အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)
ကလန်သံဗျင်
မီဒီယာ၊ ၊ဒီနှစ် ကျမှ မဏ္ဍပ် တွေ ကို ထူးထူးခြားခြား အင်းလျှားလမ်းကနေ ဘာဖြစ်လို့ 
ကန်တော်ကြီးကိုပြောင်းလိုက်ရတာလဲ။
ဗိုလ်ချုပ်မှုးကြီး၊ ၊အော်ဒါ လား ။အဖြေက ရှင်းပါတယ် ၊ကျုပ်က စစ်သားဆိုတော့ အမြဲတမ်း စစ်ရေးအမြင်နဲ့ ပဲကြည့်တယ်လေ
ဗုံးခွဲမယ့် ကား ၀င်လို့ ထွက်လို့ လွယ်အောင်ပါ။
အဲ.. မဟုတ်ပါဘူး။ခင်ဗျားကလဲ ဘာတွေ လျှောက်မေးမှန်းမသိဘူး ။အင်းလျှားကန် ရေ
က PH7 ပဲရှိတယ် ။ကန်တော်ကြီးရေက PH 10 အနည်းဆုံးရှိတယ် ။ပြည်သူတွေ ကျန်းမာရေး နဲ့ ညီညွှတ်
အောင် လို့ လေ။နောက် ကျူပ်က လူငယ်တွေ ဆိုစေတနာထားတယ်။ ရေမပက်ချင်တဲ့ အတွဲ တွေ ဆို
မျှော်စင်ကျွန်း တို့  ၊ မြေပဒေသာ ထဲ တို့ သွား နှပ် လို့ ရတယ် ။အင်းလျှားမှာ ဆို လူငယ်တွေ ဒါမျိုးအခွင့်အရေး
ဘယ်ရပါ့ မလဲ ။မဏ္ဍပ် အောက် ၀င်တိုးရတာ …ဟိ ဟိ
မီဒီယာ၊ ၊အမျှော်အမြင်ကြီးပါပေ့ ဗိုလ်ချုပ်မှုးကြီးရယ်။ဒါနဲ့ စကားမစပ် ။X2O မဏ္ဍပ် မှာမှ ရွေးပြီး
ဗုံးပေါက်တာ ဗိုလ်ချုပ်မှုးကြီးရဲ့ ယတြာ အစီရင် လို့ ပြောကြတဲ့ စကားတွေ နဲ့ ပတ်သက်ပြီးတော့ရော။
ဗိုလ်ချုပ်မှုးကြီး၊ ၊ခင်ဗျားကလဲ မီဒီယာ သမားလို့ မပြောရဘူး ကောလ ဟာလ တကယ်ယုံတာပဲ ။အမှန်က
နိုင်ငံရဲ့  စီးပွားရေး ကို ကျုပ်က ကယ်တင်လိုက်တာပါဗျာ။ဒေါက်တာဂျိုးဇက်စတိုင် ဂလု လာတုန်းက က သင်္ကြန် မဏ္ဍပ် တွေ က တိုင်းပြည်ရဲ့  GDP ကို နစ်နာတယ်လို့ အကြံပေးသွားလို့ ကျုပ် က နဲနဲ လှန့် လိုက်တာပါ။ နောက်နှစ် ဆိုလူငယ်တွေ မဏ္ဍပ်ထိုင်ရဲမှာ မဟုတ်တော့ဘူး ။ဟိုတယ်ပဲ သွားတော့မှာ ။ Continue reading “အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)”
