“နယ်စည်းမခြား နောက်ဖေးပေါက်များ”(သရော်စာ)
မှော်ဘီက တောဂေါ်လီရေးသည်။
စာနယ်ဇင်းဆရာကိုဝါးတားတားမှာစီးရီးခွေမိတ်ဆက်ပွဲတခုမှလက်ဆောင်ရလာသောအင်္ကျီနှင့်
ပုဆိုးတို့ကိုဆိုင်တွင်ပြန်သွင်းပြီးနောက်ဆူးလေဘုရားအနီးရှိဒေါ်ရိတ်ကြီးလက်ဖက်သုတ်ဆိုင်
တွင်ထိုင်ကာသူငယ်ချင်းဖြစ်သူကိုရေးတေးတေးကိုမျှော်နေသော်လည်းအတော်ကြာသည်ထိပေါ်
မလာသဖြင့်လက်ဖက်သုတ်ဖိုးကိုရှင်းပြီးထပြန်မည်ပြုစဉ် NGOတခု၏အမှတ်တံဆိပ်ကပ်ထား
သောCygnus ကားပေါ်မှဆင်းလာသောကိုရေးတေးတေးမှာဟန်းဖုန်းကိုဟန်ပါပါကိုင်ထားရင်း
ပါးစပ်မှလည်း“အမ်ဟမ်း…….အမ်ဟမ်း…………ယား………………ယား…….ယား”လုပ်နေပြီး
နောက်ကိုဝါးတားတားဘေးတွင်ဝင်၍ထိုင်လေသည်။
ဝါးတားတား။ ။ ရေးတေးတေးရယ်ခင်ဗျားဟာကလည်းဘယ်လိုလဲ။ဖုန်းဆက်တာက
လည်းရက်(ပ်)သီချင်းဆိုနေတာကျနေတာဘဲ။
ရေးတေးတေး။ ။ဘယ်ကလာရက်(ပ်)သီချင်းကမှာလဲဗျာ။ကျုပ်တို့ရဲ့ဘောစိကြီးကန်းထရီး
ဒါရိုက်တာနဲ့မှုတ်နေတာဗျ။သူကကျုပ်ကိုအရမ်းအားကိုးတာလေ။နောက်
တပတ်မှာနာဂစ်ဖြစ်တဲ့ဒေသတွေသွားပြီး ရေခပ်ရအုံးမယ်။အဲ………….
ဟုတ်ပေါင်..ရေသန့်စက်တပ်ပေးဖို့သွားရအုံးမယ်။ Continue reading ““နယ်စည်းမခြား နောက်ဖေးပေါက်များ”(သရော်စာ)”


