အာဏာလွှဲပေးရန် ငြင်းဆန်သူ အိုင်ဗရီကိုစ် သမ္မတ လော့ရင့် ဘက်ဘို ကို ဖမ်းဆီးရမိ(ဗီဒီယို)

From President To Prisoner

ဖမ်းဆီးခံရပြီး နောက် လော့ရင့် ဘက်ဘို သည်းထန် စွာ ငိုကြွေးနေစဉ် (AP Photo/TCI via APTN)
လော့ရင့်ဘက်ဘို အားဖမ်းဆီးရမိသည့် သတင်း ပေါ်ထွက်ပြီး နောက် အိုင်ဗရီ ကိုစ် ပြည်သူများ အောင်ပွဲ ခံနေစဉ် (AP Photo/Rebecca Blackwell)

မိမိကိုယ်ကို သမ္မတ အဖြစ် ကြေငြာထားပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလ က ရွေးကောက်ပွဲ တွင် အနိုင်ရရှိ
ခဲ့သည့် ပြိုင်ဘက် သမ္မတာ အလက်ဆန် ၀ါတာရား ကို အာဏာလွှဲ ပေး ရန် ငြင်းဆန် ခဲ့သည့် လော့ရင့်
ဘက်ဘိုကို တနင်္လာ နေ့  က ၎င်း ခိုအောင်းနေရာ သမ္မတ နန်းတော် အတွင်း ရှိ ဘန်ကာထဲ တွင် ပြင်သစ်
တပ် ဖွဲ့ ဝင်များက အရှင် ဖမ်းဆီးရမိ သည်ဟု France 24 ရုပ်သံက ကြေငြာသွားခဲ့သည်။ Continue reading “အာဏာလွှဲပေးရန် ငြင်းဆန်သူ အိုင်ဗရီကိုစ် သမ္မတ လော့ရင့် ဘက်ဘို ကို ဖမ်းဆီးရမိ(ဗီဒီယို)”

အိုင်ဗရီကိုစ် အာဏာရှင် လော့ရင့်ဘက်ဘို ပြည်ပ သို့ ထွက်ပြေး နိုင်ရန် လှည့်ပတ် ပုန်းအောင်နေ

 

အောင်ပွဲရ ဒီမိုကရေစီ အင်အားစု များ

လော့ရင့် ဘက်ဘို ၏ စစ်ဘက် အဆင့် မြင့် ပုဂ္ဂိုလ် နှစ်ဦးက ပြင်သစ် တပ်များ ထံ လက်နက် ချပြီး
နောက် လော့ရင့် ဘက်ဘို သည် သမ္မတ နန်းတော် အနီး ရှိ ဘန်ကာ တစ်ခု ထဲ တွင် ပုန်းအောင်နေ
သည် ဟု ပြင်သစ် ရုပ် သံ France 24 မှကြေငြာ သွားသည်။

 

ပြင်သစ် ကာကွယ်ရေး ၀န်ကြီး ဂါရက် လောင်းနေး က” တိုက်ပွဲ တွေ အားလုံး ပြီးသွားပြီး ဘက်ဘို တပ်
တွေ အညံခံ တယ် သူ့ ကို ရှာတွေ ဖို့ ပဲ လိုတယ် ” ဟု ပြောသည်။ Continue reading “အိုင်ဗရီကိုစ် အာဏာရှင် လော့ရင့်ဘက်ဘို ပြည်ပ သို့ ထွက်ပြေး နိုင်ရန် လှည့်ပတ် ပုန်းအောင်နေ”