စာရေးဆရာမကြီး မြသန်းတင့် နှင့် ဖေဖေါ်ဝါရီလ ၁၂ ရက်လွတ်လပ်ရေးနေ့ 
ကလန်သံဗျင်

ပြည်ထောင်စု နေ့ ကိုယနေ့ လူငယ်တို့ မေ့လျှော့နေပြီ ဟု အင်တာနက်စာမျက်နှာ များတွင် ရက်ပိုင်းအတွင်း
ကပင်ဖတ်ဖြစ်ခဲ့သေးသည်။ ဖေဖော်ဝါရီလ တွင် ပြည်ထောင်စု နေ့ ၊မြန်မာ နိုင်ငံကလေးများနေ
့(ဗိုလ်ချုပ်အောင်ဆန်း မွေး နေ့ ) ၊စိန့် ဗယ်လင်တိုင်း နေ့ (ချစ်သူများနေ့ )စသဖြင့် ရှိရာ မြန်မာ လူမျိုးများ
နှင့် အသက်ဆိုင်ဆုံး ပြည်ထောင်စုနေ့ ၊ဗိုလ်ချုပ် မွေး နေ့ တို့ ကို ယနေ့ လူငယ်များက မေ့လျှော့ နေကြခြင်း
ဖြစ်သည်။ Continue reading “စာရေးဆရာမကြီး မြသန်းတင့် နှင့် ဖေဖေါ်ဝါရီလ ၁၂ ရက်လွတ်လပ်ရေးနေ့ ”






၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအား ဗြိတိသျှတို့က သိမ်းပိုက်ခဲ့ပြီးနောက် နည်းမျိုးစုံဖြင့် လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် နှစ်ပေါင်းရှည်ကြာစွာ လက်ရုံးရည်၊ နှလုံးရည်ကြိုးပမ်းမှုများဖြင့် စွမ်းဆောင်ခဲ့ကြရာ ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့၏ အကူအညီဖြင့် ဗြိတိသျတို့ကို မြန်မာ့မြေမှ တိုက်ထုတ်နိုင်ခဲ့ကြပေသည်။ ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်ဂျပန်ကို မြန်မာ့မြေမှ တိုက်ထုတ်ရာတွင် မြန်မာတို့အား အကူအညီပေးခဲ့သည့် ဗြိတိသျှတို့သည် မြန်မာ့မြေအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး မြန်မာနိုင်ငံအား စီမံအုပ်ချုပ်မည့် စက္ကူဖြူစီမံကိန်းကို ထုတ်ပြန်ကြေညာထားချိန်လည်း ဖြစ်သည်။ ၁၉၄၆ ခုနှစ်နှင့် ၁၉၄၇ ခုနှစ်တို့သည် မြန်မာ့လွတ်လပ်ရေးအရယူမှုတွင် အရေးပါဆုံးဖြစ်သည့် နှစ်များအနက်ပါဝင်သည့် နှစ်များလည်းဖြစ်ပြီး ယင်းကာလတွင် ဗြိတိသျှဘုရင်ခံဆာဟူးဘတ်ရန့်အစိုးရ၌ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)တို့ ပါဝင်လာပြီးနောက် ပြည်သူလူထုတစ်ရပ်လုံးသည် ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုအောက်တွင် ညီညွတ်စွာဖြင့် နှလုံးရည်ကိုအဓိကထားပြီး မြန်မာ့လွတ်လပ်ရေးကို အရယူလိုက်နိုင်သည့် သမိုင်းစာမျက်နှာများစွာအနက်မှအချို့ကို (၆၂)မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမှတ်တရ ထုတ်နှုတ်ဖော်ပြလိုက်ရပါသည်။

