Buzz အမည်ရှိ ဆိုင်ဘာလူမှုကွန်ယက်သစ်ကို ဂူဂဲလ်က မိတ်ဆက်

နက်ဇဇ်တစ်တွင်တွေ့ ရသောဘဇ်

Buzz အမည်ရှိ အင်တာနက်လူမှုကွန်ယက် စာမျက်နှာ တစ်ခုကို ဂူဂဲက
မနေ့ က စတင်လွှင့်တင်ခဲ့ရာ နှစ်နာရီ အတွင်းမှာပင်နိုင်ငံတကာမှ သုံးစွဲ
သူတစ်သန်းခန့် ရှိသည် ဟု သတင်းရရှိသည်။

Buzz ဟု အမည်ပေးထားသည့် ထို လူမှုကွန်ယက်သည် ဂျီမေး လုပ်ဆောင်မှုနှင့်
တစ်ပြိင်နက်တည်း အသုံးပြု၍ရသည်။ထင်ရှားသော လူမှု ကွန်ယက်ဝဘ်ဆိုတ်
များဖြစ်သည့် ဖေ့ဘွတ် နှင့် တွစ်တာ ကဲ့သို့ ပင် ဂူဂဲဘဇ် သည် မိမိ၏ သင်းပင်း
မိတ်ဖွဲ့ ချိတ်ဆက်မှု ကွန်မြုနတီ တစ်ခု ကိုတည်ဆောက်ထား နိုင်သည် ။ Continue reading “Buzz အမည်ရှိ ဆိုင်ဘာလူမှုကွန်ယက်သစ်ကို ဂူဂဲလ်က မိတ်ဆက်”

တိုယိုတာ ရဲ့ ဂယက်

Total Toyota Recall

Toyota Dealerchip in Denver Colorado

ကမ္ဘာ့အကြီးဆုံးမော်တော်ကားထုတ်လုပ်ရေး ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်တဲ့ တိုယိုတာ
ကားကုမ္ပဏီ ဟာ သူ့ ရဲ့ ဖောက်သည်တွေ ကိုအနာအဆာပါတဲ့ ဒါမှ မဟုတ် သူ့ ကားတွေ
ဝယ်စီးသူတိုင်းကို နောက်ဘ၀ အထိပို့ ဆောင်ပေးမယ့် မော်တော်ကားတွေထုတ်လုပ်တယ်လို့ 
တိုယိုမော်တော်ကား ပိုင်ရှင် တွေ ရဲ့ ဒေါသ ပေါက်ကွဲမှု နဲ့ ကြုံနေရပါတယ်။ Continue reading “တိုယိုတာ ရဲ့ ဂယက်”

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အကယ်ဒမီ ဆိုင်ရာ Web Portal စတင် လွှင့်တင်

Best Adapatation Script Award Winner Nyein Min with his Academy (Shwe Zin)Statue

မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲဆိုင်ရာများ သီးသန့် ကိုသာဖော်ပြမည့် http://www.academy.myanmarcgiaward.com ၀က်ဆိုက်ကို အကယ်ဒမီဆိုင်ရာ Web Portal တစ်ခုအဖြစ်စတင်လွှင့်တင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ၀က်ဆိုဒ်တွင် ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ တွင် ကျင်းပမည့် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲ စာရင်းဝင်ဇာတ်ကား ၁၀ ကား၏ ဗီဒီယို နမူနာများကို လွှင့်တင်ထားပြီး ဖြစ်ကြောင်းသိရှိရသည်။ လက်ရှိ လွှင့်တင်ထားသော အဆိုပါ ၀က်ဆိုဒ်တွင် ၂၀၀၈ ခုနှစ်အတွက် ဆန်ကာတင် စာရင်းဝင် ဇာတ်ကား ၁၀ကား အကြောင်းကို အသေးစိတ်ဖော်ပြ ထားသည့် Competion Award ကဏ္ဍ ၊ ဇာတ်ကား ၁၀ ကားမှ ဓာတ်ပုံများနှင့်

ဆုပေးပွဲ အခမ်းအနားမှ ပုံများကိုဖော်ပြမည့် Gallery ကဏ္ဍ ၊ ဆုပေးပွဲတွင် ဇာတ်ကား စာရင်းကို ဖော်ပြထားသည့် Background History ကဏ္ဍ ၊ ၀က်ဆိုဒ် တွင်ဖော်ပြထားသည့် အနုပညာရှင်များထံသို့ တိုက်ရိုက် e-mail ၊ ဓာတ်ပုံ ၊ e-card နှင့် ringtone စသည်တို့ ကို ပေးပို့နိုင်မည့်SubmissionFormကဏ္ဍများပါဝင်ကြောင်းသိရှိရသည်။ Continue reading “မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အကယ်ဒမီ ဆိုင်ရာ Web Portal စတင် လွှင့်တင်”

ဖန်တီးမှုကို မောင်ပိုင်စီးသူ

Freedom Technology Expert Group

Apple ၏ အိုင်ပက်ကိုအသုံးပြုနေသူတစ်ဦး

Apple ရဲ့ သူဌေး Steve Jobs ဟာ အီလက်ထရောနစ် ဈေးကွက်မှာ ဝေစုအများဆုံးကို သိမ်းပိုက်ဖို့ အချိန်ယူရပါဦးမယ်။ ဒါပေမယ့် အနာဂတ်နဲ့ ပက်သတ်ပြီး ဈေးကွက်ဝေစု၊ အမြတ်ဝေစုတွေလို ဖန်တီးမှုကို ဝေစုပိုင်းလို့ရရင် Steve Jobs ကို ဘယ်သူမှ လိုက်မီနိုင်မယ် မထင်ဘူး။ အခုလည်း ဆန်ဖရန်စစ္စကိုမှာ Apple ရဲ့ နောက်ဆုံးထုတ် ပစ္စည်း iPad ကို ကြေညာလိုက်တာ အင်တာနက်ပေါ်မှာ သူ့သတင်းတွေနဲ့ ပွထနေလေရဲ့။ ဒီတော့ iPad ဆိုတာဘာလဲ၊ ဘာထူးခြားလို့လဲ၊ အနာဂတ်မှာ ဘယ်လိုလွှမ်းမိုးမှုတွေရှိနိုင်သလဲ ဆိုတာကို ကောင်းဆိုးဝေဖန်သင့်တာပေါ့။ Continue reading “ဖန်တီးမှုကို မောင်ပိုင်စီးသူ”

အက်ပလ်က မိုဘိုင်းဖုန်းဆက်သွယ်၍ရသည့် အိုင်ပက် အိတ်ဆောင်ကွန်ပျူတာကို ဈေးကွက်တွင် ဖြန့်

ကာလီဖိုးနီးယား၊အိုင်ပေါ့ အိတ်ဆောင် တေးသီချင်းဖွင့်စက် ဖြင့် နိုင်ငံတကာ Gadget ဈေးကွက်၏ ရှစ်ဆယ်ရာခိုင်နှုန်းကို စိုးမိုးထား နိုင်ခဲ့သည့် အက်ပဲလ် ကွန်ပျူတာ(ဥာဏ်ရည်တုစက်) ကုမ္ပဏီက iPad အမည်ရှိ လက်ဖ၀ါးသာသာ အရွယ်ကွန်ပျူတာ လေးကို ယနေ့ ဈေးကွက်တွင် ထုတ်ဝေဖြန့် ချိလိုက်ပြီ ဖြစ်ကြောင်း အက်ပဲလ် ၏အမှုဆောင် အရာရှိချုပ် ဖြစ်သူ စတိဗ် ဂျောဘ်က က ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။

ဈေးကွက်တွင် ယနေ့ စတင်ရောင်းချနေပြီ ဖြစ်သည့် iPad သည် လက်မ၀က် အရွယ်ခန့် ထူပြီး 9.7 လက်မအရှည်ရှိသည်။၁၆ ဂီဂါဘိုက် သိုလှောင်နိုင်သည့် iPad မှာ ၄၉၉ ဒေါ်လာ
ကျသင့်မည် ဖြစ်ပြီး ၃၂ ဂီဂါဘိုက် နှင့် ၆၄ ဂီဂါဘိုက်တို့ မှာ ၅၉၉ နှင့် ၆၉၉ ဒေါ်လာကျသင့်မည်ဖြစ်သည်။ Continue reading “အက်ပလ်က မိုဘိုင်းဖုန်းဆက်သွယ်၍ရသည့် အိုင်ပက် အိတ်ဆောင်ကွန်ပျူတာကို ဈေးကွက်တွင် ဖြန့်”

Google ဟာ ဘာသာရေးဖြစ်ပါတယ်(အပိုင်း၂)

၂၄ ဇန်န၀ါရီ ရန်ကုန် ၊                       ၊Freedom Technology Expert Group

Is Google New Religion?

ကာလီဖိုးနီးယားပြည်နယ်Mountain View ရှိဂူဂဲ ကုမ္ပဏီ၏ရုံးချုပ်

Google အပေါ်ရော ဒီကိစ္စဟာ ဘယ်လို သက်ရောက်နိုင်ပါသလဲ။ ပထမဆုံးတော့ သမိုင်းမှာ Google ဟာ အာရှအင်အားကြီးနိုင်ငံတစ်ခုအတွက် သူရဲကောင်းအနေနဲ့ မှတ်ကျောက်အတင်ခံရကိန်းရှိပါတယ်။ အခုဆိုရင်ပဲ လွပ်လပ်စွာပြောဆိုရေးသားပိုင်ခွင့်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း First Amendment Coalition အပါအ၀င် အဖွဲ့အစည်းတွေဟာ တရုတ်နိုင်ငံရဲ့ အင်တာနက်ပေါ်လစီကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) မှာတင်ပြတိုင်ကြားဖို့ အမေရိကန်အစိုးအရကို အကြံပြုနေပါတယ်။ Continue reading “Google ဟာ ဘာသာရေးဖြစ်ပါတယ်(အပိုင်း၂)”

အင်တာနက်၊အီးမေး အသုံးပြုသူများသို့ သတိရှိရန် သတင်းထုတ်ပြန်မှုများ

၂၂ ဇန်န၀ါရီ ဘန်ကောက်         Freedom Technology Expert Group

U.S. Under Chinese Hack Attack

တရုတ်နိုင်ငံတွင်အင်တာနက် လွတ်လပ်ခွင့်မရှိပုံကို ကာတွန်းဆရာက သရုပ်ဖော်ရေးဆွဲထားမှု

Google အင်တာနက် ကုမ္ပဏီ၊ ပီစီဝေါလ် ၊နယူးယောက်တိုင်းမ် သတင်းစာ (ယနေ့ ထုတ်)
နှင့် အခြားသတင်းဌာန များမှ သတိပေးချက်အရ တရုတ် နိုင်ငံ၏ ဆိုင်ဘာ ထောက်လှမ်း
ရေး အဖွဲ့ ဝင်များသည် အင်တာနက် ၀ဘ်ဆိုတ် နှင့် အီးမေးများ စွာကို ကျူးကျော်ဝင်ရောက် ပြီး အခြားသူများ၏ သတင်းအချက် အလက် ကို ရယူကာ သတင်း
ရောင်းစားမှုများ ပြုလုပ်ကြသည် စီအန်အန် သတင်းဌာန က သတင်းထုန်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က လည်း တရုတ်၏ လုပ်ရပ်သည် အင်တာ
နက်လွတ်လပ်မှု နှင့် သူတစ်ပါး၏ ပုဂ္ဂလိက လုံခြုံမှု ဟု ပြောင်ပြောင် တင်းတင်းချိုးဖောက်
ခြင်း ဟု ယနေ့ ရှုံချပြောကြားခဲ့သည်။ Continue reading “အင်တာနက်၊အီးမေး အသုံးပြုသူများသို့ သတိရှိရန် သတင်းထုတ်ပြန်မှုများ”

Google ဟာ ဘာသာရေးဖြစ်ပါတယ်

၁၉ ဇန်န၀ါရီ ရန်ကုန် ၊                    ၊Freedom Technology Expert Group

Google : New Religion

Google ဟာ ဘာသာရေးဖြစ်ပါတယ်။ ဒီအယူအဆကို ဆရာ့ဆရာကြီးပေါင်းစုံက အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး အင်တာနက်မှာ Google ကျောင်းတော်ရဲ့ website ကိုတောင်ရှာတွေ့နိုင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က Google ဟာ ဘာသာရေးဖြစ်ကြောင်းကို တရုတ်ပြည်ကတစ်ဆင့် ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပက်သတ်ပြီး Google ကိုယုံကြည်သက်ဝင်သူတွေဟာ တရုတ်ပြည်မကြီးကနေ မကောင်းဆိုးဝါးဆာဒံဝါဒကို မောင်းထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ Continue reading “Google ဟာ ဘာသာရေးဖြစ်ပါတယ်”

မြန်မာ နိုင်ငံမှာ လည်း သုံးလို့ ရတဲ့ ဂူဂဲ ရဲ့ Nexus One

၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ မှာ အင်တာနက် ဂျိုင်းယင့် ကြီး ဂူဂဲက ဆိုင်ဘာနယ်က နေခြေဆန့် ကာ မိုဘိုင်း စမတ်ဖုန်းဆက်သွယ်ရေး လောက ထဲကိုဝင်ရောက်
လာခဲ့ပါ တယ်။

နက်ဆပ် တစ် လို့ အမည် ရတဲ့ ဂူဂဲ ရဲ့ စမတ် ဖုန်းက အဲပလ် ကုမ္ပဏီက ထုတ်လုပ်ထားတဲ့
အိုင်ဖုံး ရဲ့  လူကြိုက်များမှု နဲ့  ဈေးကွက်ဝေစု ကိုယှဉ်ပြိုင်နိုင်ပါ့ မလားဆိုတာက တော့ သံသယရှိစရာ ဖြစ်ပါတယ်။ Continue reading “မြန်မာ နိုင်ငံမှာ လည်း သုံးလို့ ရတဲ့ ဂူဂဲ ရဲ့ Nexus One”

ရတနာပုံ တယ်လီပို့ နည်းပညာ ဆိုင်ရာ ချို့ ယွင်းချက်များ ကြောင့် မြန်မာတို့ အင်တာနက်လွတ်လပ် ခွင့်ရ

၇ ဇန်န၀ါရီ ရန်ကုန် ၊                        ၊ယူကွန်

Moonlight Shadow of Internet Freedom

ရတနာပုံဆိုက်ဘာစီးတီး

အသစ်ဖွင့်လှစ် လိုက်သည့် အင်တာနက် ဆားဗစ် ပရိုဗိုက်ဒါ(ISP) တစ်ခုဖြစ်သည့်
ရတနာ ပုံ ဆိုက်ဘာ စီတီး တွင် အသုံးပြုသော Apache Server ကို တပ်ဆင်ပေး
နေသည့် ရုရှား ကုမ္ပဏီ တစ်ခု ဖြစ်သော CBOSS ကုမ္ပဏီ မှ နည်းပညာ ဆိုင်ရာ ချို့ 
ယွင်းချက်များကြောင့် ဆာဆင် ဖြတ်တောက် နိုင်သော ဆော့ဖ်ဝဲ များ အလုပ်မလုပ်
ကာ ပြည်တွင်းမှ နေ၍ ပြည်ပ ရှိ ၀ဘ်ဆိုတ် နှင့် ဘလောက်များ အကုန် ကြည့်ရှု နိုင်
သည် ဟု ဆိုသည်။ Continue reading “ရတနာပုံ တယ်လီပို့ နည်းပညာ ဆိုင်ရာ ချို့ ယွင်းချက်များ ကြောင့် မြန်မာတို့ အင်တာနက်လွတ်လပ် ခွင့်ရ”

Yatanarpon Web Portal စတင်မိတ်ဆက်ပြသ

၂၈ ဒီဇင်ဘာ ရန်ကုန် ၊                         ၊Planet News

မြန်မာနိုင်ငံ တဝှမ်းလုံးရှိ လူသားတိုင်း ကမ္ဘာနှင့် မြန်မာတွင် ဖြစ်ပေါ်နေသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပြီး ဓာတ်ပုံ၊ ဗီဒီယို၊ တေးဂီတစသည်တို့ကိုလည်း တစ်နေရာတည်းတွင် ရယူအသုံးပြုနိုင်မည့် Yatanarpon Portalကို The 8th Myanmar ICT Week 2009တွင် စတင်မိတ်ဆက်ပြသခဲ့သည်။ Yatanarpon Portal၏ ဝက်ဘ်ဆိုက်လိပ်စာမှာ www.yatanarpon.com.mmဖြစ်ပြီး Web Portal Serverအား နိုင်ငံအတွင်းတွင် ထားရှိသောကြောင့် အသုံးပြုသူများ၏ လိုအပ်ချက်များ၊ ထူးခြားဆန်းသစ်သော ကဏ္ဍများကို အချိန်နှင့် တပြေးညီလွှင့်တင်ပေးနိုင်မည် ဖြစ်သည်။


Continue reading “Yatanarpon Web Portal စတင်မိတ်ဆက်ပြသ”

Windows 7 တရားဝင်စတင်ရောင်းချပြီး အောင်မြင်လျက်ရှိ

၂၃ အောက်တိုဘာ ရန်ကုန် ၊                      ၊ပလန်းနက် ၀ဘ်ဆိုတ်မှ ကူးယူဖော်ပြသည်

Windows Strikes Back

အောက်တိုဘာ (၂၂)ရက်နေ့ကျမှ အမေရိကန် ပြည်ထောင်စုတွင် တရားဝင်Pakageဖြင့် ပထမဆုံး ရောင်းချခဲ့သော်လည်း Microsoft၏ Operating Systemအသစ် Windows 7သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြီးကြီးမားမား အောင်မြင်လျက်ရှိနေသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ကွန်ပျူတာ ဈေးကွက်သည် Windows 7ကို အကြီးအကျယ် မျှော်လင့်နေပြီး တရားဝင် Pakageကို နိုင်ငံတိုင်းတွင် ချမရောင်းနိုင်သေးမီကတည်းက Windows 7ထည့်သွင်းထားသော Laptopများနှင့် PCများအတွက် အမှာစာ အမြောက်အမြားကို လက်ခံရရှိပြီးဖြစ်သည်။ HPနှင့် Best Buyတို့သည် Windows 7စနစ်သို့ Netbookတစ်လုံး၊ PCတစ်လုံး၊ Routerနှင့် Monitorတို့ကို Packageတစ်ခုအဖြစ် ဒေါ်လာ(၁၂၀၀)နှင့် ရောင်းချနေသည်။ ထိုPackageအရ Windows 7အသုံးပြုသူများသည် အိမ်တွင်လည်း ကိုယ်တိုင်စိတ်ကြိုက် Installလုပ်ခွင့် ရရှိမည်ဖြစ်သည်။ ထိုငွေကြေး ပမာဏသည် Appleကုမ္ပဏီ၏ Macbookအမျိုးအစား Laptopတစ်လုံး၏ ဈေးမျှသာရှိရာ Packageကို ၀ယ်ယူသူ အလွန်များပြားနိုင်ကြောင်း CNetက ခန့်မှန်းထားသည်။


Continue reading “Windows 7 တရားဝင်စတင်ရောင်းချပြီး အောင်မြင်လျက်ရှိ”

ပေါင်သားပေါ်ဖက်ရှင်များကြောင့် သတင်းအချက်အလက်နည်းပညာပြပွဲ လူစည်ကား

၁၆ အောက်တိုဘာ ရန်ကုန် ၊                       ၊ယူကွန်

ရန်ကုန်မြို့ သတင်းအချက်အလက်နည်းပညာပြပွဲမှ မော်ဒယ်တစ်ဦးကို ယနေ့ တွေ့ ရစဉ် ဓာတ်ပုံ-အေပီ
ရန်ကုန်မြို့ သတင်းအချက်အလက်နည်းပညာပြပွဲမှ မော်ဒယ်တစ်ဦးကို ယနေ့ တွေ့ ရစဉ် ဓာတ်ပုံ-အေပီ

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ ကြီးမှူး၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ၂ဝဝ၉ တွင် နာမည်ကျော်မြန်မာမော်ဒယ်(လ)များ နှင့် တက်သစ်စမော်ဒယ်(လ) လေးများက အရှက်လုံရုံ
လောက်သာ ဖုံးထားသည့် ဖက်ရှင်စတိုင် များဖြင့် ကုန်ပစ္စည်းများကို ကြော်ငြာပေးခဲ့ကြောင်း
သတင်းရ ရှိသည်။ Continue reading “ပေါင်သားပေါ်ဖက်ရှင်များကြောင့် သတင်းအချက်အလက်နည်းပညာပြပွဲ လူစည်ကား”

Facebook (သို့) ပုံရိပ်ယောင် နိုင်ငံတော်

၂၃ စက်တင်ဘာ ဘန်ကောက် ၊                         ၊Freedom News Group
Face Book:Virtual State
facebook ဆိုတာကို ကို ကြားနေခဲ့တာ ကြာပြီ ဖြစ်သော်လည်း သူ သိပ်မသိခဲ့ပါ။ သုံးဖို့လည်း မကြိုးစားခဲ့ပါ။ ဟိုယခင် ၃-၄ နှစ်လောက်ကတည်းက..စင်ကာပူက..ညီမ၀မ်းကွဲတွေ..Hi-5 , friendster တို့ နဲ့ အသစ်အဆန်းဖြစ်ကာ..ပျော်နေကြစဉ်ကတည်းက..ဘေးက သွားငေးပြီး..သြော်..လူငယ်တွေ သူတို့ ခြင်း ..ပုံလေးတွေ တင်လိုက်.. နောက်လိုက်နဲ့ ပျော်စရာတော့..ကောင်းသား…လို့ သာ တွေးမိရင်း.. နဲနဲမှ စိတ်မ၀င်စားခဲ့ပါ။ Continue reading “Facebook (သို့) ပုံရိပ်ယောင် နိုင်ငံတော်”