နှစ်ကာလ ကြာရှည်စွာ ပိတ်ထားသော ၀ဘ်ဆိုက်များ ပြန်ကြည့်ခွင့်ရ
၁၂ ဧပြီ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း

စစ်ထောက်လှမ်းရေး ချုပ်ကိုင်ထားသော Bagan Cyber Tech လက်ထက်ကပင် ကြည့်ရှုခွင့်မရခဲ့
သော ပြည်ပသတင်း ၀ဘ်ဆိုတ် တချို့ မှာ ဧပြီလ ၁၁ ရက်နေ့ ည နေ မှစပြီး ကြည့်ရှုခွင့်ရရှိခဲ့သည်။
ပြည်ပ အခြေစိုက် မြန်မာ သတင်းဝဘ်ဆိုက် အချို့ဖြစ်သည့် ခောတ်ပြိုင်၊မဇ္ဈိမ၊ ဧရာဝတီ နှင့် မိုးမခ
တို့ ကို မည်သည့် Proxy များနှင့် Tunelling Software သုံးစရာ မလိုပဲ ကြည့်ရှုနိုင် သည် ဟုသိရသည်။
ရန်ကုန်မြို့ ယောမင်းကြီးလမ်းတွင် အင်တာနက် ဆိုင်ဖွင့် ထားသူ တစ်ဦးက “ကျွန်တော် ဒီမနက်က
ပဲ YOU TUBE ကိုပရောက်စီ နဲ့ ကျော်ရသေးတယ်။ညနေ ကျတော့ဘရောက်ဇာ မှာ ဒီအတိုင်းပွင့် လာရော အဖေ ကတော့ မဇ္စျိှမ တို့ မိုးမခ တို့ ကို ကျော်စရာ မလိုဘဲ ကြည့် လို့ ရလို့ ပျော်နေတယ်”
ဟု Freedom News Group သို့ ပြောသည်။
ယခင်က ပိတ်ထားသော http://www.blogger.com ကိုပြန်လည်ကြည့်ရှု၍ ရသည့် အတွက်ဘာလောက်ဂါများလည်းပျော်နေသည် ဟုဆိုသည်။မြန်မာ နိုင်ငံ ၏နာမည်ကျော် ၀ဘ်ဆိုက်မှ ၀ဘ်မာစတာ တစ်ဦးက မူ “မိန်း ပေါ်တယ် ကို ပြန်ပြင်နေ တုန်းမှာ အမှားအယွင်း တစ်ခုခု ဖြစ်သွားလို့ ပြန်ပွင့်သွားတာထင်တယ် ဒီလောက် တော့ သဘောကောင်းမှာ မဟုတ်ဘူး စောင့် ကြည့်ရအုံးမှာပဲ ”ဟုပြောသည်။
Continue reading “နှစ်ကာလ ကြာရှည်စွာ ပိတ်ထားသော ၀ဘ်ဆိုက်များ ပြန်ကြည့်ခွင့်ရ”




