မြောက်ကိုရီးယား သင်္ဘောတစ်စီး မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်းနေ

၂၂ ဇွန် ဆိုလ်း ကိုရီးယား၊                     ၊Fox News

U.S. Navy Intercepts North Korea Ship Toward Burma

မြန်မာ နိုင်ငံသို့ဦးတည် ခုတ်မောင်းနေသည့် မြောက်ကိုရီးယား သင်္ဘော ကန်နန်
မြန်မာ နိုင်ငံသို့ဦးတည် ခုတ်မောင်းနေသည့် မြောက်ကိုရီးယား သင်္ဘော ကန်နန် ဓာတ်ပုံ-ရိုက်တာ

မြောက်ကိုရီးယား နိုင်ငံမှ မြန်မာ နိုင်ငံသို့ ဦးတည် ခုတ်မောင်းလျှက်ရှိသည့် တန်ချိန် နှစ်ထောင်
ကျော် ရှိ ကန်နန် အမည်ရှိသင်္ဘောတစ်စီးကို အမေရိကန် ရေတပ်က ဖျက်သင်္ဘော အုပ်စုက နောက်ယောင်ခံ လိုက်လျှက်ရှိသည် ကို ဖောက်(စ)သတင်းဌာန က ဖေါ်ပြထားသည်။

ထိုသဘောင်္သည် ဗုဒ္ဓဟူးနေ့ က
မြောက်ကိုရီးယား နိုင်ငံ ပြုံးယမ်မြို့ အနီး နမ်ပို ဆိပ်ကမ်း မှ ထွက်ခွာလာပြီးတရုတ် နိုင်ငံ ကမ်းရိုးတန်းများမှ တစ်ဆင့် စင်္ကပူတွင် ဆီဖြည့်ပြီးနောက် တွင်မြန်မာ နိုင်ငံ သို့ ဦးတည် ခုတ်မောင်းလျှက် ရှိနိုင် ကြောင်းဖေါ်ပြထားသည်။ Continue reading “မြောက်ကိုရီးယား သင်္ဘောတစ်စီး မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်းနေ”

လူငယ်ခေါင်းဆောင် သမ္မတ ဟောင်းရပ်(ဖ)ဆန်ဂျာနီ သမီး အဖမ်းခံရ တနင်္ဂနွေ ဆန္ဒပြပွဲ ဆယ်ဦးသေ

၂၁ ဇွန် တီဟီရန်၊                ၊CBS NEWS နှင့် အီရန် ဘလောက်သတင်းများ

Riot police tackle Iran protests

ရရာလက်နက် ကိုင်ဆွဲ၍ ခုခံနေသော အီရန် ပြည်သူများ
ရရာလက်နက် ကိုင်ဆွဲ၍ ခုခံနေသော အီရန် ပြည်သူများ

တနင်္ဂနွေ နေ့ က အီရန် ပြုပြင်ပြောင်းလဲရေး လိုလားသူများ၏ ဆန္ဒပြပွဲ တွင် စစ်တပ်ကလေ့ကျင့်ပေး
ထားသည့် Basij ပြည်သူ့ စစ်များက ပစ်ခတ်မှုကြောင့် ဆယ်ဦးသေဆုံးခဲ့ရသည်။ယမန်နေ့ က လူလေးဆယ်ကျော် သေဆုံးပြီး ခြောက်ရာ ကျော် လောက် အဖမ်းခံရတဲ့ ဆန္ဒပြပွဲ မှာ လူငယ်တွေ ကိုဦးဆောင်စည်းရုံးတရားဟောခဲ့တဲ့ သမ္မတ ဟောင်းရဖ်ဆန်ဂျာနီ ရဲ့ သမီးဖြစ်သူ ဖေဇယ်ရပ် ဆန်ဂျာနီ အပါအ၀င် ဆွေမျိုးဆယ်ဦးထက် မနည်းကို ရဲက ဖမ်းဆီးသွားပါတယ်။ Continue reading “လူငယ်ခေါင်းဆောင် သမ္မတ ဟောင်းရပ်(ဖ)ဆန်ဂျာနီ သမီး အဖမ်းခံရ တနင်္ဂနွေ ဆန္ဒပြပွဲ ဆယ်ဦးသေ”

အီရန် ဆန္ဒပြသူများကို စစ်တပ် နှင့် ရဲက အကြမ်းဖက် နှိမ်နှင်းသဖြင့် လူ၁၅၀ နီးပါးသေဆုံး

၂၁ ဇွန် တီဟီရန်၊                     ၊စီအန်အန် နှင့် အာရပ်သတင်းဌာန များ

19 people died in unrest Saturday in Tehran, Iran, hospital sources say. Unconfirmed reports put the death toll at 150.Facebook page of Mir Hossein Moussavi says he’s ready for “martyrdom”

လေပေါင်းအားပြင်းသောမီးသတ်ပိုက်ဖြင့် ဆန္ဒပြသူများ ကို နှိမ်နှင်းနေစဉ်
လေပေါင်းအားပြင်းသောမီးသတ်ပိုက်ဖြင့် ဆန္ဒပြသူများ ကို နှိမ်နှင်းနေစဉ်

သောကြာနေ့ က အီရန် နိုင်ငံရဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ အယာတိုလာ ခိုမေနီက ဆန္ဒပြ
ပွဲတွေ ကို အဆုံးသတ် ဖို့ ဟူစိန် မူဆာဗီ ကို ထောက်ခံသူတွေ ကို တိုက်တွန်းခဲ့ပါတယ်။ဒါပေမယ့် နောက် တစ်နေ့ စနေနေ့ မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ဟာ တီဟီရန် မြို့ ရဲ့ လမ်းတွေပေါ်မှာ
မနက် ၁၀ နာရီ လောက် ကတည်းက စုရုံးခဲ့ကြပြီး ဆန္ဒပြမှု တွေ ကို စတင်ခဲ့ကြပါတယ်။

နေ့ လည် ပိုင်းလောက်မှာ တော့ ဆန္ဒပြသူတွေ ကို ဆိုင်ကယ် စီးရဲတပ်ဖွဲ့ ဝင်တွေ က တုတ် တွေနဲ့ အတင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မျက်ရည် ယိုဗုံးတွေ မီးသတ် ပိုက်တွေ သုံးကာ ဖြိုခွဲခဲ့ပါတယ်။ရဲ
နဲ့ စစ်တပ်က လေ့ကျင့်ပေးထားတဲ့ လက်နက် ကိုင် အဖွဲ့ တွေရဲ့ အကြမ်းဖက် ဖြိုခွဲ မှုကြောင့် စနေနေ့ က လူ ၁၉ ယောက်သေဆုံးတယ်လို့  အီရန် သတင်းတွေ က အတည် ပြုပြောကြားပြီး နိုင်ငံတကာ စောင့် ကြည့်လေ့လာရေး အဖွဲ့ တွေကတော့ အနည်းဆုံး ၁၅၀ ကျော် သေဆုံးတယ် လို့ ဖေါ်ပြထားတာကို စီအန်အန် သတင်းမှာ ဖေါ်ပြထားပါတယ်။ Continue reading “အီရန် ဆန္ဒပြသူများကို စစ်တပ် နှင့် ရဲက အကြမ်းဖက် နှိမ်နှင်းသဖြင့် လူ၁၅၀ နီးပါးသေဆုံး”

မလေးရဲက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပမည့် မြန်မာလူမျိုးများကို ၀င်ရောက်ဖမ်းဆီး

၂၀ ဇွန် ဆီလန်ဂါ မလေးရှား၊                   ၊Freedom News Group

Birthday Protesters Arrests in Malaysia

ပယ်တလင်ဂျယာ ရဲမှုးက ပွဲ ကိုဖျက်သိမ်းရန် နှင့် မြန်မာများရဲစခန်း သို့ လိုက်ခဲ့ရန် လာရောက် ပြောကြားစဉ် ဓာတ်ပုံ-Freedom News Group
ပယ်တလင်ဂျယာ ရဲမှုးက ပွဲ ကိုဖျက်သိမ်းရန် နှင့် မြန်မာများရဲစခန်း သို့ လိုက်ခဲ့ရန် လာရောက် ပြောကြားစဉ် ဓာတ်ပုံ-Freedom News Group

ယမန်နေ့ ကကျရောက်သော ထောင်သွင်းအကျဉ်းချခံထားရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ၏ ၆၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် မလေးရှား နိုင်ငံဆီလန် ဂါ ပြည် နယ် ပယ်တလင်း ဂျယာ မြို့ တွင် ကျင်းပရန် စီစဉ် ထားသည့် အထိမ်း အမှတ် အခမ်းအနား တစ်ခု ကို
ဒေသ ဆိုင်ရာ အာ ဏာ ပိုင်များ နှင့် ရဲ အဖွဲ့ က ရောက်ရှိလာကာ လူ၁၅၀ ကျော်အား
ဖမ်းဆီးသွားခဲ့သည်။ Continue reading “မလေးရဲက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပမည့် မြန်မာလူမျိုးများကို ၀င်ရောက်ဖမ်းဆီး”

အကျဉ်းထောင်ထဲက ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့ အတွက် ရွှေတိဂုံဘုရားတွင် လာရောက်ဆုတောင်းပေးသူ အထူးများပြား

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲ အခမ်းအနားကို အဖွဲ့ ချုပ်ရုံးတွင် ကျင်းကစဉ် AP - Photo
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲ အခမ်းအနားကို အဖွဲ့ ချုပ်ရုံးတွင် ကျင်းကစဉ် AP - Photo

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ ပွဲ အတွက်
ရန်ကုန်မြို့ တွင် စစ်အစိုးရ က လုံခြုံရေး အထူး
တင်းကျပ် ထားသော် လည်း ဒေါ်အောင် ဆန်းစု
ကြည်အားထောက်ခံသူများက ယနေ့ မနက် အစော
ပိုင်းကတည်းက စတင်၍ ရွှေတိဂုံ စေတီ တွင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှင့်
ကျန်းမာရေး တို့ အတွက် ပန်း၊ရေချမ်းဆီမီး တို့ 
ကို ကပ်လှု ပူဇော် ကြကြောင်းသတင်းရရှိသည်။ Continue reading “အကျဉ်းထောင်ထဲက ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့ အတွက် ရွှေတိဂုံဘုရားတွင် လာရောက်ဆုတောင်းပေးသူ အထူးများပြား”

အီရန် လူထုအုံကြွမှုတစ် စက္ကန့်လျှင် ပြည်သူ ၁၂၀၀ နှုန်းပူးပေါင်းလာခြင်းဖြစ် ရွေးကောက်ပွဲ မကျေနပ်မှု မှ အစိုးရဖြုတ်ချရေး အသွင် ဆောင်လာ

၁၉ ဇွန် တီဟီရန်၊                  ၊စီအန်အန် နှင့်အာရပ်ရုပ်သံ သတင်းများ

Iranian Protests Step-Up

မူဆာဗီက သူ့ အားထောက်ခံသူများကို ကြာသပတေးနေ့ က တရားဟောကြားနေစဉ်
မူဆာဗီက သူ့ အားထောက်ခံသူများကို ကြာသပတေးနေ့ က တရားဟောကြားနေစဉ်

တီဟီရန် ရွေးကောက်ပွဲ ရလာဒ်အပေါ်မှာ မကျေနပ်ကြ တဲ့ အီရန်ကျောင်းသားလူငယ်နဲ့ ပြည်သူလူထုတွေ ရဲ့ ဆန္ဒပြပွဲ တွေ မှာ အီရန် စစ်တပ် လို့ ဆိုရမယ့် အီရန် တော်လှန်ရေး အစောင့်တပ် က လေ့ကျင့် ပေးထားတဲ့ Basilj ဆိုတဲ့ လက်မရွံ့ အဖွဲ့ တွေက ပစ်သတ်လို့ သေဆုံးသွားကြရတဲ့ ကျောင်းသားပြည် သူ ရှစ်ဦး  အတွက် ၀မ်းနည်းကြေကွဲ ခြင်းအထိမ်းအမှတ် နေ့ အခမ်းအနားကို ကြာသပတေး နေ့ က တီဟီရန် မှာ ကျင်းပခဲ့ပါတယ်။ Continue reading “အီရန် လူထုအုံကြွမှုတစ် စက္ကန့်လျှင် ပြည်သူ ၁၂၀၀ နှုန်းပူးပေါင်းလာခြင်းဖြစ် ရွေးကောက်ပွဲ မကျေနပ်မှု မှ အစိုးရဖြုတ်ချရေး အသွင် ဆောင်လာ”

ကရင်အမျိုးသားချင်း သွေးမစွန်းစေလို သဖြင့် KNU နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်

၁၈ ဇွန် မဲဆောက်၊                    ၊Freedom News Group

Myanmar’s Karen rebels to abandon stronghold

တိုက်ပွဲ များကြောင့် နယ်စပ်တွင် ကင်းလှည့် နေသည့် ထိုင်းနယ်ခြားစောင့်တပ်
တိုက်ပွဲ များကြောင့် နယ်စပ်တွင် ကင်းလှည့် နေသည့် ထိုင်းနယ်ခြားစောင့်တပ်

ယခု လဆန်းပိုင်းကတည်းက စတင်ခဲ့သော မြန်မာ စစ်တပ်၏ နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ (DKBA) တို့ မှ အပြင်းအထန် ထိုးစစ်ဆင်နေ မှုကြောင့် ၎င်း တို့ ၏ အခိုင်အမာ ခြေကုပ်စခန်းများကို စွန့် လွှတ်ခဲ့ရကြောင်း အမည် မဖေါ်လိုသော တခ် ခရိုင် အခြေစိုက် စစ်တပ် အရာရှိ တစ်ဦးကFreedom News Group သို့ ပြောသည်။

မြန်မာစစ်အစိုးရက လက်နက်ကြီးများဖြင့် ပစ်ကူ ပေး ပြီး ဒီကေဘီအေ တပ်သားအချို့ က ကရင်အမျိုးသား လွတ်မြောက်ရေးတပ် မတော် ၏ အခိုင်အမာ ခြေကုပ်စခန်းတစ်ခု ဖြစ်သည့် တပ်မဟာ ရ နယ်မြေရှိ အခြေခံစခန်း အချို့ ကို ယနေ့ မနက် တွင် စွ န့် လွှတ်ခဲ့ရသည်။ Continue reading “ကရင်အမျိုးသားချင်း သွေးမစွန်းစေလို သဖြင့် KNU နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်”

အီရန် ဆန္ဒပြမှု ပိုမိုအားကောင်းလာ၊ရေနံစိမ်း ဈေးနှုန်းမြင့်တက်

၁၇ ဇွန် တီဟီရန်၊                ၊စီအန်အန်

World oil markets on edge as poll protests rock Iran

47511205သမ္မတာ မာမွတ် အာမာဒီနီဂျက် ရှရုားနိုင်ငံ ကိုရောက်ရှိ နေတုန်းမှာ အီရန် ဘာသာရေးခေါင်းဆောင်ခိုမေနီက မဲရလဒ် ကို ပြန်လည် ရေတွက် ပေးပါမယ် လို့ ကြေညာခဲ့ပါတယ်။ တနင်္လာနေ့ ညက တီဟီရန် မှာ ဆန္ဒပြသူ ရှစ်ဦးထက် မနည်းကို အီရန် တော်လှန်ရေး အစောင့် တပ်က လေ့ ကျင့်ပေးထားတဲ့ Basij ဆိုတဲ့ လက်မရွှံ တွေက ပစ်သတ်လို့ သေဆုံးမှု တွေ ဖြစ်ခဲ့ပေမယ့် အင်္ဂါ နေ့ မှာ တော့ ဆန္ဒပြပွဲ တွေ ဟာ ပိုအားကောင်း လာခဲ့ပါတယ်။

အီရန် မှာ ရွေးကောက်ပွဲ ရလာဒ်ကို မကျေနပ်ကျတဲ့ ပြည်သူလူထုရဲ့ အုံကြွမှု စတင်တဲ့ လေးရက် မြောက် နေ့ မှာ ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းဟာ တစ်စည် ကို ၇၁ ဒေါ်လာထိ ထိုးတက် သွားပါ တယ်။အင်္ဂါေ န့ညနေ မှာ တော့ တီဟီရန် မြို့ လည်မှာ အာမာဒီနီဂျက်ကို ထောက်ခံသူတွေ ကလည်း ဆန္ဒပြချီတက် ကြတာမို့ မြို့ တော် တီဟီရန် ဟာ ဆန္ဒပြမှု တွေ နဲ့ ခြိမ့် ခြိမ့်သဲ ဖြစ်နေတယ် လို့ တီဟီရန် ကလာတဲ့ စီအန်အန် သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။ Continue reading “အီရန် ဆန္ဒပြမှု ပိုမိုအားကောင်းလာ၊ရေနံစိမ်း ဈေးနှုန်းမြင့်တက်”

တီဟီရန် စိမ်းလန်းသော တော်လှန်ရေး၏ စတုတ္ထမြောက်နေ့  (သတင်း ဓာတ်ပုံ)

၁၆ ဇွန် တီဟီရန်၊                       ၊နယူးယောက်တိုင်း Opposition Defies Protest Ban in Tehran အီရန် စိမ်းလန်းသော တော်လှန်ရေးတွင် Face Book အစရှိသည့် Social Network များသည် တော်လှန်ရေး အတွက် အရးပါသော သတင်းမီဒီယာ သစ်တစ်ရပ်ဖြစ်လာသည်။ Continue reading တီဟီရန် စိမ်းလန်းသော တော်လှန်ရေး၏ စတုတ္ထမြောက်နေ့  (သတင်း ဓာတ်ပုံ)

Rate this:

အီရန် အစိုးရခါးပိုက်ဆောင် လက်မရွံ့ အဖွဲ့ က ပစ်ခတ်သဖြင့် ဆန္ဒပြသူ ခုနှစ်ဦးသေဆုံး

၁၆ ဇွန် တီဟီရန်၊                    ၊အယ်(လ)ဂျာဇီးယား နှင့် ရိုက်တာ သတင်း

7 killed in attack on military post as Iran braces for fresh protests

အီရန် လက်မရွံ့ စွမ်းအားရှင်များလက်ချက်ကြောင့် တီဟီရန် တက္ကသိုလ်ကျောင်းသား တစ်ဦးလမ်းမထက် လဲကျသေဆုံးနေစဉ်
အီရန် လက်မရွံ့ စွမ်းအားရှင်များလက်ချက်ကြောင့် တီဟီရန် တက္ကသိုလ်ကျောင်းသား တစ်ဦးလမ်းမထက် လဲကျသေဆုံးနေစဉ်

အင်္ဂါ နေ့ မနက် အာရုံတက်ချိန်က အီရန် တော်လှန်ရေးအစောင့် တပ်မှ လေ့ကျင့်ပေးထားသည့် အစိုးရ ခါးပိုက်ဆောင် ပြည်သူ့ စစ်များက ပစ်ခတ်သဖြင့် ဆန္ဒပြသူ ခုနှစ်ဦးထက် မနည်းသေဆုံး
သည် ဟု အီရန် အစိုးရမှ ငွေကြေး ထောက်ပံ့ ပေးထားသည့် တီဟီရန် ရုပ်မြင်သံကြားအစီအစဉ်
က ကြေညာသွားသည်။

တီဟီရန်မြို့ လည်ရှိ အာဇာဒီ ရင်ပြင် အနီးတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု တွင် အာမာဒီနီဂျက် လိုလားသူများ နှင့် အစိုးရ မှ လေ့ကျင့်ပေးထားသည့် ရာဇ၀တ်မှုခင်းမှတ်တမ်းဟောင်းရှိ သူများပါဝင်သည်ဟု တီဟီရန် တက္ကသိုလ် ကျောင်းသားတစ်ဦးက ရိုက်တာသတင်းဌာ နသို့ ပြောသည်။ Continue reading “အီရန် အစိုးရခါးပိုက်ဆောင် လက်မရွံ့ အဖွဲ့ က ပစ်ခတ်သဖြင့် ဆန္ဒပြသူ ခုနှစ်ဦးသေဆုံး”

တတိယမြောက်နေ့ တီဟီရန် ဆန္ဒပြပွဲတွင် တစ်ဦးသေဆုံး(သတင်း ဓာတ်ပုံ)

၁၅ ဇွန် တီဟီရန်၊                ၊နယူးယောက်တိုင်း(မ်) နှင့် တီဟီရန် ဗျူရို သတင်း Iran Crackdown on  Protesters : Mousavi Tells Iranians to Continue Protests Continue reading တတိယမြောက်နေ့ တီဟီရန် ဆန္ဒပြပွဲတွင် တစ်ဦးသေဆုံး(သတင်း ဓာတ်ပုံ)

Rate this:

အီရန် သမ္မတဟောင်းခါတာမီ ဆန္ဒပြသူများ နှင့် ပူးပေါင်း အတိုက်အခံ ဟူစိန် မူဆာဗီက ဆန္ဒပြသူများကို ဦးဆောင်ရန် လမ်းပေါ်ထွက်၍ စိမ်းလန်းသော တော်လှန်ရေး ကိုဦးဆောင်

၁၅  ဇွန် တီဟီရန်၊                     ၊ရိုက်တာ အယ်(လ)ဂျာဇီးယား နှင့် စီအန်အန် သတင်း

Post-Election Unrest Continues in Iran

ထောက်ခံသူများကို တနင်္လယနေ့ ကတရားဟောနေ သည့် မူဆာဗီ ဓာတ်ပုံ-နယူးယောက်တိုင်း
ထောက်ခံသူများကို တနင်္လယနေ့ ကတရားဟောနေ သည့် မူဆာဗီ ဓာတ်ပုံ-နယူးယောက်တိုင်း

တတိယမြောက်နေ့  တီဟီရန် ဆန္ဒပြပွဲ မှာ ပို၍ အားကောင်းလာပြီး အပြောင်းအလဲ လိုလားသော ကျောင်းသားနှင့် ပြည် သူများ အစိမ်းရောင် မျက်နှာဖုံးများ နှင့် အလံများကို လွှင့်ထူကြပြီး ရွေးကောက်ပွဲ မသာမာမှု ကို ဖေါ်ထုတ်ပေးရန်  နှင့် အာမာဒီနီ ဂျက် သမ္မတ အဖြစ်မှ နှုတ်ထွက်ပေးရန် တို့ ကိုတောင်းဆိုခဲ့ကြပါတယ်

၁၉၇၉ ခုနှစ် အီရန် ရှားဘုရင် စနစ်ဖြုတ်ချခံရပြီးကတည်းက စလို့ လူထောင်ပေါင်းများစွာ ဟာပထမဆုံးအကြိမ် လမ်းပေါ်ထွက်ပြီး အပြောင်းအလဲ အတွက် ဆန္ဒပြကြ ခြင်းဖြစ်တယ် လို့ စီအန်အန် နိုင်ငံတကာ သတင်းအမှု ဆောင်အရာရှိ ချုပ် ခရစ်တီယန်း ကပြေပါတယ်။

၁၉၉ရ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ အီရန် နိုင်ငံရဲ့ သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ခါတာမီ
ကတော့ နိုင်ငံသားတွေ ဟာ သူတို့ ရဲ့ အခွင့်အရေးတွေ အတွက် ငြိမ်းချမ်းစွာဆန္ဒပြ ခွင့် ရှိရမယ် လို့သူ့ ရဲ့ ကြေညာချက် ထဲ မှာ ဖေါ်ပြ ထားပြီး ပြုပြင်ပြောင်းလဲ ရေးဝါဒီ သမ္မတလောင်း မူဆာဗီ ကိုထောက်ခံ သူတွေ ဘက်ကသူ ရှိနေမယ် လို့ ပြောခဲ့ပါတယ်။ Continue reading “အီရန် သမ္မတဟောင်းခါတာမီ ဆန္ဒပြသူများ နှင့် ပူးပေါင်း အတိုက်အခံ ဟူစိန် မူဆာဗီက ဆန္ဒပြသူများကို ဦးဆောင်ရန် လမ်းပေါ်ထွက်၍ စိမ်းလန်းသော တော်လှန်ရေး ကိုဦးဆောင်”

အမာဒီနီဂျက် အနိုင်ရရှိကြောင်းကို အမေရိကန်က ပယ်ချ ပင်လယ်ကွေ့ရှိ အမေရိကန် ရေတပ်က အီရန်တော်လှန်ရေးအစောင့်တပ်ကို သတိပေး

၁၄ ဇွန် တီဟီရန်၊                  ၊CNN News

U.S. Persian Gulf forces cautioned on Iran

ပြုပြင်ပြောင်းလဲရေးလိုလားသော အီရန်ကျောင်းသားများက ရွေးကောက်ပွဲ မသမာမှုပြီးနောက် လမ်းပေါ်ထွက်၍ ဆန္ဒပြနေစဉ်
ပြုပြင်ပြောင်းလဲရေးလိုလားသော အီရန်ကျောင်းသားများက ရွေးကောက်ပွဲ မသမာမှုပြီးနောက် လမ်းပေါ်ထွက်၍ ဆန္ဒပြနေစဉ်

ကနေ ဒါနိုင်ငံ အွန် တေရီယို မှာ ရောက်ရှိ နေ တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မဲခိုးမှု မသာမာမှု များနဲ့ အနိုင်ရကြောင်းကြေညာခဲ့ တဲ့ အီရန် သမ္မတ အာမာဒီနီဂျက် ရဲ့ အနိုင်ရရှိ ကြောင်း ကြေညာချက် ကိုပယ်ချခဲ့ပါတယ်။

နိုင်ငံသား တို့ ရဲ့ ဆန္ဒ နဲ့ လျှော်ညီ စွာ ထွက်ရှိ လာခြင်းမရှိ တဲ့ ဒီရွေးကောက်ပွဲ ရလာဒ်ကို အမေရိကန်က လက်ခံ နိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။အီရန် သမ္မတ ရွေးကောက်ပွဲ အပြီး ပေါ်ထွက်လာတဲ့ ရလာဒ် ကို မကျေနပ်ကျတဲ့ အီရန် ကျောင်းသားလူငယ် တွေ နဲ့ ပြုပြင် ပြောင်းလဲ ရေး လိုလားကြတဲ့ ပြည်သူအများစု ကတော့ တီဟီရန် လမ်းမတွေ ပေါ်မှာ ဒုတိယ မြောက်နေ့ အဖြစ် ဆက်လက်ပြီးဆန္ဒပြ နေဆဲ ဖြစ်သလို ရဲတပ်ဖွဲ့ ကလည်း မျက်ရည် ယို ဗုံးတွေ ၊နံပါတ်တုတ် တွေ အသုံးပြုပြီး လူစုခွဲ လျှက်ရှိပါတယ်။

အာမာဒီနီဂျက် ၆၂.၆ ရာခိုင် နှုန်းနဲ့ အနိုင်ရရှိတယ် လို့ ကြေညာပြီးတဲ့နောက်မှာ အမျက်ဒေါသထွက်နေကြတဲ့ လူထောင်ပေါင်းများစွာ ဟာ တီဟီရန် မြို့ တော်က လမ်းမတွေ ပေါ်မှာ ဘတ်(စ)ကားတွေကို မီးရှို့ပြီး ကန့် ကွက် ဆန္ဒပြကြပါတယ်။သူတို့ က ပြုပြင်ပြောင်းလဲ ရေး လိုလားတဲ့ ၀န်ကြီးချုပ်ဟောင်း ဟူစီန် မိုဆာဗီ ကို ထောက်ခံသူ တွေ ဖြစ်ပါတယ်။ Continue reading “အမာဒီနီဂျက် အနိုင်ရရှိကြောင်းကို အမေရိကန်က ပယ်ချ ပင်လယ်ကွေ့ရှိ အမေရိကန် ရေတပ်က အီရန်တော်လှန်ရေးအစောင့်တပ်ကို သတိပေး”

အီရန်ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုတွေဖြစ်

၁၄ ဇွန် တီဟီရန်၊                   ၊VOA NEWS

Police beat protesters in Iran after Ahmadinejad declared winner

ဖိနှိပ်သူတို့ အသုံးချသော မော်တော်ကား၊ဘတ်(စ)ကား၊မော်တော်ဆိုင်ကယ်များကို မီးရှို့ ဖျက်ဆီးခြင်းသည် ခောတ်သစ် တော်လှန်ရေးများ၏ အရေးပါသော အခြင်းအရာ တစ်ရပ်ဖြစ်လာခဲ့သည်။
ဖိနှိပ်သူတို့ အသုံးချသော မော်တော်ကား၊ဘတ်(စ)ကား၊မော်တော်ဆိုင်ကယ်များကို မီးရှို့ ဖျက်ဆီးခြင်းသည် ခောတ်သစ် တော်လှန်ရေးများ၏ အရေးပါသော အခြင်းအရာ တစ်ရပ်ဖြစ်လာခဲ့သည်။

အီရန်နိုင်ငံမှာ လက်ရှိ သမ္မတ မာမွတ် အမာဒီနီဂျက် မဲအပြတ်အသတ်နဲ့ အနိုင်ရကြောင်း အရာရှိတွေ ကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ တီဟီရန်မြို့တော် လမ်းတွေပေါ်မှာ လမ်းလျှောက် ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား စနေနေ့က တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။မစ္စတာ အမာဒီနီဂျက် ရဲ့ ထိပ်ဆုံးက ပြိုင်ဘက် ပြုပြင်ပြောင်းလဲရေး ၀ါဒီ မစ္စတာ ဟိုဆေး မူဆာဗီ ကို ထောက်ခံသူတွေက တီဟီရန် မြို့အနှံ့မှာ ကား တာယာ တွေကို မီးရှို့၊ ခဲတွေကို ပစ်ပေါက်ကြနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားတွေရဲ့ အဓိကရုဏ်း ပြီးရင်တော့ အဆိုးရွားဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီရွေးကောက်ပွဲဟာ မတရားသဖြင့် လုယူခံလိုက်ရတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြပြီးတော့ အာဏာရှင် ကျဆုံးပါစေ ဆိုတဲ့ ကြွေးကြော်သံ တွေကိုလည်း ဟစ်အော်နေကြပြီး မစ္စတာ မိုဆာဗီ သူတို့ပေးထားတဲ့ မဲတွေကို ပြန်ယူပေးပါလို့ တိုက်တွန်းနေကြပါတယ်။ Continue reading “အီရန်ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုတွေဖြစ်”