ရှားပါး မြေအောက်သယံဇာတ ပစ္စည်းများ ရှာဖွေရန် တောင်ကိုရီးယား နှင့်မြန်မာ သဘောတူ
အောင်မြင်၊ ၊ ရှာပါးလှသော မြေအောက်သယံဇာတပစ္စည်းများကို ရှာဖွေပြီးထုတ်လုပ်နိုင်ရန်
အတွက် လိုအပ်သည့်ကရိယာများကိုထောက်ပံခြင်း၊နည်းပညာကူညီခြင်းတို့ဖြင့် အရှိန်မြင့်
လုပ်ဆောင်နိုင်ရန်အတွက် မြန်မာအစိုးရနှင့် တောင်ကိုရီးယားအစိုးရ ပူးပေါင်းလုပ်ဆောင်
သွားမည်ဖြစ်ကြောင်းကို Bloomberg Businessweek အင်တာနက်စာမျက်နှာတွင် ယနေ့ဖေါ်ပြ
ထားပါတယ်။ Continue reading “ရှားပါး မြေအောက်သယံဇာတ ပစ္စည်းများ ရှာဖွေရန် တောင်ကိုရီးယား နှင့်မြန်မာ သဘောတူ”
တစ်နှစ်တာ လူမှု သူရဲကောင်းဆု
Hero of the Year (Humanities)
မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်
Freedom News Group ၏ တစ်နှစ် တာ လူမှု ထူးချွန် သူရဲကောင်း ဆု အား မိုးလေ၀သ ပညာရှင်
ဒေါက်တာ ထွန်းလွင် အား ရွေးချယ် ပေး အပ်ချီးမြင့် လိုက်ခြင်း ဖြစ်သည် ထိုဆု အတွက် ဖြစ်နိုင်သူများ
ကို မြန်မာ နိုင်ငံမှ စာရေးဆရာများ ၊သတင်းထောက် များ နှင့် ထင်ပေါ်ကျော်ကြား သူအချို့ ထံမှ ထင်မြင်ချက်
တောင်းခံခဲ့ပြီး FNG အယ်ဒီတာ အဖွဲ့ မှ ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ Continue reading “တစ်နှစ်တာ လူမှု သူရဲကောင်းဆု”
မြန်မာ နှစ်သစ် ကူး အနိဌာရုံကြောင့် ဒီဇင်ဘာ ၃၁ ကို ပြည်သူများ ထိတ်လန့် 
ဒီဇင်ဘာ လ ၃၁ ရက်နေ့ တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့် က သူငယ်ချင်းများ နှင့် ပျော်ပါးရန် အတွက် သိန်းခြောက်ရာ ကျော် အကုန်အကျခံကာ ပါတီပွဲ ကျင်းပရန် ငှားရမ်း ထားသည့် ကမ္ဘာအေး ဘုရား လမ်းပေါ်ရှိ မီကာဆာ ဟိုတယ်
FNG၊      ၊ပြီးခဲ့သည့် ဧပြီလ အတွင်း မြန်မာ
နှစ်သစ်ကူးအတာသင်္ကြန် ရေသဘင်
ပွဲတော် ၏ အကြတ်နေ့ တွင် ဖြစ်ပွားခဲ့
သည့် ဗုံးပေါက်ကွဲမှု တွင် လူပေါင်းများ
စွာ သေကြေခဲ့ရသည့် အဖြစ် ဆိုးကြီး
ကြောင့်ဒီဇင်ဘာ လ ၃၁ ရက်နေ့ နှစ်သစ်
ကူး နေ့  တွင် ရန်ကုန် နှင့် မန္တလေး ဒေသခံ
အချို့ က လည်ပတ်ပျော်ပါးခြင်း မပြု လုပ်လို
ကြ ဟု သိရသည်။ ဒီဇင်ဘာ ၂၅ ရက်နေ့ 
ခရစ္စမတ် ပွဲတော်ကာ လ နှင့် ဒီဇင်ဘာ ၃၁
ရက် နေ့ နှစ်သစ်ကူးနေ့ များ တွင် ပျော်ပွဲ၊ရွှင်ပွဲ
များ နှင့် လည်ပတ်ပျော်ပါး မှု များ နှစ်စဉ် နှစ်တိုင်း
ရှိ သော် လည်း ယခု နှစ် ကို မူ အိမ်
ထဲမှ သာ အခြေအနေ ၍ စောင့်ကြည့် ၍
နှစ်သစ် ကူးမည် ဟု နှစ်စဉ် နှစ်တိုင်း လည်ပတ် သည့်
အီလက်ထရောနစ် ပစ္စည်းများရောင်းချသည့် ကိုထွန်းဦး က Freedom News Group သို့ ပြောသည်။ Continue reading “မြန်မာ နှစ်သစ် ကူး အနိဌာရုံကြောင့် ဒီဇင်ဘာ ၃၁ ကို ပြည်သူများ ထိတ်လန့် ”
တောင် နှင့် မြောက် ကိုရီးယား စစ်ဖြစ်လုနီးနီး အခြေအနေဖြစ်နေ
တောင်ကိုးရီယား နိုင်ငံ က နယ်စပ် တစ်လျှောက် မှာ တိုက်လေယာဉ် တွေ ၊ စစ်သင်္ဘောတွေ ၊ ဒုံးလက်နက် တွေ ပါတဲ့
စစ်ရေး လေ့ကျင့်မှု တွေ ပြုလုပ်တာ ကို မြောက် ကို ရီးယား က စစ်ဖြစ်ဖို့ အတွက် ရန်စ နေ တာ လို့ စွပ်ဆွဲ ခဲ့ပြီး တကယ်
လို့ စစ်ဖြစ်ခဲ့ရင် မြောက် ကိုးရီးယားက ညူကလီယား က လက်နက် သုံးပြီး မွန်မြတ် တဲ့ စစ်ပွဲ ကို ဆင်နွှဲ သွားမယ်
လို့ ဆိုပါတယ်။ Continue reading “တောင် နှင့် မြောက် ကိုရီးယား စစ်ဖြစ်လုနီးနီး အခြေအနေဖြစ်နေ”
ဖော်ပြခွင့်မရ ဒေါ်စု အင်တာဗျူး များဖြင့် စစ်အစိုးရ က လုပ်ကြံ ၀ါဒဖြန့် 
Junta Leaks Aung Sann Suu Kyi Fake Interview
ဟိန်းခိုင်ထွန်း၊              ၊ ပြီးခဲ့သည့် သီတင်း ပတ် အတွင်း မြန်မာနိုင်ငံတွင်း ရှိ စာနယ်ဇင်းများ က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံမေးမြန်းထားပြီး စာပေစီစစ်ရေး က ခွင့်ပြုခြင်း မရှိ၍
ဂျာနယ်များ တွင် ဖော်ပြခဲ့ခြင်းမရရှိခဲ့သည့် အင်တာဗျူးများ နှင့် ဆင်တူယိုးမှား အင်တာဗျူးများ
ကို စစ်အစိုးရ က ၀ါဒဖြန့် ဖြန့် ချိနေကြောင်း  Freedom News Group မှ သိရှိရသည်။ Continue reading “ဖော်ပြခွင့်မရ ဒေါ်စု အင်တာဗျူး များဖြင့် စစ်အစိုးရ က လုပ်ကြံ ၀ါဒဖြန့် ”
ABSDF ကို အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ထား ခြင်း မှ ပယ်ဖျက်
၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု အပြီး နယ်စပ် ဒေသ များ သို့ ရောက်ရှိ သွား သည့် ကျောင်း
သားများဖြင့် ဖြင့်ဖွဲ့ စည်းထား သည့် လက်နက်ကိုင် လှုပ်ရှားမှု အဖွဲ့ တစ်ဖွဲ့ ဖြစ်သော် မြန်မာ နိုင်
ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရေစီ တပ်ဦး (All Burma Student Democratic Front)
စ၍ ပယ် ဖျက် လိုက် သည် ဟု FNG မှ သတင်းရရှိသည်။ Continue reading “ABSDF ကို အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ထား ခြင်း မှ ပယ်ဖျက်”
၂၀၁၀ အကောင်းဆုံး အင်တာနက် စာမျက်နှာများ
Freedom News Group သည် ၂၀၁၀ ခုနှစ် အတွင်း လူကြိုက်များ သော အင်တာနက်
ဝဘ်ဆိုတ် ၄ ခု နှင့် အကျော်ကြားဆုံး ဘလောက်  ၃ ခုအား ရွေးချယ် ဖော်ပြလိုက်ပါ
သည်။ FNG ၏ ယခု ရွေးချယ်မှု တွင် ရန်ကုန် နှင့် မန္တလေးအခြေစိုက် မြန်မာ နိုင်ငံ အင်တာ
နက် သုံးစွဲသူ လူငယ် များ ဖိုရမ် မှ ကူညီပါသည်။ Continue reading “၂၀၁၀ အကောင်းဆုံး အင်တာနက် စာမျက်နှာများ”
အယ်(လ)ဂျာဇီယား ၏ At the Crossrads အစီအစဉ်မှ ဒေါ်အောင်ဆန်းစုကြည် (ဗီဒီယို)
အယ်(လ)ဂျာဇီးယား ရုပ်သံဌာန၊ လန်ဒန် ဘောဂဗေဒ ကျောင်းတော် (နိုင်ငံရေးသိပ္ပံ) မှပူးပေါင်း
စီစဉ် တင်ဆက်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုက်ရိုက် တွေ့ ဆုံမေးမြန်းမှု
Moderator : ဗီရိုနီက ပီဒရိုဆာ (အယ်(လ)ဂျာဇီယား) Video Conference
ပါဝင်ဆွေးနွေးသူများ ဒေါ်အောင်ဆန်းစုကြည် (မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင်)၊ ဒေါက်တာ မောင်ဇာနည်(London School ofEconomis)၊Mary Kaldor (professor and co-director of
Gobal Governance)၊   Timothy Garton Ash (historian, political commentator and
regular colomnist for the UK newspaper The Guardian.  European
studies at Oxford University နှင့် ကျောင်းသား အချို့   (ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၀၀
ပြည့် နှစ်ကပါမောက္ခ တင်မိုသီ ဂါတန် အား ရန်ကုန် ရှိ ပါတီ ဌာန ချုပ် သို့ ဖိတ် ခေါ်ပြီး ပါတီ ၀င် များ
အား နိုင်ငံရေး ၊စီးပွားရေး ဆိုင်ရာ များ အားလာရောက် ဟောပြောရန် ဖိတ်ကြား ခဲ့ဖူးသည်။
အမာတိုင်ယာဆန် (နိုဘယ်(လ) ဆုရ စီးပွားရေး ပညာရှင်)
ဗီဒီယို ကြာမြင့်ချိန် –၂၄ မိနစ် ၂၀ စက္ကန့် 
တက်ရောက် နားထောင်သူများ — LSE  မှ တက္ကသိုလ် ကျောင်းသား၊သူ ၄၀၀ ကျော် Continue reading “အယ်(လ)ဂျာဇီယား ၏ At the Crossrads အစီအစဉ်မှ ဒေါ်အောင်ဆန်းစုကြည် (ဗီဒီယို)”
တစ်နှစ်တာ လူဆိုး
Villain of the Year
The Voice ဂျာနယ် ၏ အယ်ဒီတာ ချုပ် နှင့် Myanmar E gress တည်ထောင်သူ
ဒေါက်တာ နေ၀င်းမောင် အား တစ်နှစ် တာ ထူးချွန်မှု အရှိ ဆုံး လူဆိုး အဖြစ် Freedom
News Group မှ ရွေးချယ် သတ်မှတ် လိုက်သည်။ Villain of the year ဆု အတွက်
Freedom News Group မှ စာဖတ် ပရိသတ်နှင့် ရန်ကုန်မြို့ နေပြည်သူများ ၊ လူငယ်
များ ၏ ဆန္ဒကို ကောက် ခံကြည့် ရာဒေါက်တာ နေ၀င်းမောင် နှင့် မြို့ တော်ဝန် ဦးအောင်
သိန်း လင်း တို့ ကို ဆန္ဒပြုခဲ့ကြသည်။ Continue reading “တစ်နှစ်တာ လူဆိုး”
အမေရိကန် လူဦးရေ သန်း ၃၀၀ ကျော်ပြီ
နေထိုင်သူ လူဦးရေ များပြားလားသည့် အမေရိကန် နိုင်ငံတွင်း ရှိ ယူထ ပြည်နယ် မှ ပြည်နယ် စာကြည့်တိုက်တစ်ခု
ပြီးခဲ့တဲ့ မတ်လ နဲ့ ဧပြီ လ တွေ အတွင်း က အမေရိကန် နိုင်ငံ တ၀ှမ်း ကောက် ယူ ခဲ့ တဲ့ နိုင်ငံတွင်း နေထိုင်သူ
လူဦးရေ စာရင်းအရ လူဦးရေ ၃၀၈.၇ သန်း ရှိ ပြီး ဒါ ဟာ ၂၀၀၀ ပြည့် နှစ် က စစ်တမ်း ကောက်ယူခဲ့တာ ထက်
၉.၇ ရာခိုင်နှုန်း တိုး တက်လာ တာ လို့ သန်း ခေါင်းစာရင်း ဗျူရို က မနေ့  က သတင်း ထုတ်ပြန်ပါတယ်။ Continue reading “အမေရိကန် လူဦးရေ သန်း ၃၀၀ ကျော်ပြီ”
မြန်မာ နိုင်ငံမြောက်ပိုင်း ဒေသ များ တွင် မြူနှင်း များ ထူထပ် စွာကျမည်
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊စစ်ကိုင်း တိုင်း၊ချင်းပြည် နယ်နေရာ အချို့ တို့ တွင် ဆီး
နှင်းများ ထူထပ် စွာကျပြီး စစ်ကိုင်း တိုင်း နေ ရာ အချို့ တွင် မူမြူ နှင်းများ ထူထပ် စွာ ကျမည်
ဖြစ်ကာ ထို သို့ ဆီးနှင်း ကျရောက် မှု သည် နှစ် သုံးဆယ် အတွင်း အဆိုးရွား ဆုံးဖြစ် နိုင်သည် ဟု
Freedom Weather Forecast မှ ယနေ့  သတင်း ထုတ်ပြန်သည်။ Continue reading “မြန်မာ နိုင်ငံမြောက်ပိုင်း ဒေသ များ တွင် မြူနှင်း များ ထူထပ် စွာကျမည်”
မြန်မာ အတွက် အမျိုးသမီး သံအမတ် ကြီး အား သြစတေးလျှ ခန့် အပ်
မြန်မာနိုင်ငံ ဆိုင်ရာ သြစတေးလျှ သံအမတ်
ကြီး အဖြစ် နိုင်ငံတကာ အတွေ့  အကြုံ ရှိ
သြစတေးလျှ သံအမှုထမ်း တစ်ဦး ဖြစ်သည့်
ဘရွန်တီ မိုလက်(စ) အား ခန့် အပ် လိုက်
သည် ဟု ယနေ့  သြစတေးလျှ နိုင်ငံခြားရေး
ဝန်ကြီး ဌာန မှ ထုတ် ပြန် သော သတင်း ကို
ကိုးကားပြီး ဆစ်ဒနီ မောနင်း ဟာရယ်
သတင်းစာ က ရေးသား ထားသည်။ Continue reading “မြန်မာ အတွက် အမျိုးသမီး သံအမတ် ကြီး အား သြစတေးလျှ ခန့် အပ်”
ဒေါ်အောင်ဆန်းစုကြည် ရုပ်သံ တွင် ကြော်ငြာ ထည့်ချင် သူများပြား
The Lady ဇာတ်ကား တွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင် သည် မစ်ချယ်ယိုး ဓာတ်ပုံ - Guardian
သီရိထက် ၊                ၊အင်တာနက် ဗီဒီယို ဆိုတ် တစ်ခု ဖြစ်သည့် ယူတု တွင် တင်ထား သော
ဗီဒီယို များ အနက်လေဒီဂါဂါ ၊ ရီဟာနာ ၊ ဂျပ်စတင် ဘီဘာတို့ ကဲ့သို့ ပင် ဒေါ်အောင်ဆန်းစုကြည်
ဗီဒီယိုများ တွင်လည်း ကြောငြာ ထည့်ချင် သူများပြား ကြောင်း အမေရိကန် နိုင်ငံ တွင် အခြေစိုက် သည့်
ယူတု ရုပ်သံ မှ ကြော်ငြာဌာန တာဝန်ခံ ဒေးဗစ် လီမွန် က Freedom News Group သို့ ပြော
သည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် ရုပ်သံ တွင် ကြော်ငြာ ထည့်ချင် သူများပြား”
တောင်ကိုရီးယား က ကျဉ် နှင့် ဒုံး အစစ်များ သုံး၍ စစ်ရေးလေ့ကျင့်
တောင်ကို ရီးယား နိုင်ငံက တနင်္လာနေ့ ညနေမှာ စမယ့် သူတို့ ရဲ့ စစ်ရေးလေ့ကျင့်မှု့ အတွက်
ကျဉ်ဆန် အစစ် နှင့် ဒုံးလက် နက်ငယ်များ သုံးပြီး စစ်ဆင်ရေး ပုံစံငယ် စမည် ဆိုသောကြောင့်
ကိုရီးယား ကျွန်းဆွယ် တွင် စစ်ရေး တင်းမာနေသည်။ Continue reading “တောင်ကိုရီးယား က ကျဉ် နှင့် ဒုံး အစစ်များ သုံး၍ စစ်ရေးလေ့ကျင့်”