ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် အသနားခံစာ ကို စစ်အစိုးရပယ်ချ

၅ မေ ရန်ကုန်၊               ၊တင်ကျော်ကျော်စိုး

Aung San Suu Kyi ‘s appeal for freedom rejects

Updated 22:00 မေလ ၂၄ ရက် နေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အိမ်အကျယ်ချုပ်သက်တမ်း ၆ နှစ်ပြည့်ချိန်တွင်ပြန်လွှတ်ပေးနိုင်ကြောင်း အထူးအယူခံ ကို စစ်အစိုးရမှ ပယ်ချပြီးနောက် ရန်ကုန် နိုင်ငံရေးရပ်ကွက်တွင် သတင်းထွက်ပေါ်

myanmar_-_aung_san_suu_kyiကမ္ဘာပေါ်တွင် တစ်ဦးတည်းသော အကျဉ်းကျနေ သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အား လွှတ်ပေးရန် အသနားခံစာ ကို ဧပြီလ ၃၀ ရက်နေ့ က စစ်အစိုးရ က ပယ်ချလိုက်ကြောင်း ယနေ့ ဒေါ်အောင်ဆုကြည် ၏ ရှေ့နေ ဦးလှမျိုးမြင့်သို့ အကြောင်းကြားစာပေးပို့ သည်။

ဒေါ်အောင်ဆန်းစုကြည် အား ၂၀၀၃ ခုနှစ် မေလ ၂၇ရက်နေ့ ကတည်းက ဖမ်းဆီးချုပ်နှောင်ထားပြီး
လာမည့်မေ လ ၂၇ ရက်နေ့ တွင်ခြောက်နှစ်ပြည့်ပြီဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် အားဖမ်းဆီး
ချုပ်နှောင်ထားမှုသည် စစ်အစိုးရ က၎င်းတို့ ချမှတ်ထားသည့် ဥပဒေများကိုပင် ချိုးဖောက်ရာရောက်နေ သည် ဟုကုလသမဂ္ဂ ကပြောသည်။

ကုန်လွန်ခဲ့သည့် ၁၉ နှစ် အတွင်းဒေါ်အောင်စုကြည်သည် နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် ၁၃ နှစ်နေရသည်။