နိုင်ငံတကာလက်နက်မှောင်ခိုဈေးကွက် တွင် မြန်မာနိုင်ငံပတ်သက်နေ ဟု ဒေသတွင်းနိုင်ငံတို့ ယူဆ

၁၆ ဒီဇင်ဘာ ဘန်ကောက်၊                        ၊Freedom News Group

Is Myanmar Networking Illegal Armed Trade ?

မြောက်ကိုရီးယားမှာသယ်ဆောင်လာသည့် လက်နက်တန်ချိန် ၃၅ တန် ကို လေယာဉ်ပေါ်မှ သယ်ချနေစဉ် ဓာတ်ပုံ-အေပီ

စနေနေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ဒွန်မောင်းလေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် မြောက်ကိုရီးယားမှ ဒုံးလက်နက် ၃၅ တန် တင်ဆောင်လာသော ဘီလာရုစ် နိုင်ငံပိုင်လေယာဉ် သည်  မြန်မာ နိုင်ငံ ရန်ကုန် မြို့ တွင် ဆီဖြည့်ရန် စီစဉ်ထား ခြင်းဖြစ်နိုင်သည် ဟု ထိုင်းနိုင်ငံရှိ အမေရိကန် အစိုးရ တာဝန်ရှိ သူများက ယူဆကြသည်။ Continue reading “နိုင်ငံတကာလက်နက်မှောင်ခိုဈေးကွက် တွင် မြန်မာနိုင်ငံပတ်သက်နေ ဟု ဒေသတွင်းနိုင်ငံတို့ ယူဆ”

၂၀၁၂ မှာတကယ်ပဲ ကမ္ဘာပျက်မှာလား

၂၆ နိုဝင်ဘာ ရန်ကုန် ၊                       ၊မြန်မာ နက္ခတ်ဗေဒ

2012 Phenomenon

ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြား အကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ် အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။
အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။ အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက် ထုတ်ခဲ့ပါတယ်)

ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြ ပါဘူး။ Continue reading “၂၀၁၂ မှာတကယ်ပဲ ကမ္ဘာပျက်မှာလား”

ခောတ်စားလာတဲ့ ကားမောင်းပြိုင်ပွဲများ

၁၃ နိုဝင်ဘာ ရန်ကုန် ၊                   ၊Freedom News Group

Illegal Street Racing In Rangoon

2009-shanghai-car-show-models-43နာမည်ကျော် ကြားလှသည့် Fast and Furious ရုပ်ရှင် ကားထဲကလို တရားမ၀င် လမ်းပေါ်ကားမောင်ပြိုင်ပွဲများမှာ ရန်ကုန် မြို့ ၏ ညများတွင် ပိုမို ခောတ်စားလာသည်
မှာ နှစ်နှစ် နီးပါးခန့် ရှိ ပြီးဖြစ်သော် လည်း ကမ်းနားလမ်း တစ်လျှောက် နှင့် ကန်တော်
ကြီးပတ်လမ်းတစ်လျှောက်မှာ ပိုမို၍ လူသိများသည့် သန်းခေါင်ယံ ရန်ကုန် ၏ ကား
ပြိုင်ပွဲများ ဖြစ်သည်။

 

လူသူတိတ်ဆိတ်သော စနေ သို့ မဟုတ် တနင်္ဂနွေည များတွင် ရန်ကုန် မြို့ ၏ နာမည်ကျော် ကမ်းနားလမ်း မ ကြီးပေါ်တွင် ကားပြိုင်ပွဲများကို တွေ့ ရလေ့ရှိပြီး Route တစ်ခုလျှင် ငါးစီးမှ ဆယ်စီး အထိ ပါဝင်ယှဉ် ပြိုင်သည် ဟု သိရသည်။ Continue reading “ခောတ်စားလာတဲ့ ကားမောင်းပြိုင်ပွဲများ”

တတိယ နိုင်ငံသို့ ထွက်ခွာမည့် မြန်မာ တိုင်းရင်းသားများ ဒုတိယ နိုင်ငံအဖြစ် မလေးရှားကို ပိုမို ရွေးချယ်လာကြ

၂၃ အောက်တိုဘာ ဘန်ကောက် ၊                       ၊Freedom News Group

Malaysia : A New Hope Of Burmese Ethnic Refugee

မလေးရှားသို့ ပြောင်းရွှေ့သွားသူများလာသဖြင့်  တိတ်ဆိတ် ခြောက်ကပ်သွားသည့် မဲလ ဒုက္ခသည်စခန်း
မလေးရှားသို့ ပြောင်းရွှေ့သွားသူများလာသဖြင့် တိတ်ဆိတ် ခြောက်ကပ်သွားသည့် မဲလ ဒုက္ခသည်စခန်း

အမေရိကန် ၊သြစတေးလျှ၊ဥရောပ စသည့် တတိယ နိုင်ငံသို့ ထွက်ခွာမည့် မြန်မာ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ဒုတိယနိုင်ငံအဖြစ် မလေးရှားနိုင်ငံကို ပိုမို ရွေး
ချယ်လာကြကြောင်း စုံစမ်းသိရှိရသည်။

ယခင်က တတိယ နိုင်ငံသို့  အခြေချကြမည့် တိုင်းရင်းသား အများစုမှာ ထိုင်းမြန်မာ နယ်စပ်ရှိ မဲလ၊နို့ ဘိုး နှင့် မယ်ဟောင်ဆန် စသည့် ဒုက္ခသည် စခန်းများမှ တစ်ဆင့်ထွက်ခွာကြသော်လည်း ယခုနှစ်လည် ပိုင်းမှ စ၍ မလေးရှားမှ တစ်ဆင့်ထွက်ခွာမှု ပိုမိုများပြားလာကြကြောင်းသိရသည်။ Continue reading “တတိယ နိုင်ငံသို့ ထွက်ခွာမည့် မြန်မာ တိုင်းရင်းသားများ ဒုတိယ နိုင်ငံအဖြစ် မလေးရှားကို ပိုမို ရွေးချယ်လာကြ”

မက္ကဆီကိုနယ်စပ်ကိုကျော်ဖြတ်ပြီး အမေရိကန် နိုင်ငံတွင်းဝင်ရောက်ကြသူများ

၁၃ အောက်တိုဘာ ကာလီဖိုးနီးယား ၊                           ၊Freedom News

Myanmar Cross Mexico Border And Into The U.S.

မက္ကဆီကိုနယ်စပ်နှင့်ထိစပ်နေသည့် အမေရိကန် နိုင်ငံဆန်ဒီယေးဂိုးမြို့ ဓာတ်ပုံ-ဆန်ဒီယေးဂိုး မြူနီစပယ်
မက္ကဆီကိုနယ်စပ်နှင့်ထိစပ်နေသည့် အမေရိကန် နိုင်ငံဆန်ဒီယေးဂိုးမြို့ ဓာတ်ပုံ-ဆန်ဒီယေးဂိုး မြူနီစပယ်

ဒုက္ခသည် စခန်းတွေကနေ တစ်ဆင့် အမေရိကန် ထွက်သွားကြတဲ့ သူတွေထဲမှာ မြန်မာ လူမျိုးတွေ ၁၀ ရာခိုင်နှုန်းလောက်သာရှိပြီ အများစုကတော့ ကရင် နဲ့  အစ္စလမ် မစ်ဘာ
သာဝင် လူမျိုးတွေများတယ် လို့ မဲလ ဒုက္ခသည် စခန်းရဲ့ ဖလာ လို့ ခေါ်တဲ့ စခန်းတာဝန်ခံ
ချုလာချိုင်း က Freedom News Group ကို ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကနေ တတိယနိုင်ငံကို ထွက်ခွာသူတွေ ထဲမှာ ချင်းလူမျိုးတွေ အများစု မို့ မြန်မာ လူမျိုးတွေက ဒုက္ခသည် စခန်းတွေကနေ တတိယ
နိုင်ငံကိုထွက်ခွာ မှုများတယ် လို့ မဆိုနိုင်သေးပါဘူး။ Continue reading “မက္ကဆီကိုနယ်စပ်ကိုကျော်ဖြတ်ပြီး အမေရိကန် နိုင်ငံတွင်းဝင်ရောက်ကြသူများ”

ရန်ကုန်၊မန္တလေး နှင့် ကျောက်ဆည် သီတင်းကျွတ်ပွဲတော်

၃ အောက်တိုဘာ ရန်ကုန် ၊                           ၊ဟိန်းခိုင်းထွန် နှင့် ညွန့်သက်ထားဦး

Thidin Kyut Festival

Kyauk Se Sinမန္တလေး သီတင်းကျွတ်ပွဲတော် သည် ဈေးချို နှင့် ၈၄ လမ်း တစ်ဝိုက် နှင့် ဘုရားကြီး အနီးတ၀ိုက် တွင် ခြေကျင်လည်ပတ်သူများဖြင့် အတန်အသင့် စည်ကားမှု ရှိပြီး ၊ကျုံးပတ်
လည် ၊အိမ်တော် ရာဘုရား ၊ လမ်း ၈၀ တရုတ်တန်း တို့ တွင်မူ ကာရာအိုကေ သီချင်းဆို
ပြိုင်ပွဲများ ၊ ၀ါသနာရှင်များ ၏ သီဆိုဖျော်ဖြေမှု ပွဲစဉ်များ စတုဒီသာ တိုက်ကျွေးမှု များဖြင့်
စည်ကားမှု ရှိသည်။ ယခုနှစ် မန္တလေး သီတင်းကျွတ်သည် ယခင် နှစ်များထက် ပို၍ ချမ်း
စိမ့်စိမ့် နိုင်သည် ဟု မန္တလေးမြို့ ဆေးရုံကြီးမှ ဆရာဝန် တစ်ဦးက ပြောသည်။ Continue reading “ရန်ကုန်၊မန္တလေး နှင့် ကျောက်ဆည် သီတင်းကျွတ်ပွဲတော်”

အလင်းအမှောင်ကြားက ရန်ကုန်သီတင်းကျွတ် မီးထွန်းပွဲတော်

၃ အောက်တိုဘာ ရန်ကုန် ၊                        ၊သီတင်းကျွတ်လပြည့်နေ့ 

ကလန်သံဗျင်

အဖိတ်နေ့ ညနေက ရန်ကုန်မြို့တော်ခန်းမဘေးတွင် ချထားသည့် ရဲလုံထိန်းတပ်ဖွဲ့ ဝင်များ ဓာတ်ပုံ - အေပီ သတင်းဌာန
အဖိတ်နေ့ ညနေက ရန်ကုန်မြို့တော်ခန်းမဘေးတွင် ချထားသည့် ရဲလုံထိန်းတပ်ဖွဲ့ ဝင်များ ဓာတ်ပုံ - အေပီ သတင်းဌာန

Bang ဒိုင်း …… ဒိုင်း…………ရှုး ဖောင်း ………ဒိုင်း စသည့် အသံများသည် လူနေထူထပ်ရာ ရန်ကုန် မြို့ လမ်းများ တစ်လျှောက် ဆူညံစွာ ထွက်ပေါ်နေသည်။

အမှတ်တမဲ့ ဆိုလျှင် သေနတ် ပစ်ဖောက်သည့် အသံတစ်ခုကဲ့သို့ ထင်မှတ်စရာရှိသော်
လည်း သီတင်းကျွတ်ကာလ ကလေးသူငယ်များ၏ ဗျောက်အိုး ပစ်ဖောက် သံများက ထွက်
ပေါ်နေခြင်းဖြစ်သည်။ Continue reading “အလင်းအမှောင်ကြားက ရန်ကုန်သီတင်းကျွတ် မီးထွန်းပွဲတော်”

အာဏာအလွဲသုံးစားလုပ်မှု ၊ အကျင့်ပျက်လာဘ်စားမှု နှင့် အမိန့် မနာခံမှုများရှိနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို ဖျက်သိမ်းတော့မည် ဟု သတင်းများထွက်ပေါ်

၂၃ စက်တင်ဘာ ရန်ကုန် ၊                      ၊Freedom News Group

Special Report Of Myanmar Police Corruption

ရွှေဝါရောင် တော်လှန်ရေးဖြစ်ပွားစဉ်က သံဃာများကို ဖြိုခွဲရန် အသင့် ဖြစ်နေသည့် လက်နက်ကိုင် ရဲ လုံထိန်းများ ဓာတ်ပုံ-နယူးယောက်တိုင်း
ရွှေဝါရောင် တော်လှန်ရေးဖြစ်ပွားစဉ်က သံဃာများကို ဖြိုခွဲရန် အသင့် ဖြစ်နေသည့် လက်နက်ကိုင် ရဲ လုံထိန်းများ ဓာတ်ပုံ-နယူးယောက်တိုင်း

၂၀၀၄ ခုနှစ်က စစ်ထောက်လှမ်းရေး အဖွဲ့ ဝင်များကို ဖမ်းဆီးကာ စစ်ထောက်လှမ်းရေးအဖွဲ့ ကိုဖျက်သိမ်းခဲ့သလိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုလည်းဖျက်သိမ်းတော့မည် ဟု သတင်းများ ရန်ကုန် နှင့် နေပြည်တော်တွင် ထွက်ပေါ်နေသည် ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။ Continue reading “အာဏာအလွဲသုံးစားလုပ်မှု ၊ အကျင့်ပျက်လာဘ်စားမှု နှင့် အမိန့် မနာခံမှုများရှိနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို ဖျက်သိမ်းတော့မည် ဟု သတင်းများထွက်ပေါ်”

ကျန်းမာရေးမကောင်းသော နိုင်ငံရေးအကျဉ်းသားများ ဆေးရုံတက်ကုသခွင့်မပြု

၉ သြဂုတ် ရန်ကုန် ၊                       ၊စပယ်ထွန်း

Junta Ignores Political Prisoners Health Conditions

သရက်ထောင်တွင်းရှိ ထောင်ဒဏ် ၁၀၄ နှစ် အပြစ်ပေးခံထားရသည် အသက် ၂၂ နှစ်အရွယ်ရှိ ကျောင်းသား ကိုဘိုမင်းယုကို အား ဗကသ ၏ နာဂစ်ကယ်ဆယ်ရေးတွင်တွေ့ ရစဉ် (22 years old student leader Bo Min Yu Ko gets 104 years in Jail
သရက်ထောင်တွင်းရှိ ထောင်ဒဏ် ၁၀၄ နှစ် အပြစ်ပေးခံထားရသည် အသက် ၂၂ နှစ်အရွယ်ရှိ ကျောင်းသား ကိုဘိုမင်းယုကို အား ဗကသ ၏ နာဂစ်ကယ်ဆယ်ရေးတွင်တွေ့ ရစဉ် (22 years old student leader Bo Min Yu Ko gets 104 years in Jail

မော်လမြိုင် အကျဉ်းထောင် မှ ကိုချစ်မင်းလေး ၊ထောင်ဒဏ် ၁၀၄ နှစ်အပြစ်ပေးခံထားရသည့် အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင် ကိဘိုမင်းယုကို ၊ထောင်ဒဏ် နှစ်နှစ်ကျခံနေရသော News Watch ဂျာနယ်မှ ကိုဇော်ထွန်း နှင့်      ထောင်မှ နိုင်ငံရေးအကျဉ်းသူ မမြတ်ကေသီအောင် တို့ သည် ထောင်တွင်း၌ ကျန်းမာရေး
အခြေအနေ ဆိုးရွားလျှက်ရှိသော် လည်းထောင်အာဏာပိုင်များက ဆေးကုသခွင့်မပေးဟု
သတင်းရရှိသည်။

သရက် ထောင်တွင်ထိန်းသိမ်းခံထားရသည့် ကိုဘိုမင်းယုကို မှာ မန္တလေးတွင် ထောက်လှမ်းရေးက စစ်ဆေးမေးမြန်းစဉ် ရရှိခဲ့သော ဒဏ်ရာများ အပြင် မန္တလေး
အကျဉ်းထောင်တွင် တိုက်ပိတ်ထားစဉ်က ခြေထောက်များချိ၍ လမ်းကောင်းစွာမလျှောက်
နိုင်ဖြစ်ခဲ့ရသည်။ Continue reading “ကျန်းမာရေးမကောင်းသော နိုင်ငံရေးအကျဉ်းသားများ ဆေးရုံတက်ကုသခွင့်မပြု”

ဝ နှင့် ကိုးကန့်ကြောင့် ဘ၀ပျက်ခဲ့ရသည့် မြန်မာ နှင့် ရှမ်းလူမျိုး အချို့စစ်အစိုးရ ထိုးစစ်ကို နှစ်ထောင်းအားရရှိကြ (သတင်းဆောင်းပါး)

၆ စက်တင်ဘာ မန္တလေး၊                     ၊ညွန့် သက်ထားဦး

Myanmar Have Not Sympathizes Wa and Kokant

ဝ ခေါင်းဆောင်ပေါက်ယိုချန်း၏ သားမက် အိုက်ဟောင် ပိုင်ဆိုင်သော ရန်ကုန်မြို့ ရှိ ဘီအမ်အီး ညကလပ်
ဝ ခေါင်းဆောင်ပေါက်ယိုချန်း၏ သားမက် အိုက်ဟောင် ပိုင်ဆိုင်သော ရန်ကုန်မြို့ ရှိ ဘီအမ်အီး ညကလပ်

“ကျွန်မ သမီး တက္ကသိုလ် ကျောင်းသူလေးလေ ၉၈ ခုနှစ်မှာ ၀ တွေစီးလာတဲ့ကားဝင်
တိုက်မိ လို့ သေသွားတာ မောင်းလာတာက ၀ တပ်ဖွဲ့ က ဗိုလ်မှုး နောက်ကျတော့ ကားတောင် မမောင်းတတ်တဲ့ မြန်မာ တစ်ယောက် နဲ့ အစားထိုးတယ် မျက်မြင်သက်
တွေက ကားမောင်းတာ ဒီလူမဟုတ်ပါဘူးပြောတော့ ၀ တွေက အဲဒီသက်သေတွေကို
ခြိမ်းခြောက်တယ် ။ခင်ညွန့် ရဲ့ စစ်ထောက်လှမ်းရေးက လက်ပိုက်ကြည့်နေတယ်။ဟောအခု ၀ဍ် ပြန်လည်တော့မယ့် ကောင်းတယ်“ ဟု  အထူးဒေသ ၂ ဟုခေါ်သည့် ရန်ကုန်ရောက် ၀တပ်ဖွဲ့ ကြောင့် သမီးဖြစ်သူ ဆုံးပါးသွားခဲ့ရသူ အမေအို တစ်ဦးက Freedom News Group သို့ တစ်ချိန်က ကြုံခဲ့ရသည့် သူမ၏ သမီးဖြစ်သူ ဆုံးပါးသွားခဲ့ရပုံကို ဒေါသအပြည့်ဖြင့်ပြောသည်။ Continue reading “၀ နှင့် ကိုးကန့်ကြောင့် ဘ၀ပျက်ခဲ့ရသည့် မြန်မာ နှင့် ရှမ်းလူမျိုး အချို့စစ်အစိုးရ ထိုးစစ်ကို နှစ်ထောင်းအားရရှိကြ (သတင်းဆောင်းပါး)”

ဘော်ဒီ ပိန်းတင် ခေါ် ခန္တာကိုယ် ပေါ်တွင် ဆေးမှင်ကြောင် နှင့် အရုပ်ရေးချယ်မှုများ မြန်မာ အမျိုးသမီးငယ်များကြားတွင် ရေပန်းစားလာ (သတင်း ဆောင်းပါး)

Young Girls Tattooing For Sexy

ခန္တာကိုယ်ပေါ် တွင်ဆေးအလှခြယ်နေ သည့် မိန်းကလေး တစ်ဦး

မြို့ ပြနေ ဆယ်ကျော်သက် မြန်မ်ာမိန်းကလေးငယ်များ ကြားတွင် ခန္တာကိုယ်ပေါ်၌ ဆေးမှင်
ကြောင်ထိုးခြင်းနှင့်ဆေးမှင်ကြောင်ကဲ့သို့ သောအရုပ်များရေးထိုးခြင်းခောတ်စားလာသည်ဟုသိရသည်။

ထိုကဲ့သို့ ခောတ်စားရခြင်းမှာ နိုင်ငံတကာ ဖျော်ဖြေရေးရုပ်သံလိုင်းများဖြစ်သည့် Fashion TV(FTV) နှင့် MTV ရုပ်သံလိုင်းများကြောင့်ဖြစ်သလို မြန်မာမိန်းကလေးတို့ အကြိုက်ဟောလိဝုဒ် သရုပ်ဆောင်များ ခန္တာကိုယ် ပေါ်ရှိ
တက်တူး အလှကြောင့် ဖြစ်သည် ဟု သိရသည်။ Continue reading “ဘော်ဒီ ပိန်းတင် ခေါ် ခန္တာကိုယ် ပေါ်တွင် ဆေးမှင်ကြောင် နှင့် အရုပ်ရေးချယ်မှုများ မြန်မာ အမျိုးသမီးငယ်များကြားတွင် ရေပန်းစားလာ (သတင်း ဆောင်းပါး)”

မြန်မာတွေ ဆေးမင်ကြောင်ကို ဂုဏ်ယူစွာထိုးခဲ့ကြသည်(ပေါင်ဖြူရင် မယူချင်ဘူး)ဆောင်းပါး

၃ စက်တင်ဘာ ရန်ကုန် ၊                    ၊အိုးဘို (www.0bobeatz.wordpress.com)

Tattoo Culture Strikes Back in Burma

Body Art ခေါ် ခန္တာကိုယ်တွင် ဆေးမှင်ကြောင်ရုပ်များရေးဆွဲခြင်းမှာ စင်္ကာပူရှိ အမျိုးသမီးများ ကြားတွင်လည်းရေပန်းစားသည်
Body Art ခေါ် ခန္တာကိုယ်တွင် ဆေးမှင်ကြောင်ရုပ်များရေးဆွဲခြင်းမှာ စင်္ကာပူရှိ အမျိုးသမီးများ ကြားတွင်လည်းရေပန်းစားသည်

ဆေးမင်ကြောင် (Tattoo)ကို ယနေ့ခေတ် လူငယ်များ မိမိ ခန္ဓာကိုယ်ပေါ်တွင် နှစ်ခြိုက်စွာ ဆေးခြယ် လာကြသည်ကို တွေ့ရှိနေရသည်။ ယနေ့ခေတ် မြန်မာ သရုပ်ဆောင် လောကတွင် ၄င်းဆေးမင်ကြောင်များ ဂယက်သည် လူတိုင်းနီးပါး ကိုယ်ပေါ်၌ စွဲထင်လာ နေကြပေသည်ကို တွေ့ရှိနေရသည်။ အမျိုးသား၊ အမျိုးသမီးမှန်သမျှ အလှအပအဖြစ် ထိုးသွင်းနေကြသည်ကို တွေ့နေရသည်။ ၄င်း Tattoo ထိုးခြင်းသည် မြန်မာအနုပညာ လောကတွင် လွန်ခဲ့သော (၅၊၆)နှစ်မှစ၍ ခေတ်စား လာခဲ့သည်ကို တွေ့မြင်ပေရသည်။ ဆေးမင်ကြောင် ထိုးခြင်းနှင့် ပတ်သက်၍ ယနေ့ခေတ် လူငယ်များ သေသေချာချာ ဂဃနဏ သိသာစေရန် တင်ပြလိုက်ရပေသည်။ ဆေးမင်ကြောင် ဟူသည် လူ၏ကိုယ်ခန္ဓာ အရေပြားပေါ်တွင် စွဲမြဲစွာသေရာပါ ထင်နေစေရန် တုတ်၊ဆူးချွန် အစရှိသော အရာများဖြင့် ဆေးရောင်သွင်းကာ အရုပ်များ၊ အမှတ်အသားများ၊ စာများ၊ ပန်းကနုတ်များစသည်တို့ကို အလှအပအလို့ငှာ ထိုးခြင်းကို ခေါ်ဝေါ် ခြင်းဖြစ်သည်။ Continue reading “မြန်မာတွေ ဆေးမင်ကြောင်ကို ဂုဏ်ယူစွာထိုးခဲ့ကြသည်(ပေါင်ဖြူရင် မယူချင်ဘူး)ဆောင်းပါး”

ဂျပန်စီးပွားရေးကို ပြင်ဆင်နိုင်မည်ဟု ၀န်ကြီးချုပ်သစ်ကြွေးကြော်

2 September Yangon – -Planet News (www.planet.com.mm)

r3908862312တိုင်းပြည်၏ ယိုယွင်းနေသော စီးပွားရေးကို ပြုပြင်နိုင်ရန် အဓိကရည်ရွယ်ထားကြောင်း ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ်သစ် ယူကီအို ဟာတိုယာမာက ကြွေးကြော်လိုက်သည်။ ဩဂုတ်လ (၃၀)ရက်နေ့က ဂျပန်ရွေးကောက်ပွဲ ရလဒ်များကို ကြေညာရာ အတိုက်အခံပါတီခေါင်းဆောင် ဟာတိုယာမာက အနိုင်ရရှိပြီး ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရွေးချယ် ခံခဲ့ရသည်။ ဟာတိုယာမာက နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှု ပိုမိုကောင်းမွန်လာစေရန်၊ လုပ်သားများ၏ အခွင့်အရေး ပိုမိုရရှိလာစေရန်နှင့် အမေရိကန်စတိုင် စီးပွားရေးကို တွန်းလှန်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပြီး အစိုးရအနေနှင့် နိုင်ငံစီးပွားရေး ကျဆင်းနေမှုကို ပြန်လည်မြှင့်တင်ရန် ဦးဆောင်ဦးရွက် ပြုသွားမည်ဟု ကတိပြုခဲ့သည်။ Continue reading “ဂျပန်စီးပွားရေးကို ပြင်ဆင်နိုင်မည်ဟု ၀န်ကြီးချုပ်သစ်ကြွေးကြော်”

အမေရိကန် ၏ ကမ်းလှမ်းချက်ကို စစ်အစိုးရခေါင်းဆောင်များ လစ်လျှုရှုသည့် အတွက် တပ်တွင်းသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်

၂၆ ဇူလိုင် ရန်ကုန် ၊                    ၊Freedom News Group

U.S. Offers Hit Burma Regime

ဇူလိုင်လ ၂၄ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်အားအမှုစစ်ဆေးနေစဉ် အင်းစိန်ထောင်အနီးချထားသော လုံခြုံရေးအတားအဆီး
ဇူလိုင်လ ၂၄ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်အားအမှုစစ်ဆေးနေစဉ် အင်းစိန်ထောင်အနီးချထားသော လုံခြုံရေးအတားအဆီး

ယခင်သီတင်းပတ် ကဖူးခက် တွင် ကျင်းပခဲ့သည့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်လာ
သောအမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ကမ်းလှမ်းချက် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးပါက အမေရိကန်က အကူအညီ များပေးမည့် အပြင် တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု များပါပြုမည့် အစီအစဉ်ကို မြန်မာ စစ်ခေါင်းဆောင်များက မသိကျိုးကျွံပြုပြီး ဒေါ်အောင်ဆန်းစုကြည် အားဆက်လက် တရားစွဲဆိုနေခြင်းကို စစ်တပ်မှ အရာရှိငယ် တစ်ချို့ မကျေမနပ်ဖြစ်ကြသည် ဟု Freedom News Group မှ သတင်းရရှိသည်။

ယနေ့ ထုတ် စစ်အစိုးရ အာဘော် မြန်မာ့ အလင်း
သတင်းစာတွင် Continue reading “အမေရိကန် ၏ ကမ်းလှမ်းချက်ကို စစ်အစိုးရခေါင်းဆောင်များ လစ်လျှုရှုသည့် အတွက် တပ်တွင်းသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်”