာများဖြင့်ဆွန်ထိ လင်သောင်ကူး ဓာတ်ပုံ-အေပီ

သက်ဆင် အုပ်စု ကို ဆန့် ကျင်သည့် ထိုင်း နိုင်ငံရေးလှုပ်ရှားမှု အုပ်စု တစ်ခုဖြစ်သည့် People’s Alliance For Democracy ကိုစတင်တည် ထောင်သူနှင့် မီဒီယာလုပ်ငန်းပိုင်ရှင်အသက် ၆၁ နှစ်အရွယ် ရှိ ပီအေဒီ ခေါင်းဆောင် ဆွန်ထိ လင်သောင်ကူး မှာ သောကြာနေ့ မနက် အာရုံ တက် ချိန်က သေနတ်သမားများ၏လုပ်ကြံမှု ဖြစ်ပွားခဲ့ပြီး ဦးခေါင်း နှင့် ခန္တာကို ယ် အနှံ တွင် သေနတ် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံတွင်အတွင်းလူ နာအဖြစ် တက်ရောက်ကုသခံနေ ရသည်။
Continue reading “ပီအေဒီ ခေါင်းဆောင် ကို အနီဝတ်များက ချုံခို လုပ်ကြံ (သတင်းနှင့် ထိုင်းနိုင်ငံရေး သုံးသပ်ချက်)”

ဆွန်ခန် ပွဲတော်ကာလ အတွင်းယာဉ်တိုက်မှု ကြောင့်သေဆုံးသူ ၂၇၂ ဦးနှင့် ဒဏ်ရာရသူ ၃၃၇၅ ဦးရှိ

၁၅ ဧပြီ ချင်းမိုင် ထိုင်း ၊           ၊Freedom News Group

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် ရေကစားထွက်ကြသူများ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် ရေကစားထွက်ကြသူများ

ထိုင်းနိုင်ငံ ဆွန်ခန် ရေသဘင်ပွဲ တော်ကာလအတွင်းမော်တော်ယာဉ် တိုက်မှု ၁၉၅၆ မှုရှိခဲ့ပြီး သေဆုံးသူ သေဆုံးသူ ၂၇၂ ဦးနှင့် ဒဏ်ရာရသူ ၃၃၇၅ ဦးရှိသည် ဟု ပြည်ထဲရေးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦး၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီးMCOT ရုပ်သံကကြေငြာ ခဲ့သည်။

ယာဉ်တိုက် မှုအများစုမှာ အရက်သေစာ သောက်စားထားခြင်းနှင့် အရှိန်မြှင့်မောင်းနှင်မှုတို့ ကြောင့်
ဖြစ်သည် ဟုသိရသည်။ယာဉ်တိုက်မှုကြောင့် သေဆုံးရမှု အများစုမှာ နိုင်ငံမြောက်ပိုင်း ချင်းမိုင် နှင့်ချင်းရိုင်းတွင်ဖြစ်သည်။
Continue reading “ဆွန်ခန် ပွဲတော်ကာလ အတွင်းယာဉ်တိုက်မှု ကြောင့်သေဆုံးသူ ၂၇၂ ဦးနှင့် ဒဏ်ရာရသူ ၃၃၇၅ ဦးရှိ”

မြန်မာ ရွှေ့ ပြောင်းအလုပ်သမားအများစုရှိ ရာထိုင်းနိုင်ငံ မဲဆောက် သင်္ကြန် အထူးစည်ကား

၁၅ ဧပြီ မဲဆောက်၊                ၊Freedom News Group


မဲဆောက်မြို့ တွင်းသင်္ကြန်လည်ပတ်သူများဖြင့်စည်ကားလျှက်ရှိစဉ် ဓာတ်ပုံ-FNG
မဲဆောက်မြို့ တွင်းသင်္ကြန်လည်ပတ်သူများဖြင့်စည်ကားလျှက်ရှိစဉ် ဓာတ်ပုံ-FNG

သင်္ကြန်ကာလ မြန်မာ ပန်းခြံ များက ၀င်ကြေး အဆမတန်ကောက်ခံ သော်လည်း ထိုင်းနိုင်ငံရှိ ပန်းခြံများမှာ  မည်သည့် အချိန် တွင်မှ အများပြည်သူ အတွက် ၀င်ကြေးမကောက်

ထိုင်းနိုင်ငံမြို့ တော် ဘန်ကောက် အပါအ၀င် အခြားမြို့ များဉ် အရေးပေါ် အခြေအနေ ကြေညာထားမှုကြောင့် ဆွန်ခန် သင်္ကြန်ပွဲတော် ကာ လမှာ သွေးထွက် သံယို များဖြင့်စည် ကားမှု မရှိသော် လည်း မြန်မာ ရွှေ့ ပြောင်း လုပ်သားအများစု ရှိသည့်  ထိုင်း-မြန်မာ နယ်စပ် မြို့ လေးဖြစ်သည့် မဲဆောက်မြို့ မှာ အထူးပင်စည်ကားသည် ဟု သတင်းရရှိသည်။ Continue reading “မြန်မာ ရွှေ့ ပြောင်းအလုပ်သမားအများစုရှိ ရာထိုင်းနိုင်ငံ မဲဆောက် သင်္ကြန် အထူးစည်ကား”

ထိုင်း ဆွန်ခန် ပွဲတော် အားလပ်ရက် ကို အစိုးရက နှစ်ရက်ထပ်တိုး

၁၄ ဧပြီ  ဘန်ကောက်၊           ၊Freedom News Group
redshirt
ထိုင်းနိုင်ငံ ၏ ဆွန်ခန်ပွဲတော် အားလပ်ရက် ကိုသောကြာနေ့ ၁၇ ရက် ထိ ရက်ထပ်မံတိုးမြှင့်လိုက်
သည် ဟု အစိုးရကပြောရေးဆိုခွင့်ရှိသူ ပဏ္ဏိတ ၀ထ်ထန ယာဂွန်က  ယနေ့ ရုပ်သံမှကြေငြာသည်။
မူလဆွန် ခန် ပွဲတော် အားလပ်ရက်မှာ ဗုဒ္ဓဟူးနေ့  ၁၅ ရက် တွင် ကုန်ဆုံးမည် ဖြစ်သော်လည်း ထိုင်း
နိုင်ငံတွင်း ရှိ အချို့ မြို့ များတွင် အကြမ်းဖက် ဆန္ဒပြမှုကြောင့် အစိုးရ ကထိုသို့ ရက်တိုးမြှင့်လိုက်ခြင်း
ဖြစ်သည်။
Continue reading “ထိုင်း ဆွန်ခန် ပွဲတော် အားလပ်ရက် ကို အစိုးရက နှစ်ရက်ထပ်တိုး”