ဒေါက်တာသန်းထွန်း
(ဘူမိဗေဒ အခြေခံအကြောင်းကို သမိုင်းပညာရှင်တစ်ဦးမှ ရေးသားတင်ပြထားပုံကို ဖတ်ရှု၊ တွေးတော၊ ဆွေးနွေးနိုင်ကြစေရန်နှင့် ဘူမိဗေဒကျောင်းဆင်းများမှ ဘူမိဗေဒဆိုင်ရာများကို ပိုမို ပွင့်လင်းစွာ ရေးသား တင်ပြနိုင်ကြစေရန်ရည်ရွယ်ပြီး မုံရွေးစာအုပ်တိုက် စာအုပ်အမှတ်စဉ် (၁၃၄)၊ ၂၀၀၄ ဇူလိုင်လထုတ်၊ ဒေါက်တာသန်းထွန်း၏ မြန်မာ့သမိုင်းပုံ (Myanmar History Told in Picture) စာအုပ်မှ ထုတ်နုတ်ဖေါ်ပြပါသည်။)
ကျောက်ဆရာ (geologists) တွေရဲ့ ပြောပြချက်က ဒီကမ္ဘာမြေကြီးဟာ အသက် သန်း (၆၀၀၀) ရှိပြီ။ အရင် အနှစ် သန်း(၅၀၀) ကမှ သက်နေ (life) ဆိုတာရှိတာပါ။ သက်နေ မပေါ်မီက ဘဲ အခုမြန်မာလို့ ခေါ်တဲ့နေရာမှာ မြစ်ကြီးနားက ကယားနယ် အထိ မြေပြင်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဧရာဝတီ မြစ်ဝှမ်းရယ်လို့တော့ ရှိမယ်မထင်ပါ။ မြေကို ရေတိုက်စား (erosion) လို့ မြေပျောက်သွားတာရှိသလို နုန်းမြေ (Deposition) ကျပြီး ကုန်းမာမာ ဖြစ်လာတာလည်း ရှိပါတယ်။ အဲဒါအပြင် အင်မတန် ကြီးကျယ်တဲ့ မြေလှုပ်ရှားမှုတွေကြောင့် မြစ်ဝှမ်းမှာ ချိုင့် (valleys) တွေနဲ့ တောင်ရိုး (range) တွေ ပေါ်လာတယ်။ ဒီလို လှုပ်ရှားမှုမျိုးကို အရင် အနှစ် သန်း (၇၀၀-၈၀၀) အတွင်းက ကြုံခဲ့ရ ပါတယ်။ Continue reading “ဘူမိဗေဒ အခြေခံ”
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်