၂၀၁၀ ကို ပြန်ကြည့်သော်

၂၀၁၀ သည် ရက်များ စွာမကြာမှီမှာပင် ကမ္ဘာမြေကြီး အား နှုတ်ဆက် ထွက်ခွာ၍ သွားပေတော့မည်
ဖြစ်သည်။ ထောင်စု နှစ် တစ်ခု ၏ ပထမဦး ဆယ်စု နှစ် ဖြစ်သော ၂၀၁၀ ဆို သည့် ထို နှစ် ကာလသည် ကနဦး မိတ်ဆက် သဘောဖြင့် ဇန်န၀ါရီ လ ၁၂  ရက်နေ့ တွင်  လူ့ အသက် ပေါင်း
နှစ်သိန်း ငါးသောင်း ကျော် ကို အစမ်း  မိတ်ဆက် သဘော အနေဖြင့် နှုတ်ယူသွားခဲ့သည်။

၂၀၁၀ ခုနှစ် သည် ကမ္ဘာ တစ်ဝှမ်း ရှိ အစိုးရ များ တစ် နည်း မဟုတ် တစ်နည်း စိန်ခေါ်ခံရခြင်း(သို့ မဟုတ်) စိန်ခေါ်မှုများ နှင့် ရင်ဆိုင်ရသော နှစ် ကာလ တစ်ခု လည်း ဖြစ်သည်။ ကီရ်ဂျက်စတန်မှာ သည် ဘန်ကောက် ထိ
ပါရီ မှသည် ၀ါရှင်တန် ထိ အစိုးရများ သည် ပွင့်လင်း မြင် သာမှု နှင့် ပြောင်းလဲမှု များ အတွက် အစမ်းသပ် ခံဖြစ်ခဲ့ရသည်။

၂၀၁၀ တွင် ၀ီကီလိခ် ဆိုသည့် အကျိုးအမြတ် မယူသည့် အင်တာနက် လှုပ်ရှားမှု တစ်ခု က အမေရိကန် အစိုးရ၏ နိုင်ငံတကာသံရုံး များ ၏ သံတမန်များ ပေး စာ သိန်းပေါင်းများ စွာ ကို ဖွင့်ချ ဖော်ထုတ်သည့် လှုပ်ရှားမှု သည် မော်စကို မှ သည် တီဟီရန် ၊ နေပြည်တော် မှ သည် ၀ါရှင်တန် ထိ တုန် လှုပ် သွားခဲ့ရသည်။ Continue reading “၂၀၁၀ ကို ပြန်ကြည့်သော်”

ဘိန်းဘုရင် အိုကြီး ၏ နောက်ဆုံး နေ့ များ

The Last Days of  Senior  Drug lord by Tin Kyaw Kyaw Soe
တင်ကျော်ကျော်စိုး ၊          ၊မြန်မာ ပြည်သူ လူထု
တစ်ရပ် လုံးက နိုင်ငံရေး အပြောင်း အလဲ ကို အာရုံ
စိုက်နေ ချိန် တွင် နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေး Continue reading “ဘိန်းဘုရင် အိုကြီး ၏ နောက်ဆုံး နေ့ များ”

အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း

လူထု စိန်ဝင်း

နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နှစ်ပေါင်းငါးဆယ်နီးပါး နေထိုင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်တစ်လောက
အလည်ပြန်လာရင်နဲ့ အိမ်ကိုရောက်ချလာပါတယ်။ ခုနှစ်ဆယ်အရွယ် အဘိုးကြီးနှစ်ယောက်
မင်းတစ်လုံးငါတစ်လုံးနဲ့ စကားတွေအားရပါးရ အကြာကြီးပြောကြပါတယ်။

နန်းတော်တိုင် ဖက်မွေးသူ

သူက အများဆုံးပြောသူပါ။ ငယ်စရိုက်ကတော့ သေတဲ့အထိပျောက်မှာ မဟုတ်ပါဘူး။ ငယ်ငယ်တည်းကလည်း မောင်းကွဲသံကြီးနဲ့ စကားတဖောင်းဖောင်းပြောတတ်သူ ဖြစ်ပါတယ်။ “ဟေ့ကောင်ကြီး၊ ဗမာစကားပြောတတ်သေးရဲ့လား” လို့ ကျီစယ်တော့ “နန်းတော်တိုင်ဖက်မွေးတဲ့ မန္တလေးသားစစ်စစ်ပါကွ၊ ဘယ်ရောက်နေနေ ဗမာဟာ ဗမာပါပဲ” လို့ မောင်းကွဲသံကြီးနဲ့ ပြန်ဖြေတယ်။ နောက်တော့ ဗမာစကားတွေကို မြိန်ရေရှက်ရေနဲ့ မနားတမ်းပြောပါတော့တယ်။ သူအသက်လည်း ခုနစ်ဆယ်ရှိပါပြီ။ အလုပ်ဆက်လုပ်နေ သေးတယ်လို့ ပြောပြတယ်။ သူကစိတ်အထူးဆရာဝန်ကြီးပါ။ ဆေးရုံက အနားယူလိုက်ပြီ ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး ဆက်လုပ်နေတာဖြစ်တယ်။ Continue reading “အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း”

ကချင် ပြည်နယ် မြစ်ဆုံဒေသရဲ့ အတွေ့အကြုံ

ခရီးသွားဆောင်းပါး

မြစ်ကြီး နား မြစ်ဆုံဒေသတွင် ဆည်တည်ဆောက်မှုကြောင့် သဘာဝ အလှ မပများလည်း ပျက်စီးပြီး လူနေအိမ်ခြေများ လည်းရွေှ့ပြောင်းပေးရသည်။ Freedom News Group

မကြာသေးမီကာလ (ယခုနှစ် နိုဝင်ဘာလ၏ ပထမအပတ်) က မြစ်ကြီးနာမြို့နဲ့
ပတ်ဝန်းကျင်ကို ခရီးရောက်ခဲ့ပါတယ်။ အဲဒီထဲမှာမှ မြန်မာနိုင်ငံ၊ကချင်ပြည်နယ်ရဲ
့ ပြယုဂ်တစ်ခုဖြစ်တဲ့ မြစ်ဆုံကိုလဲ သွားဖြစ်ခဲ့တာပေါ့။တိုးတက်လာသော နိုင်ငံ၏အစိတ်
အပိုင်းတွေဖြစ်တဲ့လမ်းတံတားတွေကောင်းမွန်လာလို့ သာဓုခေါ်မိပါတယ်။ မြစ်ကြီးနား
ကနေမြစ်ဆုံအထိက 28 မိုင်ရှိရာက မိုင် 20 က ကွန်ကရစ်လမ်းကြီးကို Continue reading “ကချင် ပြည်နယ် မြစ်ဆုံဒေသရဲ့ အတွေ့အကြုံ”

မိန်းကလေးတွေ ဘာလို့ အလည် လွန်ကြရ တာလဲ

ဟိန်းခိုင်ထွန်း၊                  ၊ဆယ်စု နှစ် တစ်စု ကျော်တိုင်း မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လေ့ရှိသည့် ပြောင်းလဲမှု
လှိုင်းများ၏ ရိုက်ခတ်မှုဒဏ်ကို ယခု တစ်ခါတွင် အခံရဆုံး ဖြစ်သည် မှာ မြန်မာ အမျိုးသမီးငယ်များ ဖြစ်သည်
ဟု နိုင်ငံတကာ အိုင်ဒီယာများ ကို ဘာသာပြန်ဆို နေသည့် မြန်မာ စာရေးဆရာ လူငယ် တစ်ဦးက Freedom
News Groupသို့ ပြောသည်။ဆက်လက်ပြီး သူက “အိမ်က သမီးတွေ က လည်း အင်တာနက် ရှေ့ကနေ မခွာတော့ဘူး
ပိုပြီး တော့ ဗဟုသုတ တွေ ရှိလာတယ်၊ ဒါပေမယ့် သူတို့ တွေ က စိတ်ခံစားမှု နယ်ပယ် ကို ပိုပြီး ချဲ့ ခြင်လာ
ကြတယ် ထင်တယ် ဟု သုံးသပ် ပြောကြားသည်။ Continue reading “မိန်းကလေးတွေ ဘာလို့ အလည် လွန်ကြရ တာလဲ”

ဒေါ်အောင်ဆန်းစုကြည် တွစ်တာ သုံးရင် ဘာတွေ ဖြစ်လာနိုင်မလဲ


တင်ကျော်ကျော်စိုး
၊              ၊နောက်ဆုံး အကြိမ် နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက် လာခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည် က သူမ နေအိမ် အကျယ်ချုပ်မှ မလွတ်မြောက်ခင် ကတည်းက လူမှု ကွန်ယက်
အင်တာနက် ၀ဘ်ဆိုတ် တစ်ခုဖြစ်သည့် တွစ်တာ ကို အသုံးပြုလို ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်
မှာ လူငယ်များ နှင့် ထိတွေ့ ဆက်ဆံပြီး နိုင်ငံ အပြောင်း အလဲ အတွက် မျိုးဆက်သစ် များ ၏ အင်အား ဖြင့်
အရှိန် အဟုန်  မြင့်တင် ပြောင်း လဲ လိုခြင်းကို ရည်ရွယ် ပြောကြားခြင်း ဖြစ်သည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် တွစ်တာ သုံးရင် ဘာတွေ ဖြစ်လာနိုင်မလဲ”

မျိုးဆက်သစ် နဲ့ မျိုးဆက်ဟောင်း တိုက်ပွဲ

တင်ကျော်ကျော်စိုး၊           ၊မြန်မာ ဆယ်ကျော်သက် လူငယ်တွေ ဟာနအဖ စစ်အစိုးရ ဖြစ်စေချင်တဲ့
ပုံစံကနေ လုံးဝခွဲထွက်သွားပြီ လို့ မြန်မာ နိုင်ငံ မှာရောက် ရှိ နေတဲ့ အနောက်တိုင်း သတင်းထောက် တစ်ဦးက Myanmar I Report ကို ပြောပါတယ်။  ကျွန်တော် လွန်ခဲ့တဲ့ ငါးနှစ် က တစ်ခါရောက်တယ်။ ဒါနဲ့ ဆို တတိယ အကြိမ်မြောက် ပေါ့။ ဆယ်ကျော်သက် တွေ နဲ့ ကျွန်တော် စကားပြောပြီး သွားပြီ၊ အင်တာနက် ကဖေး တွေ သွားတယ်။ လူငယ် တစ်ချို့ ရဲ့ မြေအောက် ကပွဲ တွေ ကို ရောက်တယ်။ Continue reading “မျိုးဆက်သစ် နဲ့ မျိုးဆက်ဟောင်း တိုက်ပွဲ”

ပညာတတ်တာ ရေပေါ်ဆီ လား၊ လူထု ပုခုံးကိုနင်းပြီး ပေါ်ပြူလာ ဖြစ်ချင်တာ ရေပေါ်ဆီ လား

ကျော်လင်းဦး ၊    ၊စစ်အေးခေတ် ဒီဘက် အနှစ် ၂၀ လွန်လာပေမယ့် မြန်မာပြည်တွင်းမှာ လက်ဝဲ သံတွေ
မပျောက်သေး ပါ ဘူး။ အထူးသဖြင့် ဆိုရှယ်လစ် ခေတ်မှာ ခွက်ပျောက်ခဲ့ပြီး ဒီဘက် စစ်အစိုးရခေတ်မှာလည်း အဖက်လုပ် ခြင်းမခံရတဲ့ ၆၀ ကျော် ၇၀ တန်းအဖိုးကြီးတွေက ပိုပြီး ခပ်ညံညံ ပြောတတ်ကြပါတယ်။ ဒီလို ပြော
ဆိုမှုတွေ ကို နှစ်ခြိုက် သဘောကျသူတွေ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သူတို့တို့ရဲ့ ပြောဆိုမှုတွေဟာ ပြောင်းလဲလာ တဲ့ ခေတ်အခြေအနေအပေါ်မှာ သူတို့ အတွက် နေရာမရှိတော့လို့ စိတ်အချဉ်ပေါက်ရာကနေ ပေါ်ထွက် လာတယ် ဆိုတာတော့ သိသာထင်ရှားနေပါတယ်။ Continue reading “ပညာတတ်တာ ရေပေါ်ဆီ လား၊ လူထု ပုခုံးကိုနင်းပြီး ပေါ်ပြူလာ ဖြစ်ချင်တာ ရေပေါ်ဆီ လား”

NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အောင်မြင်မည် ဟု ပြည်သူတို့ ယူဆ

တင်ကျော်ကျော်စိုး၊       ၊ယခင် က ဘေးကျပ်နံကျပ် အခြေအနေ ဖြင့် မြေပေါ်တရားဝင် ပါတီ
အဖြစ်ရပ်တည်ကာ စစ်အစိုးရ ပြုတ်ကျရေး မြေအောက် အဖွဲ့ အစည်း အချို့ နှင့်တရားဝင် ပူးပေါင်းပြီး
မလုပ် နိုင်ခဲ့သောအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် စစ်အစိုးရ ၏ ယမန်နေ့ က တရားဝင် ပါတီ
အဖြစ်မှ ဖျက်သိမ်းသည် ဟူ သည့် ကြေညာချက် ကြောင့် အစိုးရ ဆန့် ကျင်ရေး လုပ်ငန်း များ ကို
မြေအောက် အဖွဲ့ အစည်း တစ်ရပ် အနေဖြင့် ပေါ်ပေါ် ထင်ထင် လုပ်ခွင့် ရသွားပြီ ဖြစ်သည်။ Continue reading “NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အောင်မြင်မည် ဟု ပြည်သူတို့ ယူဆ”

ဗုဒ္ဓစီးပွားရေး၊ ဗုဒ္ဓပညာရေးဖြင့် တိုးတက် ပျော်ရွှင်နေသည့် ဘူတန်နိုင်ငံ

(ဒေါက်တာ Jeffery D.Sachs မှာ ကိုလံဘီယာ တက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ နှင့် အန်ဂျလီနာ ဂျိုလီ ကို ကုလ ထောင်စုနှစ် စီမံကိန်း နှီးနှောပွဲ တစ်ခု တွင် တွေ့ ရစဉ်)

ရဲမြင့်ကျော် ။         ။သဘာဝအလှ ယဉ်ကျေးမှုဓန
တွေ ကြွယ်ဝတဲ့ ဟိမ၀န္တာ ဘုရင့်နိုင်ငံတော် ဘူတန်
ကနေ မကြာခင်က ကျနော် ပြန်လာခဲ့သည်။ ယနေ့အချိန်
တွင် ဘူတန် ဘုရင့်နိုင်ငံရဲ့ စီးပွားရေး လူမှုရေး ထူးထူး
ခြားခြား အောင်မြင်မှုတွေအပေါ် တစ်ကမ္ဘာလုံး တစ်နေ့ထက်
တစ်နေ့ ပိုစိတ်ဝင်စားကြ၊ မေးခွန်းထုတ်ကြ ဖြစ်နေကြရသည်။

ဘူတန်ရဲ့ ခက်ထန်ကြမ်းတမ်းတဲ့ ပထ၀ီ မြေမျက်နှာသွင်ပြင်က
ကျန်းမာကြံခိုင်တဲ့ လယ်သမားများနဲ့ တိရိစ္ဆာန် မွေးမြူသူများ
ပေါ်ထွက်လာစေသည်။ တိဘက်သမိုင်းနဲ့ ဆက်စပ်နေတဲ့
ဗုဒ္ဓယဉ်ကျေးမှုကလည်း အခိုင်အမာ အားကောင်းလျက်ရှိသည်။
ပြင်သစ်နိုင်ငံ အရွယ်အစားရှိတဲ့ နိုင်ငံမှာ လူဦးရေ
၇၀၀၀၀၀ က ကျိုးတိုးကျဲတဲ နေထိုင်ကြပြီး၊ နက်ရှိုင်းတဲ့
ချိုင့်ဝှမ်းတွေထဲမှာ စိုက်ပျိုးရေးလုပ်ကိုင်ကြ၊ တောင်ကုန်းမြင့်မြင့်တွေပေါ်
တိရိစ္ဆာန်တွေ မွေးမြူကြသည်။
ချိုင့်ဝှမ်းတစ်ခုချင်းစီကို ဘုန်းကြီးကျောင်းတွေ မြို့ရိုးခံတပ်ကြီး
တွေနဲ့ဝိုင်းပတ်ထားပြီး၊ အဆောက်အဦအားလုံးက
ရာစုနှစ်ပေါင်းများစွာရဲ့ ဆန်းပြားကြယ်ဝတဲ့ အနုပညာ
ပိသုကာလက်ရာများကို အထင်းသားဖော်ပြနေသည်။ Continue reading “ဗုဒ္ဓစီးပွားရေး၊ ဗုဒ္ဓပညာရေးဖြင့် တိုးတက် ပျော်ရွှင်နေသည့် ဘူတန်နိုင်ငံ”

ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး

 

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့ တွင် စစ်တပ်၏ ဖောက်ခွဲဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျောင်းသား သမဂ္ဂအဆောက် အဦ

 

ဒေါင်းလူငယ် ၊    ၊၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့သမိုင်းစာမျက်နှာ၌ ကံဆိုးမိုးမှောင်ကျသော နေ့တနေ့ဖြစ်သည်။ ထို့ပြင် ပါလီမန်ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင်အစိုးရ စတင်ပေါ်ထွန်းခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။ မှန်ပေသည်။ ထိုနေ့နံနက်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ (၀ါ) စစ်အာဏာရှင်တို့သည် သမ္မတ ဦးဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက် တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦး ဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရာဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူ မျိုးစုလွှတ်တော်ဥက္ကဋ္ဌ စ၀်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်၊ မိုးနဲစော်ဘွား စ၀်ပြည့်၊ လဲချင်းစော် ဘွား စ၀်နွဲ၊ သာမိုင်းခမ်းစော်ဘွား စ၀်ထွန်းအေး၊ ကျိုင်းတုံစော်ဘွား စ၀်ဆိုင်းလုံ၊ မွန်းလွန်းစော်ဘွား စ၀်ခွန်ကိုး၊ မိုင်းခွန်စော်ဘွားစ၀်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စ၀်ရွှေမှုံ၊ ဘော်စော်ဘွား စ၀်ခွန်အောင်၊ လွိုင်လင်စော် ဘွား စ၀်မိုးကျော်၊ ပင်းတယစော်ဘွား စ၀်ဝင်းကြည်၊ ရွာငံစော်ဘွား စ၀်ခွန်ရီ၊ မိုင်းပန်စော်ဘွား စ၀်ရွှေကြည်၊ စ ကားစော်ဘွား စ၀်ခွန်ညွန့်၊ မိုင်းလုံစော်ဘွား စ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္ဒီမြောက်ပိုင်းအမတ်)၊ စ၀် အောင်ပူး (လွိုင်လင်အရှေ့ပိုင်းအမတ်)၊ ဦးစံမြတ် (လွိုင်လင်အနောက်ပိုင်းအမတ်)၊ စ၀်ကျော်ခေါင် (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန် နော် (ကျိုင်းတုံအနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းစမ်းအမတ်)၊ ဦးလွန်း (စ ကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦး ကြာပု၊ ဦးမြတ် ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ကို ဖမ်းဆီး၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်လေ သည်။ Continue reading “ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး”

ဒလိုင်းလားမား ၇၅ နှစ်ပြည့် မွေးနေ့

ရဲမြင့်ကျော်၊                ၊ကမ္ဘာ့ အကျော်ကြားဆုံး ဗုဒ္ဓဘာသာ ရဟန်းဖြစ်သူ ၁၄ ဆက်မြောက် ဒလိုင်းလာမားသည်
ယနေ့ အင်္ဂါနေ့တွင် သက်တော် ၇၅ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ ၁၉၃၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် အရှေ့မြောက် တိဘက်ဒေသ၊ အမ်ဒို ပြည်နယ် လယ်သမား မိသားစုမှ ဖွားမြင်ခဲ့ပြီး၊ နှစ်နှစ်သား အရွယ်တွင် ၁၃ ဆက်မြောက် ဒလိုင်းလာမား ပြန်လည် ၀င်စားသူအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ယခု ဒလိုင်လာမား၏ သက်တော် ၇၅ နှစ်ပြည့် မွေးနေ့သည် ထူးခြားမှုများနှင့် ပြည့်နေသည်ဟု ဆိုကြသည်။ ပထမဆုံး ဒလိုင်လာမား Gedun Drupa (၁၃၉၁-၁၄၇၄) တစ်ဦးသာလျှင် သက်တော် ၇၅ နှစ်ထက် ပိုရှည်ပြီး၊ ၈၄ နှစ်အထိ နေနိုင်ခဲ့သည်။ Continue reading “ဒလိုင်းလားမား ၇၅ နှစ်ပြည့် မွေးနေ့”

သမိုင်းထဲက သတင်းများ (နယူးဒေလီရောက် မစ္စအောင်ဆန်း)


Online edition of India’s National Newspaper

ဂျူလိုင် ၃ရက်၊ ၁၉၆၀။ နယူးဒေလီရောက် မစ္စအောင်ဆန်း   

(အောင်မြင်(မုံရွာ) ဘာသာပြန်သည်)

မစ္စအောင်ဆန်းဟာ သံအမတ်ရာထူးတာဝန်ထမ်းဆောင်ရန်အိန္ဒိယနိုင်ငံကို ဂျုလိုင်လ ( ၂ )ရက်နေ့မှာရန်ကုန်မြို့ကနေ ထွက်ခွာလာပြီး နယူးဒေလီမြို့မှမစ္စအောင်ဆန်း ရောက်ရှိလာမှုနွေးထွေးစွာ ကြိုဆိုခဲ့သည်။ အိန္ဒိယနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများညီလာခံနှင့် အခြားအဖွဲအစည်းများမှ တာဝန်ရှိကိုယ်စားလှယ်များက မစ္စအောင်ဆန်းကို ပန်းကုံးများနှင့်ကြိုဆိုခဲ့ကြသည်။ Continue reading “သမိုင်းထဲက သတင်းများ (နယူးဒေလီရောက် မစ္စအောင်ဆန်း)”

ကမ္ဘာ့ဖလားနှင့် တောင်အာဖရိက အမျိုးသမီးများ

တောင်အာဖရိက လက်ရွေးစဉ် အမျိုးသမီး ဘောလုံးအသင်း (Photo by Lefty Shivambu/Gallo Images/Getty Images)

ဂျူးလီယက် တိုရိုမီ( ရဲမြင့်ကျော် ဘာသာပြန်သည်)

လွန်ခဲ့တဲ့ ၂၅နှစ် ကျမကို မွေးတဲ့ အချိန်လောက်မှာ အာဖရိကက အမျိုးသမီးတွေ ဘောလုံးပွဲအကြောင်း ပြောခဲလှပါတယ်။ လူမှုရေး တားမြစ်ချက် တစ်ခုလိုကို ဖြစ်နေခဲ့တာ။ အခုတော့ ဘာရမလဲ၊ ကျမနဲ့ ကျမ သူငယ်ချင်း အာဖရိကသူတွေ ထမင်းမေ့ ဟင်းမေ့ပေါ့။

ကင်ညာ နိုင်ငံမှာ ကျမ ကြီးပြင်းခဲ့ပါတယ်။ ကျမတို့ ကင်ညာ နိုင်ငံဟာ အင်္ဂလိပ် ပရီမီးယားလိဂ် အရူးအမူး ရောဂါ စွဲကပ်နေတဲ့ နိုင်ငံပါ။ အင်္ဂလန်ရဲ့ ကိုလိုနီ ဖြစ်ခဲ့ဖူးတာနဲ့ ဆိုင်မလား မသိဘူး။ ကင်ညာသားတွေ ပရိမီယားလဂ် အရူးအမူး ဖြစ်ပုံက သူများ နိုင်ငံက ဟာတွေထက် ပိုကဲ ပိုသည်းလွန်းတယ်။ Continue reading “ကမ္ဘာ့ဖလားနှင့် တောင်အာဖရိက အမျိုးသမီးများ”