ထွက်ပေါက်ပိတ် နေသည် မှာ NLD နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ မဟုတ်ပဲ စစ်အစိုးရ ကိုယ်တိုင် ဖြစ်နေ (အယ့်ဒီတာ့ အာဘော်)
Prepare For Glory
နောက်ဆုံးလက်ပြ နှုတ်ဆက်ခြင်းပေးလော ဓာတ်ပုံ - ရိုက်တာ
အသက် ခုနှစ်ဆယ် ကျော် အရွယ်ရှိ သည့် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှာ
မိမိ၏ ပါးနပ်ကျင်လည် မှု အတွက် အတိုက်အခံများ ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ များ
အခက်တွေ့ ကာ ပြိုကွဲ တော့ မည် ဟု စိတ်ကူးယဉ် နိုင်သော် လည်း လက်တွေ့ တွင် ထိုသို့ ဖြစ်လာ
ဖို့ က ရာခိုင် နှုန်း အလွန် နည်းပါးသည်။
နိုင်ငံ အရှေ့ ပိုင်းရှိ လက်နက် ကိုင် အဖွဲ့ များ ကို နှိမ်နှင်းရန် မ၀ံ့မရဲ ဖြစ်နေချိန် တွင် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ် ကို အစိတ်စိတ် အမြွာမြွာ ဖြစ်စေရမည် ဟု အကြံကလည်း ပြည်တွင်းနိုင်
ငံရေး အကျပ်အတည်း နှင့် နိုင်ငံတကာ ဖိအားပေးမှု နှင့် သာ ကြုံစေရသည်။ Continue reading “ထွက်ပေါက်ပိတ် နေသည် မှာ NLD နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ မဟုတ်ပဲ စစ်အစိုးရ ကိုယ်တိုင် ဖြစ်နေ (အယ့်ဒီတာ့ အာဘော်)”
ဦးကျော်ဇံသာ အမေး နှင့် လူထုစိန်ဝင်း အဖြေ
မတ်လ ၂၄ ရက် ဗွီအိုအေ အသံလွှင့် အစီအစဉ်မှ ကောက်နှုတ်ချက်
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ခေါင်းဆောင် တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အရှိန်အ၀ါနဲ့ အဓိကရပ်တည်နေတယ်ဆိုရင် မှားမယ်မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ၀င်မယ်မ၀င်ဘူး ပြတ်ပြတ်သားသား ပြောကြားသင့်တယ်လို့ ဆရာ မထင်ဘူးလား။ အခု ဒေါ်အောင်ဆန်းစုကြည် က ပါတီရဲ့  ဆုံးဖြတ်ချက်ကို လိုက်နာမယ်ဆိုတာကို ဆရာဘယ်လိုပြောလိုပါသလဲ။
ဦးစိန်ဝင်း ။ ။ ကျနော်ကတော့ ဒီကိစ္စဟာ အင်မတန် သေရေးရှင်ရေး အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ပါတီရဲ့  ရပ်တည်ရေးအတွက် နောက်ဆုံးအဆင့်ဖြစ်တယ်။ အဲဒီတော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြည့်အ၀တာဝန်ရှိတယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဒီကိစ္စမှာ သူဆုံးဖြတ်မှ ဖြစ်မှာပါ။ သူ့ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ပါတီက ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်မယ်ဆိုရင် NLD အောက်ခြေထု လူထုက လက်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိ NLD ခေါင်းဆောင်မှုတွေကို ပြည်သူလူထုက လုံးဝအယုံအကြည် မရှိတော့ပါဘူး။ တော်တော်လေး စိတ်ကုန်နေကြပါပြီ။ Continue reading “ဦးကျော်ဇံသာ အမေး နှင့် လူထုစိန်ဝင်း အဖြေ”
NLD ၏ ဂငယ်ကွေ့ ကွေ့မည့် အရိပ်အယောင်အပေါ် ၉၈ မျိုးဆက် ကျောင်းသားဟောင်းများက ဝေဖန်
1998 Generation Students Criticize  On Main Opposition Party Pay Respect To Junta
တင်ကျော်ကျော်စိုး
၁၉၉၈ ခုနှစ်က NLD ပါတီ၏ ရက်ပေါင်း ၆၀ တွင်း လွှတ်တော်ခေါ်ယူရေး တောင်းဆိုချက်ကို ထောက်ခံ သော အားဖြင့် လှည်းတန်းလမ်းဆုံတွင် ကျောင်းသားဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သော ကျောင်းသား ဟောင်းများက ယခုလက်ရှိအခြေအနေတွင် NLD ပါတီမှ စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲတွင် ထပ်မံ ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်မည်ဆိုသော မှန်းဆချက်များအပေါ် ဝေဖန်လိုက်သည်။
၉၈ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် ကိုကျော်လင်းဦးက “ NLD က ၉၀ ရွေး ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တယ်။ ၉၈ မှာလည်း ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ပေးဖို့ အသေအချာ တောင်းဆိုခဲ့တယ်။ အဲဒီတုန်းက နအဖက ဒီလို တောင်းဆိုယုံနဲ့ လွှတ်တော်ခေါ်ပေးမှာမဟုတ် ဘူးလို့ ကျနော်တို့က တွက်တယ်။ ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုပေါ်ပေါက်အောင် လုပ်ပြီး နအဖ ကိုစိန် ခေါ်တဲ့၊ ဖိအားပေးတဲ့ လှုပ်ရှားမှုကို ကျနော်တို့ လုပ်ခဲ့တယ်။ ဒီလှုပ်ရှားမှုကြောင့် ကျောင်းသားပေါင်း ၁၀၀ ကျော် အဖမ်းခံခဲ့ရတယ်။ တချို့ဆို ခုထက်ထိ မလွတ်သေးပါဘူး။ ဒါပေမယ့် အဲဒီတုန်းက NLD ကအဖျားရှုး သွားပြီး နောက်ဆုံး CRPP လောက်နဲ့ပဲ တင်းတိမ်နေခဲ့တယ်။ အခုCRPP ရော၊ ရွှေဂုံတိုင် ကြေငြာချက်ကို ရော ဆုတ်ဖြဲပြီး ရွေးကောက်ပွဲ ပြန်ဝင်ဦးမယ်ဆိုယင်တော့  ကျနေုာ်တို့ ပေးဆပ်ရကျိုးမနပ်ဘူးလို့ပဲ ပြောချင် ပါတယ်။ အဲဒီတုန်းကတည်း ထောင်ကျနေတဲ့ ကျနော်တို့ သူငယ်ချင်းတွေ ခုထက်ထိ ထောင်ထဲမှာရှိနေပါ သေးတယ်။ သူတို့အတွက် ကျနော် စိတ်မကောင်းဘူးဗျာ။´´ ဟု ပြောဆိုခဲ့သည်။
မြန်မာပြည်တွင်းမှာ တရားဝင် ထုတ်ဝေသည့် The Voice ဂျာနယ်တွင် အပတ်စဉ် ဆောင်းပါများ ရေးသား ပြီး လက်ရှိရွေးကောက်ပွဲကို ထောက်ခံသည့် ၉၈ မျိုးဆက်ကျောင်းသားဟောင်း ကိုနေသန်မောင်ကလည်း “ Continue reading “NLD ၏ ဂငယ်ကွေ့ ကွေ့မည့် အရိပ်အယောင်အပေါ် ၉၈ မျိုးဆက် ကျောင်းသားဟောင်းများက ဝေဖန်”
လူထုစိန်ဝင်း၏ အမြင် – အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ
မိုးမခ   သတင်းဌာန ၏ အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြပါသည်
မတ် ၁၉၊ ၂၀၁၀
“ရွေးကောက်ပွဲဥပဒေ ကိုကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီမှတ်ပုံမတင်ပဲ ရွေးကောက်ပွဲလဲ မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေငြာ စာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့မေးခွန်းကို တယေက်ပြီး တယောက်မေးကြတယ်။ မေးကြတဲ့သူတိုင်း ကိုလည်း တစ်ခုတည်းသော အဖြေကိုပဲ ကျွန်တော်ပေးခဲ့တယ်။
အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ ရွေးကောက်ပွဲလဲ ၀င်မှာပဲဆိုတဲ့ အဖြေပဲ။ ဘာကြောင့်ဒီလို တပ်အပ်ဖြေလိုက်သလဲဆိုတော့ နှစ် ၂၀ ကာလအတွင်း အန်အယ်လ်ဒီ ဌါနချုပ် ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ရပ်တည်ချက်ကဘာလဲ ဆိုရင်အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် ၂၀လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ။
အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ … Continue reading “လူထုစိန်ဝင်း၏ အမြင် – အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ”
အမြီးမနှန့်ကြပါနဲ့၊ စိတ်အေးအေးထားပြီး သော့ကိုင်တွေကို စောင့်ကြပါ
ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ …)
အဲဒီလို တန့်ကနဲ့ဆို နန့်ကနဲ ဆိုတဲ့ အုပ်စုထဲမှာ လေလှိုင်းက ဆရာတွေလည်း ထိပ်ဆုံးက ပါတယ်ဆိုရင် ရွှေစိတ်တော်များ ဆိုးကြဦးလေမ လား (ဆိုးလည်း တတ်နိုင်ပေဘူးပ)။
အမှတ်သည်းခြေနည်းပြီး မေ့လွယ်ပျောက်လွယ်တတ်တဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ (အားလုံးကို မဆိုလိုပါ) ရဲ့ စိတ်ဓာတ်ကို ဗိုလ်သန်းရွှေက အားနည်းချက်အနေနဲ့ ရှုမြင်ပြီး ကောင်းကောင်း အသုံးချတတ်လို့လား ဒါမှမ ဟုတ် ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ (ဤနေရာတွင်လည်း အားလုံးကို မဆိုလိုပါ) မှာ တန့်ကနဲဆို နန့်ကနဲ အမြီးနှန့်တတ်တဲ့ စရိုက်မျိုးရှိတတ်တာကို ဗိုလ်သန်းရွှေက နောကြေနေလို့လား မပြောတတ်။ ရွှေဝါရောင်လက် သီး အချီကြီး မိပြီးကတည်းက ဗိုလ်သန်းရွှေတယောက် “ရွေးကောက်ပွဲ” ဆိုတဲ့ လေသံပစ်ပြီး သူတို့စစ်အုပ်စု ရင်ဆိုင်ရတဲ့ နိုင်ငံရေးအကျပ်အတည်းကို နည်းအမျိုးမျိုးနဲ့ ရှောင်ထွက် အလွတ်ရုန်းနေခဲ့တာ အခုအထိပဲ ဆိုပါ တော့ …။
ရွှေဝါရောင်လက်သီးချက်သာ မမိခဲ့ရင် အခုအချိန်အထိ “ရွေးကောက်ပွဲ” ဆိုတာကို ဗိုလ်သန်းရွှေ လေသံ တောင် ဟမှာမဟုတ်သေးဘဲ အမျိုးသားညီလာခံဆိုတာကြီးကိုပဲ မေ့လောက်မှ တခါ ထထကျင်းပရင်း အရှိန် တက်နေတဲ့ သူ့ရဲ့ ဘုရင်ရူးရောဂါကို ဆက်လက်အကောင်အထည်ဖော်နေမှာ မုချပေပ။ ရွှေဝါရောင်မှာ ရုတ်တ ရက် အသက်ရှူကျပ်သွားလို့သာ (အသက်ပါ ပါသွားမှာစိုးတာနဲ့) အမျိုးသားညီလာခံကို တက်သုတ်ရိုက်ကျင်းပ ပြီး ရွေးကောက်ပွဲကျင်းပပေးပါမယ်လို့ ဗိုလ်သန်းရွှေ သွေးရူးသွေးတန်း ကတိပေးလိုက်တာပါ။ Continue reading “အမြီးမနှန့်ကြပါနဲ့၊ စိတ်အေးအေးထားပြီး သော့ကိုင်တွေကို စောင့်ကြပါ”
တစ်ဦးနဲ့ တစ်ဦးလူသားချင်းစာနာထောက်ထားမှု (သို့ မဟုတ်)ဦးဘွန်တု
Ubuntu Popularize in Burmese Geeks
အခုတလော ဦးဘွန်ထူးက မြန်မာ ပြည်မှာရေပန်းစားလာတယ်
ဘယ်လောက်ထိရေပန်းစားလာလဲဆိုတော့လက်ရှိ ရေပန်း အစားဆုံးဖြစ်နေတဲ့
၂၀၁၀ ရွေးကောက်ပွဲ တို့ ၊၀တ်မှုန်ရွှေရည် ရင်ခွင်ပြောင်းချိန် တို့ ၊ထက်ထက်မိုးဦး
ကလေးထပ်ယူအုံးမယ်တို့ ၊တတိယ အုပ်စု က ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်စု မလွတ်
အောင် ဘုရားမှာ ယတြာချေတာ တို့  ထက်တောင် ပိုပြီးရေပန်းစားနေသေးတယ်။ Continue reading “တစ်ဦးနဲ့ တစ်ဦးလူသားချင်းစာနာထောက်ထားမှု (သို့ မဟုတ်)ဦးဘွန်တု”
ပီကင်းပြန် ဂူဂဲလ်ရဲ့ မကောင်းတဲ့ အကျင့်
 တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၁ မိနစ် (မဇ္ဈိမ)
 ပီကင်း နည်းပညာ တက္ကသိုလ်က ပါမောက္ခလည်းဖြစ် တရုတ် နည်းပညာကော်မရှင်က Web 3.0 ဆိုင်ရာ လေ့လာရေး အမှုဆောင်တယောက်ဖြစ်တဲ့ ရှင်လန်ကျန်းက ”ဂူဂဲလ်ဟာ ပါးစပ်က ဘုရားဘုရား၊ လက်ကတော့ အလစ်သုတ်သမား တယောက်ပဲ” လို့ ဝေဖန်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကပဲ တရုတ်က ဆိုင်ဘာရာဇဝတ်မှုတွေ လုပ်တယ်။ သူများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဟက်ကာတွေကနေတဆင့် ခိုးယူတယ်။ နောက် မဟုတ်မဟတ် လုပ်ရပ်တွေနဲ့ ဆိုင်ဘာ သတင်းအချက်အလက်တွေ ပိတ်ဆို့တယ်လို့ စွပ်စွဲပြီး တရုတ်နဲ့ ညောင်ညိုပင်လမ်းခွဲ လုပ်ခဲ့ပါတယ်။ Continue reading “ပီကင်းပြန် ဂူဂဲလ်ရဲ့ မကောင်းတဲ့ အကျင့်”
စာရေးဆရာမကြီး မြသန်းတင့် နှင့် ဖေဖေါ်ဝါရီလ ၁၂ ရက်လွတ်လပ်ရေးနေ့ 
ကလန်သံဗျင်
အေပီသတင်းဌာန၏ ပြည်ထောင်စု နေ့ နှင့် လွတ်လပ်ရေးနေ့ မှားခြင်း
ပြည်ထောင်စု နေ့ ကိုယနေ့ လူငယ်တို့ မေ့လျှော့နေပြီ ဟု အင်တာနက်စာမျက်နှာ များတွင် ရက်ပိုင်းအတွင်း
ကပင်ဖတ်ဖြစ်ခဲ့သေးသည်။ ဖေဖော်ဝါရီလ တွင် ပြည်ထောင်စု နေ့ ၊မြန်မာ နိုင်ငံကလေးများနေ
နှင့် အသက်ဆိုင်ဆုံး ပြည်ထောင်စုနေ့ ၊ဗိုလ်ချုပ် မွေး နေ့ တို့ ကို ယနေ့ လူငယ်များက မေ့လျှော့ နေကြခြင်း
ဖြစ်သည်။ Continue reading “စာရေးဆရာမကြီး မြသန်းတင့် နှင့် ဖေဖေါ်ဝါရီလ ၁၂ ရက်လွတ်လပ်ရေးနေ့ ”
အရှက်နဲ့ သိက္ခာ
Written by လူထုစိန်ဝင်း
 သတင်းစာ ကြော်ငြာတွေ ဖတ်ရင်းနဲ့ ရင်းနှီးနေတဲ့ နာမည်တစ်ခု တွေ့လိုက်လို့ ဖတ်ကြည့်မိတယ်။ ဖတ်လိုက်တော့ သိကျွမ်းတဲ့ သူတွေဆိုတာ သေချာသွားပါတယ်။ “စိန်ရတု” မွေးနေ့ ဆုတောင်း ကြော်ငြာပါ။ မွေးနေ့ရှင် အမျိုးသမီးကြီးရဲ့ သားသမီးတွေနဲ့ မြေးတွေ အားလုံးရဲ့ နာမည်တွေလည်း တန်းစီ ထည့်ထားပါတယ်။ သားသမီးငါးယောက်နဲ့ သူတို့ အိမ်ထောက်ဖက်တွေနဲ့ မြေးတွေ စုစုပေါင်း ၁၇ယောက်ဆိုတော့ ကြော်ငြာဖိုးကကို နည်းမှာ မဟုတ်ပါဘူး။
အခြွေအရံပေါတဲ့သူ
မွေးနေ့ရှငိ အမျိုးသမီးကြီးက ကျိကျိတက်ချမ်းသာတဲ့ ရွှေကုန်သည်ကြီး ဖြစ်ပါတယ်။ သားသမီး ငါးယောက် အိမ်ထောက်ကိုယ်စီကျကတည်းက အိမ်တစ်လုံး ကားတစ်စီးစီးနဲ့ အတွင်းပစ္စည်းတွေ ခွဲဝေပေးထားပြီး ဖြစ်ပါတယ်။ သူကတော့ ဘယ်သားသမီးနဲ့မှ အတူမနေဘဲ သူ့လိုပဲ မုဆိုးမ ဖြစ်တဲ့ ညီမ၀မ်းကွဲ တစ်ယောက်ကို ခေါ်ထားပြီး အတူနေပါတယ်။ ဆိုင်မထွက်တော့ပေမယ့် မိတ်ဆွေဟောင်းတွေ အိမ်လာပြီး ရောင်းတာဝယ်တာ လုပ်ရင်တော့ အရောင်းအ၀ယ်လုပ်ပါတယ်။ ရှေးအစဉ်အဆက် မြန်မာရွှေကုန်သည်များ လုပ်ရိုးလုပ်စဉ် အတိုင်း အပေါင်ခံငွေချေးဆိုတာမျိုးလည်း လုပ်ပါသေးတယ်။ ဒီတော့ သားသမီးတွေ ခွဲဝေပေးထားပြီး ဖြစ်ပေမယ့်လည်း လျော့သွားတယ် မရှိဘဲ ချမ်းသာမြဲ ချမ်းသာနေပါတယ်။ သားသမီးတွေ၊ မြေးတွေ လာလိုက်ကြ၊ သွားလိုက်ကြ၊ စားလိုက်ကြ၊ ယူလိုက်ကြနဲ့ သိုက်သိုက်ဝန်းဝန်း ရှိလှပါတယ်။ အလှူအတန်း အပေးအကမ်းမှာ ရက်ရောသူ ဖြစ်လေတော့ အခြွေအရံတွေလည်း ပေါများပါတယ်။ ချမ်းသတော့ ကျန်းမာပြီး အရွယ်တင်ပါတယ်။ သူဌေးရောဂါ သွေးတိုးကလေး မဆိုစလောက် ရှိရုံကလွဲပြီး ဘာရောဂါမှ မရှိတာမို့ သွားသွားလာလာပါပဲ။ သူ့အကြောင်းများ ကြားရရင် မုဒိတာ ပွားစရာချည်း ဖြစ်ပါတယ်။ Continue reading “အရှက်နဲ့ သိက္ခာ”
ကျူရှင်ဆရာ ဓာတုအလီနှင့် မြန်မာ့ဆေးဖယောင်းတိုင် ကမ္ဘာလွှမ်းရမည်(ဆောင်းပါး)
ကလန်သံဗျင်
သုဝဏ္ဏ မင်းဒင်လမ်းထိပ်ရှိ နံနက်ခင်း ပျံကျရောင်းချသောကုန်စိမ်းဈေးတန်းတွင် ဖြစ်သည်။
ဟဲ့ ….မိအေး ကြားပြီးပြီလား ကျူရှင် ဆရာ ဓာတု အလီ ကို ကြိုးပေးလိုက်ပြီဆိုတာ
..ကောင်မရဲ့ တိုးတိုးပြောပါ နင်အဖေတွေ ကြားသွားလို့ နင့် လင် ဓာတု အလီ နောက် လိုက်
နေရ ပါအုံးမယ်။ ဒါနဲ့ ဓာတု အလီက ကမူးကွေ့ မှာ ကျုရှင် ပြတာ မဟုတ်လား အခု ဘာဖြစ် လို့ လဲ ..သူက ကမ္ဘောဒီးယားသွားတုန်းက ဗိုလ်ချုပ် သန်းရွှေ နှပ်ချီးကလော်နေ
တဲ့ ပုံကို နိုင်ငံဂျားက ကျောင်းသားတွေကို ပေးလို့ ဆိုလား ပဲ ။ငါလဲ သေချာမသိဘူး၊
လမ်းထဲမှာပြောနေကြတာ ပဲ။ Continue reading “ကျူရှင်ဆရာ ဓာတုအလီနှင့် မြန်မာ့ဆေးဖယောင်းတိုင် ကမ္ဘာလွှမ်းရမည်(ဆောင်းပါး)”
ဂျွန်အပ်ဒိုက် ၏ လက်ရွေးစင် ၀တ္ထုတိုများ
အမေရိကန်စာရေးဆရာ၊ကဗျာရေးဆရာ ၊စာပေဝေဖန်ရေးသမား နှင့် ပူလစ်ဇာဆုရှင် ဂျွန်အပ်ဒိုက် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ အမေရိကန် စာရေးဆရာ ဂျွန်အပ်ဒိုက် လက်ရွေးစင်ဝတ္ထုတိုများ ကောင်းသာ ဗမာပြန်သည်။ မူရင်း -ဗမာ့ကြယ် ကွန်ယက် စာအုပ်ဆိုင် ဘလောက်မှ ဖော်ပြသည်။ Continue reading ဂျွန်အပ်ဒိုက် ၏ လက်ရွေးစင် ၀တ္ထုတိုများ
Rate this:
ဗေဒင်၊ယတြာ အစီအမံများ နဲ့ မြန်မာ့ရွေးကောက်ပွဲ
တူရာသီ၏ သင်္ကေတ
၂၀၁၀ တွင်ကျင်းပမည် ဟု ကြေညာထားသည့် မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ အစီအစဉ်ကို အောက်တိုဘာ လ ၁၀ ရက်နေ့ တွင် ကျင်းပမည် ဟု ထင်ရှားသော ဂျပန် သတင်းစာ တစ်စောင် ဖြစ်သည့် အဆာဟိ သတင်းစာတွင် ထိုင်းနိုင်ငံ အခြေစိုက် ဆောင်းပါးရှင် ယာမာမိုတို ဒိုင်ဆုကေး က ရေးသားဖော်ပြထားသည်။
အဆာဟိ သတင်းစာတွင် ဖော်ပြထားသည့် မြန်မာ စစ်အာဏာရှင် တို့ ကျင်းပမည့် ရွေးကောက်ပွဲ နေ့ စွဲမှာ ဆယ်ရက်၊ဆယ်လ နှစ်ထောင့် တစ်ဆယ် ဖြစ်သဖြင့် ၁၀ သုံးလုံးသွားရောက် ကြုံကြိုက်နေ သည့် အချိန် ဖြစ်သည် ဟု ဖော်ပြပါရှိသည်။ Continue reading “ဗေဒင်၊ယတြာ အစီအမံများ နဲ့ မြန်မာ့ရွေးကောက်ပွဲ”
၂၀၁၀ (၁၂)ရာသီခွင် ဟောကိန်းများ
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
.
မိတ်ဆွေ ညီအစ်ကို မောင်နှမ အားလုံး Happy New Year ! 2010 လို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ အားလုံး နှစ်သစ်မှာ ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းတို့နဲ့ ပျော်ရွှင်နိုင်ကြပါစေ။ နှစ်သစ်တစ်ခု ကူးတိုင်းကူးတိုင်း ကံကြမ္မာ ကောင်းလေးတွေ ဖြစ်လာလို့ မျှော်လင့်ကြတဲ့ ညီအစ်ကိုမောင်နှမများအတွက် နှစ်သစ်ကူးလက်ဆောင် (၁၂)ရာသီခွင် ဟောကိန်းလေးတွေ တင်ဆက်ပေးလိုက် ပါတယ်။ Continue reading “၂၀၁၀ (၁၂)ရာသီခွင် ဟောကိန်းများ”
မစ္စတာ ခရီယေတာ ဖန်တီးထားတဲ့သိန်းစိန်ရဲ့ ကိုပင်ဟေဂင် ခရီး လူကြိုက်များ
၉ ဒီဇင်ဘာ ရန်ကုန်၊                    ၊ယူကွန်
Thein Sein  ‘s Venturing on Copenhagen
Mr Creator ဖန်တီးထားသည့် မြန်မာဝန်ကြီးချုပ် သိန်းစိန်၏ ကိုပင်ဟေဂင်သွား ခရီးစဉ်
ဂရပ်ဖစ် စတိုင်ယာ မှာ ဖေ့ဘွတ် နှင့် ဖိုရမ် များ အသုံးပြုသော မြန်မာလူငယ်များကြားတွင်
ဟာသ ဖြစ်စရာ အမြင် တစ်ခု အနေဖြင့် လူကြိုက်များနေကြောင်းသိရသည်။ Continue reading “မစ္စတာ ခရီယေတာ ဖန်တီးထားတဲ့သိန်းစိန်ရဲ့ ကိုပင်ဟေဂင် ခရီး လူကြိုက်များ”