ဂီရိ မုန်တိုင်း ကြောင့် ရခိုင် ပြည်နယ်တွင် ရေတပ် အရာရှိ တစ်ဦးအပါ အ၀င် သေဆုံးသူ ၈၉ ဦးထိရှိ
At Least 89 dead, 200 missing in Burma Cyclone Giri Strikes
ရခိုင် ပြည်နယ်
ကျောက်ဖြူ ——– ၄၁ ဦး
စစ်တွေ ———— ၁၂ ဦး
မြေပုံ—————၂၄ ဦး
ရခိုင် ပြည်နယ် အခြား နေရာများ ၁၂ ဦး(ခန့် မှန်း)
မကွေးတိုင်း——–    ၆ဦး
စစ်ကိုင်း တိုင်း ——၉ ဦး
( သတင်း ရင်းမြစ်) ရခိုင်ပြည်နယ် အခြေစိုက် ရေတပ်၊မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း
ရန်ကုန် မြို့ ရှိ ရခိုင် အဖွဲ့ အစည်းများ နှင့် ရခိုင် ပြည်နယ် လေဆိပ် များ
ဂီရိ မုန်တိုင်း တိုက်ခတ် ခဲ့သည့် ရခိုင် ပြည်နယ် တွင် သေကြပျက်စီးမှု များ ကို နေရာ
စုံ မှ စာရင်း ကောက် ယူထား ခြင်း ဖြစ်ပါသည်။ Continue reading “ဂီရိ မုန်တိုင်း ကြောင့် ရခိုင် ပြည်နယ်တွင် ရေတပ် အရာရှိ တစ်ဦးအပါ အ၀င် သေဆုံးသူ ၈၉ ဦးထိရှိ”
သတင်းမှန် မထုတ် ပြန်မှု ကြောင့် ကျောက်ဖြူ မြို့ တွင် သေကြေ ပျက်စီးမှု များပြား
Cyclone Giri Leaves 20 dead, 7000 Homeless
ဘင်္ဂလား ပင်လယ်အော်တွင်း လေဖိအားနည်း ရပ်ဝန်း မှ မုန်တိုင်း အဖြစ် သို့  အသွင် ကူးပြောင်းခဲ့သည့်
ဂီရိ မုန်တိုင်း မြန်မာ နိုင်ငံ စစ်တွေ နှင့် ကျောက် ဖြူမြို့ သို့ တိုက်ခတ် ခြင်း မပြုမှီ မြန်မာ စစ်အစိုးရ မှ
မုန်တိုင်း နှင့် ပတ် သက်သည့် သတင်းမှန် မထုတ် ပြန်မှု ကြောင့် အိုးအိမ် အဆောက်အဦ များ ပျက်စီး
ဆုံး ရှုံးပြီး လူ နှစ်ဆယ် ခန့် သေဆုံးက ၆၀ ကျော်ပျောက် ဆုံးနေသည် ဟု သိရသည်။ Continue reading “သတင်းမှန် မထုတ် ပြန်မှု ကြောင့် ကျောက်ဖြူ မြို့ တွင် သေကြေ ပျက်စီးမှု များပြား”
အီရတ်စစ်ပွဲ အတွင်း အပြစ်မဲ့ အရပ်သားများ ရက်စက် စွာ အသတ် ခံရ ကြောင်း wikileaks ဖော်ထုတ်
ကို ဖော်ထုတ် ခဲ့မှု ကြောင့် နာမည် ကျော်ကြား
ခဲ့တဲ့ Wikileaks ၀ဘ်ဆိုတ် က အောက်တို ဘာလ
၂၂ ရက်နေ့ မှာ အီရတ် စစ်ပွဲ အတွင်း က အရပ်
သား တစ်သိန်း ကိုး ထောင် ကျော် သေဆုံး ခဲ့ရ
တယ် ဆိုတာ ကို စစ်တပ် တွင်း က လျှို့ ဝှက် ပေါက်
ကြား လာတဲ့ အချက် အလက် လေးသိန်း ကျော်
ကို တင်ထား ပါတယ်။ Continue reading “အီရတ်စစ်ပွဲ အတွင်း အပြစ်မဲ့ အရပ်သားများ ရက်စက် စွာ အသတ် ခံရ ကြောင်း wikileaks ဖော်ထုတ်”
ဂီရီ မုန်တိုင်းကြောင့် တံတားများကျိုး၊ မြေပြို မှု များ ဖြစ်ပွား ပြီး ၁၇ ဦးသေဆုံး
Strong cyclone rumbles into Myanmar 17 dead,50 Injuries and 20 missing
ဂီရီ မုန်တိုင်းကြောင့် ကျောက်ဖြူတွင် ၁၇ ဦး သေဆုံး ၅၀ ကျော်ဒဏ်ရာရပြီး ၂၀ ကျော်ပျောက်ဆုံး
တစ်နာရီ လေတိုက်နှုန်း မိုင် ၁၅၀ ခန့် ရှိသည့် ဂီရိ မုန်တိုင်းကြောင့် ရခိုင် ပြည်နယ်တွင် တံတား ကျိုး မြေပြိုမှု များ ဖြစ်ပွားလျှက် ရှိသည်။ဓာတ်ပုံ - Colorado State University
ဂီရီမုန်တိုင်း ကြောင့် ကျောက်ဖြူတွင် အနည်းဆုံး ၁၇ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိသည် ဟု နေပြည်တော်မြို့ 
ကာကွယ်ရေး ၀န်ကြီးဌာန မှ အကြီး တန်း အရာ ရှိ တစ်ဦး က FNG သို့ အတည်ပြု ပြောကြားသည်။ သူက ဆက်လက်
ပြီး အခု ကူညီ ကယ်ဆယ်ရေး ၀န်ထမ်း တွေ ချက်ခြင်း လွှတ်နေပါပြီ လေကြောင်း၊ရေကြောင်း ၊ကြည်းကြောင်း နဲ့ ပါ
ဟု ပြောသည်။ ကျောက်ဖြူ မြို့ တွင် ကမ်းရိုး တမ်းသုံး 450 MHZ ဖုန်းများ ရှိသော် လည်း FNG မှ ခေါ် ဆိုမရ နိုင်ပါ။
ကျောက်ဖြူ တစ်မြို့ လုံး နီးပါး ပျက်စီးဆုံးရှုံး မှု ရှိသည် ဆိုသည် ကို လည်း မှိုင်းရာ ပြည့် ကျောင်းသား ဟောင်း
တစ်ဦး ဖြစ်သူ မန္တလေး မြို့ တွင် နေထိုင် သည့် ဦးအောင်စေရာပြည့် က အတည် ပြု ပြောဆို သည်။ Continue reading “ဂီရီ မုန်တိုင်းကြောင့် တံတားများကျိုး၊ မြေပြို မှု များ ဖြစ်ပွား ပြီး ၁၇ ဦးသေဆုံး”
ရခိုင်ပြည် နယ်သို့ မုန်တိုင်း ၀င်ပြီ လေတိုက် နှုန်း တစ်နာရီ ၇၃ မိုင်ထိရှိ
Powerful Cyclone Hits Western Burma
Updated : (12:00)PM Burma ရခိုင် ပြည်နယ် သို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်း ၁၂၀ မိုင်ထိရှိ
Updated : (4:00 )PM Burma လေမုန် တိုင်း အရှိန်ကြောင့် စစ်တွေ တွင် နေအိမ် အမိုးများ လန်ထွက်
Updated : (3:30) PM Burma
အသက် ၅၀ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦး လှေမှောက် ၍
သေဆုံး၊ ကျောက်ဖြူ လေဆိပ်တွင် သစ်ပင်ပြိုကျမှု ကြောင့် တစ်ဦး နှင့် ဖရုံကာ ကျွန်း တွင် လေမုန်းတိုင်
ဒဏ်ကြောင့် စပါး နှင့် အခြား စိုက်ပျိုး ပင် များ အကုန်ပျက်စီး
Updated : (2:30)PM Burma ကျောက်ဖြူ မီးသတ် မျှော်စင် ပြိုကျ၊ လေတိုက်နှုန်း ကြောင့် အထက (၁) ကျောင်း
ဆောင် အချို့ နှင့် အုတ်တံတိုင်း ပြိုကျ၊ အုန်းပင်များ ပြိုလဲ ၊ လျှပ်စစ်မီး များ ပြတ်တောက်
Updated : (1:30)PM Burma
လေတိုက် နှုန်း ပိုမိုပြင်းထန် လာပြီး တစ်နာရီ ၇၃ မိုင်ထိရှိ
ယနေ့  နေ့ လည် ၁ နာရီ တွင် ဂီရီ အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်း သည် ကျောက်ဖြူ မြို့  အနီးသို့ ရောက်ရှိကာ တစ်နာရီလျှင်
လေတိုက်နှုန်း ၆၉ မိုင်ဖြင့် မိုးသည်းထန် စွာရွာ သွန်းပြီး မြစ်ချောင်း များ တွင် ဒီရေ တက်မှု များ နှင့် ကြုံတွေ့ နေသည် ဟု
သတင်းရရှိသည်။ ကျောက်ဖြု အခြေစိုက် ရေတပ် မှ ကယ်ဆယ် မှု များ ပြု လုပ်ရန် စီစဉ် ထားသော် လည်း ကျောက်ဖြူ မြို့ နယ်
ကြံ့ဖွံ့ ဥက္ကဌ မှ လူတတ် လုပ် မှု ကြောင့် မြို့ တွင်း သို့ မ၀င် သေး ဟု သိရှိရသည်။ Continue reading “ရခိုင်ပြည် နယ်သို့ မုန်တိုင်း ၀င်ပြီ လေတိုက် နှုန်း တစ်နာရီ ၇၃ မိုင်ထိရှိ”
အင်အားကောင်းသော မုန်တိုင်း ရခိုင်ပြည်နယ် သို့  ၀င်မည် ကျန်ပြည်နယ်နှင့် တိုင်းများ မိုးသည်းထန်မည်(နောက်ဆုံးရ သတင်း)
ဂီရီ (ဦးခေါင်း) ဟု အမည်ရ သည့် မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်မည့် နေရာ ထိုမုန်တိုင်းသည် အောက်တိုဘာ၂၂ ရက် သောကြာနေ့  ညနေ တွင် ရခိုင်ကမ်းရိုးတန်းသို့ စတင် ချဉ်းကပ်ကာ ကျော်ဖြတ် ၀င်ရောက် မည် ဖြစ်သည်
နောက်ဆုံးရသတင်း (မြန်မာ စံတော်ချိန် အောက်တိုဘာ ၂၂ ရက် နံနက် ၅ နာရီ) ယမန် နေ့ က မုန်တိုင်း ငယ်သည်
ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ ပင် ပိုမို အားကောင်း သော မုန်တိုင်းအဖြစ်သို့ ယနေ့ ည မြန်မာ စံတော်ချိန် ည
၁၂ နာရီ တွင် ရောက်ရှိ ခဲ့ပြီး နောက် ရခိုင်း ပြည်နယ် ကျောက်ဖြူမြို့ ၏မြောက် ဘက် စစ်တွေ မြို့ ၏ တောင်ဘက် နေရာ ကို
ဗဟို ပြု ၍ ဖြတ်သန်း မည်ဟု Freedom ရာသီဥတု လေ့လာရေးဌာန မှ တွက်ချက်သိရှိရသည်။
မုန်တိုင်းသည် ဘင်္ဂလား ပင်လယ်အော်မှ ကမ်းရိုး တန်း သို့ ဝင်စဉ် ရံဖန် ရံခါဉ် လေတိုက်နှုန်း တစ်နာရီ  ၅၉ မိုင်မှ ၇၂ မိုင်ထိရှိ
မည် ဖြစ်သည်။ Continue reading “အင်အားကောင်းသော မုန်တိုင်း ရခိုင်ပြည်နယ် သို့  ၀င်မည် ကျန်ပြည်နယ်နှင့် တိုင်းများ မိုးသည်းထန်မည်(နောက်ဆုံးရ သတင်း)”
အလံပြောင်း မည့်နေ့ လုံခြုံရေး တင်းကျပ်
Burma New Flag Pull Up
ရန်ကုန်မြို့ မြို့ တော်ခန်းမရှေ့ မှ အလံသစ်တင် အခမ်းအနား (AP Photo/Khin Maung Win)
၁၉၇၄ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့  မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ လက်ထက်မှ စတင်အသုံးပြု
လာသည့် နိုင်ငံတော် အလံ ကို ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အရ ပြင်ဆင်ပြောင်း လဲသည် ဆိုသည့် နေ့ တွင် ရန်ကုန်
မန္တလေး နှင့် နေပြည်တော် အပါအ၀င် နိုင်ငံတ၀ှမ်း လုံခြုံရေး ထူထပ် စွာချထားသည် ဟု သတင်းရရှိသည်။ Continue reading “အလံပြောင်း မည့်နေ့ လုံခြုံရေး တင်းကျပ်”
ပြင်သစ်တွင် ဆန္ဒပြ သူများ ကို ရဲက ပစ်ခတ် နှိမ်နှင်း (ဓာတ်ပုံ၊ဗီဒီယို)
France prepares for more protests
လိုင်ယွန် မြို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူ တစ်ဦးကို ရဲကရိုက်နှက်ဖမ်းဆီးသွားစဉ်
ပြင်သစ် သမ္မတ နီကိုလပ်(စ)ဆာကိုဇီက ရေနံလှောင်ကန် ပိတ်ဆို့ ထားသူ များ ကို အင်အားသုံး ဖယ်ရှားရန် အမိန့် ပေးပြီး နောက် ရဲတပ်ဖွဲ့ နှင့် ဆန္ဒပြသူ များ ထိပ်တိုက်တွေ့ စဉ်
Continue reading “ပြင်သစ်တွင် ဆန္ဒပြ သူများ ကို ရဲက ပစ်ခတ် နှိမ်နှင်း (ဓာတ်ပုံ၊ဗီဒီယို)”
ရဲရွာ ရေအားလျှပ်စစ် ဆည် ကျိုးပေါက်တော့မည် (သတင်း ရင်းမြစ်)ဆည်မြောင်း ဌာန
ရဲရွာ Spill Way မှ ရေလွှတ်မှု မှာ ဆည်ရေဖိအားကြောင့် တဖြည်းဖြည်း အိလိုက်လာပြီး ကျိုးပေါက်တော့မည့် အခြေအနေ ကို ဂရပ်ဖစ်ဖြင့် သရုပ်ဖော်ပြထားသည်.
အောက်တိုဘာလ ၂၀ ရက်နေ့  ည ၉ နာရီတွင် FNG မှ နောက်ဆုံးရရှိသည့် သတင်းများ အရ  မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် ထားသည့် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ၏ ရေလွှတ်  ပင်မဆည် မြောင်းမှာ တောင်ပေါ်မှ ကျလာသည့် ပြင်း ထန်သော ရေဖိ အားများကြောင့် ကျိုးပေါက်တော့ မည် အခြေအနေ ရှိသည် ဟု မန္တလေး မြို့ ဆည် မြောင်းဝန် ကြီးဌာန မှ အင်ဂျင်နီယာ တစ်ဦး က Freedom News Group သို့ ည ၁၀ နာရီ တွင် အတည်ပြုပြောကြားပါသည်။ Continue reading “ရဲရွာ ရေအားလျှပ်စစ် ဆည် ကျိုးပေါက်တော့မည် (သတင်း ရင်းမြစ်)ဆည်မြောင်း ဌာန”
ခရီးသွား ဧည့်လမ်းညွှန်များ ပြင်းထန်စွာ ဖိအားပေးခံနေရ
အောင်မြင်၊         ၊ပြီးခဲ့သည့် တနင်္ဂံနွေက နိုင်ငံခြားသားခရီးသည်များကို ရန်ကုန်မြို့တွင်းခရီးစဉ်ကို
လည့်လည်ပြသနေသော ခရီးသွားဧည့်လမ်းညွှန်( ၂ )ဦးကို မြန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရာ ရုံးရှေ့
တာဝန်ကျရဲအရာရှိတဦး မှပြင်းပြင်းထန်ထန်ခြိမ်းခြောက်ပြီး ဧည့်လမ်းညွှန် (  ၂ )ဦး၏ ဧည့်လမ်းညွှန်
လိုင်စင်နံပါတ်များကို မှတ်ယူပြီး မြန်မာ့ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန သို့အကြောင်းကြားတိုင်ကြား
မည်ဟု ပြောဆိုကြောင်း မျက်မြင်တဦးက Freedom News Group သို့ပြောပြခဲ့သည်။ Continue reading “ခရီးသွား ဧည့်လမ်းညွှန်များ ပြင်းထန်စွာ ဖိအားပေးခံနေရ”
စစ်ပြန်ကြီး ယက်တော မြန်မာ နိုင်ငံသို့ မိုမန် သာသနာပြုအဖြစ် လာအုံးမည်
၂၀၀၉ ခုနှစ် မေလ က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် သို့ ခိုးဝှက်
ဝင်ရောက်မှု ကြောင့် ထောင်ဒဏ် အပြစ်ပေးခံရပြီး ရက်သတ္တပတ် အကြာတွင် ပြန်လည်  လွတ်မြောက်
သွားခဲ့သည့် ဂျွန်ဝီလျှံ ယက်တောသည့်မြန်မာ နိုင်ငံ သို့ ခရစ်ယာန် သာသနာ ပြု မစ်ရှင် အဖြစ် ပြန်လည်
ရောက်ရှိ လာရန် စီစဉ် နေကြောင်း သတင်းရရှိသည်။ Continue reading “စစ်ပြန်ကြီး ယက်တော မြန်မာ နိုင်ငံသို့ မိုမန် သာသနာပြုအဖြစ် လာအုံးမည်”
မိန်းကလေးတွေ ဘာလို့ အလည် လွန်ကြရ တာလဲ
ဟိန်းခိုင်ထွန်း၊                  ၊ဆယ်စု နှစ် တစ်စု ကျော်တိုင်း မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လေ့ရှိသည့် ပြောင်းလဲမှု
လှိုင်းများ၏ ရိုက်ခတ်မှုဒဏ်ကို ယခု တစ်ခါတွင် အခံရဆုံး ဖြစ်သည် မှာ မြန်မာ အမျိုးသမီးငယ်များ ဖြစ်သည်
ဟု နိုင်ငံတကာ အိုင်ဒီယာများ ကို ဘာသာပြန်ဆို နေသည့် မြန်မာ စာရေးဆရာ လူငယ် တစ်ဦးက Freedom
News Groupသို့ ပြောသည်။ဆက်လက်ပြီး သူက “အိမ်က သမီးတွေ က လည်း အင်တာနက် ရှေ့ကနေ မခွာတော့ဘူး
ပိုပြီး တော့ ဗဟုသုတ တွေ ရှိလာတယ်၊ ဒါပေမယ့် သူတို့ တွေ က စိတ်ခံစားမှု နယ်ပယ် ကို ပိုပြီး ချဲ့ ခြင်လာ
ကြတယ် ထင်တယ် ဟု သုံးသပ် ပြောကြားသည်။ Continue reading “မိန်းကလေးတွေ ဘာလို့ အလည် လွန်ကြရ တာလဲ”
ပြင်သစ်တွင် ရဲ နှင့် ဆန္ဒပြ သူများ အပြန်အလှန် ပစ်ခတ်
ဆန္ဒပြ လိုင်ယွန် တက္ကသိုလ် ကျောင်းသူ တစ်ဦး ကို ရဲတပ်ဖွဲ့ ဝင်များ ဖမ်းဆီး (ရိုက်လား မရိုက်လားတော့ မသိ) ထားစဉ် (Laurent Cipriani/ Associated Press)
ပြင်သစ် သမ္မတ ဆာကိုဇီ က အလျှော့ မပေး သော် လည်း ၁၉ ရက်နေ့ မနက် ၆ နာရီ မှ စ၍ ပြင်သစ် တစ်နိုင်ငံလုံး လှည်းနေ
လှေအောင်း မြင်းဇောင်း မကျန်တော်လှန်ကြတော့ မည်။
Updated ပြင်သစ် မြို့ ကြီး ခြောက်မြို့ ခန့် တွင် ဆန္ဒပြသူများ က မော်တော်ကားများ ကို မီးတင်ရှို့ 
Updated ပြင်သစ် နိုင်ငံ၏ လေကြောင်း ခရီးစဉ် များ အားလုံးရပ်ဆိုင်း Continue reading “ပြင်သစ်တွင် ရဲ နှင့် ဆန္ဒပြ သူများ အပြန်အလှန် ပစ်ခတ်”
ဒေါ်အောင်ဆန်းစုကြည် တွစ်တာ သုံးရင် ဘာတွေ ဖြစ်လာနိုင်မလဲ
တင်ကျော်ကျော်စိုး
၊              ၊နောက်ဆုံး အကြိမ် နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက် လာခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည် က သူမ နေအိမ် အကျယ်ချုပ်မှ မလွတ်မြောက်ခင် ကတည်းက လူမှု ကွန်ယက်
အင်တာနက် ၀ဘ်ဆိုတ် တစ်ခုဖြစ်သည့် တွစ်တာ ကို အသုံးပြုလို ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်
မှာ လူငယ်များ နှင့် ထိတွေ့ ဆက်ဆံပြီး နိုင်ငံ အပြောင်း အလဲ အတွက် မျိုးဆက်သစ် များ ၏ အင်အား ဖြင့်
အရှိန် အဟုန်  မြင့်တင် ပြောင်း လဲ လိုခြင်းကို ရည်ရွယ် ပြောကြားခြင်း ဖြစ်သည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် တွစ်တာ သုံးရင် ဘာတွေ ဖြစ်လာနိုင်မလဲ”