Tunisia Uprising Episode N0 1. (Must Read)
-သမ္မတ ဘင်အလီ ကသမ္မသက်တမ်း ကုန် ဆုံး ချိန် တွင် ပြန်လည် အရွေးခံမည် မဟုတ် ဟု ဆို
-စားသောက်ကုန် များ ကို ဈေးလျှော့ပေးပြီး ၊သတင်းလွတ်လပ်ခွင့် ကို ပြန်လည် ဖော်ဆောင်ပေး
-တူနီးရှား ပြည်သူ များ နိုင်ငံ အနှံ အုံကြွှ မှု စတင်
-တူနီရှား နိုင်ငံ ၏ ဘလောက်ဂါများ က အုံကြွမှု ကို ပိုမို အရှိန် မြှင့်တင်ပေး
-တူနီးရှား နိုင်ငံ လူထု အုံကြွမှု အတွင်း လူ သုံးဆယ် နီးပါး သေးဆုံး
-အာရပ် နိုင်ငံ များ ၏ ပြည်သူ လူထုံ အုံကြွှမှု များ ပြန်လည် အားကောင်းလာ
အယ်(လ)ဂျီးရီယား နဲ့ လစ်ဗျား နိုင်ငံ ကြားက နိုင်ငံငယ်လေးတစ်ခု ဖြစ်တဲ့ တူနီးရှား နိုင်ငံ ဟာ မြောက်အာဖရိက တိုက်မှာ အသေးဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံရဲ့ မြို့ တော် တူနစ်ကတော့ သာယာလှပတဲ့ မက်ဒီတာရေးနီးယန်း ပင်လယ်ကမ်းခြေမှ ရှိတာ ကြောင့် ကမ္ဘာ လှည့် ခရီးသွား တွေ ကို တခြား မြောက် အာဖရိက နိုင်ငံတွေ လိုပဲဆွဲဆောင် ထား နိုင်ပါတယ်။
နိုင်ငံရဲ့ မြို့ တော် တူနစ် ကနေ မော်တော် နဲ့ မြေထဲပင်လယ် ကို ဖြတ်သန်း သွားရင် ဆယ်နာ ရီ လောက် အကြာမှာ ပြင်သစ် နိုင်ငံပိုင် ကျွန်း တစ်ခုခု ဒါမှ မဟုတ် အီတလီ နိုင်ငံကမ်းခြေ ကို ရောက်ရှိပါတယ်။
တူနီရှား နိုင်ငံမှာ ၁၉၈၇ ခုနှစ် ကတည်း က အာဏာရရှိလာတဲ့ အသက် ၇၄ နှစ် အရွယ် ရှိ ဇင်အယ် အဘီဒင်း ဘင် အလီ က အာဏာရှင် ဆန်ဆန် အုပ်ချုပ်လာခဲ့ပါတယ်။ Continue reading “တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၁)”
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်