မြန်မာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဘန်ကောက်တွင် ထိုင်းနှင့်မြန်မာများက လှုံ့ဆော်


မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံတကာလှုံ
ဆော်ပွဲတရပ်ကို ယမန်နေ့ညနေ ၆နာရီခွဲအချိန်ခန့်က ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ International Art & Culture Centre တွင်ကျင်းပခဲ့သည်ဟု သတင်းရရှိသည်။
ထိုအခမ်းအနားတွင် ဗမာ(ထိုင်းအသံထွက်ဖြင့် ဖမာ့) ဟူသောစကားကို ထိုင်းဘာသာဖြင့်ရေး
ထားသော တီရှပ်ကို ၀တ်ဆင်ထားသည့် ထိုင်းလူမျိုးများက လည်း မြန်မာနိုင်ငံရေးအကျဉ်းသား
များလွတ်မြောက်ရေး အတွက်ပါဝင်ဆန္ဒပြခဲ့သည်ဟု သိရသည်။ထို အခမ်းအနာကို ဦးဆောင်
ကျင်းပသည့် Peace for Burma အဖွဲ့မှ ကိုကျော်လင်းဦး က “အကျဉ်းသားဝတ်စုံတွေ ခြေကျင်း
တွေခတ်ပြီး ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေ ကို သရုပ်ဖေါ်ပြတယ်။နောက်
ဖယောင်းတိုင် မီးတွေ စင်တာအရှေ့မှာ ထွန်းပြီး နိုင်ငံရေး အကျဉ်းသားတွေလွတ်ဖို့ ဆုတောင်း
တယ်” ဟု Freedom News Group သို့ပြောသည်။ Continue reading “မြန်မာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဘန်ကောက်တွင် ထိုင်းနှင့်မြန်မာများက လှုံ့ဆော်”















