ယီမင်၊ ဆီရီးယား နှင့် လစ်ဗျား
လစ်ဗျား နိုင်ငံခြား ရေး ၀န်ကြီး နှင့် ထိပ်တန်း စစ်အရာ ရှိများ အမေရိကန် တွင် ခိုလှုံ ခွင့်တောင်း

FNG၊ ၊ယီမင် နိုင်ငံတွင် ဆန္ဒပြနေသူများ က သောကြာနေ့ တွင် ယီမင် အာဏာရှင် အလီ
အဗ္ဗဒူလာဆာလေး ၏ နန်းတော် ကို ၀ိုင်း ပြီး အဆုံးသတ် တိုက် ပွဲ ဆင်နွှဲ ရန် စီစဉ် ထားရှိသည် ဟု
ဆာနား မှ လာသည့် ရိုက်တာ သတင်း တစ်ရပ် တွင် ဖော်ပြထားသည်။
ပြည်သူ နှင့် စစ်တပ် က နှုတ်ထွက် ပေး ရန် တောင်း ဆိုခြင်း ခံ နေရသည့် ယီမင် အာဏာရှင်
သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး က မိမိ လက်ရှိ ရာထူးမှ နှုတ် ထွက် ပေးလျှင် ယီမင် နိုင်ငံ
သည် အကြမ်းဖက် သမား တို့ ကွန်းခိုရာ နိဗ္ဗာန် ဘုံကြီး ဖြစ်သွား နိုင် သောကြောင့် အမေရိကန်
အစိုးရ အနေဖြင့်မိမိ ကို အကာ အကွယ် ပေး ပါ ဟု အကူအညီ တောင်းထားသည် ဟု LA TIMES
သတင်းစာတွင် ဖော်ပြထားသည်။ Continue reading “ယီမင်၊ ဆီရီးယား နှင့် လစ်ဗျား”

