၂၀၁၀ ကမ္ဘာ့ ဖလားဖွင့်ပွဲတွင် ရှကီယာ သီဆိုဖျော်ဖြေနေစဉ်

တောင် အာဖရိက နိုင်ငံ ဂျိုဟန် နစ္စဘတ် မြို့ တွင် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ ကို ဇွန် လ ၁၀ ရက် ဒေသ စံတော်ချိန် ည ၈ နာရီ က စတင်ကျင်းပခဲ့ရာ တောင် အာဖရိက ခေါင်းဆောင် နယ်ဆင်မင်ဒဲလား အပါအ၀င် ၊ဖီဖာ တာဝန် ရှိသူများ နှင့် နိုင်ငံတကာ မှ ခေါင်းဆောင် အချို့ တက်ရောက်ခဲ့ကြသည်။ဆိုဝီတို ရှိ အော်လန်ဒို အား ကစား ကွင်း တွင် ကျင်းပသည့် ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ ကွင်းဖွင့် ပွဲ အခမ်းအနား အား Black Eyed Peas ,John Legend , Alicia Keys ,Shakira နှင့် Kanan အပါအ၀င် နာမည် ကျော် … Continue reading ၂၀၁၀ ကမ္ဘာ့ ဖလားဖွင့်ပွဲတွင် ရှကီယာ သီဆိုဖျော်ဖြေနေစဉ်

Rate this:

မဲဆောက်မြို့ မြန်မာလူမျိုးများ ထိုင်လေ့ရှိသော လက္ဘ်ရည် ဆိုင်များ အားထိုင်အထူးအဖွဲ့မှ ရှောင်တခင် ၀င်ရောက်ဖမ်းဆီး

မဲဆောက်ဈေးတောင်ဘက် ဟင်းသီးဟင်းရွက်တန်းအနီး ရှိ ၀င်းအတွင်းတွင် မြန်မာလူမျိုးများမှ ဖွင့်လှစ်ထားသော ဆံပင်ညှပ်ဆိုင်၊ မိတ္တူကူးဆိုင်၊ ထမင်းဆိုင်၊ မြန်မာစာအုပ်အငှားဆိုင်၊လက္ဘ်ရည်ဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသည်။ ထိုဝင်းအတွင်းရှိ မြန်မာလူမျိုးပိုင်ဆိုင်ပြီး မဲဆောက်နေမြန်မာများ
နေ့စဉ် ထိုင်လေ့ရှိသော ဖိုးထူးနှင့် ဦးချစ် လက္ဘ်ရည်ဆိုင် နှစ် ဆိုင်အား ထိုင်းနိုင်ငံ အထူးအဖွဲ့မှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုလက္ဘ်ရည်ဆိုင် နှစ် ဆိုင်မှ မြန်မာနိုင်ငံထုတ် မာဘယ်လ်နှင့်လန်ဒန် Continue reading “မဲဆောက်မြို့ မြန်မာလူမျိုးများ ထိုင်လေ့ရှိသော လက္ဘ်ရည် ဆိုင်များ အားထိုင်အထူးအဖွဲ့မှ ရှောင်တခင် ၀င်ရောက်ဖမ်းဆီး”

ဒုက္ခသည် စခန်းတွင်းအခြေအနေ ပြောကြားသူများ အား စခန်းတာဝန်ခံ အချို့ က အန္တရာယ်ပေး

ဒုက္ခသည် စခန်းတွင်းရှိ အခြေအနေ များ ကို သတင်းဌာန များ ကိုပြောပြသော သူများ အား
စခန်း တာဝန်ရှိ သူများ မှ လုံခြုံရေး အတွက် ဆိုကာ လိုက်လံ ရှာဖွေ ဖမ်းဆီး နှိပ်စက် မှု များ
ပြုလုပ်နေ သောကြောင့် စခန်း တွင်း ရှိ ဒုက္ခသည် အများ စု မှာ စိုးရိမ်ထိတ်လန့် နေကြသည်။

မဲဆောက်မြို့တောင်ဘက်ရှိအုန်းပြန့်ကရင်ဒုက္ခသည်စခန်း အတွင်းမှ မိသားစုတစု စခန်းအနီး တောင်ယာစိုက်ခင်းဟောင်းမှ ပိုးသတ်ဆေးဖြန်းထားသော ဟင်းသီးဟင်းရွက် စားပြီး ဖခင်နှင့် သမီးတို့သေဆုံးပြီး မိခင်ဖြစ်သူမှာ စခန်းတွင်း AMI ဆေးရုံးတွင် ကုသနေရကြောင်း သတင်းထုတ်လွှင့်အပြီး အုန်းပြန့်ဒုက္ခသည်စခန်းတွင်းလက်ရှိအခြေအနေကို စခန်းတွင်းနေ
ထိုင်သူအချို့မှ Freedom News Group သို့ သူတို့၏ စိုးရိမ်ပူပန်မူများကို ပြောပြပါသည်။ Continue reading “ဒုက္ခသည် စခန်းတွင်းအခြေအနေ ပြောကြားသူများ အား စခန်းတာဝန်ခံ အချို့ က အန္တရာယ်ပေး”

မြန်မာ ညူကလီးယား လက်နက်စီမံကိန်း အထောက်အထားများ နိုင်ငံတကာ အနူမြူစွမ်းအင် အေဂျင်စီ (IAEA)သို့ လွှဲပြောင်းပေးအပ်

Report: Myanmar seeking nuclear weapons

လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ ဗိုလ်မှူး စိုင်းသိန်းဝင်းစစ်ဝတ်စုံဖြင့် ဓာတ်ပုံရိုက်ကူးထားစဉ် (AP Photo/Democratic Voice of Burma)
ဗိုလ်မှုး စိုင်းသိန်းဝင်း CNC Milling machine (ကွန်ပြုတာနှင့် ထိမ်းခြုပ်သော တွင်ခုံ/ ဖောက်ခုံ) အနား တွင် ဓာတ်ပုံရိုက်ကူးထားစဉ် (ဓာတ်ပုံ-ဒီမိုကရတ်တစ် မြန်မာ့အသံ)

မြောက်ကိုရီးယား ၏ အကူအညီ ဖြင့် ညူကလီးယား လက်နက် ထုတ်လုပ် နိုင်သည့် စက်ရုံ များ တည်ဆောက်
နေခြင်း ကို အမေရိကန် နိုင်ငံ က စိုးရိမ် မကင်း ဖြစ် ရကြောင်း ယနေ့  သတင်းထုတ် ပြန်သည်။

ဗိုလ်မှုး စိုင်းသိန်းဝင်း နှင့် အင်တာဗျူး

Continue reading “မြန်မာ ညူကလီးယား လက်နက်စီမံကိန်း အထောက်အထားများ နိုင်ငံတကာ အနူမြူစွမ်းအင် အေဂျင်စီ (IAEA)သို့ လွှဲပြောင်းပေးအပ်”

မြောက်ကိုရီးယား နှင့် မြန်မာစစ်အစိုးရ ဆက်စပ်မှု ရှိနေခြင်းကြောင့် ဂျင်ဝဘ်၏ ခရီးစဉ် ရွှေ့ ဆိုင်း

Key U.S. senator postpones trip to Myanmar

မြန်မာနိုင်ငံ၏ နူကလီယား ရည်မှန်းချက်များ ကြောင့် လာရောက်မည့် ခရီးစဉ် ရုတ်ချဉ်း ရွှေ့ ဆိုင်းလိုက်သည့် အမေရိကန် အထက်လွှတ်တော် အမတ် ဓာတ်ပုံ-အေပီ

ယနေ့ မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်မည် ဟု သတင်းထုတ်ပြန်ထားသော အမေရိကန်
ဗာဂျီးနီးယား  ပြည်နယ် လွှတ်တော် အမတ် ဂျင်ဝဘ် သည် ချက်ခြင်းပင် ၎င်း ၏ ခရီးစဉ် ကို ရွှေ့ 
ဆိုင်း လိုက်သည် ဟု သတင်းရရှိသည်။ Continue reading “မြောက်ကိုရီးယား နှင့် မြန်မာစစ်အစိုးရ ဆက်စပ်မှု ရှိနေခြင်းကြောင့် ဂျင်ဝဘ်၏ ခရီးစဉ် ရွှေ့ ဆိုင်း”

မိုက်ခရိုဆောဖ် ၀ဲ များ အား ကိုးဆယ်ရာခိုင်နှုန်း လျှော့ ဈေး နှင့်ဘလောက်ဂါ များ ၀င်ငွေ ရနိုင်သည့် Alert Pay

မိုက်ခရို ဆောဖ် ကုမ္ပဏီမှ ထုတ်ဝေသည့် ၀င်းဒိုး
ဆောဖ် ၀ဲ အပြင် မိုက်ခရို ဆောဖ် Office အုပ်စု မှ
Power Point ,Publisher ,Word, Excel အစရှိသည့်
ဆော်ဝဲ များ ကို အဆင့်မြင့် ပညာသင်ကြားနေ သော
ကျောင်းသားများ အား ၉၁ ရာခိုင်နှုန်း လျှော့ဈေးဖြင့်
ရောင်းချမည့် အစီအစဉ် အား မိုက်ခရိုဆောဖ်ဝဘ်ဆိုတ်
တွင် သတင်း ထုတ်ပြန် ထားသည်။

အမေရိကန် သို့ မဟုတ် ကမ္ဘာ တ၀ှမ်း ရှိ
တက္ကသိုလ် ပညာ သင် ကြားနေ သည့် ကျောင်း
သား များအတွက် Windows 7 Professional အား
၆၄.၉၅ ဒေါ်လာ နှင့် ရောင်းချပေး မည် ဖြစ်ပြီး ၊Word ,Publisher
အပါအ၀င် Application ၉ မျိုး ပါဝင်မည့် Office Ultimate
2007 အား ၅၉.၉၅ ဒေါ်လာ နှင့် ရောင်းချပေးမည်ဖြစ်သည်။ Continue reading “မိုက်ခရိုဆောဖ် ၀ဲ များ အား ကိုးဆယ်ရာခိုင်နှုန်း လျှော့ ဈေး နှင့်ဘလောက်ဂါ များ ၀င်ငွေ ရနိုင်သည့် Alert Pay”

အစ္စရေး ဆန့် ကျင်ရေးဆန္ဒပြမှု မြန်မာ နိုင်ငံတွင် လည်းဖြစ်နိုင်ချေရှိ

မြန်မာ ၀န်ကြီးချုပ် ဦးနု အစ္စရေး နိုင်ငံ သို့ ရောက်ရှိ စဉ် က အစ္စရေး ၀န်ကြီးချုပ် မိုရှေ ဆာရတ် ၊ကာကွယ်ရေး ၀န်ကြီး မိုရှေ ဒါယန်း (တစ်ဖက်လပ် နှင့် လူ) နှင့် အတူတွေ့ ရစဉ်

မေလ ၃၁ ရက်နေ့ အာရုဏ် တက်ချိန်က ပါလက်စတိုင်း ၊ဂါဇာ ဒေသရှိ စားနပ် ရိက္ခာ ပြတ်လပ်နေ သည့်
ပြည်သူ များ အတွက် စားနပ် ရိက္ခာ များ သယ်ဆောင် လာသည့် နိုင်ငံ တကာ အကူအညီ ပေးရေး သင်္ဘော
ခြောက် စီး ကို ဂါဇာ ကမ်းခြေ နှင့်  နှင့် ၄၄ မိုင်အကွာ နိုင်ငံတကာ ရေ ပိုင် နက် တွင် တက်ရောက် စီးနင်း  မှု
ကြောင့် အကူအညီ ပေးရေး ၀န်ထမ်း ကိုးဦး သေဆုံး ခဲ့ရသည်။ Continue reading “အစ္စရေး ဆန့် ကျင်ရေးဆန္ဒပြမှု မြန်မာ နိုင်ငံတွင် လည်းဖြစ်နိုင်ချေရှိ”

ဂါဇာ သို့ စားနပ်ရိက္ခာ များ တင်ဆောက် လာသည့် သင်္ဘော အား အစ္စရေး ရေတပ် က တိုက်ခိုက် သဖြင့် အနည်းဆုံး နှစ်ဆယ့် ငါးဦး သေဆုံး(ဗီဒီယို)

အစ္စရေး စစ်တပ်က သုံးနှစ် ကျော်ကြာ ပိတ်ဆို့ ထားသည့် ပါလက်စတိုင်း ဒေသ ဂါဇာ ရှိ ပြည်သူများ အတွက်
စားနပ် ရိက္ခာ တင်ဆောင်လာသည့် သင်္ဘော များ ကို ယနေ့ မနက် အာရုံတက်ချိန် တွင် အစ္စရေး ရေတပ်က
ပစ်ခတ် ဟန့် တား ရှာဖွေရာ ပါလက်စတိုင်း လိုလားသူ ဆယ်ဦးထက် မနည်း သေဆုံးသွားပြီး အများ အပြား
ဒဏ်ရာ ရရှိသွားသည် ဟု သတင်းရရှိသည်။ Continue reading “ဂါဇာ သို့ စားနပ်ရိက္ခာ များ တင်ဆောက် လာသည့် သင်္ဘော အား အစ္စရေး ရေတပ် က တိုက်ခိုက် သဖြင့် အနည်းဆုံး နှစ်ဆယ့် ငါးဦး သေဆုံး(ဗီဒီယို)”

ဂျော်ဂျီယာ သင်္ကြန်ပွဲတော် မှ ရရှိသည့် ဆုတော်ငွေများ ဖြင့် သောက်သုံးရေ ဒုက္ခရောက်နေ သည့် ဒေသများ သို့  မေဆွိ လှုဒါန်း မည်

ဂျော်ဂျီယာ သင်္ကြန် ပွဲတော်တွင် အဆိုတော် မေဆွိ သီဆိုဖျော်ဖြေနေစဉ်

အမေရိကန် နိုင်ငံဂျော်ဂျီယာပြည်နယ် တွင် နေ ထိုင်ကြသည့် မြန်မာ တိုင်းရင်းသား များ စုပေါင်း၍ မြန်မာရိုးရာ
သင်္ကြန် ပွဲတော် ကို မေလ ၂၉ ရက်နေ့ တွင် ကျင်းပသည်။ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာ ရောက် မြန်မာ
ပြည်သားများ၏ သင်္ကြန်ပွဲတော်တွင် မြန်မာ ရိုးရာ အတာသင်္ကြန် အစဉ်အလာ အတိုင်းကျင်းပကြခြင်းဖြစ်ပြီး
သင်္ကြန်ယိမ်း အကများ ၊စတုဒီသာ များ ဖြင့် ပွဲတော် လာရောက်သူများ ကို ဖျော်ဖြေဧည့်ခံခဲ့ကြသည် ။ Continue reading “ဂျော်ဂျီယာ သင်္ကြန်ပွဲတော် မှ ရရှိသည့် ဆုတော်ငွေများ ဖြင့် သောက်သုံးရေ ဒုက္ခရောက်နေ သည့် ဒေသများ သို့  မေဆွိ လှုဒါန်း မည်”

Easy Rider ဇာတ်ကား၏ ဒါရိုက်တာ နှင့် မင်းသားဖြစ်သူ ဒင်းနစ်ဟော်ပါ ကွယ်လွန်

Actor Dennis Hopper Dead At 74
ကမ္ဘာ့  ယဉ်ကျေးမှု ကို တစ်ဆစ်ချိုးပြောင်းလဲ စေနိုင်ခဲ့မှု တွင် အဓိက ကျသော ဖြစ်ရပ်များ တွင်  တစ်
ခုအပါအ၀င် ဖြစ်သည့် Easy Rider ရုပ်ရှင် ဇာတ်ကားမှ မင်းသား ဒင်းနစ် ဟော်ပါ သည် ယနေ့ 
ကာလီဖိုးနီးယား ပြည်နယ် ဗင်းနစ် တွင် ကွယ်လွန် သွားသည် ဟု သတင်းရရှိသည်။

ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ် ရှိပြီ ဖြစ်သည့် မင်းသား ဒင်းနစ် ဟော်ပါသည် ၁၉၆၉ ခုနှစ် က နိုင်ငံတကာ
တွင် ၀က်ဝက်ကွဲ အောင်မြင်ခဲ့သည့် Easy Rider ဇာတ်ကားတွင် ဆိုင်ကယ် သမား ဘီလီ အဖြစ် ဂျက်နီကိုလ်ဆင် ၊
ပီတာဖွန်ဒါ နှင့် တွဲ ဖက် သရုပ်ဆောင် ခဲ့သည်။ စုပတ်လမ်း၏ မောင်းနှင်ခံ (Assembly Line) အမေရိကန် နိုင်ငံသား တို့ 
၏ ထွက်ပေါက်မဲ့နေသော ဘ၀ ကို သရုပ်ဖော်နိုင်ခဲ့သည့် Easy Rider ဇာတ်ကားသည် ထိုခောတ်က အမေရိ
ကန် နှင့် ကမ္ဘာ တစ်ဝှမ်းရှိ လူငယ်များ အတွက် သမ္မာကျမ်း စာအုပ်ဖြစ်ခဲ့သည်။ Continue reading “Easy Rider ဇာတ်ကား၏ ဒါရိုက်တာ နှင့် မင်းသားဖြစ်သူ ဒင်းနစ်ဟော်ပါ ကွယ်လွန်”

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းချိန် လောက်ဉ် UDD အနီဝတ် တို့ တော်လှန်ရေး ပြန်စမည်

Red Shirt Vows  Restart Protests End of Monsoon

Air Asia giving out free tickets to Bangkok

လုံခြုံသည့် နေရာတွင် အစိုးရဆန့် ကျင်ရေး ဆန္ဒပြမှု များ အတွက် အစီအစဉ် များ ရေးဆွဲနေသည့်  UDD ခေါင်းဆောင် တစ်ဦးဖြစ်သူ ဖိရာမ ချော်ထန် က မိုးရာသီ ကုန်လွန် မည့် အောက်တိုဘာ (သို့ မဟုတ်) နိုဝင်ဘာ
လဆန်းတွင် ၎င်းတို့ ၏ မပြီးဆုံးသေးသော တော်လှန်ရေး ကြီး ကို ပြန်လည် စတင် မည် ဖြစ်သည် ဟု Freedom News Group သို့ ပြောသည်။ Continue reading “မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းချိန် လောက်ဉ် UDD အနီဝတ် တို့ တော်လှန်ရေး ပြန်စမည်”

ဆန်ဖရန်စစ္စကိုမြို့တော် ၏ ဗမာ့ ဒီမိုကရေစီ နေ့ အခမ်းအနားကျင်းပ

ဆန်ဖရန်စစ္စကိုမြို့တော် ဖက်ဒရယ် အစိုးရ အဆောက်အဦ ရှေ့ တွင် ယနေ့ ကျင်းပသည့် ဗမာ့ ဒီမိုကရေစီ နေ့ အခမ်းအနား
ဆန်ဖရန်စစ္စကို မြို့ တော်ဝန် နှင့် မြို့ အုပ်ချုပ်ရေး ကောင်စီ က ၁၉၉၀ ပြည့်နှစ်မေလ ၂၇ နေ့ တွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် အား ဂုဏ်ပြုသော အားဖြင့် ဆန်ဖရန်စစ္စကို ဗမာ့ ဒီမိုကရေစီ နေ့ အဖြစ် သတ်မှတ်ပေးခဲ့သည်။

ယနေ့ ကျင်းပသည့် ဆန်ဖရန်စစ္စကို မြို့ ရှိ ဗမာ့ ဒီမိုကရေ စီနေ့ အခမ်းအနား တွင် ဆန်ဖရန် ရောက် မြန်မာ များက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ပါဝင် ဆန္ဒပြခဲ့ကြသည်။ဆန်ဖရန်စ္စကို မြို့ တော်ဝန် လည်း ထို အခမ်းအနား သို့ တက်ရောက်ကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်း တစ်ဦး ဖြစ် သူ ကိုခင်မောင် ၀င်းက Freedom News Group သို့ ပြောသည်။ Continue reading “ဆန်ဖရန်စစ္စကိုမြို့တော် ၏ ဗမာ့ ဒီမိုကရေစီ နေ့ အခမ်းအနားကျင်းပ”

စစ်ရိပ် ၊ စစ်ငွေ့ သမ်း နေ သည့် ကိုရီးယား ကျွန်းဆွယ် တွင် နှစ်ဖက်တပ်လှန့် ထားမှု ကြောင့် နိုင်ငံခြား အလုပ်သမားများ ပြည်တော်ပြန်

Tensions are rising on Korean peninsula

Analysis: North Korea tests U.S. policy of ‘strategic patience’

မတ်လ ၂၆ ရက်နေ့ က တောင်ကိုးရီးယား စစ်သဘောင်္နစ် မြုပ်ခဲ့ရခြင်း သည် ကွန်မြူနစ် မြောက်ကိုရီးယား
၏ လက်ချက် ဖြစ်သည် ဟု စုံစမ်း စစ်ဆေး ချက် များ ထွက် ပေါ်လာပြီး ကိုရီးယား ကျွန်း ဆွယ်တွင် စစ်ရေး
တင်းမာ မှု များ ပေါ်ပေါက်လာ သည် ဟု ဆိုလ်းမြို့ ရှိ စားသောက်ဆိုင် တစ်ခု တွင် မန်နေဂျာ အဖြစ် လုပ်ကိုင်
သည့် ကိုထွန်းထွန်း က Freedom News Group သို့ ပြောသည်။

တောင်ကိုရီးယား နိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေ များ နှင့် ပတ်သက်၍ ကိုထွန်းထွန်းက
နှစ်ဖက် စလုံး စစ်ရေး အသင့် ပြင်ထားကြတယ် ဘယ်လို ဖြစ်လာမလဲ တော့ မသိဘူး ။လမ်းတွေ မှာ တော့ အရေးပေါ် သတိပေးတဲ့ ဥသြ တွေ ကို ပြန်ပြင် နေတယ်။ ဖိလစ်ပိုင်၊ဗီယက်နမ် နဲ့  မလေး က လာ အလုပ်လုပ်
တဲ့ သူ တွေ တော့ ပြန်ကုန် ပြီ “ဆိုလ်း မြို့ ၏ အခြေအနေနှင့် ပတ်သက်၍ သူက ပြောသည်။

မြောက်ကိုရီးယား နိုင်ငံ ကမူ ထို သဘောင်္နစ်မြုပ်မှု သည် ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုထားသော်
လည်း လွန်ခဲ့သည့် သီတင်းပတ် မှ စ၍ နှစ်နိုင်ငံ နယ်စပ်ရှိ ၎င်း တို့  ၏ ပန်မွန်ဂျုံ အပါအ၀င် နှစ် နိုင်ငံ နယ်စပ်
တွင် စစ်ရေး တိုး မြှင့် လုပ်ဆောင် မှု များ ပြုခဲ့သည်။ Continue reading “စစ်ရိပ် ၊ စစ်ငွေ့ သမ်း နေ သည့် ကိုရီးယား ကျွန်းဆွယ် တွင် နှစ်ဖက်တပ်လှန့် ထားမှု ကြောင့် နိုင်ငံခြား အလုပ်သမားများ ပြည်တော်ပြန်”

ဒီမိုကရေစီ မကျသော ဖြေရှင်းမှု နည်းလမ်များဖြင့် ဒီမိုကရေစီ အစိုးရများ

Blaze of Glory and But Not Unbowed in Thailand

Is this  Mini – Civil War ?

Presented by Visual Journalism of Freedom News Group Updated and Commented

သင်တို့ ၏အတွေးအမြင် များ ကို  freedomnewsgroup@gmail.com သို့ ပို့ ပေးပါ။

ဘလူး ရဲ့  အတွေးအမြင်ဖြစ်ပါတယ်

အောင်ဆန်းစုကြည်နဲ့ သက်ဆင်၊ အက်ဘီဆစ်နဲ့ သန်းရွှေ တစ်ကယ်ဆိုပြောင်းပြန်ကြီးပါဗျာ… ဆန္ဒပြသူချင်းမို့ ရှပ်နီနဲ့ ရွှေဝါရောင် တူတယ်လို့ အပေါ်ယံတွေးကြတာ တွေ့လို့ပါ။ ရှပ်နီတွေက ဒီမိုကရေစီကျကျ ဆန္ဒပြတာမှန်ပေမယ့် နောက်ပိုင်းမှာ လမ်းလွဲပြီး အကြမ်းဖက်ခဲ့ကြတယ်လေ။ သေနပ်နဲ့ပြန်ပစ်ရုံ မကဘူး၊ အဆောက်ဦးပေါင်း ၄၀ လောက်မီးရှို့ခဲ့ပါတယ်။ သူတို့ဆန္ဒပြတာကလည်း အဘီဆစ် ပြုတ်ရေးသာမက သက်ဆင် ဝန်ကြီးချုပ်ပြန်ဖြစ်ရေးတွေ ပါလာလို့ အများစုက သက်ဆင့်စနစ်ဖြစ်တယ်လို့ အခိုင်အမာ ပြောကြတာဖြစ်ပါတယ်။
ရွှေဝါရောင်ကတော့ လုံးဝ ငြိမ်းချမ်းရေးပါ။ ခဲပေါက်တယ်ဆိုတာကလည်း ကြံ့ဖွံ့က အုတ်ကားသွန်ချပေးတယ်။ ကိုဆန်းသစ်တို့လို အရပ်ဝတ် စစ်သားတွေနဲ့၊ စွမ်းအားရှင်တွေက ခဲနဲ့ပေါက်ပြတယ်။ မသိနားမလည်ရှာတဲ့ လူငယ်တချို့ကလည်း လိုက်ပေါက်ကြတယ်။ ဒါဟာ ဆန္ဒပြသူတွေ အကြမ်းဖက်လို့ စစ်တပ်က ပစ်တယ်ဆိုတဲ့အကွက်ဝင်အောင် စစ်အစိုးရကလုပ်ခဲ့တာ လူတိုင်းသိပါတယ်။ ကျနော်တို့ သေနပ်နဲ့ပစ်ခံရတော့ အနီးက လှေကားထဲဝင်ပြေတာ ပြည်သူတွေကိုလိုက်ပစ်၊ လိုက်ဖမ်းတာတွေကို မြင်နေရတယ်။ စောစောက ကျနော့ရှေ့က ခဲနဲ့ပေါက်နေတဲ့ ရှပ်အဖြူဝတ်ထားတဲ့သူက ခုကျတော့ တုတ်တစ်ချောင်းနဲ့ သံဃာတွေကို လိုက်ဖမ်းနေတဲ့ စွမ်းအားရှင်ဖြစ်နေတာ အံ့သြခံပြင်းစွာ တွေ့ခဲ့ရပါတယ်။ ဘာပဲပြောပြောဗျာ… စစ်ပထွေးတွေနဲ့ စစ်ခွေးတွေ ဘယ်လောက်မျက်စိမှိတ်ပြီး အော်အော်။ ပြည်သူတွေက အသိဥာဏ်ရှိတယ်၊ အကောင်းအဆိုး သိပါတယ်။ ဘယ်မှိုင်းမှ မိလို့မဟုတ်ပါဘူး ကိုယ်တွေ့ကို သိကြတာပါ။
သက်ဆင်က အစိုးရက စခန်းဝင်စီးရင် ပြန်လည်ပစ်ဖို့၊ ခုခံကြဖို့ အနီးရှိ ကုန်တိုက်များကို ဝင်စီးဖို့ မိန့်ခွန်းတွေပြောခဲ့၊ ခိုင်းခဲ့တာတွေ ထိုင်းတီဗီတွေကနေ ပြန်လည်လွင့်ပြနေတုန်းပါ။ ပြီးသက်ဆင်က နိုင်ငံရေးအကြောင်း သိပ်မတွက်တတ်ပါဘူး။ စီးပွားရေးသမားပါ။ ဇင်းမယ်မြို့သား သာမန်ရဲတစ်ယောက် ဘဝကနေ ကမ္ဘာကျော်ဘောလုံးကလပ်တစ်ခုကိုတောင် ဒူဘိုင်းစော်ဘွားတွေနဲ့ အပြိုင်ဝယ်နိုင်တဲ့ အထိ ချမ်းသာလာတာလေ။ ပြည်သူတွေကိုလည်း စီးပွားတွက်တွက်ပြီး မဲဆွယ်ခဲ့တာပါ။ ဒါကြောင့် နယ်ကသာမန်ပြည်သူတွေက အများဆုံးထောက်ခံခဲ့ကြတာ။ သူမပြုတ်ခင်တည်းက သူတိုက်ခဲ့တဲ့ အဓိက ပစ်မှတ်က ထိုင်းဘုရင်ကိုဖြစ်ပါတယ်။ အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ရတာ အဲဒါလည်း တစ်ကြောင်းဖြစ်ပါတယ်။ ပြီးတော့ သူက ထိုင်းလူမျိုးမဟုတ်ပါဘူး။ ထိုင်းမှာမွေးတဲ့တရုတ်ပါ။ သူပြုတ်ခဲ့ပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံကို ဘယ်လောက်ချစ်ပါတယ် ပြောပြော ထိုင်းနိုင်ငံရဲ့ စစ်ရေး လျှိ့ဝှက်ချက်တွေ၊ အားနဲချက်တွေကို အပြင်ကနေ ဖွင့်ချခဲ့သူဖြစ်ပါတယ်။ ဒီတစ်ချက်နဲ့တင် ထိုင်းတစ်နိုင်ငံလုံးရဲ့ လက်မခံသင့်တဲ့ ရန်သူအစစ်တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။
ဒါကြောင့် ယခုထိစစ်သံဆူးကြိုးတွေထဲမှာ နှစ် ၂၀ကျော် သည်းခံခဲ့တဲ့ ကမ္ဘာငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝကို မနှိုးယှဉ်အပ်တဲ့ နံ့သာဆီနဲ့ ဟိုဒင်းဖြစ်ပါတယ်။ ဆယ့်နှစ်ခြားစီမို့ မနှိုင်းကြပါနဲ့။

ကိုစောနောင် ရဲ့  အတွေးအမြင်ဖြစ်ပါတယ်

ထိုင်း အနီတော်လှန်ရေးကျဆုံးသွားတာ အကြောင်း (၃) ချက်တွေ့ပါတယ်။
(၁) negotiation ကို အသုံးမချနိုင်ခဲ့ခြင်း။ အနီ တို့အနေနဲ့ silent majority နဲ့ ထိုင်း ဘုရင်ကြီးအပေါ် လုံးဝကြည်ညိုသူ ထိုင်းပြည်သူ များစွာရှိတာကို မေ့လျော့ကာ မိမိအင်အားကြီးမားမှုကို မာန်တင်းခဲ့၍ ၀န်ကြီးချူပ်၏ ညှိနှိုင်းမှုပေါ်တွင် အလျှော့အတင်း မလုပ်နိုင်ခဲ့ခြင်း။ (သူတို့ဖက်က အနိမ့်ဆုံး လွှတ်တော်ဖျက်သိမ်းရေးနဲ့ ၀န်ကြီးချုပ်နှုတ်ထွက်ရေးကိုသာ တွင်တွင် တောင်းခဲ့ပါတယ်။ ဒါဟာ စနစ်တစ်ခုပြောင်းဖို့။ ဒီမိုကရေစီကျဖို့ လိုလားတဲ့ တောင်းဆိုချက်မဖြစ်လာလို့ ခုန ၂ ချက်ရရင် သက်ဆင်က ဘာပေးမယ်ဆိုတဲ့ မက်လုံးရှိတယ်လို့တောင် အများက ယုံကြည်လာကြပါတယ်) Continue reading “ဒီမိုကရေစီ မကျသော ဖြေရှင်းမှု နည်းလမ်များဖြင့် ဒီမိုကရေစီ အစိုးရများ”