၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စာရေးဆရာကျော်ဝင်း၏အမြင်သဘောထား

မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသောအချက်များ

ရေးသားသူ-ကျော်ဝင်း ဘာသာပြန်သူ-ကျော်လင်းဦး

ဤဘာသာပြန်ဆောင်း ပါးမှာ Freedom News Group ၏ မူပိုင်ဖြစ်သော်လည်း Freedom
News Group ၏အာဘော် မဟုတ်ပါ။ ဝေဖန်ပိုင်းခြားနိုင်ရန် နှင့် ဆင်ခြင်သုံးသပ် နိုင်ရန်ဖြစ်
ပါသည်။မူရင်းမှာ အင်္ဂလိပ်ဘာသာ ဖြစ်ပါသည်။

က။ လက်ရှိအခြေအနေ

လက်ရှိအခြေအနေအောက်မှာ-

၁၊ အဓီက အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ နိုင်ငံရေးအရရှေ့မတိုးနိုင်ပဲ သေနေတဲ့ အနေအထားကိုရင်ဆိုင်နေရပါတယ်။ သူတို့အနေနဲ့ ရေရှည်မှာ တရားဝင်ရပ်တည်ဖို့ဆိုရင် စစ်အစိုးရရဲ့ ရွေးကောက် ပွဲ ကိုဝင်ရုံ  မှ တပါးအခြားမရှိပါ။

၂၊ စစ်အုပ်စုလည်း အကျပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။ အဲဒါက ဘာလဲဆိုယင် ၂၀၁၀ ရွေးကောက်ပွဲရဲ့တရားဝင်မှု ဟာ အတိုက်အခံအုပ်စု၊ အထူးသဖြင့် NLD ပါတီ ရွေးကောက်ပွဲဝင်၊ မ၀င်ဆိုတဲ့အပေါ်မှာ တည်မှီနေလို့ပါ။ ဒါပေမယ့် NLD ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စစ်အုပ်စုကတော့ သူတို့ဆုံးဖြတ်ထားတဲ့အတိုင်း သူတို့ရဲ့ လမ်းပြမြေပုံကို ဆက် ပြီးအကောင်အထည်ဖေါ်သွားမယ့် သဘောရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပြဿနာဟာ မဟာဗျူဟာဆိုင်ရာပြဿနာမ ဟုတ်ပဲ၊ ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာ ပြဿနာသာဖြစ်ပါတယ်။ နိုင်ငံရေးမှာ ကျင့်ဝတ်သိက္ခာဆိုတာ မဟာဗျူဟာ မြောက်လိုအပ်ချက် ရဲ့ လက်အောက်ခံအဖြစ်သာ တည်ရှိပါတယ်။ သဘောကတော့ မဟာဗျူဟာက ကျင့်ဝတ်သိက္ခာ ထက် ပို အခယာ ကျပါတယ်။ Continue reading “၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စာရေးဆရာကျော်ဝင်း၏အမြင်သဘောထား”