တန်ခိုးကြီးဘုရားစေတီ များ ပြိုကျမှုကြောင့် ရာဇ၀င်မှာ ဘယ်လိုအပြောင်းအလဲ တွေဖြစ်ခဲ့သလဲ
၂ ဇွန် ရန်ကုန် (ဆောင်းပါး) Omen Come True
ကလန်သံဗျင်

မေလ ၃၀ ရက်နေ့ မှာ ဒလမြို့နယ်ဓနုတ် ကျေးရွာစုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်
လောက်ကတည်းက တည်ထားခဲ့တဲ့ ဓနုတ် စေတီတော်ကြီး ပြိုကျပျက်စီးခဲ့ပါတယ်။ဓနုတ် စေတီတော်ရဲ့  သမိုင်း တစ်လျှောက်မှာ ဒီတစ်ခါ ပြိုကျပျက်စီးမှုဟာ အကြီးမားဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တယ် လို့ စေတီ တော် အနီးက ကျေးရွာတွေ မှာနေကြတဲ့ ရှေးမှီ နောက်မှီ လူကြီးတွေ က ပြောပြပါတယ်။
စေတီတော် ဟာလွတ်လပ်ရေးရပြီးကတည်းက ဆယ်ကြိမ်ထက် မနည်းပြိုကျခဲ့ပေမယ့် အခုတစ်
ခါ ပြိုကျမှု လောက် လူအသေအပျောက်မများပါဘူး၊အင်္ဂါနေ့ မနက်ထိ ဘုရားပရ၀ုဏ်
အပျက်အစီးတွေကြားကနေ သေဆုံးနေသူ တွေ ခုနှစ်ယောက် လောက် ထပ်တွေ့ တယ်ဆိုတာ
ကြောင့် သေဆုံး သူ အယောက် နှစ်ဆယ်လောက် အနည်းဆုံးရှိ မယ် လို့ ခန့် မှန်းလို့ ရပါတယ်။
ဓနုတ်စေတီတော် ပြိုကျတဲ့ သတင်းကို ကလန်သံဗျင်တို့ ပြည်တွင်းက သတင်းဂျာနယ်တွေ မှာ လုံးဝဖေါ်ပြခွင့်မရှိပါဘူး ဒါကြောင့် စာမျက်နှာတွေ အပိုင်စားရထားတဲ့ ကလန်သံဗျင်တို့ လို အယ်ဒီတာရင့်မကြီးတွေ တောင် ဘလောက်ဆရာ တွေကို မျက်နှာချိုပြန်သွေးရပါတယ်။ ဓနုတ်စေတီ တော်ပြိုကျတဲ့သတင်းကို ပြည်တွင်းမှာရေးလို့ မရတဲ့ အဓိက အချက်ကတော့ ဗိုလ်ချုပ် သန်းရွှေ ရဲ့ မိသားစု ကိုယ်တိုင်တည်ထားပြီး ပူပူနွေးနွေး ထီးတော်တင် ဌာပနာ ပိတ်ပွဲ ကျင်းပထားတဲ့ ဘုရားဖြစ်နေလို့ ပါ၊
ဓနုတ်စေတီ ပြိုကျတာနဲ့ ပတ်သက်ပြီး ပြည်သူအများစုကတော့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။တချို့ကတော့ ဗိုလ်ချုပ်သန်းရွှေ နဲ့ စစ်အစိုးရ ကျဆုံးမယ့် ရှေးပြေးနိမိတ် တစ်ခု အဖြစ် ယူဆကြပါတယ်။ Continue reading “တန်ခိုးကြီးဘုရားစေတီ များ ပြိုကျမှုကြောင့် ရာဇ၀င်မှာ ဘယ်လိုအပြောင်းအလဲ တွေဖြစ်ခဲ့သလဲ”
