ပြည်သူများ က အာဏာသိမ်းမှု ဟု ယုံကြည်ပြီးနောက် ထပ်မံရရှိသည့် နောက်ဆုံးရ သတင်းများ
Latest ၂(က) ပထမ အသုတ် ပြုတ်/နား များ ထဲမှ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး
သာအေး ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး နှင့်  ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့ အား  အကျယ်ချုပ်
ဖြင့် ဖမ်းဆီး ထားသည် ဟု သတင်းရရှိသည် (မြန်မာ စံတော် ချိန် ညနေ ၃ နာရီ) အတည်မပြု နိုင်သေး
၂(ခ) ပြုတ်/နား များ  နှင့် ရွေးကောက် /ကျောခိုင်း (ဥပမာ – ဦးခင်မောင်ဆွေ) တို့ မှာ စတ္ထုထ အင်အားစု အဖြစ်
ပေါ်ပေါက် လာ နိုင်ဖွယ်ရှိ
၁(က) ပိတ်ထား သော ၀ဘ်ဆိုက်( အင်တာနက် စာမျက်နှာ) များ အားလုံးနီး
ပါးပြန်ပွင့် နေ
၁ (ခ)ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အား ကာကွယ်ရေးဦးစီးချုပ် ရာထူး ပေးသော
ကြောင် ဗိုလ်ချုပ်ကြီး သိန်စိန် ၊ ဗိုလ်ချုပ် သာအေး အပါအ၀င် ပထမ အသုတ် ပြုတ်/နား များက
မကျေနပ် (DSA အကွဲ အပြဲဖြစ် နိုင်)
၁။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ်သူ ဖိုးလပြည့် ၏ မိုဘိုင်းဖုန်းသည် ဆက်သွယ်ခေါ် ယူ၍  မရ တော့
ဟု သတင်းရရှိသည်။
၂။ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သမက်ဖြစ်သူ ဦးတေဇ လည်း ပျောက်ဆုံးနေ ( လေယာဉ် ကွင်းများ တွင် လုံခြုံရေးတင်းကျပ်) Continue reading “ပြည်သူများ က အာဏာသိမ်းမှု ဟု ယုံကြည်ပြီးနောက် ထပ်မံရရှိသည့် နောက်ဆုံးရ သတင်းများ”
ကာကွယ်ရေးဦးစီးချုပ်ရာထူး အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်လွတ်ဆုံးရှုံး
တပ်တွင်း ပူးပေါင်းကြံစည် အာဏာသိမ်းမှု တစ်ခု ကြောင့် ရာထူးမှ ဖယ်ရှား ခံလိုက်ရသည့် ပူပူနွေးနွေး အိန္ဒိယပြန် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ
ယခင် တစ်ပါတီ အာဏာရှင် ဟောင်း ဦးနေ၀င်း ကွယ်လွန်ပြီး တစ်ပတ်ခန့် အကြာ တွင်
ကာကွယ်ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးနှင့်စကားပြောရာ သေသည် အထိ စစ်ဝတ်စုံ ကို
မချွတ်ဟု  (စစ်သား ဘ၀ ကိုမြတ်နိုး ၍ ပြောခြင်း မဟုတ်)ပြောခဲ့သည့် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေမှ ကောက်ကာငင်ကာ မြန်မာ နိုင်ငံ ၏ ခောတ်သစ် သမိုင်း တွင် အာဏာအရှိ
ဆုံးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ကိုစွန့် လွှတ် ခဲ့ ခြင်း ကြောင့် ပြည်သူများ က
သို့ လော……သို့ လော ….အတွေး ပွား နေကြသည်။ Continue reading “ကာကွယ်ရေးဦးစီးချုပ်ရာထူး အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်လွတ်ဆုံးရှုံး”
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး စစ်တပ် ရာထူးများမှ နှုတ်ထွက်
မြန်မာ စစ်ခေါင်းဆောင်များ သည် နိုဝင်ဘာ လ ၇ ရက် နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲ တွင်
ပါဝင်ယှဉ်ပြိုင် နိုင်ရန် အတွက် ၎င်းတို့ ၏ ရာထူးအသီးသီး ကို စွန့် လွှတ် လိုက်ကြသည် ဟု
သတင်းရရှိသည်။ ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ကာကွယ်ရေး ဦးစီးချုပ်
နှင့် ဒု ကာကွယ်ရေး ဦးစီးချုပ် ဆိုသည့် စစ်တပ် ရာထူးများကို စွန့် လွှတ်လိုက် သော်လည်း  တိုင်းပြည် ၏ |
အာဏာ ကို ဆက်လက် ချုပ် ကိုင်ထားဆဲဟုရန်ကုန် မှ လာသည့် အေပီ သတင်း တွင် ဖော်ပြထားသည်။ Continue reading “ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး စစ်တပ် ရာထူးများမှ နှုတ်ထွက်”
NDF ဦးခင်မောင်ဆွေ ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့
ရွေးကောက်ပွဲ ကို ကျောခိုင်းလိုက် သည့် နိုင်ငံရေး အကျဉ်းသား ဟောင်း နှင့် NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ အား တွေ့ ရစဉ်
Continue reading “NDF ဦးခင်မောင်ဆွေ ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့”
အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာ မြောက်ကိုရီးယား သို့ ရောက်ရှိ
တရုတ် ပြည်မှ တစ်ဆင့် နယ်စပ် ဖြတ်ကျော် ၀င်ရောက်မှု ကြောင့် ဖမ်းဆီးခံထားရသည့် အသက် ၃၁ နှစ်
အရွယ် ရှိ အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်သူ အိုင်းဂျလောင်း မာဟိလိ ဂိုမက်ဇ် လွတ်မြောက် ရန် အတွက်
သမ္မတ ဟောင်း ဖြစ်သူ ဂျင်မီကာတာ သည် ယနေ့ မြောက်ကိုရီးယား နိုင်ငံ ပြုံးယမ် နိုင်ငံတကာလေဆိပ် သို့ 
ဆိုက် ရောက် ခဲ့သည် မြောက်ကိုးရီးယား သတင်းဌာန က ထုတ်လွှင့်သွား ခဲ့သည်။ Continue reading “အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာ မြောက်ကိုရီးယား သို့ ရောက်ရှိ”
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်
သာမန် အကျဉ်းသား အများစု နဲ့  နိုင်ငံရေး အကျဉ်းသား အချို့ ကို ရွေးကောက်ပွဲ မတိုင်ခင်ကာလ
မှ ပြန်လည် လွှတ်ပေးမှာ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစု အသိုင်းအ၀ိုင်းမှာ သတင်း
ထွက်ပေါ်နေပါတယ်။ Continue reading “နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်”
ဘန်ကောက် လုံမဏီညဈေးတွင် ထိုင်းရဲက မြန်မာများအား ဖမ်းဆီးငွေညှစ်
မြန်မာ ရွှေ့ ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင် နေသည့် ထိုင်း နိုင်ငံ လုံမဏီ ညဈေး
ကိုဦး ၊     ၊ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ လုံမဏီညဈေးတွင် အလုပ်သမားများအား  ယမန်နေ့ညက ထိုင်းရဲများ
က၀င်ရောက် ဖမ်းဆီးမှုကြောင့် ဘန်ကောက်ရှိ မြန်မာ အလုပ်သမား များ ကြား အထိတ်တလန့် ဖြစ်
နေသည် ဟု သိရသည်။ Continue reading “ဘန်ကောက် လုံမဏီညဈေးတွင် ထိုင်းရဲက မြန်မာများအား ဖမ်းဆီးငွေညှစ်”
နိုင်ငံတကာ အိမ် အလုပ်သမားများနေ့ ဘန်ကောက်တွင် ကျင်းပ
ဘန်ကောက်တွင် ကျင်းပသည့် နိုင်ငံတကာ အိမ်အလုပ်သမားများ နေ့  အခမ်းအနား
ကိုဦး ၊     ၊နိုင်ငံတကာအိမ်အလုပ်သမားများနေ့ သြဂုတ်လ(၂၂)ရက်တွင် ဘန်ကောက်မြို့တွင် ထိုင်းလူမျိုး၊ မြန်မာလူ မျိုးများ၊ ထိုင်းအစိုးရတာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော(NGO)အဖွဲ့များပါ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတကာ အိမ်အလုပ်သမားများနေ့ကို (MAP) (ANM) (ADRA) ( FOW ) အပါအ၀င်အဖွဲ့ပေါင်း
(၈)ဖွဲ့က ဦးဆောင်ကျင်းပခဲ့ပါသည်၊ ထိုအခမ်းအနားကို ဘန်ကောက်မြို့ တွင်ပြုလုပ်ခဲ့ပါသည်၊ Continue reading “နိုင်ငံတကာ အိမ် အလုပ်သမားများနေ့ ဘန်ကောက်တွင် ကျင်းပ”
မယ်စကြာ ၀ဠာ ရွေးချယ် ပွဲ ဖော်ချွတ် ဓာတ်ပုံ များ ရိုက်ကူး ခံမှု ကြောင့် ဂယက်ရိုက်
မယ်စကြာ ၀ဠာ သရဖူအား ဆွတ်ခူးရရှိခဲ့သည့် အသက် ၂၂ နှစ် အရွယ်ရှိ မက္ကဆီကို နိုင်ငံသူ လေး Jimena Navarret ယှဉ်ပြိုင်မှု အနေအထား အမျိုးမျိုး ဖြင့် တွေ့ ရစဉ်
ယနေ့ နောက် ဆုံး အဆင့် အနေဖြင့် မယ်စကြာ ၀ဠာ ဆု ရွေးချယ် ပွဲ ကို အမေရိကန် နိုင်ငံ လာစ်ဗီးဂတ်(စ) မြို့
ရှိ Mandalay Bay Hotel ဉ်  ကျင်းပရာ အသက် ၂၂ နှစ် အရွယ်ရှိ မက္ကဆီ ကို နိုင်ငံ သူ Jimena Navarret က
ဆွတ်ခူးရရှိ ခဲ့သည်။  ထိုပြိုင်ပွဲကို နိုင်ငံတကာ မှ မယ်စကြာဝဠာ ပေါင်း ၈၃ ဦး ပါဝင် ယှဉ်ပြိုင် သည့် အနက် မှ
ဆွတ်ခူး ရရှိ ခဲ့ခြင်းဖြစ် သည်။ Continue reading “မယ်စကြာ ၀ဠာ ရွေးချယ် ပွဲ ဖော်ချွတ် ဓာတ်ပုံ များ ရိုက်ကူး ခံမှု ကြောင့် ဂယက်ရိုက်”
လစာနည်း တပ်မတော်သား များ နှင့် ကြံ့ဖွံ့ ပါတီ ကို စစ်ခေါင်းဆောင်များ မထိန်းနိုင်
အခြေအနေ တင်းမာ နေသော ရဲမွန် တပ်မြို့ သို့  နောက်ထပ် တပ် များ ပို့ ဆောင် ၍ ၀ိုင်းရံပိတ်
ဆို့ နေမှု များအား  နေပြည်တော် မှ စစ်ဗိုလ်ချူပ် အချို့  နှင့် နိုင်ငံတ၀ှမ်း ရှိ တိုင်းမှုး နှင့် တပ်မှုး
ကြီး များက မကျေမနပ်ဖြစ်ကြ သည် ဟု Freedom News Group မှ စုံစမ်း သိရှိရသည်။ Continue reading “လစာနည်း တပ်မတော်သား များ နှင့် ကြံ့ဖွံ့ ပါတီ ကို စစ်ခေါင်းဆောင်များ မထိန်းနိုင်”
NLD ရဲ့ ရွေးကောက်ပွဲ သပိတ်မှောက် မှု ကြေညာချက် ပြည်သူများ က တစ်ခဲနက်ကြိုဆို
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ်ရဲ့  ရွေးကောက်ပွဲ သပိတ်မှောက်မှု သတင်းထုတ်ပြန်ချက် ကို
ပြည်သူက တစ်ခဲနက် ကြိုဆိုသည် ဟု ရန်ကုန် နိုင်ငံရေး လှုပ်ရှားမှု အသိုင်း အ၀ိုင်းမှ သတင်းရရှိ
သည်။အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချူပ်သည် စစ်အစိုးရက မကြာခင် ကျင်းပမည့် ရွေးကောက်
ပွဲ အား သပိတ်မှောက် မည့် ကိစ္စအတွက် ပြည်သူကို ယခု ထက် ပို ၍ ဦးဆောင်လှုံဆော်မှု ပေးကာ
ဆန့် ကျင်သင့် သည် ဟု သုံးသပ် သူများ လည်းရှိသည်။ Continue reading “NLD ရဲ့ ရွေးကောက်ပွဲ သပိတ်မှောက် မှု ကြေညာချက် ပြည်သူများ က တစ်ခဲနက်ကြိုဆို”
စစ်ရာဇ၀တ် မှုများ အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ သည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ် ထောက်ခံ
အတွက် ကုလ သမဂ္ဂ ကနေ ဖွဲ့ စည်း မဲ့ ကော်မတီ တစ်ရပ် ကို အမေရိကန်  ပြည်ထောင်စု က
အပြည့်အ၀ ထောက်ခံမှု ပေးခြင်း အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ်က နှစ် ထောင်း အားရ
ရှိကြောင်း သောကြာနေ့ က သတင်းထုတ်ပြန်လိုက် ပါတယ်။ Continue reading “စစ်ရာဇ၀တ် မှုများ အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ သည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ် ထောက်ခံ”
လူမှောင်ခိုသမားဖမ်းမိ
ကိုဦး ၊     ၊မြန်မာနိုင်ငံသား မြန်မာမိန်းခလေးနှစ်ဦးကို မလေးရှားနိုင်ငံသားက ရောင်းရန် စီစဉ်နေ
စဉ်တွင် ထိုင်းရဲများက စွေထိုင်းကျန်းလုန်(၇)၊ စနပ်ခမ်ရပ်ကွက်၊ စဒေါင်းမြို့၊ စုန်ခါ ခရိုင်တွင်
သြဂုတ်လ၊ (၁၇)ရက်နေ့က ဖမ်းဆီးမိသည်။
တခ် ခရိုင် နယ်မြေအမှတ်(၉)မှ ဗိုလ်ချူပ်ထမနွန်ပယွန်ရုန်းဦးဆောင်သော အဖွဲ့က သတင်းအရ
စဒေါင်းမြို့၊ စနပ်ခမ်ရပ်ကွက်၊ စွေထိုင်းကျန်းလုန်(၇)၊ chalala ကာရာအိုကေ ဆိုင်ကို ၀င်ရောက်ရှာ
ဖွေရာ မြန်မာမိန်းကလေး မသင်းသင်းစန်း အသက်(၂၀)နှင့် နောက်တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိသူမိန်းခလေးနှစ်ဦး၏ ထွက်ဆိုချက်အရ ဆိုင် ရှင်မှာ မလေးရှားနိုင်ငံသား Tay Boon Tiong
(ခေါ်) နိုင်အာကျုန် အသက်(၃၀)နှစ် ဖြစ်သည်။ Continue reading “လူမှောင်ခိုသမားဖမ်းမိ”
စစ်အစိုးရ ကို စုံစမ်းမည့် ကော်မရှင် အား အမေရိကန် က ထောက်ခံ
မြန်မာ စစ်အစိုးရ ၏ လူ့  အခွင့် အရေး ချိုးဖောက်မှု များ နှင့် ရာ ဇ၀တ် မှု ကျူးလွန် ခဲ့ ခြင်းများ ကို ကော်မရှင် ဖွဲ့ 
၍ စစ်ဆေးမည့် အစီအစဉ် ကို အမေရိကန် ပြည်ထောင်စု က ထောက် ခံအား ပေး မှု ပြုသည် ဟု
အစိုးရပြန်တမ်း များ ကို သတင်း ထုတ် ပြန်ထား သည့် အင်တာနက်စာ မျက် နှာ တွင် ဖော်ပြထားသည်။ Continue reading “စစ်အစိုးရ ကို စုံစမ်းမည့် ကော်မရှင် အား အမေရိကန် က ထောက်ခံ”