ကော့ကရိတ် မြို့ တွင် တိုက်ပွဲများ စတင်

DKBA တပ်ရင်း ၉၀၉ KNU နှင့် ပြန်လည်ပူးပေါင်းသည့် အခမ်းအနား

ကရင် ပြည်နယ် ကော့ကရိတ် မြို့ တွင် ယမန်နေ့ ညက လက်နက်ငယ်များ ဖြင့် ကြိုကြားကြိုကြား ပစ်ခတ်
မှု ရှိရာမှ ယနေ့ မနက်တွင် နှစ်ဖက် တပ်များ လက်နက် ကြီး သုံး၍ ပစ်ခတ် တိုက်ခိုက်မှုများ စတင်ခဲ့သည်
ဟု FNG မှ သတင်းရရှိသည်။ နအဖ စစ်တပ် ဘက်မှ DKBA နယ်ခြားစောင့် တပ် ပြောင်းသူ တို့ ပါဝင်တိုက်
ခိုက် ပြီး ဗိုလ်မှုးချုပ် စောလား ပွယ် တပ် ဘက်မှ ဗိုလ်ချုပ် ထိန်မောင် ၏ တပ် အချို့ ပါဝင် တိုက် ခိုက်သည် ဟု
သတင်းရရှိသည်။(ကော့ကရိတ် တိုက် ပွဲ ၏ ထပ်မံ တိုးတက် ဖြစ်ထွန်းမှု များ ကို အချိန် နှင့် တပြေးညီ တင်
ဆက်ပေးသွားပါမည်) Continue reading “ကော့ကရိတ် မြို့ တွင် တိုက်ပွဲများ စတင်”

မြန်မာ နိုင်ငံ တွင် စားနပ် ရိက္ခာ ပြတ်လပ်မှု နှင့် ကြုံတွေ့ နိုင်

ဟိန်းခိုင်ထွန်း၊                     ၊မြန်မာ နိုင်ငံတွင် လာမည့် နှစ် အနည်းငယ် ဉ် စားနပ် ရိက္ခာပြတ်လပ်မှု
နှင့်ကြုံတွေ့ နိုင်ကြောင်းရန်ကုန် ရှိ ကုလ သမဂ္ဂ ရုံးမှ အကြီးတန်း တာဝန် ရှိ သူ တစ်ဦး က FNG သို့ 
ပြောသည်။ရာသီဥတု ကြောင့် နိုင်ငံ၏ အဓိက သီးနှံ ဖြစ်သည့် စပါး အပါအ၀င် လယ်ယာကိုင်းကျွန်းများ
၏ ၄၀ ရာခိုင်နှုန်း မှာ ပျက်စီး သွား သဖြင့် နောက်နှစ် များတွင် ဖူလုံ စားနပ် ရိက္ခာ (Sufficient)
အဆင့် လောက်သာ ရှိ နိုင်ပြီး ရာသီဥတု ကြောင့် ထပ်မံ ပျက်စီးမှု ဖြစ်ပေါ်ပါက စားနပ် ရိက္ခာပြတ်
လပ်မှု နှင့် ကြုံတွေ့ နိုင်သည် ဟု သတိပေး ပြောကြားခဲ့သည်။

သဘာသ ဘေးကြောင့် စားနပ် ရိက္ခာ ပြတ်လပ် နိုင်သလို စစ်ပွဲ များကြောင့် လည်း အလုပ်အင်အား
ဆုံးရှုံး ပြီး ထို အင်အားများမှာ ပြန်လည် မှီခို ထောက်ပံ့ခံ ဖြစ်ရမှု ကြောင့် လည်း စားနပ် ရိက္ခာ အထွက်
လျှော့ နည်း သွား နိုင်သည်။ Continue reading “မြန်မာ နိုင်ငံ တွင် စားနပ် ရိက္ခာ ပြတ်လပ်မှု နှင့် ကြုံတွေ့ နိုင်”

ဒိုင်ယာနာ့ သားကြီး ၀ီလျှံ မင်္ဂလာ ဆောင်တော့မည်

ဗြိတိသျှ နန်းညွှန့် နန်းလျှာ တစ်ဦးဖြစ်သူ မင်းသူ ၀ီလျှံ နှင့် သူ၏ နှစ်ရှည်လများ ချစ်သူ ဖြစ်သည့် ကိတ် မင်ဒယ်တန် တို့ နှစ်ဦးသည် စေ့စပ် လိုက်ကြီပြီး နောက်နှစ်တွင် လက်ထပ်မည် ဟု သတင်းရရှိသည်။ နှစ်ဦး စလုံးသည် အသက် ၂၈ နှစ်ဖြစ်သည် ။

ဗြိတိသျှ အိမ်ရှေ့ မင်းသား ချားလ် နှင့် ၁၉၉၇ ခုနှစ် သြဂုတ်လအတွင်း ကွယ်လွန် သွား ခဲ့ပြီဖြစ်သည့် ဒိုင်ယာနာတို ၏
သားဖြစ်သူ မင်းသား ၀ီလျှံ သည် သူ နှင့် ကာလကြာရှည် ချစ်မေတ္တာ မျှ နေသည့် ကိတ်မင်ဒယ်တန် ဆိုသည့် အမျိုးသမီး
လေး နှင့် အောက်တိုဘာ လ အတွင်း က ကင်ညာ နိုင်ငံ တွင် စေ့စပ် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ထုတ် ဂါးဒီယန် သတင်း
စာတွင် ဖော်ပြထားသည်။

မင်းသား ၀ီလျှံ သည် လက်ရှိ ဘုရင်မကြီး၏ မြေးတော်စပ် သူလည်း ဖြစ်ပြီး ၀ီလျှံ က သူ၏ ဘ၀ ချစ်ခရီးဖော် ကို
စကော့တလန်ရှိ စိန့် အင်ဒရူး တက္ကသိုလ် တွင် ပညာ ရင် နို့ သောက် စို့ နေစဉ် ၂၀၀၃ ခုနှစ် ဉ် စတင် ဆုံစည်း ခဲ့ခြင်း ဖြစ်သည်။ Continue reading “ဒိုင်ယာနာ့ သားကြီး ၀ီလျှံ မင်္ဂလာ ဆောင်တော့မည်”

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် စတင် တွေ့ ဆုံ

နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက် လာသည့် ဒေါ်အောင်ဆန်းစုကြသည်
ယနေ့ တိုင်းရင်း သား ခေါင်းဆောင် အချို့ နှင့် NLD ရုံးချုပ် တွင် တွေ့ ဆုံမည် ဟု သတင်း
ရရှိသည်။ ထိုသို့ တွေ့ ဆုံရန် စီစဉ် ထားစဉ် ဒုတိယ ပင်လုံ ညီလာ ခံ ၊ နယ်စပ် ဒေသ အရေး
ကိစ္စများ နှင့် ရွေးကောက်ပွဲ နောက်ပိုင်း နိုင်ငံရေး အခြေအနေ တို့ ကို ဆွေးနွေးကြမည် ဟု
သိရသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် စတင် တွေ့ ဆုံ”

Face Book မှ အခမဲ့ အီးမေး ၀န်ဆောင်မှု ကို စတင်

အင်တာနက် လူမှု ကွန်ယက် တစ်ခု ဖြစ်သည့် Face Book account ရှိသူတိုင်း @facebook.com
ဆိသည့် အင်တာနက် အီးမေး တစ်ခု ဖွင့် နိုင်တော့ မည် ဟု Face Book ကုမ္ပဏီ မှ သတင်းထုတ်ပြန်
သည်။ Continue reading “Face Book မှ အခမဲ့ အီးမေး ၀န်ဆောင်မှု ကို စတင်”

မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်ထမ်းများ အောက်စီဂျင်ပြတ်သေဆုံး

စည်ပင် ၀န်ထမ်းများ တာဝန် ထမ်းဆောင်စဉ် အောက်စီဂျင်ပြတ် သေဆုံးခဲမှု အား "မြန်မြန်တာ သင်္ဂြလ်လိုက် ကွာ" ဟု ပြောသည့် မြို့ တော်ဝန် အား စည်ပင်ဝန်ထမ်းများ မကျေမနပ်ဖြစ်ကြသည် ဟု သိရသည် Photo : Freedom News Group

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ။ ရေ နှင့် သန့်ရှင်းရေးဌာန (ကုက္ကိုင်း ရေပေးဝေရေးဌာနခွဲ )
မှ ၀န်ထမ်းများ ဖြစ်ကြသော ဦးကျော်လင်း ( ၄၄ )နှစ် ၊ ဦးစောနိုင် (၃၆)နှစ် ၊ ဦးဆန်းလင်း (၃၅)နှစ် ၊ ဦးအောင်ရွှေ
(၃၂)နှစ် တို့သည် နိုဝင်ဘာ( ၉) ရက်နေ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်မြေအောက်(၈)ပေ အနက် တွင်ရှိသော ရေဖွင့်ခလုပ်ကိုဆင်းဖွင့်စဉ် တစ်ဦးတက်မလာသဖြင့်နောက်ထပ် တစ်ဦးစီ လိုက်ဆင်းကြရင်း ၄ ဦးစလုံး
တပြိုင်နက်သေဆုံးသွားကြပါတယ် ။ အဆိပ်ငွေ့မိခြင်း (သို့) အောက်စီဂျင်ပြတ်လပ်ပြီး
သေဆုံးကြခြင်းဖြစ်သော် လည်း သက်ဆိုင်ရာဌာနမှ မည်သည့်သတင်းမှမထုတ်ပြန်ခဲ့ပါဘူး ။ Continue reading “မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်ထမ်းများ အောက်စီဂျင်ပြတ်သေဆုံး”

ငြိမ်းချမ်းသော တော်လှန်ရေး ကြီး စတင် နိုင်ရန် ဒေါ်စု ရည်မှန်း

မြန်မာ နိုင်ငံတွင်း စစ်မှန်သော အပြောင်းအလဲ များ ပေါ်ပေါက်ပြီး သွေးထွက်သံယို နာကျင်ခက်
ခဲမှု မရှိ သောအပြောင်းအလဲ များဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်း ထားကြောင်း
လန်ဒန် အခြေစိုက် ဘီဘီစီ သတင်းဌာန တွင် တွေ့ ဆုံမေးမြန်းခန်း တွင် ဒေါ်အောင်ဆန်းစုကြည်
က ထည့်သွင်းပြောကြား သွားသည်။ Continue reading “ငြိမ်းချမ်းသော တော်လှန်ရေး ကြီး စတင် နိုင်ရန် ဒေါ်စု ရည်မှန်း”

လူမှုကွန်ယက်များ ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်

မြန်မာ လူငယ်တွေ အသုံးများ တဲ့ အင်တာနက်လူမှု ကွန်ယက် တွေ ဖြစ်တဲ့ Face Book,Twitter
နဲ့  Buzz စတဲ့ အွန်လိုင်း ကွန်မြုနတီ တွေ မှာ နေအိမ် အကျယ်ချုပ် ကလွတ်မြောက်လာတာ နှစ်ရက်
ပဲ ရှိသေး တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဓာတ်ပုံတွေ မိန့် ခွန်းတွေ ကို တင်ထားပြီး ဆွေးနွေး  ထောက်
ခံ မှု တွေ ကို လူငယ်တွေ က ဦးဆောင် ပြုလုပ်နေကြပါတယ်။

လူမှု ကွန်ယက် တွေ မှာ ပျံနေ တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ပြန်လည်လွတ်မြောက် မှု အမှတ်တရများ
ထဲမှ မြန်မာ့ အရေး ဖေ့ဘွတ် စာမျက်နှာ က  “အမေ့ ဟောပြောပွဲက ၀မ်းသာစရာ ဖြစ်ရပ်ကလေးပါ”
ဆို တဲ့ ယမန်နေ့ ဒေါ်စု မိန့် ခွန်းက ကောက်နှုတ်ချက် နဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ နာမည် မှာ ပါဝင်တဲ့
အက္ခရာ တွေ ကို ဂုဏ်ဖော်ထား တာကို ဖော်ပြလိုက်ပါတယ်။ Continue reading “လူမှုကွန်ယက်များ ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်”

ရွှေမြွှေဟောက် ပူးတွဲ စစ်ဆင်ရေး အတွက် ကန် ဖျက်သင်္ဘောများ လာရောက်လေ့လာ

အောင်မြင်၊      ၊၂၀၁၁ ခုနှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံ
ရေပိုက်နက်အတွင်း နှင့် နိုင်ငံတကာ ရေပိုင်နက်များတွင်
ထိုင်းအမှတ် ( ၃ ) တော်ဝင်တပ်မတော်နှင့် အမေရိကန်
ကမ်းတက်တပ်ဖွဲ့ ပူးတွဲပြီး ရွှေမြွေဟောက်အမည်ရှိ စစ်ရေး
လေ့ကျင့်မှုပြုလုပ်မည်ဟု FNG ကသတင်းရရှိပါသည်။

အဆိုပါ ရွှေမြွေဟောက် စစ်ဆင်ရေး အတွက် အမေရိကန်
ရေတပ်မှ ဖျက်သင်္ဘော နှစ်စီး နှင့် ရေတပ် ၀န်ထမ်းများ
လာရောက်ပြီး ထိုင်း ပင်လယ်ကွေ့ အတွင်း ယမန်နေ့ က
လာရောက်လေ့
လာခဲ့သည် ဟု သိရသည်။ Continue reading “ရွှေမြွှေဟောက် ပူးတွဲ စစ်ဆင်ရေး အတွက် ကန် ဖျက်သင်္ဘောများ လာရောက်လေ့လာ”

သတင်းစာရှင်းလင်း ပွဲဉ် NLD သည် နိုင်ငံရေး အဖွဲ့ အစည်းဖြစ်၍ နိုင်ငံရေးသာ ဆက်လုပ်မည် ဟု ဒေါ်စုပြော

မြန်မာ ပြည်သူ လူထု နှင့် ရေကိုခြား လို့ အကြား မထင်ရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က သူမ ကျော်ကြားလှ သည့် မျှော်လင့် ချက် ကို ဘယ်တော့ မှ မစွန့် လွှတ် နဲ့ ဟု အမည်ရသည့် မိန့် ခွန်း တွင် ထည့်သွင်း ပြောကြားသွားသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းစာရှင်းလင်း ပွဲဉ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် တွေ့ ဆုံချင်သည့် အကြောင်း အမျိုးသား ရင်ကြားစေ့ရေး ကို ဦးစာပေး လုပ်ဆောင် သွားမည် ဆိုသည့် အကြောင်း တို့ ပါရှိသည်။
သတင်းစာရှင်းလင်း ပွဲဉ် ဒေါ်အောင်ဆန်းစုကြည်က ကျွန်မ အနေ နဲ့ ပြည်သူတွေ ပိုပြီး အခက်အခဲ ဖြစ်စေတယ့် လမ်း ကို ရွေးမှာ မဟုတ် ဘူး ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့ ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းစာရှင်းလင်းပွဲဉ် သတင်းထောက်များက
NLD သည် စေတနာ့ ဝန်ထမ်းလူမှု အဖွဲ့ စည်း အဖြစ် ရပ်တည် မှာ လား ဆိုသည့် မေးခွန်း ကို ဖြေကြားရာဉ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်သည် နိုင်ငံရေး လုပ်ရန် ဖွဲ့ စည်း ထားသော အဖွဲ့ ဖြစ်သည့် အတွက်
နိုင်ငံရေး သာဆက်လုပ်သွား မည် ဟု ပြောကြား ခဲ့သည်။ Continue reading “သတင်းစာရှင်းလင်း ပွဲဉ် NLD သည် နိုင်ငံရေး အဖွဲ့ အစည်းဖြစ်၍ နိုင်ငံရေးသာ ဆက်လုပ်မည် ဟု ဒေါ်စုပြော”

ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ပြောကြားမှု ပရိသတ် ငါးသောင်းကျော်တက်ရောက်

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမ ဦဆုံးအကြိမ် မိန့် ခွန်းပြောကြားမှု ဉ်ကနီဦး ပရိတ်သတ် ငါးသောင်းကျော် တက်ရောက်က နောက်ပိုင်းတွင် ခြောက်သောင်း ကျော် အထိဖြစ်လာခဲ့သည်
ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောပွဲ သို့ တက်ရောက်နားထောင်သည့် ပြည်သူလူထုကြီး
လုပ်ဖော်ကိုင်ဖက် နိုင်ငံရေး အကျဉ်းသား များ ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ယနေ့ အမျိုး သားဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးရှေ့ မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ မိန့် 
ခွန်းပြောကြားမှု ကို ရန်ကုန် နဲ့ နယ်မြို့ တွေက ပရိတ် သတ် ငါးသောင်းကျော် တက်ရောက်
ကြတယ် လို့ သတင်းရရှိပါတယ်။

CNN,BBC, NBC, France 24 , RT, Al Jazerra အပါအ၀င်  နိုင်ကာသတင်းသတင်းဌာနတွေမှာ
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့ သတင်းကို ဦးစားပေး ဖော်ပြ ကြသလို  ကမ္ဘာနိုင်ငံ
ခေါင်းဆောင်တွေကလည်းဒေါ်စု လွတ်မြောက်မှု အတွက် ကြိုဆို နှုတ်ဆက်စကားတွေ။ စစ်အစိုးရ ရဲ့ 
အကျိုးတူစီးပွားဖက် တရုတ် နိုင်ငံကတော့သူ့ နိုင်ငံ မှာ လည်း ထောင်သွင်း အကျဉ်းချ ခံထားရတဲ့ နိုဘဲလ်
ငြိမ်းချမ်းရေး ဆုရှင်ရှိတာ ကြောင့် ဒေါ်စု လွတ်မြောက်လာမှုကိုမုဒိတာ မပွား နိုင်ပါဘူး။ Continue reading “ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ပြောကြားမှု ပရိသတ် ငါးသောင်းကျော်တက်ရောက်”

ဒေါ်အောင်ဆန်းစုကြည် နှင့် ထောက်ခံသူများ (ဓာတ်ပုံ၊ဗီဒီယို)

ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးသည့် အတွက် အိုဘားမားက မြန်မာ စစ်အစိုးရ ကို ကောင်းချီး
ပေး ၊ နိုင်ငံရေး အကျဉ်းသား များ ပါ ဆက်လွှတ်ပေးရန် တောင်းဆို

နေအိမ်အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက်လာသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားသူမ အား ထောက်ခံသူများ အား နှုတ်ခွန်းဆက် စကား ဆိုနေစဉ် (AP Photo/Khin Maung Win)
မြန်မာ့ နိုင်ငံရေး သမိုင်း၊ပြည်သူ တို့ ၏ ဘ၀ နှင့် တိုင်းပြည် ၏ ကံကြမ္မာ ကို အပြောင်းအလဲ လုပ်ပေးမည့် ဒေါ်အောင်ဆန်းစုကြည် ပြည်သူရှေ့ မှောက် သို့ အားမာန် အပြည့်ဖြင့် တကျော့ ပြန်ရောက်ရှိ လာစဉ်
CNN သတင်းဌာန ၏ အင်တာနက်စာမျက်နှာ တွင် ပထမဦး ဆုံး အကြိမ် အဖြစ် နှစ် ကော်လံ တွဲ ဖော်ပြ ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု သတင်း

Continue reading “ဒေါ်အောင်ဆန်းစုကြည် နှင့် ထောက်ခံသူများ (ဓာတ်ပုံ၊ဗီဒီယို)”

ပြန်လည်လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆို

ဆယ်ငါးနှစ် တာအတွင်း ပထမ ဦးဆုံးအကြိမ် ပြန်လည် တွေ့ မြင်ရသည့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့ မှ ပြည်သူများ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာ သည့် သတင်း သည် နိုင်ငံတကာသတင်းများ တွင် ထိပ်တန်း သတင်းတစ်ပုဒ် အဖြစ် ဤ သို့ နေရာယူ
ဒေါ်အောင်ဆန်းစုကြည်နေအိမ် ရှိရာ တက္ကသိုလ် ရိပ်သာလမ်း တွင် လာရောက်ကြိုဆိုသူများ၊ထောက်လှမ်းရေးများ၊ကြံ့ဖွံ့ များ ကို ယနေ့ နေ့ လည် ၁ နာရီ ဉ် ဤသို့ တွေ့ ရသည်
နံနက် ၉ နာရီ တွင် အဖွဲ့ ချုပ် ခေါင်းဆောင်များ ဗဟန်း NLD ရုံးချုပ် သို့ ရောက်ရှိ လာစဉ်

တတိယ အကြိမ် မြောက်နေအိမ် အကျယ်ချုပ် ကျခံရချိန် တွင် ရှစ်နှစ် ကျော်ကြာ နေခဲ့ရသည့် ဒေါ်အောင်ဆန်းစု
ကြည် သည် ယနေ့  ပြန်လည် လွတ်မြောက် လာပြီ ဟု NLD အဖွဲ့ ဝင် တစ်ဦးက Freedom News Group သို့ အတည်
ပြုပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ငါးနာရီ မိနစ် နှစ် ဆယ်အချိန် ခန့် စစ်အစိုးရ ကျင်းပ
သည့် ရွေးကောက်ပွဲ ပြီး တစ်ပတ် အကြာတွင် လွတ်မြောက် လာခြင်းဖြစ်သည်။

ပြန်လည် လွတ်မြောက် လာသည့် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူများ အား နှုတ်ဆက် စကားပြောကြားပြီး
နောက် မနက်ဖြန် NLD ရုံးချုပ် ရှေ့ ဉ် အသံချဲ့ စက် ဖြင့် သူမ အားထောက် ခံသူများအား နှုတ်ခွန်း ဆက်သမည်
ဟု  သိရသည်။

ထပ်မံတင်ဆက်မှု နေ့ လည် ၁၂ နာရီ …….ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့ မှ ကာရံထားမှု များ ကို လုံခြုံ
ရေး တပ်ဖွဲ့ ဝင်များက စတင်ဖယ်ရှား နေဟု သိရ

နေအိမ်အကျယ်ချုပ် ချခံထား ရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက် လာမည် ကို စောင့်ကြိုသူများ ယမန်နေ့ ကထက် ပိုမို များပြား လာသည် ဟု
အဖွဲ့ ချုပ် လူငယ် အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ ကိုသန်းဌေးက FNG သို့ ပြောသည်။ Continue reading “ပြန်လည်လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆို”

DKBA မှဖမ်းဆီးထားသည့် နအဖ အရာရှိ နှင့် တွေ့ ဆုံမေးမြန်းမှု

DKBA  ဗိုလ်မှုးချုပ် စောလားပွယ် မှ ဖမ်းဆီးထားသည့် ဗိုလ်ကြီး သက်နိုင်ကို ယမန်နေ့ က ပြန် လည် လွှတ်ပေး လိုက်ပြီး သူ့ ကို နိုဝင်ဘာလ ၈ ရက်နေ့ က ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။စစ်ဦးစီး မှုး တတိယ တန်း အဖြစ် လည်း တာဝန် ထမ်းဆောင် နေသူ အဆိုပါ ဗိုလ်ကြီးက တွေ့ ဆုံ ဆွေးနွေး ရေး သည် နိုင်ငံ အနာဂတ် အတွက် အရေး ကြီး သည် ဟု သူ၏ ဆန္ဒသဘောထားကို ပြော ဆိုခဲ့သည်။ Continue reading DKBA မှဖမ်းဆီးထားသည့် နအဖ အရာရှိ နှင့် တွေ့ ဆုံမေးမြန်းမှု

Rate this: