တင်ကျော်ကျော်စိုး
လှည်းတန်းဗုံးပေါက်ကွဲပြီးနောက် ရောက်ရှိလာသောဗုံးရှာဖွေရေး
အဖွဲ့ တွင်လက်နှိပ်ဓာတ်မီးသာပါ
လှည်းတန်းရှိ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရုံးရှေ့တည့်တည့် ရှိကားမှတ်တိုင်တွင် ဖြစ်သော
ဗုံးပေါက်ကွဲမှုကြောင့် ကားမှတ်တိုင်အမိုးများလန်ထွက်သွားပြီး ပေါက်ကွဲသံကို ဆင်ရေတွင်းမှတ်တိုင်မှ ပင်ကြားရသည်ဟု မျက်မြင်တွေ့ ရှိသူတစ်ဦးက Freedom News Groupသို့ ပြောသည်။
“အမိုးတွေလန်သွားတယ် သူလဲမြေနီကုန်းမှာလိုပဲ ပေါက်ကွဲသံကကျယ်တယ် ဆင်ရေတွင်းနားအထိကြားရတယ် ” နှစ်နေရာ လုံးတွင်မျက်မြင်ကြုံ တွေ့ ခဲ့ရသူတစ်ဦးက
ပြောသည်။
လှည်းတန်း ကားမှတ်တိုင်တွင်ဖြစ်သောဗုံးပေါက်ကွဲမှုပြီးနောက် စစ်ဒေသမှ ရန်ကုန်အင်းစိန် လမ်းမကို ပိတ်ခိုင်းလိုက်ပြီး ယခုသတင်းရေးနေချိန် မနက် ၃း၃၀ ထိပြန်လည်ဖွင့်လှစ်သေးခြင်းမရှိကြောင်းသိရသည်။
၂၀၀၅ ခုနှစ်မေလက ပေါက်ကွဲခဲ့သော ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင်မူလူပေါင်းရာနှင့်
ချီ၍ အသေအပျောက်ရှိခဲ့သည်။

ဟုတ်ပါဘူးဟာ ကိုမိုးပြောတော့ အဲလောက်ကြီးမဆိုးပါဘူး
ကားဘီးပေါက်သလောက်ပဲရှိတာပါ ဘယ်သူမှလဲမသေပါဘူး
ဘယ်အချိန်လဲဆိုတာလည်း ဖော်ပြပေးပါဦး….