မြန်မာကလပ်အသင်းများမိတ်ဆက်ပွဲ နှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ်များ

၉ မေ ရန်ကုန်၊                   ၊ယူကွန်

Yadana Bon FC launch with Lay Phyu

အဆိုတော် R ဇာနည်နှင့် ဦးတေဇ တို့ ပွဲကြည့်စင် အထူးတန်းသို့ ဝင်ရောက်လာစဉ် ဓာတ်ပုံ-မင်းယွန်းသစ် ဘလောက်မှ ကူးယူဖေါ်ပြသည်
အဆိုတော် R ဇာနည်နှင့် ဦးတေဇ တို့ ပွဲကြည့်စင် အထူးတန်းသို့ ဝင်ရောက်လာစဉ် ဓာတ်ပုံ-မင်းယွန်းသစ် ဘလောက်

ဦးတေဇ ပိုင်ဆိုင်သော ရန်ကုန် ယူနိုက်တက် ဘောလုံးကလပ် မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၂ရက် နေ့  စနေနေ့ (နာဂစ် နှစ်ပတ်လည်နေ့ )က ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင်ကျင်းပခဲ့သည်။
ကလပ်မိတ်ဆက်ပွဲ သို့ မည်သို့ မဆို အခမဲ့လာရောက်ကြည့်ရှု ခွင့်ပြုခဲ့ရာ ရန်ကုန်မြို့ ခံ ဘောလုံးဝါသနာအိုးများ လာရောက် ကြည့် ရှုသည် ဟု Air Bagan မှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းကို အေ နှင့် ဘီ ခွဲ၍ သရုပ်ပြခြင်းဖြစ်ပြီး ပွဲမစမီ နာဂစ် နှစ်ပတ်လည်နေ့ အတွက် နှစ်မိနစ် ငြိမ်သက်ဆုတောင်းမှုပြုခဲ့ကြသည်။ရန်ကုန် ယူနိုက်တက် တွင် ကင်မရွန်းမှ ခေါ်ယူထားသော ကစားသမား လေးဦးနှင့် အိုင်ဗရီ ကို (စ်)မှ တစ်ဦးပါဝင်သည်။

အောင်ဆန်းကွင်းရှေ့တွင်ရပ်ထားသော ဦးတေဇ၏ ကားနှင့် ရန်ကုန်ယူနိုက်တက်ကလပ် အသင်းသားများစီးနင်းသည့် ပို့ ဆောင်ရေးယာဉ် ဓာတ်ပုံ-မင်းယွန်းသစ်ဘလောက်မှ ကူးယူဖေါ်ပြသည်
အောင်ဆန်းကွင်းရှေ့တွင်ရပ်ထားသော ဦးတေဇ၏ ကားနှင့် ရန်ကုန်ယူနိုက်တက်ကလပ် အသင်းသားများစီးနင်းသည့် ပို့ ဆောင်ရေးယာဉ် ဓာတ်ပုံ-မင်းယွန်းသစ်ဘလောက်မှ ကူးယူဖေါ်ပြသည်

ပွဲမစမှီ ခေမီကို အကအဖွဲ့  ၏ဖျော်ဖြေမှု Emperor တေးဂီတ အဖွဲ့ နှင့် အတူ ဇော်ဝင်းထွဋ် R ဇာနည်
တို့ ၏ သီဆိုဖျော်ဖြေမှု ကို ပရိသတ် အားပေးခဲ့ကြသည်။မကြာခင်ကျင်းပတော့မည့် ကလပ်အသင်းများ ၏  ပြိုင်ပွဲများအတွက် အသင်းသားခေါ်ယူစရိတ်များအတွက် အသုံးပြုရာ တွင်
ကမ္ဘောဇ ဘဏ် ကိုတည်ထောင်သူ ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇ ကလပ် အသင်းက ကျပ်ငွေ ၇၅၄ သိန်းသုံးပြီး ပထမ နေရာတွင် ရှိသည် ဟု Bi Weekly Eleven ဂျာနယ်တွင်ဖေါ်ပြ
ထားသည်။
Continue reading “မြန်မာကလပ်အသင်းများမိတ်ဆက်ပွဲ နှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ်များ”

ပိတ်ထားသောညကလပ်များပြန်ဖွင့်ရန်မသေချာ

ရန်ကုန်ညကလပ်တစ်ခု
ရန်ကုန်ညကလပ်တစ်ခု

မောင်ဝိတ်အပါအ၀င် ရန်ကုန်မြို့၏ မူးယစ်ဆေးဝါးဂိုဏ်းများကိုဖြိုခွဲပြီးသည့်နောက်

ထိုဂိုဏ်းများအဓိကကျက်စားရာဖြစ်သည့် BME II ညကလပ်နှင့်ယုဇနဂါးဒင်းဟို

တယ်ရှိပိုင်းအိုးနီးယားကလပ်တို့ကို အာဏာပိုင်တို.မှဆက်လက်မဖွင့်လှစ်ရန်တား Continue reading “ပိတ်ထားသောညကလပ်များပြန်ဖွင့်ရန်မသေချာ”

ဘရာဇီးနိုင်ငံသားနည်းပြကိုသက်တမ်းမတိုး

ဘရာဇီးနု�င်ငံသားဘောလုံးနည်းပြ ဖြစ်သူမားက�ု့စ်အန်တ�ုနီယု�ဖလော်ပါ
ဘရာဇီးနိုင်ငံသားဘောလုံးနည်းပြ ဖြစ်သူမားကို့စ်အန်တိုနီယိုဖလော်ပါ

မြန်မာလက် ရွေးစင်အသင်းကို ၂၀၀၇ ခုနှစ်မှ စတင်ကိုင်တွယ်ခဲ့သည့်ဖလော်ပါမှာ၎င်းကိုင်

တွယ်စဉ် လက်ရွေးစင်အသင်းမှာ နိုင်ငံတကာအဆင့်ပြိုင်ပွဲ ၇ ခု ၀င် ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း

ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုမရရှိခဲ့ဘဲ အုပ်စုအဆင့် လှည့်ပြန်ခဲ့ရခြင်းကြောင့်

နည်းပြအဖြစ် ဆက်လက်မခန့်အပ်ခြင်းဖြစ်နိုင်ကြောင်း အချို့သောသတင်းရပ်ကွက်များ                                                                                        ကဆိုသည်။ဆရာများသားသေဖြစ်နေသောမြန်မာလက်

ရွေးစင်အသင်းမှာနောက်ထပ်နိုင်ငံခြားသား နည်းပြတစ်ဦးလာ         သောလည်းစွံမည့်ပုံမပေါ်ချေ။ Continue reading “ဘရာဇီးနိုင်ငံသားနည်းပြကိုသက်တမ်းမတိုး”