ဒလိုင်းလားမား ၇၅ နှစ်ပြည့် မွေးနေ့

ရဲမြင့်ကျော်၊                ၊ကမ္ဘာ့ အကျော်ကြားဆုံး ဗုဒ္ဓဘာသာ ရဟန်းဖြစ်သူ ၁၄ ဆက်မြောက် ဒလိုင်းလာမားသည်
ယနေ့ အင်္ဂါနေ့တွင် သက်တော် ၇၅ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ ၁၉၃၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် အရှေ့မြောက် တိဘက်ဒေသ၊ အမ်ဒို ပြည်နယ် လယ်သမား မိသားစုမှ ဖွားမြင်ခဲ့ပြီး၊ နှစ်နှစ်သား အရွယ်တွင် ၁၃ ဆက်မြောက် ဒလိုင်းလာမား ပြန်လည် ၀င်စားသူအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ယခု ဒလိုင်လာမား၏ သက်တော် ၇၅ နှစ်ပြည့် မွေးနေ့သည် ထူးခြားမှုများနှင့် ပြည့်နေသည်ဟု ဆိုကြသည်။ ပထမဆုံး ဒလိုင်လာမား Gedun Drupa (၁၃၉၁-၁၄၇၄) တစ်ဦးသာလျှင် သက်တော် ၇၅ နှစ်ထက် ပိုရှည်ပြီး၊ ၈၄ နှစ်အထိ နေနိုင်ခဲ့သည်။ Continue reading “ဒလိုင်းလားမား ၇၅ နှစ်ပြည့် မွေးနေ့”

၂၃၄ နှစ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများ နိုင်ငံတ၀ှမ်း တွင် ခြိမ့်ခြိမ့်သဲကျင်းပ

၂၃၄ နှစ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့  အခမ်းအနားတွင် ကော်လိုရာဒို ဆင်ဖိုနီ အော်ခတ်စတြာ မှ တီးခတ်စဉ် ပြည်နယ်လွှတ်တော်မှ မီးရှုးမီးပန်း များ ပစ်ဖောက်စဉ် Hyoung Chang/ The Denver Post
ဟဒ်ဆန် မြစ်(မန်ဟန်တန်) တွင် လွတ်လပ်ရေးနေ့ အခါသမာယ မီးရှုးမီးပန်းများ ပစ်ဖောက်စဉ်

Continue reading “၂၃၄ နှစ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများ နိုင်ငံတ၀ှမ်း တွင် ခြိမ့်ခြိမ့်သဲကျင်းပ”

မြန်မာပရိတ်သတ် တို့ အကြိုက် တောင်ကိုရီယား သရုပ်ဆောင် မင်းသား သတ်သေ

နှုတ်ခမ်းနီ၊ပါးနီ လေးတွေ ရဲ့ အသည်းစွဲ ကိုရီးယားမင်းသား ပတ်(ခ)ယောင်ဟား

နာမည်ကြီး တောင်ကိုရီယား အဆိုတော်နှင့် ရုပ်ရှင်မင်းသား ပတ်ခ် ယန်းဟ Park Yong-ha ၃၃ နှစ် သည် သူ၏နေ အိမ်တွင် သတ်သေသွားခဲ့ကြောင်း ရဲက အတည်ပြု ပြောကြားခဲ့သည်။ လျှပ်စစ်မီးကြိုးဖြင့် သူ့ကိုယ်သူ ကြိုးဆွဲချထားသော အလောင်းကို သူ့မိခင်က စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ Continue reading “မြန်မာပရိတ်သတ် တို့ အကြိုက် တောင်ကိုရီယား သရုပ်ဆောင် မင်းသား သတ်သေ”

ကမ္ဘာ့ဖလားနှင့် တောင်အာဖရိက အမျိုးသမီးများ

တောင်အာဖရိက လက်ရွေးစဉ် အမျိုးသမီး ဘောလုံးအသင်း (Photo by Lefty Shivambu/Gallo Images/Getty Images)

ဂျူးလီယက် တိုရိုမီ( ရဲမြင့်ကျော် ဘာသာပြန်သည်)

လွန်ခဲ့တဲ့ ၂၅နှစ် ကျမကို မွေးတဲ့ အချိန်လောက်မှာ အာဖရိကက အမျိုးသမီးတွေ ဘောလုံးပွဲအကြောင်း ပြောခဲလှပါတယ်။ လူမှုရေး တားမြစ်ချက် တစ်ခုလိုကို ဖြစ်နေခဲ့တာ။ အခုတော့ ဘာရမလဲ၊ ကျမနဲ့ ကျမ သူငယ်ချင်း အာဖရိကသူတွေ ထမင်းမေ့ ဟင်းမေ့ပေါ့။

ကင်ညာ နိုင်ငံမှာ ကျမ ကြီးပြင်းခဲ့ပါတယ်။ ကျမတို့ ကင်ညာ နိုင်ငံဟာ အင်္ဂလိပ် ပရီမီးယားလိဂ် အရူးအမူး ရောဂါ စွဲကပ်နေတဲ့ နိုင်ငံပါ။ အင်္ဂလန်ရဲ့ ကိုလိုနီ ဖြစ်ခဲ့ဖူးတာနဲ့ ဆိုင်မလား မသိဘူး။ ကင်ညာသားတွေ ပရိမီယားလဂ် အရူးအမူး ဖြစ်ပုံက သူများ နိုင်ငံက ဟာတွေထက် ပိုကဲ ပိုသည်းလွန်းတယ်။ Continue reading “ကမ္ဘာ့ဖလားနှင့် တောင်အာဖရိက အမျိုးသမီးများ”

ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်စစ်သည်( ၇ )ဦး၏ရုပ်အလောင်းကိုဖေါ်ထုတ်နိုင်ခဲ့

ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန် လေတပ်မှ မြန်မာ နိုင်ငံ နှင့် မဟာမိတ် တို့ အတွက် ကူညီအသုံးပြုပေးခဲ့သည့် C-47A လေတပ်သုံးလေယာဉ် ဓာတ်ပုံ-အမေရိကန်လေတပ် စစ်သမိုင်းပြတိုက်

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအတွင်းပျက်ကျခဲ့သော ကုန်တင်စစ်လေယာဉ်မှ ပျောက်ဆုံးနေသည့်
လေတပ်စစ်သည်( ၇ ) ဦး ၏ ရုပ်အလောင်းကို အမေရိကန်စစ်တပ်မှတာဝန်ရှိသူတို့မှ ရှာဖွေဖေါ်ထုတ်နိုင်ခဲ့သည်။

မေလ ၂၃ရက်၊ ၁၉၄၄တွင် အမေရိကန်လေတပ်စစ်သည် ( ၇ )ဦးသည် C-47A ကုန်တင်စစ်လေယာဉ်ဖြင့်
မြန်မာပြည်မြောက်ပိုင်း၊ မြစ်ကြီးနားမြို့အနီးတပ်စွဲထားသော မဟာမိတ်တပ်များအတွက် အထောက်အပံ့
ပစ္စည်းများတင်ဆောင်ပြီး အိန္ဒိယနိုင်ငံ မှထွက်ခွာခဲ့ပြီး မိခင်တပ်စခန်းသို့ ပြန်လည်မရောက်ခဲ့ခြင်းဖြစ်သည်။ Continue reading “ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်စစ်သည်( ၇ )ဦး၏ရုပ်အလောင်းကိုဖေါ်ထုတ်နိုင်ခဲ့”

ဗြူနိုဆိုင်ရပ်(စ) လမ်းမတွေ ပေါ်မှာ ၀တ်လစ်စလစ် ပြေးခွင့် မကြုံတော့သည့် မာရာဒိုနာ

ဂျာမန်အသင်း အနိုင်ရမှု ကြောင့်မြူနရှ် ဉ် အောင်ပွဲခံနေသည့် ဂျာမန်ပရိတ်သတ် တစ်ဦး (Photo by Miguel Villagran/Getty Images)

စနေ နေ့ က တောင်အာဖရိက နိုင်ငံ ကိပ်တောင်းတွင် ကျင်း ပခဲ့သည့် ကမ္ဘာ့ ဖလား  ရှုံးထွက် ကွာတား
ဖိုင်နယ် အဆင့် ဉ် ဂန္တ၀င် ဘောလုံးသမား ဟောင်းကြီး ဒီဂိုမာရာဒိုနာ ဦးဆောင် သည့် အာဂျင်းတီးနား
အသင်းက ဂျာမဏီအသင်း အား လေးဂိုး ဂိုး မရှိ ဖြင့် ရှုံ နိမ့် ကာ ပြိုင်ပွဲမှ ထွက် ခွာ သွားရသည် ဟု
သတင်းရရှိသည်။ Continue reading “ဗြူနိုဆိုင်ရပ်(စ) လမ်းမတွေ ပေါ်မှာ ၀တ်လစ်စလစ် ပြေးခွင့် မကြုံတော့သည့် မာရာဒိုနာ”

ဥဇဘက် ဒုက္ခသည် စခန်းမှ အမျိုးသမီးများနှင့် ကလေးများ

ကီရ်ဂျစ်စတန် မှ ဒုက္ခသည် များ ဥဇဘက္ကစတန် ထဲပြေးဝင်းခိုလှုံစဉ် Photograph: D Dalton Bennett/AP

ရဲမြင့်ကျော် ၊                 ၊ဥဇဘက်ကစ်စတန် ဒုက္ခသည်စခန်းကို ရောက်ရှိနေသည့် ကာဂျစ် အမျိုးသမီး
မမာဒလီယာဗာ က မကြာခင်က နယူးယော့ခ် တိုင်းမ် သတင်းထောက် တစ်ယောက်ကို ပြောပြသည်။

“ကျမမှာ ၉ နှစ်၊ ၇ နှစ်နဲ့ ၄ နှစ် ကလေး သုံးယောက် ရှိတယ်။ ကလေးတွေ အကုန်လုံး ‘ရှော့’ ၀င်ကုန်ပြီ။
အငယ်ဆုံးလေးက ကျမကို ပြောတယ်၊ မေမေ… ကာဂျစ်စတန်ကို ပြန်ရောက်ရင် သားသားကို အော်တိုမစ်တစ်
သေနတ် ၀ယ်ပေးရမယ်နော်” တဲ့။ Continue reading “ဥဇဘက် ဒုက္ခသည် စခန်းမှ အမျိုးသမီးများနှင့် ကလေးများ”

မစ်ရှီဂန် ဆရာမ ကျောင်းသားနှင့် လိင် ဆက်ဆံကြောင်း စွပ်ဆွဲခံရ

မစ်ရှီဂန် ပြည်နယ် ဖရီးလန်း မြို့ရှိ ယခင် အထက်တန်းပြ ဆရာမသည် အသက် ၁၈နှစ် မပြည့်သေးသော ကျောင်းသားလေးကို စည်းရုံးသွေးဆောင် လိင်ဆက်ဆံ ခဲ့ကြောင်း  Midland Country တရားရုံးက သောကြာနေ့က ပြောကြားခဲ့သည်။ Continue reading “မစ်ရှီဂန် ဆရာမ ကျောင်းသားနှင့် လိင် ဆက်ဆံကြောင်း စွပ်ဆွဲခံရ”

ပင်လယ်ကွေ့ တွင်းရှိ ဖိတ်စင်ရေနံများ ရှင်းလင်းရန် ဧရာမ သဘောင်္ကြီးရောက်ရှိ

ပင်လယ်တွင်း မျောပါနေသော ရေနံများ အားဖယ်ရှား ရန် အတွက် ကမ္ဘာ့ အကြီးဆုံး ရေနံ ဖယ်ရှားရေး သင်္ဘောကြီး ကို လူဝီစီယားနား ပြည်နယ် အနီးတွင် တွေ့ ရစဉ်

ဘောလုံးကွင်း လေးကွင်းစာ အကျယ်ရှိ ပြီး ဆယ်ထပ်တိုက် အဆောက်အဦ တစ်လုံး နှင့် ညီမျှ သည့် ကမ္ဘာ့ အကြီး
ဆုံး ဖိတ်စင်ရေနံ ရှင်းလင်း ရေး သင်္ဘောကြီးသည် လူဝီစီယား နား ပြည်နယ်ရှိ မစ္စစ္စပီ မြစ်ဝ သို့ ယမန်နေ့ က ရောက်
ရှိလာသည် ဟု သိရသည်။ Continue reading “ပင်လယ်ကွေ့ တွင်းရှိ ဖိတ်စင်ရေနံများ ရှင်းလင်းရန် ဧရာမ သဘောင်္ကြီးရောက်ရှိ”

သေဒဏ်ပေးခံထားရသူ ကို အမေရိကန် ယူထား ပြည်နယ်တွင် သေနတ်ဖြင့်ပစ်သတ် ၍ အဆုံးစီရင် လိုက်ပြီ

Crime and punishment for Ronnie Lee Gardner

အမေရိကန် နိုင်ငံ ယူထားပြည်နယ် စံတော်ချိန် နံနက် အာရုံတော်ချိန် ဉ် ထောင်ထဲတွင် ၂၅ နှစ်ခန့် ပြစ်မှု ရင်ဆိုင်ခဲ့ရပြီး နောက် သေဒဏ် အပြစ်ပေးခံရသူ ဂျွန်နီလီ ဂါဒါနာ အား ထို ခုံဉ် ထိုင်စေကာ သေနတ်ပစ် အဖွဲ့ ဝင်များ က အဆုံးစီရင်တော့ မည် ဖြစ်သည် (မြန်မာစံတော် ချိန် သောကြာနေ့  နေ့ လည် တစ်နာရီခန့် )Courtesy Utah Dept : of Corrections

ယူတား ပြည်နယ် တရားရေး ဌာန နှင့် အမေရိကန် နိုင်ငံ ဗဟိုတရား ရုံး က သူ၏ နောက် ဆုံး
အယူခံ ကိုပယ်ချခံရပြီးနောက်  အသက် ၄၉ နှစ် အရွယ်ရှိ ရော်နီလီ ဂါဒနာ သည် သောကြာနေ့ 
မနက် တောင်ပေါ် စံတော်ချိန် အာရုံတက်ချိန်တွင် လူ့ ဘ၀ ကို စွန့် ခွာရတော့ မည် ဖြစ်သည်။
ယနေ့ ညနေ ခြောက် နာရီ ခွဲ ဉ်သူ ၏ နောက်ဆုံး ညစာ ကို ကင်းပုဇွန်၊ပန်းသီးကတ် မုန့် ၊ဗင်နီလာ
ရေခဲမုန့် ၊အသား ကင် တို့ နှင့်၀၀လင်လင် စားသုံးခဲ့ပြီး နောက် သူသည် သေမည့်အချိန် ကို စောင့်
မျှော်နေ သည် ဟု ဆော့လိပ်ပြည် နယ် တရားရေး ဌာန မှ တရားဝန် ရှိ သူ တစ်ဦးက Freedom
News Group သို့ ပြောသည်။

ရော်နီလီဂါဒနာ သည် သေဒဏ် ပေးခြင်း မခံရမှီ ဆယ်မိနစ် အလိုအထိ ၎င်း၏ အကျဉ်းခန်းထဲ
ဉ် ဒါရိုက်တာ ပီတာ ဂျက်ဆင်၏ အော်စကာ ၁၂ ဆုရ The Lord of the Rings ရုပ်ရှင်ကား နှင့် Divine Justice
ကိုကြည့် ရှုသွားသည်။သူ့ အား မသေခင် ဘာပြောချင်သေး သလဲ ဟု မေးရာ ဘာမှ မပြောချင်ဟု ဖြေကြား
ခဲ့သည် ဟု ဆိုသည်။

Continue reading “သေဒဏ်ပေးခံထားရသူ ကို အမေရိကန် ယူထား ပြည်နယ်တွင် သေနတ်ဖြင့်ပစ်သတ် ၍ အဆုံးစီရင် လိုက်ပြီ”

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကရင်ဒုက္ခသည် စခန်းထဲတွင် တရားဝင်ကျင်းပခွင့်ရ

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတစ်ခုမှ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၏ မွေးနေ့ 

ဂျွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ( ၆၅ )နှစ်မြောက်မွေးနေ့ အထိမ်း
အမှတ်အခမ်းအနားကို ယနေ့နံနက် ၈နာရီမှ ၁၁နာရီအချိန်ထိ အုန်းပြန့် ဒုက္ခသည်စခန်းရှိ စခန်းရုံး
ခန်းမဆောင်တွင် ကျင်းပခဲ့သည်။ စခန်းဥက္ကဌ စောဝါးထီးနှင့် စခန်းကော်မတီဝင်များ၊ ကရင်၊ချင်း၊
ရခိုင်၊ပအို့ဝ် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ စခန်းတွင်းရှိ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးများ၊
ခရစ်ယာန်ဘာသာရေးဆရာများ၊ မော်လ၀ီဘာသာရေးဆရာများ၊ စခန်းတွင်းရှိကျောင်းသား/သူများ
အင်အား ၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင်တဦးမှပြောပြသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကရင်ဒုက္ခသည် စခန်းထဲတွင် တရားဝင်ကျင်းပခွင့်ရ”

ကမ္ဘာ့ ဖလားပွဲ သို့ အသွား နယ်ဆင်မင်ဒဲလား ၏ ၁၃ နှစ် အရွယ် မြေးဖြစ်သူ ကားတိုက်မှုဖြစ်၍ သေဆုံး(ဗီဒီယို)

Nelson Mandela’s great-granddaughter killed in car crash ahead of World Cup 2010 opening

Africa : Never Escape From Tragedy of Nightmare

ဇီနာနီ မင်ဒဲလား အား အဖိုးဖြစ်သူ ၏ ကယ်ရီကေးချား ပန်းပုရုပ်တု နှင့် မသေဆုံးမှီ ကတွေ့ ရစဉ်

အသက် ၁၃ နှစ် အရွယ်သာ ရှိသေး တဲ့ တောင်အာဖရိက ခေါင်းဆောင် နယ်(လ)ဆင် မင်ဒဲလား ရဲ့ မြေး
ဖြစ်သူ ဟာ ဂျိုဟန် နစ္စဘတ် မြို့ အနီးက ဆိုဝီတို မြို့ လမ်းမပေါ်မှာ ကားတိုက်မှု ကြောင့် သေဆုံးသွားသည် ဟု Freedom
News Group မှ သတင်းရရှိသည်။

ဇီနာနီ မင်ဒယ်လား ကို တင်ဆောင် လာတဲ့ မော်တော် ကား ဟာ ကွင်းဖွင့် ပွဲ ကျင်းပရာ အော်လန်ဒို
ကစားကွင်း ကို အသွား မှာ မော်တော် ကားခြင်း တိုက်မိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ဇီနာ နီဟာ
ဇွန်လ ၉ ရက် နေ့ က သူ့ အသက် ၁၃ နှစ်ပြည့် ပြီး နှစ်ရက် အကြာမှာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ Continue reading “ကမ္ဘာ့ ဖလားပွဲ သို့ အသွား နယ်ဆင်မင်ဒဲလား ၏ ၁၃ နှစ် အရွယ် မြေးဖြစ်သူ ကားတိုက်မှုဖြစ်၍ သေဆုံး(ဗီဒီယို)”

၂၀၁၀ ကမ္ဘာ့ ဖလားကွင်း ဖွင့်ပွဲတွင် နာမည်ကျော် အဆိုတော်များ သီဆိုဖျော်ဖြေနေစဉ်

ဒေးဗစ်ဘက်ဟမ်းရောက်ရှိလာစဉ်

Continue reading “၂၀၁၀ ကမ္ဘာ့ ဖလားကွင်း ဖွင့်ပွဲတွင် နာမည်ကျော် အဆိုတော်များ သီဆိုဖျော်ဖြေနေစဉ်”