ဗုံး များဆက်တိုက်ဖေါက်ခွဲ၍ မတည်မငြိမ်ဖြစ်ပါ က ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ ဆိုင်းနိုင်သည်ဟု ရန်ကုန်မြို့ ခံတို့ သုံးသပ်
ယမန်နေ့  ညက စမ်းချောင်းပဒုမ္မာကွင်းနှင့်လှည်းတန်းလမ်းဆုံတို့ တွင်ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်သမိုင်းလမ်းဆုံယနေ့ နံနက်အစောပိုင်းတွင် မရမ်းကုန်း
မြို့ နယ်သမိုင်းလမ်းဆုံတွင်ဗုံးလန့် မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ရဲနှင့် စစ်ကားများချထားသောထိုနေရာတစ်ဝိုက်တွင် ယနေ့ မနက်၈နာရီအချိန်ခန့် ကရန်ကုန်မြို့
ထဲသို့ အသွားဘက်ခြမ်းရှိ သမိုင်းကားမှတ်တိုင်တွင်ဖြစ်ပွားခဲ့သည်ဟုသိရသည်။
ကားမှတ်တိုင်အနီးတွင်ရှိသော ဒန်ပေါက်ဆိုင်အနီးတွင်ဖြစ်ပွားခြင်းဖြစ်ပြီး အစကသာမန်လှုပ်လှုပ်ရှားရှားသာဖြစ်ပွားခဲ့သော်လည်း ရဲ နှင့် စွမ်းအားရှင်တို့ ပျာယာခတ်၍ရောက်လာမှ အခြေအနေက ပိုမို ရှုပ်ထွေးသွားသည်ဟုဆိုသည်။
“ကျွန်တော်က မြို့ ထဲကို အလုပ်သွားဖို့  ၄၅ ကား ကို ခ၀ဲခြံ ကစီးလာတာ သမိုင်းလမ်းဆုံနားရောက်တော့ အရှေ့မှာဗုံးကွဲတယ်ဆိုပြီးကားတွေ ရပ်နေကြတယ်။
နောက် ၁၅ မိနစ်လောက်နေ မှ မော်တော်ပီကယ်က ရှင်းပေးလို့ သွာလို့ ရတာ ဗုံးမကွဲပါဘူး။
ဗုံးလန့် တာပါရပ်ကြည့်တဲ့ သူတွေကတော့ အများကြီးပဲ”ဟု ရန်ကုန်မြို့  ထဲ ရှိ ဟိုတယ်တစ်ခုတွင် Door Men အဖြစ်တာဝန်ထမ်းဆောင်နေ သော ကို ၀င်းခိုင် ကသူကြုံတွေ့ ရပုံကို Freedom News Group သို့ ပြောသည်။
