ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရာထူးက နှုတ်ထွက်ပြီ

“အာဏာရှင်တွေ ဟာ သူတို့ ဘယ်လောက်ပိုင် သလဲ ဆိုတာ သူတို့ ပြည်သူ နဲ့ ကမ္ဘာ ကို ပြချင်ကြတယ်…
နောက်ဆုံးတော့ အဲဒီ စိတ်ကြောင့် ပဲ သူတို့ ဂွမ်းသွားရတာ” (Bernard Henri  Levy ခေတ်သစ် ပြင်သစ်
တွေး ခေါ် ပညာရှင်…လစ်ဗျား လူထု အုံကြွမှု ကို လက်နက်ကိုင် ပုန်ကန် မှု အဖြစ် အသွင် ပြောင်းပေး ခဲ့သူ)

၁၉၉၂ ခုနှစ် တွင် နိုင်ငံ တော် အာဏာ ကို ရယူခဲ့သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် မြန်မာ စစ်တပ် ၏ အကြီး အကဲ အဖြစ် နှင့်
ကာကွယ်ရေး ဦးစီးချုပ် အဖြစ် မှ ယနေ့  နှုတ်ထွက် သွား ပြီ ဟု Freedom News Group မှ သတင်း ရရှိသည်။ Continue reading “ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရာထူးက နှုတ်ထွက်ပြီ”

ယီမင် သမ္မတက အာဏာလွှဲပြောင်း ပေးမည့် အစီအစဉ် ကို အတိုက်အခံ တို့ ပယ်ချ

” Military rule in Arab countries was outdated”

General Ali Mohsen  who join Yemeni Protestors

ယီမင် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး က  ယခုနှစ်ကုန် သမ္မတ ရွေးကောက်ပွဲ ကျင်း ပချိန် ရောက်လျှင်
နှုတ်ထွက် ပေးပြီး အာဏာလွှဲ ပြောင်း ပေး မည် ဆိုသည့် ကမ်းလှမ်း ချက် ကို အတိုက် အခံ တို့ က
ပယ်ချလိုက် ပြီး ယနေ့ သောကြောနေ့ တွင် စစ်တပ် နှင့် ပြည်သူများက သမ္မတ နန်းတော် ကို ၀ိုင်း ၍
ဆန္ဒပြ မည် ဟု အယ်(လ)ဂျာဇီးယား သတင်း ဌာန တွင် ဖော်ပြထားသည်။ Continue reading “ယီမင် သမ္မတက အာဏာလွှဲပြောင်း ပေးမည့် အစီအစဉ် ကို အတိုက်အခံ တို့ ပယ်ချ”

ယီမင် စစ်တပ် ဆန္ဒပြသူများ နှင့် ပူးပေါင်း

ယီမင် ကာကွယ်ရေး စစ်ဦးစီးချုပ် နှင့် ကာကွယ်ရေး ၀န်ကြီး ဆန္ဒပြသူများ နှင့် ပူးပေါင်း
ဆန္ဒပြသူများ နှင့် ပူးပေါင်းသွား သည့် တပ် မများ က အာဏာရှင် သမ္မတ ဆာလေး ၏ နန်း
တော် ကို ၀ိုင်းရန် ခရီးပြင်း ချီတက်
အမေရိကန် ရေတပ် သင်္ဘော တစ် စီး ဧဒင် ပင်လယ်ကွေ့ အနီး သို့ ရောက်ရှိ
_______________________________________________________________
ကျွန်တော် ဟာ ကျွန်တော့် ပြည်သူ တွေ ကို အကာအကွယ် ပေး ဖို့ စစ်တပ် ထဲ ၀င်ရောက်ခြင်း
ဖြစ်ပါတယ်။ အခု ကျွန်တော့် ပြည်သူ ကို အကာ အကွယ်ပေး ဖို့  အချိန် ရောက်ပါ ပြီ
Brigadier Ali Mohsen Saleh, head of the North Western Military Zone
_______________________________________________________________

ယီမင် စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ် ကြီး အလီ မိုဟန် အယ် အာမာ က ဆန္ဒပြသူများ နှင့် ပူးပေါင်းသွားစဉ်

Updated ဒီမိုကရေစီ လိုလားသည့်  ယီမင် စစ်တပ် က ဆန္ဒပြသူများ နှင့် ပူးပေါင်းကာ ယီမင် နိုင်ငံ၏
မြို့ ငယ် များ ကို ထိန်းချုပ် လိုက်သည် ဟု သတင်းရရှိသည်။ မော်ရိုကို နိုင်ငံ တွင် ယနေ့ ဆန
ပြမှု များ ဖြစ်ပွားနေပြီး ၊ ဆီးရီးယား နိုင်ငံ တွင် ဆန္ဒပြသူများ ကို ဖြိုခွဲရာ တစ်ဦး သေဆုံး ပြီး
ဘာရိန်း တွင် ဆန္ဒပြသူများက အင်အားကောင်းသော ဆန္ဒပြ ပွဲ တစ်ခု ဖြစ်ပေါ် ရန် ဆော်
သြနေကြသည်။ Continue reading “ယီမင် စစ်တပ် ဆန္ဒပြသူများ နှင့် ပူးပေါင်း”

လစ်ဗျား နိုင်ငံ ကို လေကြောင်း တိုက်ခိုက်မှု စတင်

Operation Odyssey Dawn, Operation Ellamy ,Operation Harmatton
LIBYA 101 LIVE
ဗြိတိသျှ တိုက်လေယာဉ်များ သည် မိုင် ၃၀၀၀ ကျော်ခရီး ကို ဖြတ်သန်းပြီး မောင် နှင် တိုက်ခိုက်
ရာ ၁၉၈၂ ခုနှစ် ဖောက်ကလန် စစ်ပွဲ ပြီးနောက် ဒုတိယမြောက် စစ်ဆင် ရေး နယ် အရှည်လျှား
ဆုံး ဟု ကာကွယ်ရေး ၀န်ကြီး လီယန် ဖောက်(စ)က ပြော

ဒိန်းမတ်  နှင့် စပိန် တိုက်လေယာဉ် များ ကို တူနီးရှား နယ်စပ် အနီးရှိ လစ်ဗျား လေဆိပ် ပြေးလမ်း
များ ကို ဖျက်ဆီး နိုင်ခဲ့

လစ်ဗျား ပြည်သူများ ရန်လိုသည့် ခရူးဆိတ်စစ်သည် များ ကို တိုက်ခိုက် နိုင်ရန် လက်နက် တိုက်များ
ကို ကဒါဖီ ထပ်မံ ဖွင့်ပေး

ပထမနေ့ ထိတွေ့ မှု တွင် ကဒါဖီ ၏ မွေးစား သမီး တစ်ဦး အပါအ၀င် ၁၀၀ ကျော် သေဆုံး

အီရတ် စစ်ပွဲ ရှစ် နှစ်မြောက်နေ့ တွင် လစ်ဗျား အာဏာရှင် အစိုးရ ၏ စစ်စခန်းများ ကို
မဟာမိတ် တပ်ဖွဲ့ က ဒုတိယနေ့ အဖြစ် ဆက်တိုက်မည်

လစ်ဗျား လေကြောင်းရန် ကာကွယ်ရေး ဌာနချုပ် ကို တိုမာဟောခ် ဒုံးးကျဉ်ဖြင့် တိုက်ခိုက်နေ စဉ်

လစ်ဗျား နိုင်ငံ စံတော်ချိန် မတ်လ ၂၀ ရက်နေ့ သတင်းများ

ကဒါဖီ ၏ သစ္စာခံများက ထရီပိုလီ ရှိ ကဒါဖီ ၏နေအိမ် ကို မဟာမိတ် စစ်လေယာဉ်များ ဗုံးမကြဲ နိုင်ရန် လူသား ဒိုင်း အဖြစ် အကာအကွယ်ပေးထားသည်

ဘန်ဂါဇီ မှ ကဒါဖီ သစ္စာခံ တပ် များ ပြန်လည် ဆုတ်ခွာ
နောက်ထပ် တိုမာဟောခ် ပဲ့ထိန်း ဒုံးကျဉ် အလုံး ၈၀၀ ကျော် ထပ်သုံး၍ လေကြောင်းရန်
ကာကွယ်ရေးစနစ်များ ကို ဖျက်ဆီးမည်  (ပင်တဂွန်)
မစ်ဆူရာ ရှိ လစ်ဗျား စစ် တက္ကသိုလ် ကို ဗြိတိသျှ လေတပ် က ဗုံးကြဲ ဖျက်ဆီး နိုင်ခဲ့

ကဒါဖီ ၏ တပ်ဖွဲ့ များ က အယ်(လ)ဂျာဇီးယား သတင်းထောက်များ ကိုဖမ်းဆီး

B 2 Stealth ကိုယ်ပျောက် ဗုံးကြဲ လေယာဉ် ဖြင့် ထရီ ပိုလီ ရှိ စစ်ရေး ပစ်မှတ် များ ကို ဗုံး အလုံး ၄၀ ကျော်ကြဲ

ဗြိတိသျှ တိုက်လေယာဉ်များ ဖြစ်သည့် တိုင်းဖွန်း၊ဟာရီကိန်း နှင့် တော်နေဒိုး လေယာဉ်များ လစ်ဗျား
နိုင်ငံ ထဲ ရှိ ကဒါဖီ ၏ လေကြောင်းကာကွယ်ရေး စနစ်များ ကို နံနက် အရုဏ် တက်ချိန်တွင်  စတင်ဝင်ရောက်တိုက်ခိုက်

ပထမ အသုတ် ပစ်လွှတ် သည့် တိုမာဟောခ် ဒုံးကျဉ်များ ကြောင့် ထရီပိုလီ ရှိ လေကြောင်း
ကာကွယ်ရေးစနစ်အချို့ ဖျက်ဆီးနိုင်ခဲ့

THIS IS A BREAKING NEWS UPDATE. Check back soon for further information.
FNG ‘s earlier story is below.

လစ်ဗျား လေယာဉ် ကွင်း များ ကို ဗုံးကြဲ ခဲ့သည့် ဘီ ၅၂ Stealth တိုက်လေယာဉ်များ

Continue reading “လစ်ဗျား နိုင်ငံ ကို လေကြောင်း တိုက်ခိုက်မှု စတင်”