သတင်းကြီးသည့်မင်းသ္မီး (ဝါ) မြန်မာသတင်းသမားတချို့၏ ယဉ်ကျေးမှုစံ
ဘိုဘိုလန်းစင်ဇာတ်မင်းသားစံပယ်တင့်နဲ့လိုက်ပြေးခဲ့တဲ့သီပေါမဟာဒေဝီ၊      ၊ခုတလော မင်းသမီးနဲ့ သတင်းသမားတသိုက် သစ္စာနှံလိုက်တာ အတော်ပွက်သွားတယ်။ သတင်းဘိုးအေ လက်ဟောင်းများကလဲ မဆီမဆိုင် လျှောမွေး ဗာရာဏသီချဲ့ပီး စတုမဓူ မဏ္ဍပ်ကြီး ကယ်ဆယ်ရေးလုပ်ကြရာမှာ အတော်ပဲ သရုပ်ပျက်လှတယ်။ ဖြစ်စဉ်မှာ ၂ဖက်လုံးမှားတာကို အင်တာဗျူးခံဘက်ကို တဖက်သတ်ပုံချပီး မီဒီယာဂုဏော လာလုပ်တယ်။
တပ်မတော်သာအမိ တပ်မတော်သာအဖပီးရင် ဗမာပြည်မှာ ကျေးဇူးရင်တွေ ကိုယ့်ထမင်းကိုယ်ရှာစားပီး ဦးချစရာတွေ ပေါလှချည်လား မှတ်ရတယ်။ ဦးပုညတေးထပ်ထဲကလို ၂ပြည်ထောင်ကျောင်းဆောင် အလယ်က ဝင်ပါတဲ့ မန္တလေးက ငချဉ်သယ်တွေ ဆိုသလို သူများအရေးမှာ ကြားကနေ ပဏာယူတဲ့ အခွင့်ထူးခံဂျာနယ်နဲ့ အခါပေး ကေးဝဋ်ပုဏ္ဏားကြီးများ လုပ်ပေါက်ကလဲ ၂၀၁၀ရွေးကောက်ပွဲလို အနုပညာမဲ့လွန်းလှတယ်။ နောက် မင်းသမီးကြောင့်လား ဒီစာသိမ်စာဖျင်းတွေ ပြန်ပြုတ်သွားတာ စိတ်ချမ်းသာတယ်။ Continue reading “သတင်းကြီးသည့်မင်းသ္မီး (ဝါ) မြန်မာသတင်းသမားတချို့၏ ယဉ်ကျေးမှုစံ”
မြန်မာ့ နိုင်ငံရေး နှင့် အလုပ်မဖြစ်သော အမေရိကန် မူဝါဒ
တင်ကျော်ကျော်စိုး
မြန်မာ စစ်အစိုးရသည် ကျွဲပါးစောင်းတီး ၊  နွားပလာတာကျွေးဆိုသည့် အစိုးရ မျိုးမှန်းယခု အချိန် အလောက်ဆိုလျှင် သက်တမ်း ၁၆ လရှိပြီ ဖြစ်သည့် အမေရိကန် သမ္မတ အိုဘာမားတစ်ယောက် သဘောပေါက်မိလောက်ပြီ ထင်သည်။
သမ္မတ ရာထူးလက္ခံ ပြီးနောက် နှစ်လ မပြည့်ခင်မှာ ပင် ယခင်သမ္မတ ဟောင်းလက်ထက်က ဆေးဖော်ကြောဖက် မလုပ်ခဲ့သည့် နိုင်ငံများ ကို သူက မူဝါဒ ရေးရာ အပြောင်းအလဲ များ လုပ်မည် ဟု ကြေညာခဲ့သည်။
သူ၏ မူဝါဒရေးရာ ပြန်လည် သုံးသပ်မည့် နိုင်ငံများ တွင်  မြန်မာ နိုင်ငံသည် လည်း တစ်နိုင်ငံအဖြစ်  ပါဝင်ခဲ့သည်။
ကတ်ကမ်းဘဲလ် ထွက်ခွားသွားပြီးနောက် ၄၈  နာရီ မပြည့်ခင်မှာပင် စစ်အစိုးရ ၏ ရွေးကောက်ပွဲ ကော်
မရှင် ဥက္ကဌ ဆိုသူက ရွေးကောက်ပွဲ အား စောင့်ကြည့် မည့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ များ မလိုအပ်
ဟု ပြောင်ပြောင်း တင်းတင်း ပင်ငြင်းဆို လိုက်သည်။ Continue reading “မြန်မာ့ နိုင်ငံရေး နှင့် အလုပ်မဖြစ်သော အမေရိကန် မူဝါဒ”
နရသိန် ပညာရေး
သက်နိုင်
ကျနော်က ပဲခူးမှာ ကျောင်းဆရာ လုပ်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ ကျနော်  နိုင်ငံရေး ပုဒ်မနဲ့ အဖမ်းခံရတော့ ထောင်ကျရင် ငါဘာလုပ်မလဲ ဆိုတာကို ကြို စဉ်းစား ရတယ်။ အဖြေ က လေ့လာရေးကို ဇောက်ချ လုပ်မယ်လို့ ပဲဆုံးဖြတ် ခဲ့တယ်။ တဖက်က ကိုယ်တိုင် လေ့လာရေး လုပ်သလို ကျောင်းသားတွေကို လည်း အင်္ဂလိပ်စာ သဒ္ဒါ သင်ပေးတယ်။ ပဲခူးထောင်မှာက စာအုပ် သွင်းရတာ လွယ်ကူပေမယ့် အင်းစိန် ထောင်မကြီးအ ပြောင်းခံရ တဲ့အချိန် မှာတော့ ဘာစာအုပ်မှ ဖတ်ခွင့် မရတော့ဘူး။ ဒီတော့ ဆေးလိပ် အစီခံမှာ ပါတဲ့ စာနဲ့ ကိုယ့်ထက် တတ်သိတဲ့ လူကြီး တွေဆီက အင်္ဂလိပ် ဝေါဟာရတွေကို ပလတ် စတစ် အိတ်ပေါ်နဲ့ ရွက်လှ ပန်းပင်က အရွက်တွေပေါ် ကူးယူပြီး တနေ့ အလုံး ၂၀ ကျက်မှတ် ခဲ့ရတယ်။ Continue reading “နရသိန် ပညာရေး”
ခရီးသွားဧည့်လမ်းညွှန်များနှင့် စစ်အာဏာရှင်
အောင်ပန်
တစ်ကမ္ဘာလုံးမှာ မြန်မာဆိုတာကြားလိုက်မိရင် ပထဆုံး သူတို့ရဲ့မှတ်ဥာဏ်တွေထဲ အဦးဆုံးပေါ်လာတာက မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး ရွှေတိဂုံဘုရားရုပ်ပုံလွှာ၊ငြိမ်းချမ်းရေးပိသုကာ ဦးသန့်၊မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ပြီးတော့ ဗိုလ်ချုပ်သမီးနှစ်ပေါင်းရှည်ကြာစွာ နေအိမ်မှာအကျဉ်းကျခံနေရတဲ့ နိုဘယ်လ်ဆုရှင်အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်၊ လူသားဆန်မှုမရှိလှတဲ့ စစ်အာရှင်ခေါင်းဆောင်……. အကျဉ်းထောင်တွေထဲက ယုံကြည်ချက်အတွက် နှစ်ရှည်အကျဉ်းကျခံနေရတဲ့အကျဉ်းသားတွေ၊ အနိုင်ရပါတီကို အာဏာလွဲမပေးဘဲ စစ်တပ်က အာဏာဆက်လက်ဆုပ်ကိုင်ထားတဲ့ အကြောင်းတွေကို ကိုယ်ပိုင်သုံး ကွန်ပြူတာတခုတည်းကနေ ရှာကြည့်လိုက်ရင် အထက်ပါ အကြောင်းအရာတွေ တခုခုပြီး တခုကျလာလိမ့်မယ်။ Continue reading “ခရီးသွားဧည့်လမ်းညွှန်များနှင့် စစ်အာဏာရှင်”
မြန်မာ့ နိုင်ငံရေးတွင် ၀င်စို့ ၊ထွက်စို့  တစ်ဦး ထပ်တိုး
ယခင်က မြန်မာ့ အရေးတွင် ကုလ အထွေထွေ အတွင်း ရေးမှုးချုပ် ၏ အထူးသံ များဖြစ်သည့်
ရာဇာလီ အီစမိုင် နှင့် ဂမ်ဘာရီ တို့ နှစ်ဦးသာရှိ၍ ထိုသူ နှစ်ဦးကလည်း မြန်မာ
စစ်အာဏာရှင်များ နှင့် အကြိမ်ကြိမ် တွေ့ ဆုံ၍ မအောင်မြင်သော သံတမန် အမှု ကို ထူထောင်ခဲ့သည်။
သမ္မတ အိုဘားမား တက်လာချိန်မှ စ၍ မြန်မာ နိုင်ငံရေး နှင့် ပတ်သက်ပြီး သူ၏ အပြောင်းအလဲ
မူဝါဒ များ စတင် ချိန် မှ စ၍ နောက်တိုးတစ်ဦးပေါ်ပေါက်ခဲ့သည် ။ထိုသူသည်  နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အာရှ နှင့် ပိစိဖိတ်
ရေးရာဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် သည် မြန်မာ နိုင်ငံသို့ 
သွားရောက်ခဲ့ပြီး ယခုတစ်ဖန် ထပ်မံသွားရောက်အုံးမည် ဟု AP သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ Continue reading “မြန်မာ့ နိုင်ငံရေးတွင် ၀င်စို့ ၊ထွက်စို့  တစ်ဦး ထပ်တိုး”
တိုးတက် လာသည့် အာရှ တက္ကသိုလ်များ
Foreign Affairs May ၊June 2010 မှ The Rise of Asian Universities By  Richard Levin ၏
ဆောင်းပါးအား ရဲမြင့်ကျော် မှ ဘာသာပြန်ဆိုသည်။
FNG International Studies
ယေးလ် တက္ကသိုလ် ဥက္ကဌ ရစ်ချဒ် လီဗင်
ဒုတိယ ကမ္ဘာ စစ်ပြီး နောက်တွင် အာရှ စီးပွား ရေး အလျင် အမြန် တိုးတက် လာသည်။ ပထမ ဂျပန်၊ တောင်ကို ရီးယား၊ ထိုင်ဝမ် တို့ ဖြစ်သည်။ ဟောင်ကောင် စင်္ကာပူ တို့ ထပ်လိုက် လာသည်။ အခု နောက်ဆုံး အိန္ဒိယနှင့် တရုတ် ပြည်မတို့ ပါဝင် လာပြီး ဂလို ဘယ် ပါဝါ ချိန်ခွင် လျှာ ကိုပါ ပြောင်းလဲ ပစ်လိုက် သည်။
ဒီ နိုင်ငံ တွေရဲ့ စီးပွား ရေး ဖွံဖြိုး တိုးတက်မှု နောက်ကွယ်မှာ အဓိက အရေးပါ မောင်းနှင် ပေးတာက ပညာ တတ် အင်အား စု (educated workforce) ဖြစ်သည်။ စီးပွား ရေးမှာ ပိုမို ဆန်းသစ် တီထွင် နိုင်ဖို့နဲ့ ပြိုင်ဆိုင် ဖို့ အတွက် ပညာရေးနဲ့ သုတေ သန လုပ်ငန်း တွေမှာ ရင်းနှီး မြှုပ်နှံ ကြရ မယ် ဆိုတာ သူတို့ နားလည် လာခြင်း ကြောင့် ဖြစ်သည်။
၁၉၆၀ ပြည့်လွန် နှစ်များ အစမှာ ဂျပန်၊ တောင်ကို ရီးယား နဲ့ ထိုင်ဝမ် တို့က သူတို့ လူထုကို အထက် တန်း ပညာ ရေး အားလုံး တက် နိုင်အောင် အခွင့် အလမ်းတွေ ဖန်တီး ပေးသည်။  အကျိုး ရလာဒ်က  မြင်ကြ ရတဲ့ အတိုင်း မချိ မဆန့် ပင်။ Continue reading “တိုးတက် လာသည့် အာရှ တက္ကသိုလ်များ”
အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)
ကလန်သံဗျင်
မီဒီယာ၊                   ၊ဒီနှစ် ကျမှ မဏ္ဍပ် တွေ ကို ထူးထူးခြားခြား အင်းလျှားလမ်းကနေ ဘာဖြစ်လို့ 
ကန်တော်ကြီးကိုပြောင်းလိုက်ရတာလဲ။
ဗိုလ်ချုပ်မှုးကြီး၊      ၊အော်ဒါ လား ။အဖြေက ရှင်းပါတယ် ၊ကျုပ်က စစ်သားဆိုတော့ အမြဲတမ်း စစ်ရေးအမြင်နဲ့ ပဲကြည့်တယ်လေ
ဗုံးခွဲမယ့် ကား ၀င်လို့ ထွက်လို့ လွယ်အောင်ပါ။
အဲ.. မဟုတ်ပါဘူး။ခင်ဗျားကလဲ ဘာတွေ လျှောက်မေးမှန်းမသိဘူး ။အင်းလျှားကန် ရေ
က PH7 ပဲရှိတယ် ။ကန်တော်ကြီးရေက PH 10 အနည်းဆုံးရှိတယ် ။ပြည်သူတွေ ကျန်းမာရေး နဲ့ ညီညွှတ်
အောင် လို့ လေ။နောက် ကျူပ်က လူငယ်တွေ ဆိုစေတနာထားတယ်။  ရေမပက်ချင်တဲ့ အတွဲ တွေ ဆို
မျှော်စင်ကျွန်း တို့  ၊ မြေပဒေသာ ထဲ တို့ သွား နှပ် လို့ ရတယ် ။အင်းလျှားမှာ ဆို လူငယ်တွေ ဒါမျိုးအခွင့်အရေး
ဘယ်ရပါ့ မလဲ ။မဏ္ဍပ် အောက် ၀င်တိုးရတာ …ဟိ ဟိ
မီဒီယာ၊                  ၊အမျှော်အမြင်ကြီးပါပေ့ ဗိုလ်ချုပ်မှုးကြီးရယ်။ဒါနဲ့ စကားမစပ် ။X2O မဏ္ဍပ် မှာမှ ရွေးပြီး
ဗိုလ်ချုပ်မှုးကြီး၊        ၊ခင်ဗျားကလဲ မီဒီယာ သမားလို့ မပြောရဘူး ကောလ ဟာလ တကယ်ယုံတာပဲ ။အမှန်က
နိုင်ငံရဲ့  စီးပွားရေး ကို ကျုပ်က ကယ်တင်လိုက်တာပါဗျာ။ဒေါက်တာဂျိုးဇက်စတိုင် ဂလု လာတုန်းက က သင်္ကြန် မဏ္ဍပ် တွေ က တိုင်းပြည်ရဲ့  GDP ကို နစ်နာတယ်လို့ အကြံပေးသွားလို့ ကျုပ် က နဲနဲ လှန့် လိုက်တာပါ။ နောက်နှစ် ဆိုလူငယ်တွေ မဏ္ဍပ်ထိုင်ရဲမှာ မဟုတ်တော့ဘူး ။ဟိုတယ်ပဲ သွားတော့မှာ ။ Continue reading “အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)”
ပြည်ပ အဖွဲ့ အစည်း များ နှင့် ပြည်ပ နိုင်ငံများ ကို အားကိုးလျှင် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်နိုင်
တင်ကျော်ကျော်စိုး
Don’t Look Outside !
” ပြည်ပ အခြေစိုက်အဖွဲ့ တွေလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်လိုပဲ ဂုဏ်သိက္ခာရှိစွာနဲ့  ဒီမိုကရေစီ ရေးအောင်မြင်
မှု မရှိ ဘူးဆို တာ လူသိနတ်ကြား ထုတ်ဖော် ၀န်ချ တောင်းပန် သင့် တယ် ”
နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာခဲ့သည့် တိုင် ပြည်ပ နိုင်ငံများ နှင့် ပြည်ပ အခြေစိုက် မြန်မာနိုင်ငံရေးအဖွဲ့ 
အစည်းများကြောင့် မြန်မာ့ နိုင်ငံရေးသည် ဒီမိုကရေစီ ရေး ဘက်ကို တစ်လမ မျှ ရွှေ့ ခဲ့ခြင်း မရှိကြောင်း
ထင်ရှားသော မြန်မာနိုင်ငံရေးသမား နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ရွေးချယ်ခံကိုယ်စားလှယ်
တစ်ဦး ဖြစ်သူကယနေ့ Freedom News Group  သို့ ပြောသည်။
ပြည်ပ နိုင်ငံရေး အဖွဲ့ အစည်းများ နှင့် အနောက်နိုင်ငံများကြောင့် မြန်မာ့ နိုင်ငံရေးသည် ပိုးသာကုန်
မောင်ပုံ စောင် မတတ် ဖြစ်နေကြောင်း သူက ဆက်လက်ပြောသည်။
ထင်ရှားသော မြန်မာ သတင်းစာ ဆရာ တစ်ဦးက လည်း ကာဂျက်စတန် လူထုလှုပ်ရှားမှု ကို မြန်မာ
တက်ကြွလှုပ်ရှားသူတို့ အတုယူသင့် သင် ဟု ဆိုသည်။ယမန်နေ့ က အာရှာအလယ်ပိုင်း ကာဂျက်စ
တန် နိုင်ငံတွင် ၂၄ နာရီ ကြာ လူထုတော်လှန်ရေးကြောင့် သမ္မတ အားရာထူးမှ ဖယ်ရှား နိုင်ငံကာ အတိုက်
အခံ တို့ ကြားဖြတ် အစိုးရ ဖွဲ့ နိုင်ခဲ့သည်။ Continue reading “ပြည်ပ အဖွဲ့ အစည်း များ နှင့် ပြည်ပ နိုင်ငံများ ကို အားကိုးလျှင် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်နိုင်”
ကမ္ဘာ့ ပါရာဒိုင်း အပြောင်းအလဲ နှင့် နေ့ မြင်ညပျောက် အစိုးရများ
ကမ္ဘာ့  နိုင်ငံရေး၊စီးပွားရေး သုံးသပ်ချက်၊မြန်မာ့ နိုင်ငံရေး နှင့် နိုင်ငံတကာရှိ လူထုအုံကြွမှု များနှင့်
ပတ်သက်၍ Freedom News Group ၏ စာဖတ်ပရိသတ် များ အနေဖြင့်
သင်တို့ ၏ အတွေးအမြင် သို့ မဟုတ် သုံးသပ်ချက် များ ကို ပေးပို့ နိုင်ပါတယ်။
ပေးပို့ ရမယ့် အီးမေးလိပ်စာ က freedomnewsgroup@gmail.com ဖြစ်ပါတယ်။
ဖော်ပြခံရသည့် စာမူရှင်အတွက် Freedom Book Shop နှင့် Barnes and Nobel မှ စာအုပ်
များဝယ်ယူ နိုင်သည့် Reward ရရှိမှာ ဖြစ်ပါတယ်။ Continue reading “ကမ္ဘာ့ ပါရာဒိုင်း အပြောင်းအလဲ နှင့် နေ့ မြင်ညပျောက် အစိုးရများ”
Burma needs a general election, not an election of generals
IVAN LEWIS, MINISTER OF STATE,
UK FOREIGN AND COMMONWEALTH OFFICE
The message could not have been clearer. On Armed Forces day, as soldiers marched through Naypyidaw, Burma’s Senior General Than Shwe set out his vision for “disciplined democracy”.  A moment that could have been cause for celebration, is instead a cause for concern and regret. Continue reading “Burma needs a general election, not an election of generals”
Leverage with Burma (Editorial of Washinton Post)
Sunday, April 4, 2010; A14
IN ONE SENSE, the farcical election taking shape in Burma, a Southeast Asian nation of 50 million people, offers good news. Burma’s generals would not go to such lengths to create the appearance of democracy unless they cared about global opinion. That suggests that outside nations with an interest in promoting peace and democracy in Burma have more leverage than is commonly believed. On the other hand, this is good news only if those nations are willing to use that leverage in a constructive way. On that front, there’s a long way to go. Continue reading “Leverage with Burma (Editorial of Washinton Post)”
ဥာဏ်မရှိ ကြံလိုက်တိုင်း မွဲ
ကိုဂျူး
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့တုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများဟာ တရားမျှတမှု မရှိတဲ့အတွက် ပြန်လည် မှတ်ပုံတင်မှာ မဟုတ်တဲ့ အကြောင်း နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြု ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်တဲ့ အကြောင်း ကြေညာ လိုက်ပါတယ်။ ပြည်သူတွေ ကတော့ နှစ်ထောင်း အားရ ကြိုဆိုကြပါတယ်။
မြန်မာတပ်မတော် စစ်ဗိုလ်ကြီးများ လိုချင်တဲ့ လမ်းကြောင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ရမယ်။ ဒီချုပ် ၀င်ပြိုင်ရင် ရွေးကောက်ပွဲ တရားဝင် ဖြစ်မှုရပြီလို့ နိုင်ငံတကာ အလယ် ပြောအား ရှိသွားလို့ သူတို့အတွက် အတော် မက်လောက်ပါတယ်။ ပြိုင်လဲ ပြိုင်လိမ့်မယ်လို့ ထင်ထားတယ်။ နိုင်တော့ မနိုင်စေရဘူး၊ အစွမ်းကုန် ချမယ်၊ မနိုင်အောင် ညစ်မယ်။ ပြင်ဆင်ပြီးသား။ ၀င်ပြိုင်စေချင်လို့ “၀င်မပြိုင်ရင် ပါတီဖျက်မယ်´´ ဆိုတဲ့ အချက် ထည့်ထား တာပေါ့။ ရွေးကောက်ပွဲ ၀င်ဖို့ ဇောင်းပေး ရေးနေတဲ့ ဆောင်းပါးတွေကို ကြည့်ရင်လဲ သိသာပါတယ်၊ “စဉ်းစဉ်း စားစား ချင့်ချင့် ချိန်ချိန်” “အတွေးမမှား အရွေးမမှားဘို့” “လမ်းမှား မလိုက်ကြစေဘို့” “ဒီချုပ် ရေတိမ် မနစ်စေချင်ပါ” “နောင်သမိုင်းကြောင်း မှောင်မိုက်မသွားအောင် (၁) (၂)” စသဖြင့် . . . Continue reading “ဥာဏ်မရှိ ကြံလိုက်တိုင်း မွဲ”
Asia Society အဖွဲ့ ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဆန်းစစ်လေ့လာရေး အစီရင်ခံစာ (မြန်မာဘာသာဖြင့် ပူးတွဲပါရှိ)
မြန်မာပြည်ရဲ့ လက်ရှိ ပကတိ အခြေအနေနဲ့ အနာဂတ် အလားအလာ
Current Realities and Future Possibilities in Burma/Myanmar
Asia Society  အဖွဲ့ ၏ အစီရင်ခံစာ အား PDF ဖိုင်ဖြင့် ဤနေရာမှတစ်ဆင့် ၀င်ရောက်ဖတ်ရှုနိုင်သည်။
မြန်မာ ဘာသာဖြင့် ASIA SOCIETY ၏ အစီရင်ခံစာ
မြန်မာဘာသာဖြင့် အလုပ်အဖွဲ့ ၏ အစီရင်ခံစာ (ASIA SOCIETY)
Continue reading “Asia Society အဖွဲ့ ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဆန်းစစ်လေ့လာရေး အစီရင်ခံစာ (မြန်မာဘာသာဖြင့် ပူးတွဲပါရှိ)”
ပညာရှင်ဆိုတာ (လူထုစိန်ဝင်း)
စာပေ လောက အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြပါသည်
ပညာရှင်ဆိုတာ – လူထုစိန်ဝင်း
အခုတလော ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေးစတဲ့ ပညာရပ်ဆိုင်ရာ စာအမျိုအစားတွေ တော်တော်လေး ထည့်သွင်းဖော်ပြလာကြတာ တွေ့ရတယ်။ အများစု က နိုင်ငံခြားစာအုပ်တွေကို ဘာသာပြန်တာ၊ တစ်ဆင့် ပြန်ပြောတာတွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို သုံးသပ်ဝေဖန်ပြီး ကိုယ်တိုင်ပြုစု ရေးသားထားတာမျိုး မတွေ့ရသလောက် ဖြစ်တယ်။ အဲဒါ ကြောင့် မြန်မာစာဖတ်ပရိတ်သတ်အတွက် အကျိုးရှိသင့်သလောက် မရှိဘူးလို့ ယူဆမိတယ်။
* ရေးသူ သုံးမျိုးသုံးစား *
ပညာရပ်ဆိုင်ရာ စာတွေရေးတဲ့အထဲမှာ သက်ဆိုင်ရာ ပညာရပ်ကို အထူးပြုလေ့လာခဲ့သူတွေ ရှိသလို အထူးပြုလေ့လာခဲ့သူ မဟုတ်ပေမယ့် ၀ါသနာအလျောက် ဖတ်ရှုခဲ့ရတဲ့ အကြောင်းအရာများကို အခြားသူများလည်း သိစေချင်တဲ့ စေတနာနဲ့ ဘာသာပြန်တာ ဒါမှမဟုတ် တစ်ဆင့်ပြန်ဖောက်သည် ချတာမျိုး လုပ်တတ်ကြတယ်။ အထူးပြုလေ့လာခဲ့သူတွေလို စာဖတ်သူရဲ့ ခေါင်းထဲလျှောကနဲ လျှောကနဲ ၀င်သွားအောင် ရှင်းရှင်းလင်းလင်း ချောချောမောမော မရေးနိုင်ပေမယ့် ဝါသနာအလျောက် ဖတ်ရှုလေ့လာ မှုအခံရှိထားတာကြောင့် နားမလည်နိုင်လောက်အောင်တော့ ရှုပ်ရှုပ်ထွေးထွေး မရှိလှပါဘူး။ ကြိုးစားဖတ်ရင် နားလည်ပါတယ်။ တချို့ကျတော့ လေ့လာမှုအခံ လုံးလုံးရှိခဲ့တာမဟုတ်ဘဲ ကိုယ်တိုင်က ခေတ်ရေစီးကြောင်းအတိုင်း လူတွင်ကျယ် လုပ်ချင်တဲ့ မြို့ကြီးသားလူလည် “အီလစ်”ခေါ်တဲ့ ရေပေါ်ဆီ လူတန်းစားများရဲ့ ဗီဇအတိုင်း တတ်ယောင်ကား ဝင်လုပ်တာဖြစ်တယ်။ ဒါမှမဟုတ် ဂျာနယ် မဂ္ဂဇင်းတွေက အင်တာနက်က ဆွဲချကူးယူထားတာကို “အဆိုင်းမင့်”ပေးလို့ ရေးကြတာ ဖြစ်တယ်။
* ရေပေါ်ဆီလူတန်းစား အီလစ်များ * Continue reading “ပညာရှင်ဆိုတာ (လူထုစိန်ဝင်း)”