အောင်မြင်၊ ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစီအရင်ခံစာတစောင်မှာ မြောက်ကိုရီး ယားဟာနျူကလီးယားနည်းပညာနဲ့ စွမ်းအားပြင်းဒုံးကျည်တွေကိုအာဏရှင်နိုင်ငံတွေဆီကို ရောင်းချနေကြောင်းစွပ်စွဲ လိုက်ကြောင်း စီအင်အင်သတင်းဌာနမှဖေါ်ပြထားပါတယ်။ အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့စုံစမ်းရေးအဖွဲ့ ဟာ ၇၅မျက်နှာပါတဲ့ အစီရင်ခံစာတစောင်ကို တင်ခဲ့ပါ တယ်။ အဆိုပါအစီရင်ခံစာမှာမြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနည်းပညာနဲ့ စွမ်း အားပြင်းဒုံးကျည်တွေကို အန္တရာယ်အရှိဆုံးလို့ သတ်မှတ်ခံထားရတဲ့ အီရန်၊ဆီရီးယားနဲ့ မြန်မာနိုင်ငံတို့ကိုတင်ပို့ရောင်းချခဲ့ကြောင်း ကိုအလေးပေးဖေါ်ပြပြီး အရေးယူဆောင်ရွက်ရန် တင်ပြထားပါတယ်။ ဒီအစီရင်ခံစာကို ဒီအပါတ်ထဲမှာထုတ်ပြန်နိုင်ခဲ့ရတာဟာ တရုပ်အစိုးရဲ့ ပူးပေါင်း သတင်းပေးဆောင်ရွက်မှု ၆ လလောက်နောက်ကျခဲမှု့ကြောင့် လို့တင်ပြထားပါတယ်။ တရုပ်နိုင်ငံ ဟာ မြောက်ကိုရီးယားနဲ့ချစ်ခင်ရင်းနှီးလှပြီး သံတမန်ရေးနီးနီးကပ်ရှိလွန်း လှတာကြောင့်မြောက်ကိုရီးယားပြသနာကိုနှေင့်နှေးအောင်ပြုလုပ်ထားကြောင်းသိရပါတယ်။ သံတမန်ရဲ့ပြောပြချက်ကတော့ ဖြစ်စဉ်အကျဉ်းတွေကိုတောင် ပြောပြလိုခြင်းမရှိဘူးလို့ ပါရှိပါတယ်။ ကျွမ်းကျင်သူရဲ့ တင်ပြချက်ထဲမှာတော့ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ စီးပွားရေးပိတ် ဆို့မှုကြောင့် ပြည်ပနဲ့ ကုန်သွယ်မှုမရှိပါဘူး။ ရှဲကုမ္မဏီကနေ မြောက်ကိုရီးယားနိုင်ငံအတွက် အခြေခံလိုအပ်တဲ့ စက်ပစ္စည်းတွေတင်သွင်းပြီး မြောက်ကိုရီးယား ထွက်ကုန်နဲ့ဖလှယ် တဲ့စနစ်မို့ နိုင်ငံခြားငွေကြေးမရရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံဟာနိုင်ငံခြားငွေရရှိဖို့အတွက် စစ်လက်နက်ပစ္စည်းများ၊ နျူကလီးယားနည်းပညာတွေကို ပြည်ပနိုင်ငံတွေဆီရောင်းချ … Continue reading မြောက်ကိုးရီးယား ထံမှ နအဖ စစ်အစိုးရ ညူလက်နက် နည်းပညာ နှင့် ဆက်စပ် ပစ္စည်း ၀ယ်ယူကြောင်း ကုလ ၄၅ မျက်နှာ အစီရင်ခံစာထုတ်ပြန်