ဒီတစ်ပတ် သတင်းဓာတ်ပုံ













ရန်ကုန် ဦးဝိစာရလမ်း တပ်မတော်ခန်းမတွင် ဇွန်လ ၂၆ ရက် နေ့ မှ ၂၈ ရက် နေ့ ထိ ပြသနေသည့်
မော်တော်ယာဉ် နှင့် နေထိုင်မှု ဆိုင်ရာ ပြပွဲ မှာ မော်ဒယ်များ နှင့် အကပညာရှင် များ ၏ သီဆိုဖျော်ဖြေ
သရုပ်ပြမှု များ ကြောင့် ရန်ကုန် မြို့ ခံ တို့ သွားရောက် ကြည့်ရှု အားပေးကြကြောင်း သိရသည်။ Continue reading “မော်တော်ကားပြပွဲ မော်ဒယ်များ ကြောင့် လူကြိုက်များ”
ခ န္တီး အကျဉ်းထောင်တွင် ထောင်ဒါဏ် ၁၅နှစ် ၆လ အကျဉ်းကျခံ နေရသော ဒီငြိမ်းလင်း၏ ကျမ္မာရေး အခြေအနေဆိုးဝါးမှုကို ဆေးကုသပေးရန် အာဏာပိုင်တို့ကခန္တီးထောင်မှခေါ်ဆောင် လာပြီး မုံရွာဆေးရုံသို့ယနေ့ နေ့လည်ပိုင်းတွင်ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရှိရသူတဦးမှ Freedom News Group သို့ပြောကြားသည်။ Continue reading “ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည့် ဗကသ ခေါင်းဆောင် ဆေးကုသခံရန် ခန္တီးထောင်မှ မုံရွာဆေးရုံသို့ ရောက်ရှိ”






Unpublished Photo of Daw Aung San Suu Kyi



ထက်ထက်မိုးဦး နှင့် သတင်းထောက် ပြဿနာ ၊မင်္ဂလာဈေး မီးလောင်မှု စသည့် သတင်းဖြစ်ရပ်
နောက် ပိုင်းမှ စ၍ မြန်မာ့ စာနယ် ဇင်းတွင် အယ်ဒီတာ နှင့် သတင်းထောက်တို့ အာဏာလွန်ဆွဲမှု
ဖြစ်ပေါ်နေသည် ဟု ရန်ကုန် အခြေစိုက် ဖျော်ဖြေရေး စာစောင် ထုတ်ဝေသူ တစ်ဦးက Freedom News
Group သို့ ပြောသည်။ Continue reading “ပြည်တွင်း မီဒီယာ အချို့ တွင် အယ်ဒီတာ နှင့် ၀ဘ်မာစတာ တို့ အကြားအား ပြိုင်မှုများ ဖြစ်ပေါ်”
Crime and punishment for Ronnie Lee Gardner

ယူတား ပြည်နယ် တရားရေး ဌာန နှင့် အမေရိကန် နိုင်ငံ ဗဟိုတရား ရုံး က သူ၏ နောက် ဆုံး
အယူခံ ကိုပယ်ချခံရပြီးနောက် အသက် ၄၉ နှစ် အရွယ်ရှိ ရော်နီလီ ဂါဒနာ သည် သောကြာနေ့ 
မနက် တောင်ပေါ် စံတော်ချိန် အာရုံတက်ချိန်တွင် လူ့ ဘ၀ ကို စွန့် ခွာရတော့ မည် ဖြစ်သည်။
ယနေ့ ညနေ ခြောက် နာရီ ခွဲ ဉ်သူ ၏ နောက်ဆုံး ညစာ ကို ကင်းပုဇွန်၊ပန်းသီးကတ် မုန့် ၊ဗင်နီလာ
ရေခဲမုန့် ၊အသား ကင် တို့ နှင့်၀၀လင်လင် စားသုံးခဲ့ပြီး နောက် သူသည် သေမည့်အချိန် ကို စောင့်
မျှော်နေ သည် ဟု ဆော့လိပ်ပြည် နယ် တရားရေး ဌာန မှ တရားဝန် ရှိ သူ တစ်ဦးက Freedom
News Group သို့ ပြောသည်။
ရော်နီလီဂါဒနာ သည် သေဒဏ် ပေးခြင်း မခံရမှီ ဆယ်မိနစ် အလိုအထိ ၎င်း၏ အကျဉ်းခန်းထဲ
ဉ် ဒါရိုက်တာ ပီတာ ဂျက်ဆင်၏ အော်စကာ ၁၂ ဆုရ The Lord of the Rings ရုပ်ရှင်ကား နှင့် Divine Justice
ကိုကြည့် ရှုသွားသည်။သူ့ အား မသေခင် ဘာပြောချင်သေး သလဲ ဟု မေးရာ ဘာမှ မပြောချင်ဟု ဖြေကြား
ခဲ့သည် ဟု ဆိုသည်။
4 Killed Helicopter Crash in Myanmar

မြန်မာ့လေတပ်မှ ဆိုဗီယက် (ရှရုား)နိုင်ငံလုပ် Mi-1 အမျိုးအစား ရဟတ်ယာဉ် တစ်စီးသည်
ယမန်နေ့ ညနေ သုံးနာရီခန့် က ရှမ်းပြည်နယ် ပင်းတယ မြို့ အနီးတွင် ပျက်ကျသွားခဲ့သည် ဟု သတင်းရရှိသည် ။
ထိုရဟတ်ယာဉ် ပျက်ကျမှုသည် ဆိုးရွားသည့် ရာသီဥတု ကြောင့် ဖြစ်ကြောင်း ရန်ကုန်(မင်္ဂလာဒုံ လေတပ်)
အရာရှိများ က သုံးသပ်ပြောကြားသည်။ Continue reading “ပင်းတယမြို့ အနီး ရဟတ်ယာဉ်ပျက်ကျ ၍ ဗျူဟာမှုးတစ်ဦးအပါအ၀င် အရာရှိ လေးဦးသေဆုံး”
ထိုင်း-မြန်မာ နယ်စပ် မြ၀တီ မြို့ တွင် တရားဝင်ဖွင့်လှစ်ထား သော ဂိတ်များ မဟုတ်ပဲ အောက်ဂိတ် ဟု
ခေါ်သည့် မှောင်ခိုဂိတ်များ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်လာသည် ဟု ကုန်သည် များ ၏ ပြောကြားချက်အရ
သိရှိရသည်။ Continue reading “မြ၀တီ နယ်စပ်တွင် မှောင်ခိုဂိတ်များ ပြန်လည် ဖွင့်လှစ်လာ”
Western Myanmar Landslide Kills at Least 100
Updated ဘူးသီးတောင်၊မောင်တော မြေပြိုမှု တွင် လူဦးရေ ငါးရာခန့် အိုးမဲအိမ်မဲ့ ဖြစ်သွားခဲ့ရပြီး
ထိုဒေသ သို့ အကူအညီ ပေးရန် သွားရောက်မည့် NGO များ အား ကန် သန့် ထားသည်။
ပခုက္ခူ နှင့် မြိုင်တွင် လည်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှု များရှိပြီး နေအိမ်
အချို့ ပျက်စီး ခဲ့သည်။
ဟိန်းခိုင်ထွန်း၊ နာဂစ် ဒေသ တွင် အကူအညီ ပေးရေး လုပ်ငန်းများ လုပ်ကိုင် နေသည့် အစိုးရ မဟုတ် သော
အဖွဲ့ အစည်း တစ်ခု မှာ ထိုဒေသ သို့ သွားရောက် ကူညီရန် တင်ပြထားသော် လည်း ပြည်ထဲရေး
ဝန်ကြီး ဌာန နှင့် ကျန်းမာရေး ၀န်ကြီးဌာန တို့ က လုံခြုံရေး အရ သွားခွင့် မပြု နိုင် ဟု အကြောင်း
ပြန်သည်။ Continue reading “ဘူးသီးတောင်၊မောင်တော မြေပြိုမှု အနည်းဆုံး လူ ၁၀၀ ကျော်သေဆုံး”
လအတန်ကြာ ရပ်နားထားသည့် Envoy
ဂျာနယ်သည် သတင်းတမန် ဂျာနယ် အနေ
ဖြင့် ပြန်လည်ထွက်ရှိလာသည့် ထိုဂျာနယ် ကို
အကယ်ဒမီ စင်ရော်မောင်မောင်၏ Zinyaw
Entertainment Production မှ ထုတ်ဝေ
သည် ဟု သိရသည်။ Continue reading “ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ ၊ အချစ်နဲ့ ပတ်သက်ရင် ဘာမှမပြောချင်တော့ဘူးဆိုတဲ့ ၀တ်မှုန်ရွေရည် သတင်းများဖြင့် Envoy ဂျာနယ်ပြန်လည်ထွက်ရှိ”

စင်မြင့် ဖျော်ဖြေပွဲ အချို့ တွင် လူငယ်အမျိုးသမီး
အဆိုတော် အချို့ က ဆွဲဆောင်မှု ရှိသော ဖက်ရှင်စတိုင်
များဖြင့် ပရိသတ် ကို ဖျော်ဖြေချင် သော် လည်း သက်ဆိုင်
ရာ အာဏာပိုင်များက ခွင့်မပြု ဟု သိရသည်။
ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်က ကျင်းပခဲ့သည့် မြရိပ်ညို
ဂီတ ပွဲတော်တွင် အမျိုးသမီး အဆိုတော်တစ်ဦး မှာ သီဆိုနေချိန်
သူမ ၏ ၀တ်စားဆင်ယဉ် မှု နှင့် အမူအယာ အချို့ ကြောင့် သတိ
ပေးခံရသည်ဟု သိရသည်။ Continue reading “မြန်မာအဆိုတော်များ နိုင်ငံတကာ ဖျော်ဖြေပွဲ များကဲ့သို့  ဖက်ရှင်ဆန်းဆန်း ဖြင့် လန်းချင် သော် လည်း အာဏာပိုင်များက ခွင့်မပြု”

ဂျွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ( ၆၅ )နှစ်မြောက်မွေးနေ့ အထိမ်း
အမှတ်အခမ်းအနားကို ယနေ့နံနက် ၈နာရီမှ ၁၁နာရီအချိန်ထိ အုန်းပြန့် ဒုက္ခသည်စခန်းရှိ စခန်းရုံး
ခန်းမဆောင်တွင် ကျင်းပခဲ့သည်။ စခန်းဥက္ကဌ စောဝါးထီးနှင့် စခန်းကော်မတီဝင်များ၊ ကရင်၊ချင်း၊
ရခိုင်၊ပအို့ဝ် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ စခန်းတွင်းရှိ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးများ၊
ခရစ်ယာန်ဘာသာရေးဆရာများ၊ မော်လ၀ီဘာသာရေးဆရာများ၊ စခန်းတွင်းရှိကျောင်းသား/သူများ
အင်အား ၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင်တဦးမှပြောပြသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကရင်ဒုက္ခသည် စခန်းထဲတွင် တရားဝင်ကျင်းပခွင့်ရ”