ဝက်တုပ်ကွေးဖြစ်သော်လည်းဝက်သားဈေးများပြန်လည်မြင့်တက်

၅ မေ ရန်ကုန်၊                ၊ယူကွန်

_45735909_-12ယခင်က ၀က်သားတစ်ပိဿာ လျှင် လေးထောင်ကျပ် ကျော်ခန့် သာပေါက်ဈေးရှိသော် လည်း ယခု
နိုင်ငံတကာတွင် ၀က်တုပ်ကွေးဖြစ်နေ မှမြန်မာပြည်မှဝက်သားဈေးမှာအနည်းငယ်မြင့်တက်သွား
သည် ဟုသိရသည်။

ဝက်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားချိန်က ၀က်သားစားသုံးမှုအနည်းငယ်လျှော့ကျ သွားသဖြင့် ၀က်သားဈေးများကျ သွားချိန်တွင် စားသုံးမှုပိုလာသောကြောင့်ဝက်သားဈေးများပြန်လည်မြင့်တက် ရခြင်းဖြစ်သည် ဟု ၃၈ လမ်းဈေးမှဝက်သားရောင်းသူတစ်ဦးက ပြောသည်။


ဝက်သားသုံးထပ်သား တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ပေါက်ဈေးရှပြီး အသားတစ်ပိဿာလျှင် ရ၀၀၀ပေါက်ဈေးရှိသည်။ယခင်က သုံးထပ်သားတစ်ပိဿာ ၏ပေါက်ဈေးမှာ ကျပ်လေးထောင် ကျော်ခန့် သာရှိသည်။ဝက်အူချောင်း တစ်ပိဿာလျှင် ကျပ် ၈၀၀၀ ဈေးရှိပြီး အမဲသားတစ်ပိဿာလျှင် ကျပ် ၅၀၀၀ ဈေးရှိသည်။ဧရာဝတီ တိုင်းမှ ဘဲဥ အ၀င်နည်းသဖြင့် ဘဲဥတစ် လုံး ၁၂၀ ကျပ်ဈေးရှိသည်။

ယခုတစ်ပတ်ထုတ် ၀ီကလီ အီလဲဗင်း ဂျာနယ်တွင်မူ ငါးဈေးနှုန်းများလည်းမြင့်တက်လာ သည် ဟုဖေါ်ပြထားသည်။