ထိန်းသိမ်းခံနေရသည့်မြန့်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့်ကုလသမဂ္ဂအထူးသံအီဘရာဟင်ဂမ်
ဘာရီတို့နှစ်ဦးမှာအခြားအန်အယ်လ်ဒီ ခေါင်းဆောင်များနှင့်အတူယနေ့တွင်အစိုးရဧည့်ဂေဟာ
ဉ်တစ်နာရီကျော်ကြာအောင်တွေ့ဆုံခဲ့ရသည်ဟုကာတာနိုင်ငံအခြေစိုက်အယ်(လ)ဂျာဇီးယား
သတင်းဌာန၏သတင်းတစ်ရပ်တွင်ပြောကြးခဲ့သည်။
ထိုသို့တွေ့ဆုံကျရာတွင်စစ်အစိုးရ၏ညိုညင်မှုကိုအခံရဆုံးအန်အယ်လ်ဒီခေါင်းဆောင်များဖြစ်
သည့်ဦးဝင်းတင်နှင့်ဦးခင်မောင်ဆွေတို့မပါဝင်နိုသည့်အတွက်ပြည်တွင်းနိုင်ငံရေးလှုပ်ရှားသူများ
ကြားတွင်ဘ၀င်မကျလျှက်ဖြစ်နေကြသည်။
ဂမ်ဘာရီနှင့်တွေ့ဆုံရာတွင်ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံရေးအကျဉ်းသာများလွှတ်ပေးရေးမှာ
အနိမ့်ဆုံးလိုအပ်ချက်တစ်ရပ်ဖြစ်ပြီးသူမအနေဖြင့်လတ်တလောတွင်တက်ကြွလှုပ်ရှားသူ၂၀၀
ကျော်ကိုထောင်ချပြီးပြစ်ဒဏ်၁၀၄နှစ်အထိပေးခဲ့ခြင်းအတွက်စိတ်မကောင်းခြင်းလည်းဖြစ်ရသည်
ဟူသိရသည်။တစ်နာရီကျော်ကြာတွေ့ဆုံဆွေးနွေးရာတွင်အမျိုးသားပြန်လည်သင့်မြန်ရေးအ
ကြောင်းလည်းပါဝင်သည်ဟုသိရသည်။
မနက်ဖြန်တွင်ဂမ်ဘာရီမှာနေပြည်တော်သို့သွားမည်ဖြစ်သော်လည်းစစ်အစိုးရခေါင်းဆောင်တစ်ဦး
ဖြစ်သူဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့်တွေ့ခွင့်ရရေးမှာမသေချာပေ။
