စုံတွဲများ ချစ်တင်းနှောကြသည့် ဗီဒီယိုများ ရန်ကုန်လူငယ်ထုကြားတွင် ပျံ့နှံ့ နေခြင်း (သတင်းဆောင်းပါး)

၁၆ ဇွန် ရန်ကုန်၊               ၊ယူကွန်

Myanmar Mobile Phone Sex Video Widespread

မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူလူများကြားထဲတွင် Home Made ဆိုသော စကားတစ်ရပ်ရေပန်းစားလာ သည်မှာ မေလဆန်းပိုင်းကတည်းကဖြစ်သော် လည်း တစ်လခန့် အကြာတွင် ထိုဝေါဟာရ မှာ အင်တာနက် ကဖေးဆိုင် တို့ အား အသုံးပြုသူများပြားစေရန် ပိုမို ဆွဲဆောင်စေ နိုင်သော ဝေါ ဟာရ တစ်ရပ်ဖြစ်ခဲ့သည်။ Continue reading “စုံတွဲများ ချစ်တင်းနှောကြသည့် ဗီဒီယိုများ ရန်ကုန်လူငယ်ထုကြားတွင် ပျံ့နှံ့ နေခြင်း (သတင်းဆောင်းပါး)”

စင်္ကာပူ ၀န်ကြီးချုပ် ဟောင်းက ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆိုထားမှုသည် မြန်မာပြည်တွင်းရေးသာဖြစ်ဟုပြော

၉ ဇွန် ရန်ကုန်၊               ၊Freedom News Group

SM Goh says Suu Kyi trial should not be allowed to affect Myanmar’s elections   (သတင်းနှင့် သုံးသပ်ချက်)

Myanmar Singaporeစင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်တောင် ကမြန်မာနိုင်ငံသို့ လေးရက်ကြာ တရားဝင် အလည်အပတ်ခရီးစဉ် အတွင်း ယနေ့  စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် တွေ့ ဆုံအပြီးတွင် မန္တလေးမြို့ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ၌ ဒေါ်အောင်ဆန်းစု ကြည် အားတရားစွဲဆိုထားသည့်  ကိစ္စသည် နောင်နှစ် တွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက် ပွဲ အတွက် မည်သည့် အကျိုးသက်ရောက်မှုမျိုးမှ ဖြစ်ပေါ်လာနိုင် ဖွယ်မရှိ ဟု မှတ်ချက်ပေး ပြောကြားသွားခဲ့သည်။

ဂိုချုပ်တောင် က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးတရားစွဲ ဆိုထားသည့် ကိစ္စသည် မြန်မာပြည်တွင်းရေး ကိစ္စသာ ဖြစ်ပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက်မည်သို့ မှ အနှောင့်အယှက် မရှိ နိုင်ဟု ပြောကြားခဲ့သော် လည်း ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆို ထားခြင်းကို နိုင်ငံတကာမှ ပြစ်တင် ဝေဖန်မှု များအား စစ်အစိုးရမှ လစ်လှုရှု ထားသည့် အတွက်လည်း မိမိများစွာစိတ်ပျက် မိကြောင်း ထည့် သွင်းပြောကြားသွားသည်။ Continue reading “စင်္ကာပူ ၀န်ကြီးချုပ် ဟောင်းက ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆိုထားမှုသည် မြန်မာပြည်တွင်းရေးသာဖြစ်ဟုပြော”

တန်ခိုးကြီးဘုရားစေတီ များ ပြိုကျမှုကြောင့် ရာဇ၀င်မှာ ဘယ်လိုအပြောင်းအလဲ တွေဖြစ်ခဲ့သလဲ

၂ ဇွန် ရန်ကုန်    (ဆောင်းပါး) Omen Come True

ကလန်သံဗျင်

ဓနုတ်စေတီတော်အားမပြိုကျခင် မေလ၈ရက်နေ့ ကတွေ့ ရစဉ် ဓာတ်ပုံ-အေပီ
ဓနုတ်စေတီတော်အားမပြို ကျခင် မေလ၇ရက်နေ့ ကတွေ့ ရစဉ် ဓာတ်ပုံ-အေပီ

မေလ ၃၀ ရက်နေ့ မှာ ဒလမြို့နယ်ဓနုတ် ကျေးရွာစုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်
လောက်ကတည်းက တည်ထားခဲ့တဲ့ ဓနုတ် စေတီတော်ကြီး ပြိုကျပျက်စီးခဲ့ပါတယ်။ဓနုတ် စေတီတော်ရဲ့  သမိုင်း တစ်လျှောက်မှာ ဒီတစ်ခါ ပြိုကျပျက်စီးမှုဟာ အကြီးမားဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တယ် လို့ စေတီ တော် အနီးက ကျေးရွာတွေ မှာနေကြတဲ့ ရှေးမှီ နောက်မှီ လူကြီးတွေ က ပြောပြပါတယ်။

စေတီတော် ဟာလွတ်လပ်ရေးရပြီးကတည်းက ဆယ်ကြိမ်ထက် မနည်းပြိုကျခဲ့ပေမယ့် အခုတစ်
ခါ ပြိုကျမှု လောက် လူအသေအပျောက်မများပါဘူး၊အင်္ဂါနေ့ မနက်ထိ ဘုရားပရ၀ုဏ်
အပျက်အစီးတွေကြားကနေ သေဆုံးနေသူ တွေ ခုနှစ်ယောက် လောက် ထပ်တွေ့ တယ်ဆိုတာ
ကြောင့် သေဆုံး သူ အယောက် နှစ်ဆယ်လောက် အနည်းဆုံးရှိ မယ် လို့ ခန့် မှန်းလို့ ရပါတယ်။

ဓနုတ်စေတီတော် ပြိုကျတဲ့ သတင်းကို ကလန်သံဗျင်တို့ ပြည်တွင်းက သတင်းဂျာနယ်တွေ မှာ လုံးဝဖေါ်ပြခွင့်မရှိပါဘူး ဒါကြောင့် စာမျက်နှာတွေ အပိုင်စားရထားတဲ့ ကလန်သံဗျင်တို့ လို အယ်ဒီတာရင့်မကြီးတွေ တောင် ဘလောက်ဆရာ တွေကို မျက်နှာချိုပြန်သွေးရပါတယ်။ ဓနုတ်စေတီ တော်ပြိုကျတဲ့သတင်းကို ပြည်တွင်းမှာရေးလို့ မရတဲ့ အဓိက အချက်ကတော့ ဗိုလ်ချုပ် သန်းရွှေ ရဲ့ မိသားစု ကိုယ်တိုင်တည်ထားပြီး ပူပူနွေးနွေး ထီးတော်တင် ဌာပနာ ပိတ်ပွဲ ကျင်းပထားတဲ့ ဘုရားဖြစ်နေလို့ ပါ၊

ဓနုတ်စေတီ ပြိုကျတာနဲ့ ပတ်သက်ပြီး ပြည်သူအများစုကတော့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။တချို့ကတော့ ဗိုလ်ချုပ်သန်းရွှေ နဲ့ စစ်အစိုးရ ကျဆုံးမယ့် ရှေးပြေးနိမိတ် တစ်ခု အဖြစ် ယူဆကြပါတယ်။ Continue reading “တန်ခိုးကြီးဘုရားစေတီ များ ပြိုကျမှုကြောင့် ရာဇ၀င်မှာ ဘယ်လိုအပြောင်းအလဲ တွေဖြစ်ခဲ့သလဲ”

မော်ဒယ်၊စုတ်ချက်၊ကင်းဗတ် စ နဲ့ အလင်းအမှောင်ပုံရိပ်များ

၉ မေ ရန်ကုန်၊                 ၊Freedom News Group

Myanmar Life Model ‘s  Studios Job

ထိုပန်းပု အတွက်နာမည်ကြီးမော်ဒယ် ကိတ်မော(စ်)က ထိုသို့ ကိုဟန်ပြပေးခဲ့ရသည်
ဤပန်းပု အတွက်နာမည်ကြီးမော်ဒယ် ကိတ်မော(စ်)က ထိုကဲ့သို့ ကိုဟန်ပြပေးခဲ့ရသည်

ကိုယ်ဟန်ပြခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် မြန်မာမော်ဒယ် တို့ အတွက် ဖက်ရှင် ဒီဇိုင်းများဝတ်ဆင် ၍ catwalk လျှောက်ခြင်း ဘီဘုဒ် တီဗွီ စသည့် ကြော်ငြာများအတွက်သရုပ်ပြပေးရရုံသာမက အခြားသော ၀င်ငွေ ရရန် လမ်းကြောင်းမှာလည်း ၂၀၀၇ ခုနှစ်နောက်ပိုင်းမှစ၍ ပို၍ များလာသည် ဟု သိရသည်။

မော်ဒယ် တို့ အတွက် အများပြည်သူသိ ကြော်ငြာ မဟုတ်ဘဲ ၀င်ငွေရရှိ နိုင်သည့် လမ်းကြောင်းများဉ်အဓိက နှစ်ခုမှာ ပန်းချီဆရာ၊ဓာတ်ပုံဆရာ၊ပန်းပုဆရာ (ပြည်တွင်း၊ပြည်ပ) တို့ အတွက် ကိုယ်ဟန်ပြသပေးရခြင်း နှင့် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ ၏ နိုင်ငံခြားကုမ္ပဏီများအတွက် တည့်ခင်းသော  ဧည့်ခံပွဲများတွင် စားပွဲဝိုင်း ဉ် အတူထိုင်ပေးရခြင်းတို့ ဖြစ်ကြောင်း မော်ဒယ်ဧဂျင်စီတစ်ခု မှ မန်နေဂျာတစ်ဦးက Freedom News Group သို့ ပြောသည်။
Continue reading “မော်ဒယ်၊စုတ်ချက်၊ကင်းဗတ် စ နဲ့ အလင်းအမှောင်ပုံရိပ်များ”

မန္တလေး နှစ် ၁၅၀ ပြည့် အတွက် တင်ဆက်မည့် အစီအစဉ် အချို့အား အာဏာပိုင်တို့ ကတားမြစ်မှုပြုလုပ်

၂၇ ဧပြီ မန္တလေး၊                     ၊ညွန့် သက်ထားဦး

နိုင်ငံရေးနှင့်ပတ်သက်သည့်အနူပညာရှင်များကို နှစ်၁၅၀ ပြည့်ပွဲတွင် မပါဝင်ရဟု အာဏာပိုင် တို့ တားမြစ်ထား (Mustaches Brothers Ban to performs in 150 years anniversary of Mandalay Ex Second  capital of Burma
နိုင်ငံရေးနှင့်ပတ်သက်သည့်အနူပညာရှင်များကို နှစ်၁၅၀ ပြည့်ပွဲတွင် မပါဝင်ရဟု အာဏာပိုင် တို့ တားမြစ်ထား (Mustaches Brothers Ban to performs in 150 years anniversary of Mandalay Ex Second capital of Burma

မန္တလေး မြို့ သူမြို့ သားများ နှစ်၁၅၀ ပြည့်တွင်ပျော်ပျော် ပါးပါး ပါဝင်နိုင်ရန် တင်ဆက်ထားသောအစီအစဉ် တစ်ခု ကို အာဏာပိုင် တို့ က တားမြစ်မှု ကြောင့် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ အနေဖြင့် စိတ်ပျက်ရသည် ဟု ကျင်းပရေးကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ ပြောသည်။

ပွဲတော် ကျင်းပရေးတာဝန်ရှိ သူများက အများပြည်သူများပါ ပါဝင်ဆင်နွှဲနိုင်ရန် ထည့်သွင်းထားသည့်“အောက်မေ့ဘွယ် မန္တလေး ”အမည်ရှိ ၀ါသနာရှင် ပရိသတ်များက စင်ပေါ်တက်၍ မန္တလေး  နှင့် ပတ်သက်သော  ကျပမ်းသရုပ်ဆောင် မှု အစီအစဉ် ကို ဧပြီလ ၂၄ ရက်နေ့ က တိုင်းမှုးကထည့်သွင်းခြင်းမပြုရန် တားမြစ်လိုက်သည် ဟုသိရသည်။
Continue reading “မန္တလေး နှစ် ၁၅၀ ပြည့် အတွက် တင်ဆက်မည့် အစီအစဉ် အချို့အား အာဏာပိုင်တို့ ကတားမြစ်မှုပြုလုပ်”

တူးပို့ တူးပို့…..နဲ့ ပျော်မည် (သင်္ကြန် ဆောင်းပါး)

စနေငချွတ်

မြန်မာနှစ်သစ်ကူးအတာ သင်္ကြန်တွင် ရေပက်ခံထွက်သူများနှင့် စည်ကားနေသည့် မဏ္ဍပ် တစ်ခု
မြန်မာနှစ်သစ်ကူးအတာ သင်္ကြန်တွင် ရေပက်ခံထွက်သူများနှင့် စည်ကားနေသည့် မဏ္ဍပ် တစ်ခု

သင်္ကြန်ရောက်တော့မည်ဆိုတိုင်း ကျွန်တော် ရင်ခုန်လာစမြဲဖြစ်သည်..။ ရန်ကုန်သား သိပ်စစ်သွားလို့လားမသိ ရန်ကုန်သင်္ကြန်မှာပဲပျော်သည်..
မန္တလေးသင်္ကြန် ဘယ်လိုစည်တယ် ပြောပြော.. စိတ်ကိုမ၀င်စား ကလေးဘ၀က ကားနှင့်အမြဲလည်ခဲ့သည်..။ နည်းနည်းလေး မြီးကောင်ပေါက်ချင် လာတော့ မဏ္ဍပ်ပေါ်တက်ကဲသည်..။ သင်္ကြန်ပါးဝလာတော့ မဏ္ဍပ်တွေဘာတွေမှာ Organizer ၀င်လုပ်သည်။ အဆင်ပြေ သလို နည်းအမျိုးမျိုးနဲ့ ကဲဖြစ်ခဲ့သည်။

Continue reading “တူးပို့ တူးပို့…..နဲ့ ပျော်မည် (သင်္ကြန် ဆောင်းပါး)”

ကိုယ်တွေ့ကြုံရ မီးရထားခရီးသည်ဘ၀(ခရီးသွား ဆောင်းပါး)

မီးရထားဝန်ထမ်းတို့ ၏ မောက်မာ ဆိုးယုတ်မှုမီးရထားဝန်ထမ်းတို့ ၏ မောက်မာ ဆိုးယုတ်မှုဒဏ်ကို ခရီးသွားပြည်သူ တို့ ခါးစီးခံရ
မီးရထားဝန်ထမ်းတို့ ၏ မောက်မာ ဆိုးယုတ်မှုဒဏ်ကို ခရီးသွားပြည်သူ တို့ ခါးစီးခံရ

ကလန်သံဗျင် ရေးပို့ သည်
Freedom News မှာ သတင်းလေးတွေ့လို့ သတိရသွားမိတာလေး တစ်ခုကို ပြန်ရေးဖြစ်တာပါ..။ မီးရထားနဲ့ ပတ်သတ်ပြီး လူတွေတော်တော်များများ လက်ရှောင်ကြတာကို ဘာလို့လည်းလို့ကျွန်တော်လည်း နားမလည်မိပါဘူး..။ ရန်ကုန်ကနေသွားရင် နေပြည်တော်ဆို တရားဝင်လက်မှတ်ခက ရိုးရိုးတန်း ၉၀၀၊ အထက်တန်း ၁၈၀၀ ပဲရှိပါတယ်…။ မန္တလေးကို အထက်တန်းမှ ၂၀၀၀ ကျော်လား ၃၀၀၀ ကျော်လားမသိဘူး။ အဲ့လောက်ပါပဲ။ ကားခဟာ ရန်ကုန်-နေပြည်တော် အနည်းဆုံး ၅၀၀၀ ရှိပါတယ်.။ ဒါဟာ တလောလေးကမှ ဆီဈေးတွေကျလို့ အသံတွေထွက်လာပြီး တရားဝင်လျှော့ပေးလိုက်တဲ့ ဈေးနှုန်းပါ.။
ရထားနဲ့သွားရတာ ကြမ်းပိုးတွေကိုက်ပြီး တွဲစောင့်တွေက တင်ချင်သလိုတင်တဲ့ ရိုးရိုးတန်းကလွဲရင် သက်တောင့်သက်သာရှိပါတယ်။
Express ကားတွေမှာ အရပ်ရှည်တဲ့ ကျွန်တော့်အတွက် ထိုင်ရပြုရတာ အဆင်မပြေပါဘူး..။ အစားအသောက်အတွက်ကလွဲရင် ရထားနဲ့သွားရတာ ကျွန်တော့်အတွက်တော့ အဆင်အပြေဆုံး ခရီးသွားခြင်းပါပဲ။ ထိုင်ခုံတွေလည်းကျယ်တယ်.. ညောင်းရင်လည်း ခြေဆန့်လက်ဆန့်လျှောက်လို့ရတယ်..။ Continue reading “ကိုယ်တွေ့ကြုံရ မီးရထားခရီးသည်ဘ၀(ခရီးသွား ဆောင်းပါး)”

Social Network တွေကို မြန်မာ တွေ ဘာကြောင့်သုံး

ဟိန်းခိုင်ထွန်း ၊          ၊အင်တာနက် ကနေ တစ်ဦးနဲ့ တစ်ဦးပြောဆိုဆက်သွယ် လို့ ရတဲ့ ဂျီတော(ခ်)ဆိုတာ ပေါ်လာပြီးတဲ့ နောက်မှာ မြန်မာ လူငယ်တစ်ချို့ရဲ့ နေ့ စဉ်ဘ၀ က အလွန်ပြောင်းလဲသွား ပါတယ်။ အရင် က ချတ်တင် ဖိုရမ်တွေ ကို သုံးတဲ့ လူငယ်တွေ က ဂျီတောခ် ကိုပြောင်း လဲ သုံးစွဲလာကြ ပါတယ်။ ဂျီတော(ခ်)ရဲ့ သာလွန် ကောင်းမွန်တဲ့ အချက် တွေ က တစ်ခါမှ အင်တာနက် နဲ့ မနီးစပ် ခဲ့ သူတွေ ကို တောင် ကွန်ပျူတာ ဖန်သားပြင် အရှေ့ မှာသူ့  ရဲ့ ဘ၀ကို မြုပ်နှံ ထားဖို့ စွဲဆောင် စေနိုင်ခဲ့ ပါတယ်။ ဂျီတော(ခ်)ရဲ့ ကျေးဇူးကြောင့်လည်း ၂၀၀၆ ခုနှစ်လောက်မှာ ရန်ကုန်မှာ အင်တာနက်ဆိုင် တွေမှိုလို ပေါက်ခဲ့ပြီး … Continue reading Social Network တွေကို မြန်မာ တွေ ဘာကြောင့်သုံး

Rate this:

ဒီဂျစ်တယ် စာပေစိစစ်ရေး(သို့မဟုတ်)အယ်ဒီတာ ထိုင်ခုံကိုစာပေ စိစစ်ရေးက၀င်ထိုင်ခြင်း (ဆောင်းပါး)

ကလန်သံဗျင်

“တော်ပြီကွာအယ်ဒီတာတွေမခန့် တော့ဘူး အလကားပိုက်ဆံကုန်တယ်။စာပေစိစစ်ရေး က ဒေါ်အေးသန်း ကိုပဲဖြစ်ဖြစ်ဒေါ်ခင်မျိုးသန့် ကိုပဲဖြစ်ဖြစ်ဗိုလ်မှုးတင့်ဆွေကို ဖြစ်ဖြစ်အယ်ဒီတာနေရာမှာ တပ်ပေးထားလိုက်တော့မယ်ဆိုတဲ့ ပတ်ဘလစ်ရှာ(ထုတ်ဝေသူ)တွေပေါ်လာမှ”

စာပေစိစစ်ရေးရုံးလို့လူသိများတဲ့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံစာပေစိစစ်ရေးနှင့်
မှတ်ပုံတင်ရုံးက ဇွန်လကစပြီး ဂျာနယ်နဲ့ မဂ္ဂဇင်းတွေ စိစစ်ရေးတင်ရင်အရင်လို ထုတ်ဝေဖြန်ချိမယ့်
ဂျာနယ်ပုံစံအတိုင်း ၅စုံမိတ္တူ ကူးပြီးတင်စရာမလိုတော့ဘူး မက်မိုရီစတစ် ဒါမှမဟုတ် စီဒီနဲ့ ဖြစ်
ဖြစ်တင်ပြလို့ရတယ်ဆိုတော့တော်တော်ပျော်သွားတယ်။ Continue reading “ဒီဂျစ်တယ် စာပေစိစစ်ရေး(သို့မဟုတ်)အယ်ဒီတာ ထိုင်ခုံကိုစာပေ စိစစ်ရေးက၀င်ထိုင်ခြင်း (ဆောင်းပါး)”

ပဒုမ္မာ၊ လှည်းတန်း၊ လူထု နှင့် ၂၀၁၀ ရွေးကောက်ပွဲ


မတ်(၄)၊ ဗုဒ္ဓဟူးနေ့ ၊ရန်ကုန်။
ဟိန်းမင်း

အင်္ဂါနေ့ညပိုင်းက စမ်းချောင်းပဒုမ္မာကွင်းနှင့် လှည်းတန်းကားမှတ်တိုင်တွင် တစ်နာရီခန့်ခြား၍ ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး
ယနေ့နံနက်ပိုင်းတွင်လည်း သမိုင်းလမ်းဆုံတွင် ဗုံးလန့်မှုနှင့် လှည်းတန်းတွင် ဗုံးထပ်မံတွေ့ရှိသည်ဟူသော သတင်းများ ပေါ်ထွက်လာခဲ့သည်။
လှည်းတန်းမှတ်တိုင်တွင် ယနေ့နံနက်ရုံးတက်ချိန်အထိ ဗုံးရှာဖွေမှုများပြုလုပ်နေဆဲ ဖြစ်ကြောင်းမျက်မြင်သက်သေများက ပြောသည်။
ရန်ကုန်မြို့နေပြည်သူများသည် ကားဂိတ်များ၊ လ္ဘက်ရည်ဆိုင်များ စသောလူစည်ကားရာနေရာများတွင် အဆိုပါ ပေါက်ကွဲမှုနှစ်ခု အကြောင်းကို ယနေ့တစ်နေ့လုံး
ဝေဖန်ပြောဆိုနေကြသည်ကို တွေ့ရသည်။

သူတို့မလုပ်လို့ ဘယ်သူလုပ်မှာလည်း ။ တစ်ခုခုငြိမ်နေပြီဆိုရင် အစိုးရက Alert ဖြစ်အောင် ထထလုပ်တာ ရိုးနေပြီ ။ နောက် တစ်ခုခုကို
ဆွဲထုတ်ပြလိုက်မယ်..။ ဒီလိုလုပ်ခဲ့တာနှစ်ပေါင်းနှစ်ဆယ်ရှိနေပြီ..။ ဟု ယင်းပေါက်ကွဲမှုအပေါ် အစိုးရမှစီစဉ်ခြင်းဖြစ်ကြောင်း ကုမ္ပဏီဝန်ထမ်းတစ်ဦးမှ ထင်ကြေးပေး
ပြောဆိုသည်ကို တွေ့ရသည်။ Continue reading “ပဒုမ္မာ၊ လှည်းတန်း၊ လူထု နှင့် ၂၀၁၀ ရွေးကောက်ပွဲ”

ဗိုလ်ချုပ်များက မြန်မာ့ယဉ်ကျေးမှုဟုပြောနေသော်လည်း အမျိုးသမီးငယ်များ၏ ရင်သားဖေါ် ပေါင်လည် ပိုင်းထိရောက် ဖက်ရှင်များရန်ကုန် တွင်ခောတ်စားလာ(ဆောင်းပါး)

Freedom News Group မှတင်ဆက်သည်

မြန်မာအမျိုးသမီးငယ်တို့ ၏ ပြောင်းလဲသွားသောဖက်ရှင်ရေစီးကြောင်း

ရန်ကုန်မိန်းကလေးငယ်တစ်ဦး၏ဖက်ရှင်ကို ဝေဇယန္တာ ရှေ့ပင်းမောရှေ့ဉ်တွေ့ ရစဉ်
ရန်ကုန်မိန်းကလေး ငယ်တစ်ဦး၏ဖက်ရှင် ကို ဝေဇယန္တာ ရှေ့ပင်းမောရှေ့ဉ်တွေ့ ရစဉ်
ခောတ်စားလာသည့်ဖက်ရှင်စတိုင်များ
ခောတ်စားလာသည့်ဖက်ရှင်စတိုင်များ

ရာသီဥတု ပူလွန်းသည့် အပြင် လုပ်ကိုင်ရအဆင်ပြေရန်အတွက်ရန်ကုန်မြို့နေ
အမျိုးသမီးအများဆုမှ ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှစ၍ ခန္တာကိုအပေါ်ပိုင်းတွင် ရင်သား
ဖေါ်ဝတ်ဆင်မှုများ အ၀တ်များလာခဲ့ပြီးအောက်ပိုင်းတွင် ပေါင်လည်မရှိတရှိဘောင်း
ဘီတို သို့ မဟုတ်စကတ်များဝတ်ဆင်မှုပိုမိုများပြားလာခဲ့ကြောင်းသိရသည်။

လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးအများစုမှာလုပ်ငန်းမှ
တူညီဝတ်စုံများဝတ်လေ့ရှိကြသော်လည်း အချို့ လွတ်လပ်စွာဝတ်ခွင့် ရသည့်
ကုမ္ပဏီများတွင် မူ အမျိုးသမီးငယ်များကထိုသို့ သောဝတ်စာဆင်
ယာဉ်မှုများကို နေ့ တဓူဝ ၀တ်ဆင်မှုများရှိလာသည်ဟုသိရသည်။ Continue reading “ဗိုလ်ချုပ်များက မြန်မာ့ယဉ်ကျေးမှုဟုပြောနေသော်လည်း အမျိုးသမီးငယ်များ၏ ရင်သားဖေါ် ပေါင်လည် ပိုင်းထိရောက် ဖက်ရှင်များရန်ကုန် တွင်ခောတ်စားလာ(ဆောင်းပါး)”

တိုကျို၊မဲဆောက်၊ရန်ကုန်ကားဈေးကွက်(ဆောင်းပါး)

သ�န်း၅၀၀၀ နီးပါးတန်ကြေးရှ�၂၀၀၇မော်ဒယ်ပါရဒ�ုကား
သိန်း၅၀၀၀ နီးပါးတန်ကြေးရှိ၂၀၀၇မော်ဒယ်ပါရဒိုကား

Freedom News Groupမှတင်ဆက်သည်

နိုင်ငံခြားမှမြန်မာနိုင်ငံတွင်းသို့ကားတင်သွင်းရန်အတွက်ကားပါမစ်လိုသည်။ကားပါမစ်မှာ၂၀၀၀
ပြည့်နှစ်နှောင်းပိုင်းမှစ၍အစိုးရကတင်းကျပ်စွာချုပ်ကိုင်ထားသောကြောင့်ရရှိရန်မလွယ်ကူပေ။
အာဏာပိုင်အသိုင်းအ၀ိုင်းသို့တည်းမဟုတ်ထိုအသိုင်းအ၀ိုင်းနှင့်နီးစပ်သူများပင်ရရှိရန်လွယ်ကူ
သော်လည်းသာမန်လူများကမတွေးရဲချေ။ပြင်ပဈေးကွက်တွင်မူကားပါမစ်တခု၏ပေါက်ဈေးမှာ
သိန်းသုံးရာကျော်မှငါးရာနီးပါးပင်ရှိသည်ဟုဆိုသည်။ Continue reading “တိုကျို၊မဲဆောက်၊ရန်ကုန်ကားဈေးကွက်(ဆောင်းပါး)”

သစ်ကိုပြောင်နေအောင်ခုတ်၍ရွေးကောက်ပွဲရံပုံငွေရှာမည်

ရေးသူ..စိမ်းစိမ်းစိုစို(Guest Writer of FNG)

ကမ္ဘာရေနံဈေးနှုန်းကျဆင်းပြီးသဘာဝဓာတ်ငွေ့တင်ပို့မှူလည်းကျဆင်းခဲ့ရသောမြန်မာစစ်အစိုးရ
သည်အကြံကုန် ဂဠုန်ဆားချက်ဆိုသလိုသစ်ကိုပြောင်နေအောင်ခုတ်ပြီးတိုင်းပြည်ကိုဆဟာရသဲ
ကန္တာရလိုလုပ်ဖို့စိတ်ကူးရှိလာပါတယ်။ Continue reading “သစ်ကိုပြောင်နေအောင်ခုတ်၍ရွေးကောက်ပွဲရံပုံငွေရှာမည်”

ဖေဖေါ်ဝါရီလထုတ်ရုပ်ရှင်တေးကဗျာမျက်နှာဖုံးရှင်ဝတ်မှုန်ရွှေရည်

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမျက်နှာဖုံးရှင်ဝတ်မနှ်ုရွှေရည်
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမျက်နှာဖုံးရှင် ၀တ်မှုနှ်ုရွှေရည်

Freedom News Groupမှတင်ဆက်သည်

နာမည်ကျော်မဂ္ဂဇင်းတစ်စောင်ဖြစ်သည့်ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၏ဖေဖေါ်ဝါရီလမျက်နှာဖုံးရှင်
အဇြစ်ဖေါ်ပြခြင်းခံရသည့်ဝတ်မှုန်ရွှေရည်မှာပြည်ပမြန်မာဝဘ်ဆိုတ်များတွင်လတ်တလောရေပန်း
စားနေသူဖြစ်သည်။အသက်၂၀ပြည့်ဖို့ပင်လပိုင်းလိုသေးသည့်ဝတ်မှုန်ရွှေရည်မှာ၂၀၀၆ခုနှစ်ကုန်
ပိုင်းတွင်Kanebo အလှကုန်ပစ္စည်းကြော်ငြာတွင်သရုပ်ဆောင်မော်ဒယ်တစ်ဦးအဖြစ်လူသိများလာ
ခဲ့ခြင်းဖြစ်သည်။ Continue reading “ဖေဖေါ်ဝါရီလထုတ်ရုပ်ရှင်တေးကဗျာမျက်နှာဖုံးရှင်ဝတ်မှုန်ရွှေရည်”