ပြည်သူ အပေါ်ညှာတာ ထောက်ထားမှု ကင်းမဲ့ရာ တွင် အမေရိကန် ရှိ GOP (Grand Old Party) ဟု
ခေါ်သည့် ရီပတ်ဘလစ် ကန် ပါတီ နှင့် မြန်မာ စစ် အစိုးရ တို့ မှာ ကုလားကြီး နှင့် အရာကြီးသား ကွာ
သည် ဟု အမေရိကန် နိုင်ငံတွင် နှစ်ပေါင်း လေးဆယ်ခန့် ဆရာဝန် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့်
ညူးယောက် ပြည်နယ်မှ ဒေါက်တာ ဦးသိန်းထွန်း က Freedom News Group သို့ ပြောဖူးပါသည်။
ရွေးကောက်ပွဲ အကြွေးများ ဆပ်၍ မကြေသေးသည့် ၂၀၀၈ အောင်ဖျာလိပ် ဆီနိတ်တာ မက္ကိန်း တို့ အရီ
ဇိုးနား ပြည်နယ် မှ လူဝင်မှု ဥပဒေသစ် ထွက် လာပြန်တော့ ပရင်စတန် တက္ကသိုလ် ပါမောက္ခချုပ် က
ဘုရား……ဘုရား ….အလိုလေး ..အမေရိကန် မှ ဟုတ်ပါလေစ ဟု ညည်းတွားရသည် အထိ ဖြစ်ခဲ့သည်။
တစ်ချိန်က ကမ္ဘာ လှည့် ခရီးသွားများဖြင့် စည်ကာခဲ့သည့်  ဂရင်း ကင်ညွှန် ချောက်ကမ်းပါး၊တောတောင်
အလှများသည် ၎င်း တို့ ၏ ဥပဒေသစ်ကြောင့် အထီးကျန် ရတော့ မည် ဖြစ်သည် ဟု Homeland Security
မှ ဂျက်နက် နပိုလီက ပြောသည်။ဖိနစ် မြို့ မှ ကရင် ဒုက္ခသည် များ ကို ကူညီနေ သည့် အမေရိကန် နိုင်ငံသား
ရပ်(စ)တင်က ဒုက္ခသည် များ အပြင် ထွက် လျှင် အိုင်ဒီ ဆောင် သွားရန် PAPER PLEASE ဟု ပြောလျှင်
လည်း ID ကို ပြခိုင်းသည် ကို ပြောခြင်းဖြစ်ပြီး အသာတကြည် ထုတ်ပြရန် နှင့် ထွက်မပြေးရန် လိုက်လံသင်
ကြားပေးနေရသည်။
သို့ ဆိုလျှင် …လတ်တလော အမေရိကန် အခြေအနေများ ကို ရောင်ပြန် ဟပ်နေသည့် မိုးမခ မှ မောင်ရစ်၏
၂၀၁၀ ခုနှစ် ပထမ ၄ လပတ် အမေရိကန်ပြည်တွင်းရေး ပဋိပက္ခများ ကိုဖတ်ကြည့်ပါအုံး…
မောင်ရစ်
ဧပြီ ၃၀၊ ၂၀၁၀

ဟဲ ဟဲ …။ ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် လျောက်ရေးတာပါဗျာ။ ပြီးတော့ စာသားတွေက မဖြစ်စလောက် ချိုမိုင်မိုင် က သလိုမျိုး အပေါစားတွေ ရေးမှာပါ။ အရေးကြီးတာက စာခေါင်းစဉ်လောက်ဖတ်ပြီး ဆက်မဖတ်ကြရင် စာဖတ်သူတွေ စိတ်ထဲမှာ အမေရိကန်ပြည်ကြီးမှာ ပြည်တွင်းရေးပြဿနာတွေ ရှိနေပြီ ပဋိပက္ခတွေ ဖြစ်နေပြီလို့ မသိစိတ်က စွဲမှတ်သွားရင် မောင်ရစ် စာရေးရတာ အောင်မြင်ပြီ။ Continue reading “ဒီတစ်ပတ် အယ်ဒီတာ့ စိတ်ကြိုက် (မိုးမခ အင်တာနက် စာမျက်နှာမှ)”
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်